30 July 2015

Tomato Rice

ခရမ်းချဉ်သီးထမင်း
ထောပတ်ထမင်း၊အုန်းထမင်း၊ပဲထမင်း၊ဒန်ပေါက်၊ကြက်ဆီ ထမင်းအမျိုးမျိုးသောထမင်းချက်နည်းတွေကတော့နားယ ဉ်ပြီးသားဖြစ်သလိုအလှူပွဲ၊မွေးနေ့ပွဲတွေမှာအမြဲလိုတည်ခ င်းလေ့ရှိကြပါတယ်။ခရမ်းချဉ်သီးထမင်းကိုတော့ကိုယ့်ပတ်ဝန်း ကျင်မှာကြားရခဲပါတယ်။အလှူမင်္ဂလာပွဲမွေးနေ့ပွဲတွေမှာအရသာထူးထူးခြားခြားလေးနဲ့အသစ်အဆန်းတမျိုးနဲ့တည်ခင်းမိတ်ဆက်ပေးနိုင်ဖို့မလေးခရမ်းချဉ်သီးထမင်းချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဆန်(Basmati ) - ၄ခွက် ဆန်ချိန်ခွက်
နို့စိမ်း - ၂ခွက်
ရေ - ၃ခွက်ခွဲ
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ - ၄မြောင်း
ဂျင်း -၃ပြား
ခရမ်းချဉ်သီး - အနေတော် ၂လုံး
ခရမ်းချဉ်သီးအစားTomato Puree သုံးနိုင်ပါတယ်။
ခရမ်းချဉ်သီးအနှစ် - ၃ဇွန်း (Tomato Paste )
သစ်ဂျပိုးခေါက် - ၂ချောင်းအသေး
ဖာလာစေ့ - ၂စေ့
လေးညင်းပွင့် - ၂ပွင့်
နာနတ်ပွင့် - တစ်ပွင့်
ဆွမ်းမွေးရွက် - ၂ချောင်း
ဆီ - ၅ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာဆန်ဆေးပြီးရေ၊နို့စိမ်း၊ဆား၊သကြား၊ဆွမ်းမွေးရွက်ထည့် ပြီးအသင့်ပြင်ထားပါ။
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းကိုရောပြီးကြိတ်ထားပါ။
(၃)ခရမ်းချဉ်သီးသုံးပါကသေးသေးစိတ်ထားပါ။အရောင်လှစေရန်ခရမ်းချဉ်သီးအနှစ်သုံးခြင်းဖြစ်ပါတယ်။
(၄)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတခုကိုအပူပေးပြီးဆီ ထည့်ပါ။ဖာလာ၊လေးညင်း၊နာနတ်ပွင့်၊သစ်ဂျပိုးခေါက်ထည့်ပြီးဆီသပ်ပါ။
(၅)အနံ့မွှေးလာပါကကြိတ်ထားသည့်ကြက်သွန်အရောကို ဆီသပ်ပါ။ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ခရမ်းချဉ်သီးထည့်ပြီးအနံ့မွှေးလာလျှင်မီးပိတ်ပြီးအသင့်ပြင်ဆင်ထားသောထမင်းပေါင်းအိုးထဲသို့ထည့်ကာသမအောင်မွေပေးပြီးခလုတ်နှိပ်ကာချက်ထားပါ။
(၆)ဆယ်မိနစ်ခန့်တကြိမ်အထက်အောက်မွေပေးပါ။ခလုတ်ပြုတ်ပြီးထမင်းကျက်လျှင်ရနံ့သင်းပျံ့အရသာ စိမ့်လှတဲ့ခရမ်းချဉ်သီးထမင်းကိုနှစ်သက်ရာကြက်သား၊ကြက်ကြော်၊သီးစုံ သနပ်၊သခွားသီးတို့ဖြင့်တွဲဖက်တည်ခ င်းနိုင်ပါပြီ။

29 July 2015

မုန့်ဆီကြော်

မြန်မာ့ရိုးရာမုန့်တမျိုးဖြစ်တဲ့မုန့်ဆီကြော်ကိုမြန်မာတိုင်းသိ ကြသလိုနှစ်လည်းနှစ်သက်ကြမှာပါ။အထူးသဖြင့်အဝေးေ ရာက်နေသူများကပိုပြီးတမ်းတလေ့ရှိကြပါတယ်။ဆိုဖီယာတော့အိမ်ပြန်တိုင်းမဖြစ်မနေသွားရှာဝယ်စားတတ်သလို အပြန်လည်းအမြဲယူလာဖြစ်ပါတယ်။ငယ်ငယ်ကမန္တလေးမှာကြီးတော့ရပ်ကွက်ထဲကတနှစ်တခါ အသိမိတ်ဆွေအိမ်တွေမှာမုန့်ဆီကြော်ပြီဆိုရင်ဘေးကထိုင်ကြည့်ခဲ့တယ်။မုန့်ဖြူမုန့်နီဆိုပြီးကြော်ကြပါတယ်။အဝေးရောက်နေသူများအဖို့ခုကြော်ထားတဲ့အချိုးလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(ရှစ်ချပ်စာ)
****************
ကောက်ညင်းမှုန့် - ၂၀၀ ဂရမ်
ဆန်မှုန့် - ၅၀ ဂရမ်
ထန်းလျက် -၂၅၀ ဂရမ်
ရေ - ၂၈၀ ml
ဆား - အနည်းငယ်
မြေပဲထောင်း- တစ်ပန်းကန်
နှမ်း - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာထန်းလျက် ၂၅၀ ဂရမ်ကိုရေ၂၈၀mlထည့်ပြီးကျိုပါ။
(၂)ထန်းလျက်ပျော်ပါကဇကာဖြင့်အမှိုက်များကိုစစ်ပြီးအအေးခံထားပါ။
(၃)ဆန်မှုန့်နှင့်ကောက်ညင်းမှုန့်အရောကိုဇလုံတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ထန်းလျက်ရည်ခပ်နွေးနွေးအနေအထားတွင်ရောထည့်ပြီးသမအောင်မွေပါ။မြေပဲထောင်းနှင့်နှမ်းထည့်ပါ။အုန်းသီးထည့်လိုကပါးပါးစိတ်ထည့်ပါ။
(၄)ပြီးလျှင်အိုးအပြန့်တွင်ဆီလက်တလုံးခန့်ထည်ပြီးအပူပေးပါ။
(၅)ဆီပူလာပါကမုန့်နှစ်ရည်တစ်ဇွန်းခပ်ပြီးလောင်းထည့်ပါ။
(၆)မုန့်နှစ်ပြန့်ရန်အိုးကိုအနည်းငယ်လှုပ်ပေးပါ။
(၇)အနည်းငယ်အရောင်ရပါကတဖက်သို့လှန်ပေးပြီးဆက်ကြော်ပါ။ကြာကြာကြော်လျှင်မာတတ်သည်။
(၈)၂ဖက်လုံးအရောင်ရပါကဆယ်ယူဆီပြီးဒန်အိုးတွင်ငှက်ပျောဖက်တထပ်ဆီခင်းထည့်ကာအဖုံးအုပ်ထားပါ။
***ငှက်ပျောဖက်နံ့သင်းသင်းမုန့်ဆီကြော်မှာကြော်ပြီးနောက်ရက်များတွင်ပိုစားကောင်းပါတယ် ။

Sambal Clam



စင်္ကာပူမလေးရှားနဲ့အင်ဒိုနီရှားနိုင်ငံများတွင်နာမည်ကြီးဟင်းတမျိုးဖြစ်ပါတယ်။မြန်မာငရုက်သီးငပိချက်နဲ့ချက်ပုံခပ်ဆင်ဆင်တူပြီးထမင်းဆိုင်ခေါက်ဆွဲဆိုင်တွေမှာမပါမဖြစ်တဲ့ငရုပ်သီးချက်လေးလည်းဖြစ်ပါတယ်။ဒီငရုပ်သီးဟင်းအနှစ်လေးနဲ့ဟင်းအမျိုးပေါင်းများစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဟင်းပေါင်းများစွာပြင်ဆင်နိုင်ဖို့အဓိကကျတဲ့ SAMBAL  CHILLI SAUCE ငရုပ်သီးအနှစ်ချက်နည်းေ လးကိုဝေမျှပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငရုပ်သီးခြောက် - ၂၀၀ ဂရမ်
ကြက်သွန်နီဥသေး - ၂၀၀ ဂရမ်
ကြက်သွန်ဖြူ - ၁၀၀ ဂရမ်
ငပိ - နှစ်ဇွန် စားပွဲတင်ဇွန်း
မန်ကျည်းမှည့် - ၅၀ ဂရမ်
ဆား - နှစ် ဇွန်း
သကြား - ၁၀၀ ဂရမ်
ဆီ - ၅၀၀ဂရမ်
ရေ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***************
(၁)ဦးစွာင၇ုပ်သီးခြောက်ကိုသန့်စင်ပြီးရေဆူဖြင့်ပွအောင်စိမ်ထားပါ။
(၂) ကြက်သွန်နီနှင့်ကြက်သွန့်ဖြူကိုသင်ထားပါ။
(၃)ငရုပ်သီးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ငရုပ်သီးကြက်သွန်နီကြက်သွန့်ဖြူငပိတို့ကိုရေအနည်းငယ်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြိတ်ပြီးသားငရုပ်သီးကိုဆီပြန်လာသည်ထိချက်ပါ။
(၅)ဆီပြန်လာပါကမန်ကျည်းမှည့်ကိုရေဖျော်ပြီထည့်ပါ။ဆား၊သကြားထည့်ပါ။
(၆)အရသာအပေါ့အငံမြည်းပြီးဆီပြန်လာပါကမီးဖိုမှချကာအအေးခံထားပါ။သန့်ရှင်းသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားကာမိမိချက်ပြုတ်လိုသောဟင်းလျာများကိုပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ့လည်းတွဲ ဖက်စားနိုင်သလိုနှစ်သက်ရာအသား၊ငါး၊ကြက်ဥ၊ငုံးဥ၊ကင်းမွန်၊ဟင်းသီးဟင်းရွက်များဖြင့်ရောစပ်ချက်ပြုတ်နို င်ပြီးအရသာမှာချိုစပ်မွေးလေးဖြစ်ပါတယ်။

မလေးရှားကင်းမွန်အစပ်ဟင်း

Sambal Squid

စင်္ကာပူမလေးရှားနဲ့အင်ဒိုနီရှားနိုင်ငံများတွင်နာမည်ကြီးဟင်းတမျိုးဖြစ်ပါတယ်။မြန်မာငရုက်သီးငပိချက်နဲ့ချက်ပုံခပ်ဆင်ဆင်တူပြီးထမင်းဆိုင်ခေါက်ဆွဲဆိုင်တွေမှာမပါမဖြစ်တဲ့ငရုပ်သီးချက်လေးလည်းဖြစ်ပါတယ်။ဒီငရုပ်သီးဟင်းအနှစ်လေးနဲ့ဟင်းအမျိုးပေါင်းများစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဟင်းပေါင်းများစွာပြင်ဆင်နိုင်ဖို့အဓိကကျတဲ့ SAMBAL  CHILLI SAUCE ငရုပ်သီးအနှစ်ချက်နည်းေ လးကိုဝေမျှပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငရုပ်သီးခြောက် - ၂၀၀ ဂရမ်
ကြက်သွန်နီဥသေး - ၂၀၀ ဂရမ်
ကြက်သွန်ဖြူ - ၁၀၀ ဂရမ်
ငပိ - နှစ်ဇွန် စားပွဲတင်ဇွန်း
မန်ကျည်းမှည့် - ၅၀ ဂရမ်
ဆား - နှစ် ဇွန်း
သကြား - ၁၀၀ ဂရမ်
ဆီ - ၅၀၀ဂရမ်
ရေ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***************
(၁)ဦးစွာင၇ုပ်သီးခြောက်ကိုသန့်စင်ပြီးရေဆူဖြင့်ပွအောင်စိမ်ထားပါ။
(၂) ကြက်သွန်နီနှင့်ကြက်သွန့်ဖြူကိုသင်ထားပါ။
(၃)ငရုပ်သီးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ငရုပ်သီးကြက်သွန်နီကြက်သွန့်ဖြူငပိတို့ကိုရေအနည်းငယ်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြိတ်ပြီးသားငရုပ်သီးကိုဆီပြန်လာသည်ထိချက်ပါ။
(၅)ဆီပြန်လာပါကမန်ကျည်းမှည့်ကိုရေဖျော်ပြီထည့်ပါ။ဆား၊သကြားထည့်ပါ။
(၆)အရသာအပေါ့အငံမြည်းပြီးဆီပြန်လာပါကမီးဖိုမှချကာအအေးခံထားပါ။သန့်ရှင်းသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားကာမိမိချက်ပြုတ်လိုသောဟင်းလျာများကိုပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ့လည်းတွဲ ဖက်စားနိုင်သလိုနှစ်သက်ရာအသား၊ငါး၊ကြက်ဥ၊ငုံးဥ၊ကင်းမွန်၊ဟင်းသီးဟင်းရွက်များဖြင့်ရောစပ်ချက်ပြုတ်နို င်ပြီးအရသာမှာချိုစပ်မွေးလေးဖြစ်ပါတယ်။

28 July 2015

Achar Nyonya Pickle

Achar (Nyonya Pickles)
Sweet, Sour and Spicy Pickled Vegetables
သီးစုံသနပ်
စင်္ကာပူမလေးရှားအင်ဒိုနီးရှားတွေမှာနာမည်ကြီးပြီးပြုလုပ်ရလွယ်ကူအနံ့အရသာနဲ့ပြည့်စုံလှတဲ့Nyonaလူမျိုးစုရဲ့Nyonya Acharသီးစုံသနပ်လေးဖြစ်ပါတယ်။တချို့ဆိုင်တွေမှာတော့အရံဟင်းအဖြစ်ပေးလေ့ရှိပြီးတချို့ဟင်းအစုံရောင်းတဲ့ထမင်းဆိုင်တွေမှာတော့သီးစုံသနပ်ကိုဟင်းတမယ်အဖြစ်ပါရောင်းလေ့ရှိပါတယ်။အရသာချိုချဉ်စပ်နဲ့ထူးခြားတဲ့ဟင်းစပ်ပစ္စည်းတွေကြောင့်မတူတဲ့အရသာပေးစွမ်းပြီးနှစ်သက်ကြမယ်ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
သခွားသီး - ၂လုံး
မုန်လာဥနီ - တစ်လုံး
ပန်းပွင့် - တခြမ်း
ပဲတောင့်ရှည် - ဆယ်တောင့်
မုန်ညင်းဖြူ - တခြမ်း (၂၅၀ဂရမ်)
ငရုပ်သီး - ၅တောင့်
နာနတ်သီး - တခြမ်း (ထည့်လိုကထည့်ပါ)
ဆား - တစ်ဇွန်း စားပွဲဇွန်း
ရေနွေးဖျောရန်
**********
ရေ - ၂လီတာ
ဗီနီကာ / ဆန်ဗီနီကာ/ပန်းသီးဗီနီကာ - ၃၀၀ml
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ငရုပ်သီးအနှစ်/ဟင်းစပ်ပစ္စည်း
********************
ကြက်သွန်နီဥသေး - ၁၂၀ဂရမ်
ကြက်သွန်ဖြူ - ၄မြောင်း
ငရုပ်သီးအနီအပွတောင့်ရှည်- ၁၀၀ ဂရမ်
ငရုပ်သီးခြောက် ( ရေစိမ်ပြီးသား ) - ၅၀ ဂရမ်
နနွင်းတက် - ၁၅ဂရမ်( အမှုန့် ၂ဇွန်း)
ငါးပိ - ၂၀ ဂရမ်
စပါးလင် - တစ်ချောင်း
Candlenuts - ၄လုံး (သီဟိုဠ်စေ့အစားထိုးနိုင်)
ဆီ - ၄ဇွန်း
အချဉ်ရေအရော
***********
ဗီနီကာ /ဆန်ဗီနီကာ/ပန်းသီးဗီနီကာ - ၅၀၀ml
သကြား - ၁၂၀ ဂရမ် (ရှစ်ဇွန်း)
ဆား - တစ်ဇွန်း စားပွဲဇွန်း
သီးသန့်ရောရန်
**********
မြေပဲထောင်း - ၃၀၀ ဂရမ်
နှမ်းလှော် - ၅၀ ဂရမ်
ကြက်သွန်ကြော် - ၅၀ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာသခွားသီးကိုအစေ့ထုတ်ပြီးမထူမပါးခပ်စောင်းစောင်းလှီးထားပါ။မုန်လာဥကိုလည်းအရွယ်တူလှီးဖြတ်ထားပါ။မုန်လာဥနီနှင့်သခွားသီးထဲသို့ဆားတဇွန်းထည့်ပြီးသမအောင်ပြုလုပ်ပြီးမိနစ် ၃၀ခန့်ထားပါ။မိနစ်သုံးဆယ်ပြည့်ပါက အဝတ်တခုဖြင့်ထုပ်ပြီးအရည်များကိုညစ်ထုတ်ပစ်ပါ။
(၂)မုန်ညင်းဖြူ၊ပဲတောင့်ရှည်၊ပန်းပွင့်တို့ကိုအနေတော်အ ရွယ်တူလှီးဖြတ်ထားပါ။
(၃)အိုးတခုတွင်ရေ၊ဗီနီကာ၊သကြားနှင့်ဆားတို့ကိုထည့်ပြီး ဆူပွက်အောင်တည်ပါ။ဆူပွက်ပါကပန်းပွင့်၊ပဲသီးနှင့်မုန်ည င်းဖြူတို့ကိုတခုဆီ ထည့်ဖျောပြီးရေအေးတွင်စိမ်ထားပါ။အေးသွားပါကဆယ်ယူရေစစ်ပြီးရေခြောက်အောင်စက္ကူခင်းပြီးခဏဖြန့်ထားပေးပါ။
(၄)ရေခြောက်ပါကဇလုံကျယ်တခုတွင်မုန်လာဥ၊သခွားသီး နှင့်ရေနွေးဖျောထားသောသီးနှံတို့ကိုထည့်ပါ။
(၅)ငရုပ်သီးအနှစ်အတွက်ဆီမှအပကျန်ပါဝင်ပစ္စည်းများ အားလုံးကိုကြေညက်အောင်ကြိတ်ပါ။
(၆)ကြေညက်ပါကအိုးတခုတွင်ဆီထည့်ပြီးကြိတ်ထားသည့်ငရုပ်သီးအနှစ်ကိုဆီသပ်ပါ။ဆီသပ်နံ့မွေးလာပါကအချဉ်ရည်အရော(ဗီနီကာသကြားဆား)ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။
(၇)ဆူပွက်ပါကမီးပိတ်ပြီးအသင့်ပြုလုပ်ထားသောသီးနှံဇလုံ တွင်လောင်းထည့်ပါ။(နာနတ်သီးထည့်လိုကထည့်ပါ)
(၈)ပြီးလျှင်မြေပဲထောင်း၊နှမ်း၊ကြက်သွန်ကြော်တို့ကိုထည့် ပါ။သမအောင်မွေကာလေလုံသောဘူးတွင်ထည့်ပြီးရေခဲေ သတ္တာတွင်တစ်ညထားပြီးနှစ်သက်ရာထမင်းဖြူ၊ပဲထမင်း၊ထောပတ်ထမင်းတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
***လေလုံသောဘူးဖြင့်ရေခဲသေတ္တာတွင်ထည့်ပြီး၂လမှ၃လကြာထိသိမ်းဆည်းထားနိုင်ပါတယ်။

26 July 2015

ကရေကရာ

 မြန်မာအချိုပွဲတမျိုးဖြစ်တဲ့ကရေကရာကိုလူတိုင်းသိပြီးသားဖြစ်မှာပါ။အထူးသဖြင့်ကလေးဘဝမှာစားခဲ့ရတာများပါတ ယ်။ဆိုဖီယာကတော့မန္တလေးပြန်ချိန်ကလွဲရင်တကူးတက ရှာပြီးမဝယ်စားဖြစ်ဘူး။သန့်ရှင်းလတ်ဆပ်ပြီးဆေးသကြား ကင်းတဲ့ကရေကရာလေးကိုအိမ်မှာလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမုန့် - ၂၀၀ ဂရမ်
အုန်းနို့ - ၁၅၀ ml
သကြား - ၁၅၀ ဂရမ်
ဆား - အနည်းငယ်
အုန်းသီးဖတ် - ၂၀၀ ဂရမ် ( ထမင်းစားပန်းကန်၂လုံး )
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာကောက်ညင်းမုန့်ကိုလှော်ပေးပါ။အရောင်အနည်းငယ်ညိုအောင်လှော်ပြီးအအေးခံထားပါ။
(၂)အိုးတခုတွင်အုန်းနို့၊သကြား ၁၀၀ ဂရမ်(၅၀ဂရမ်ချန်ထားပါ)၊ဆားအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်ကျိုပေးပါ။
(၃)သကြားပျော်ပါကခြစ်ထားသောအုန်းသီးဆံထည့်ပြီးဆူပွ က်အောင်တည်ပါ။
(၄)ဆူပွက်ပါက၂မိနစ်ခန့်တည်ထားပြီးမီးကိုအသေးဆုံးလျော့ချကာဆန်မှုန့်၁၅၀ဂရမ်ထည့်ပါ။(၅၀ဂရမ်ချန်ထားပါ)
(၅)ဆန်မှုန့်ထည့်ပြီးအုန်းနို့အုန်းသီးတို့ကိုသမအောင်အဆ က်မပျက်မွေပေးပါ။
(၆)တဖြေးဖြေးပျစ်ခဲလာပါကမီးပိတ်ပြီး၅မိနစ်ခန့်အအေးခံ ကာချန်ထားသောသကြား၅၀ဂရမ်ကိုထည့်ပြီးမွေပေးပါ။
(၇)ဘမ်းတခုအောက်ခြေတွင်ချန်ထားသောဆန်လှော်မှုန့်တဝက်ဖြူးပါ။ပြီးလျှင်အပေါ်မှကျိုထားသည့်အရောကိုထည့်ပါ။မျက်နှာပြင်ညီအောင်ဖိပြီးညိ၍အပေါ်မှဆန်မုန့်တဝက်ဖြူးပြီးအအေးခံကာလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

25 July 2015

ကြက်သားမှိုဟင်းချို

Chicken Mushroom Soup

ယိုးဒယားဟင်းထဲကအနံ့အရသာနဲ့ပြည့်စုံတဲ့ကြက်သားမှိုဟင်းချိုလေးဖြစ်ပါတယ်။ထမင်းနဲ့တွဲဖက်တည်ခင်းနိုင်သလို သီးသန့်လည်းအစာပြေအဖြစ်သုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
********
ကြက်သားပြုတ်/ အစိမ်း - ၁၀၀ ဂရမ် လက်တစ်ဆုပ်
ကြက်သွန်နီ - တစ်လုံး
ရှီတာခီမှို - ၃ပွင့်
ကြက်သွန်မိတ် - ၂ပင်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် /သကြား - တစ်ဇွန်း
ကြက်ပြုတ်ရည် - တစ်ပန်းကန်လုံး
နှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
***************
(၁)ဦးစွာကြာဇံကိုရေစိမ်ထားပါ။ရှီတာခီမှိုအစိုမရှိပါကအခြောက်ကိုရေစိမ်ထားပါ။ပွလာပါ ကခပ်စောင်းစောင်းပါးပါးလှီးထားပါ။ကြက်သားကိုပါးပါး လှီးထားပါ။ကြက်သွန်ကိုအမြောင်းကြီးလှီးပြီးချွေထားပါ။ကြက်သွန်မိတ်လက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကအိုးတခုတွင်ကြက်ပြုတ်ရည်ထည့်ပါ။ကြာဇံကြက်သားမှိုတို့ကိုထည့်ပြီးဆူပွက်ပေါင်တည်ပါ။
(၃)အရသာငံပြာရည် ၊ခရုဆီ၊ဟင်းခပ်မှုန့်သကြားတို့ကို ထည့်ပါ။
(၄)ကြာဇံမှိုနူးအိပါကအရသာအပေါ့အငံမြည်းပြီးငရုပ်ကောင်းခရုဆီကြက်သွန်မိတ်ထည့်ကာတည်ခင်းသုံးတောင်နိုင်ပါပြီ ။

24 July 2015

ဆီထမင်းကိတ်

 Yellow Sticky Rice Cake
မနက်ခင်းစာနဲ့ညနေပိုင်းအစာပြေအဖြစ်သုံးဆောင်ကြတဲ့ဆီထမင်းကိုမြန်မာတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ဆီထမင်းနှစ်သက်သူမိမိအိမ်သူအိမ်သားသူငယ်ချင်းများအတွက်အမြင်လေးလည်းလှပြီးမွေးနေ့ပွဲအတွက်ဖြစ်စေအထိမ်းအမှတ်ပွဲဖြစ်စေအိမ်မှာဘဲကိုယ်တိုင်လှလှလေးစိတ်ကူးရှိသလိုပြင်ဆင်ပေးနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လူတိုင်းသိပြီးသားပေမဲ့တနေရာတည်းကြည့်လို့ ရအောင်ဆီ ထမင်းလုပ်နည်းပြောပြပါ့မယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညင်းဆန် - ဆန်ချိန်ခွက်လေးခွက်
ကြက်သွန်နီ - ၂လုံး
ဆား -လိုသလောက်
ဆီ - ၈၀ ဂရမ်
နနွင်း - အနည်းငယ်
တွဲဖက်စားရန်
ငါးရံ့ခြောက်ဖုတ် သို့ ဆိတ်သားခြောက်
ဘာလချောင်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကိုရေဆေးပြီးရေလေးနာရီခန့်စိမ်ထားပါ။
(၂)ကြက်သွန်နီကိုပါးပါးလှီးထားပါ။
(၃)ဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီကိုချကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
(၄)ပြီးလျှင်ကြက်သွန်ကြော်ထားသောဆီထဲသို့ကောက်ညင်းဆန်စိမ်ထားသည်ကိုေ၇စစ်ပြီးထည့်ပါ။ဆားနနွင်းထည့်ပါ။ရေကိုကောက်ညင်းမြုတ်ရုံမျက်နှာပြင်ညီအထက်အနည်းငယ်ပိုထည့်ုပြီးမီးဖိုတွင်အဖုံးအုပ်ပြီးတည်ပါ။
(၅)ဆူပွက်ပါကအိုးမကပ်စေရန်အထက်အောက်လှန်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။
(၆)ရေခမ်းသွားပါကမီးကိုအသေးဆုံးထိလျော့ချကာအဖုံးအုပ်ပြီးကောက်ညင်းနှပ်သည်ထိထားပါ။ဆီထမင်းဂျိုးကပ်သည်ကိုလိုချင်ပါကအနည်းငယ်အချိန်ပိုထားနိုင်ပါတယ်။
(၇)ကောက်ညင်းနှပ်ပါကပန်းကန်တွင်ထဲ့ပြီးအပေါ်မှကြော်ထားသောကြက်သွန်ကြော်၊ငါးရံ့ခြောက်၊ဆိတ်သားခြော က်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ဆီထမင်းကိတ်လုပ်နည်း
****************
(၁)ချက်ပြီးသားဆီထမင်းကိုအညီအမျှနှစ်ပိုင်းခွဲထားပါ။
(၂)ကိတ်လုပ်တဲ့ပုံစံခွက်တွင်တဝက်ကိုထည့်ပြီးမျက်နှာပြင်ညီအောင်ဖြန့်ထည့်ပေးပါ။
(၃)ပြီးလျှင်အလယ်တွင်ဘာလချောင်ကြော်ကြက်သွန်ကြော်တို့ကိုဖြူးပေးပါ။(မိမိစိတ်ကူးရှိသလိုလုပ်နိုင်ပါတယ်။ကြက်သွန်ကြက်ဥခရမ်းချဉ်သီးစသဖြင့်)
(၄)အပေါ်မှကျန်ကောက်ညင်းတဝက်ကိုဖြန့်ခင်းပေးကာမျ က်နှာပြင်ညီအောင်ပြုလုပ်ပါ။
(၅)အပေါ်ဆုံးမျက်နှာပြင်တွင်မိမိနှစ်သက်သလိုအလှဆင်နိုင်ပါတယ်။ဘာလချောင်ကြော်ပုဇွန်ခြောက်မှုန့်ဖြူးကာငုံးဥ ချယ်ရီခရမ်းချဉ်သီးတို့ဖြင့်အလှဆင်ကာအအေးခံပြီးလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

23 July 2015

ဆိတ်​သားမျှစ်​ချဉ်​ဟင်း


Gado-gado

အင်ဒိုနီးရှားအသုပ်
အင်ဒိုနီးရှားအစားအစာတခုဖြစ်တဲ့Gado-gadoကိုဟို သည်ဘူေ ဖးတွေမှာလည်းတည်ခင်းလေ့ရှိသလိုအင်ဒိုနီးရှားစားသောက်ဆိုင်တွေမှာလည်းမပါမဖြစ်အဓိကအမယ်အဖြစ်ရောင်းချလေ့ရှိပါတယ်။ဒီချက်နည်းလေးကိုစင်္ကာပူနိုင်ငံက Indonesian တယော က်ကသင်ပေးထားတာပါ။ဒီPageလေးကနေချက်နည်းလေးတွေမျှဝေပေးနေတာသိတဲ့အန်တီနဲ့အန်ကယ်လ်ကအမြဲဆိုသလိုဟင်းအရသာအသစ်လေးတွေချက်ပြမြည်းခိုင်းပြီးလိုက်လုပ်ဖို့စေတနာအပြည့်နဲ့သင်ပေးကြတယ်။နိုင်ငံဒေသတခုရဲ့ရိုးရာအစားအစာတွေကိုသင်ယူမိသမျှတွေလည်းဒီကဘဲပြန်လည်မျှဝေပေးပါတယ်။စိတ်ဝင်စားလို့လိုက်ချက်စားဖြစ်သည်ဖြစ်စေ၊မချက်စားဖြစ်လည်းအသိတခုဗဟုသုတတခုရစေချင်တာပါဘဲ။ထူးဆန်းတဲ့ဟင်းအမယ်တခုမဟုတ်ပေမဲ့နိုင်ငံတခုရဲ့ရိုးရာအစားအစာကိုယ်နိုင်ငံကိုယ့်အစားအစာနဲ့ မတူညီကွဲပြား တာလေးတွေ သိရှိနိုင်ဖို့ပြန်လည်မျှဝေပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
သခွားသီးစိမ်း
နာနတ်သီး
စိမ်းစားဥ
ပဲပြားကြော်
ကြက်ဥပြုတ်
အာလူးပြုတ်
ဆန်ကိတ် (ဆန်ကိုဖက်ဖြင့်ထုပ်ပြီးကျစ်ခဲနေအောင်ပြုတ်ထားသောRice Cake)
မုန်လာဥနီ
ပင်ပင်ပေါက်
ကန်စွန်းရွက်
ပန်းပွင့်
ပဲတောင့်ရှည်
ငါးမုန့်ကြော်(Fish/Prawn/Vegetable Cracker)
မြေပဲဆော့စ်
မြေပဲဆော့စ်ပြုလုပ်နည်း
****************
ပါဝင်ပစ္စည်း
*********
မြေပဲထောင်း - ၃၀၀ ဂရမ်
စပါးလင် -၄ချောင်း
ကြက်သွန်ဖြူ - ၃ မြောင်း
ကြက်သွန်ဥသေး - ၂လုံး
ငရုပ်သီးခြောက် - ၈တောင့်
ပဒဲကော - ၃ပြား
ရေ - ၄၀၀ ml
သကြား - ၆၀ဂရမ်
ဆား - အနည်းငယ်
မန်ကျည်းမှည့်အနှစ် - တစ်ဇွန်းစားပွဲဇွန်း
မြေပဲဆော့စ်လုပ်နည်း
***************
(၁)စပါးလင်၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုပ်သီးခြောက်(ရေစိမ်ထား)ပဒဲကောတို့ကိုကြေညက်အောင်ကြိတ်ထားပါ။
(၂)လက်ကိုင်အိုးတခုဖြင့်ကြိတ်ထားသည်တို့ကိုထည့်ပြီးအပူပေးပါ။အိုးမကပ်အောင်မွေပေးပါ။
(၃)အနည်းငယ်ခြောက်ပြီးမွေးလာပါကရေနှင့်မန်ကျည်းမှည့်ထည့်ပါ။အရသာဆားသကြားဖြည့်စွက်ပါ။
(၄)ဆူပွက်ပါကမြေပဲထောင့်ထည့်ပြီးအနည်းငယ်ပျစ်အောင်တည်ပေးပြီးအရသာအပေါ့အငံမြည်းကာသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
Gado-gado ပြင်ဆင်နည်း
*****************
(၁)အစိမ်းစားနိုင်သည့်သခွားသီး၊နာနတ်သီး၊စိမ်းစားဥတို့ကိုလှီးဖြတ်ပြီးတစ်ပန်းကန်စီထားပါ။
(၂)ကြက်ဥ၊အာလူးတို့ကိုပြုတ်ပြီးလှီးဖြတ်ထားပါ။ဆန်ကိတ်ကိုအတုံးလှီးထားပါ။
(၃)ပဲပြားကြော်ထားပါ။ကျန်သီးနှံများအားလုံးကိုရေနွေးေ ဖျာရေအေးစိမ်ကာဆယ်ယူရေစစ်ပြီးတစ်ပန်းကန်ဆီစီရီထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကသုံးဆောင်မည့်ပန်းကန်တွင်သီးနှံ၊ကြက်ဥ၊ဆန်ကိတ်တို့ကိုလိုသလိုထည့်ပြီးအပေါ်မှမြေ ပဲဆော့စ်ဆမ်းကာငါးမုန့်ကြွပ်ကြော်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

ဂဏန်းပျော့ချဉ်စပ်

Hot & Spicy Soft Shell Crab

ထမင်းမြိန်စေမဲ့ချဉ်စပ်ဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ :-P ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ဂဏန်းပျော့ - နှစ်ကောင် (ပုဇွန်၊ငါး၊ကြက်၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - နှစ်ဇွန်း
ငရုပ်ချဉ် - နှစ်ဇွန်း စားပွဲတင်
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲေ၇ာင်းသောငရုပ်ချဉ်ရှိပါတယ်။အခုတော့ကိုယ်တိုင်လုပ်ထားတဲ့ငရုပ်ချဉ်နဲ့ကြော်ထားတာပါ။)
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
သံပုရာသီး  - တစ်ခြမ်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမဂဏန်းကိုရေဆေးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
အရသာတဝက်သာထည့်ပြီးတဝက်ကိုဟင်းအနှစ်အတွက်ချန်ထားပါ။
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးသုံးမြော င်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ်တစ်လက္မအရှည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဂဏန်းကြော်ရန်ဒယ်အိုး တွင်ဆီထည့်ပြီးအပူပေးပါ။
(၂)ဆီပူလျှင်ဂဏန်းပျော့ကိုထည့်ကြော်ပါ။၃မိနစ်မှလေးမိနစ်ကြော်ပြီးဆယ်ယူဆီစစ်ကာပန်းကန်တွင်တည်ခင်းထားပါ။
(၃)ပြီးလျှင်ဆီအချို့ကိုဖယ်ထုတ်ပါ။(ဆီအနည်းငယ်ပိုထ ည့်ပေးမှဟင်းပွဲလှပါတယ်။)
မီးပြင်းဖြင့်ကြက်သွန်ထည့်ပြီးအေ၇ာင်ပြောင်း၇ုံကြော်ပါ။ငရုပ်ချဉ်ထည့်ပါ။(မွှန်ပါတယ်)လက်ကျန်အ၇သာဖြည့်စွက်ပါ။
(၄)အေ၇ာင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထည့်ပါ။
(၅)သံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။(၆)ငရုပ်သီးခြမ်း၊ခ၇မ်းချဉ်သီး၊ကြက်သွန်မိတ်ထည့်ပြီးသမေ အာင်မွေပြီးမီးဖိုမှချကာအတင့်ကြော်ထားသောဂဏန်းပျော့အပေါ်မှဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တ အားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)

ကီးမား

 Keema

ယိုးဒယားကြက်​​ပြောင်းဖူး

Stir Fried Chicken with Baby Corn
လွယ်ကူမြန်ဆန်ပြီးအရသာရသာရှိတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ဆိုဖီယာတော့ခုကြော်ခုစားတဲ့အကြော်ဟင်းတွေပိုနှစ်သ က်ပါတယ်။အချိန်ကုန်သက်သာပြီးထမင်းလည်းမြိန်ပါတ ယ်။အလုပ်ကပြန်လာမှချက်ရပြုတ်ရတဲ့အိမ်ရှင်မများနှစ်သ က်ကြမယ်ထင်ပါတယ်။ ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
*********
ကြက်သား - ၁၅၀ ဂရမ်
ကြက်သွန် - နှစ်လူံး
ပြောင်ဖူး - တစ်ထုပ်
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးခြောက် - ၄တောင့်
ယိုးဒယားငံပြာရည် - တစ်ဇွန်းစားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
ပဲငံပြာရည် အနောက် - အနည်းငယ် (ထည့်လိုကထည့်နိုင်)
ဟင်းခပ်မှုန့်သကြား - တစ်ဇွန်း
ကြက်ပြုတ်ရေ / ရေ  - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁) ကြက်သားကိုသေးသေးစိတ်ထားပါ။ကြက်သွန်ကိုအမြောင်းကြီးစိတ်ပြီးချွေထားပါ။ကြက်သွန်မိတ်လက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ပြောင်းဖူးကိုခပ်ထူထူစောင်းစောင်းလှီးဖြတ်ထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကအိုးကိုအပူပေးပြီးဆီထည့်ပါ။
(၃)ဆီပူပါကငရုပ်သီးခြောက်ကိုကြော်ပြီးကျွမ်းပါကဆယ်ယူဘေးဖယ်ထားပါ။
(၄)ပြီးလျှင်ကြက်သား၊ကြက်သွန်၊ပြောင်းဖူးတို့ကိုတပြိုင်တ ည်းမီးပြင်းဖြင့်ချကြော်ပါ။
(၅)ကြက်သားအရောင်ပြောင်းပါကအရသာငံပြာရည်၊ခရုဆီ၊ဟင်းခပ်မှုန့်သကြားတို့ကိုထည့်ပြီးသမအောင်ေ မွပေးပါ။ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပါ။အရောင်လိုချင်ပါကအနောက်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
(၆)ကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းပြီးကြက်သွန်မိတ်ငရုပ်သီးခြောက်ကြော်ထည့်မွေပေးပြီးပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

ငါးသံပုရာပေါင်း

Steamed Fish With Chilli and Lemon

ယိုးဒယားအစားအစာထဲကနာမည်ကြီးလူကြိုက်များတဲ့ချဉ်ငံစပ်ငါးသံပုရာပေါင်းလေးဖြစ်ပါတယ်။ပါဝင်ပစ္စည်းအနည်း ငယ်နဲ့ပြု လုပ်ရလွယ်ကူပြီးခံတွင်းတွေ့စေမဲ့ငါးသံပုရာပေါင်းနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ငါး- တစ်ကောင် (နှစ်သက်ရာငါးအသား )
ကြက်သွန်ဖြူ - လေးမြောင်း
ငရုပ်သီးစိမ်း - ငါးတောင့်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နံနံပင်အရိုး -  တစ်ဇွန်း( နုတ်နုတ်စင်း)စားပွဲတင်ဇွန်း
နံနံပင် - အလှဆင်ရန်
သံပုရာသီး - တစ်ခြမ်း အလှဆင်၇န်
ပြုလုပ်နည်း
******
(၁)ဦးစွာပေါင်းအိုးတွင်ေ၇ထည့်ပြီးအသင့်တည်ထားပါ။
လပ်ဆပ်သောငါးတစ်ကောင်ကိုဓားဖြင့်မွန်း၍ဖြစ်စေ၊အ သားလွှာ၍ဖြစ်စေအသင့်ပြုလုပ်ပြီးရေဆေးသန့်စင်ထားပါ။
(၂)ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ်စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။
(၃)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးကိုနုတ်နုတ်စိတ်ထားပါ။
(၄)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ ကိုထည့်ပြီးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်သကြားတို့ကိုထည့်၍မွေပေးပါအရသာလိုအပ်ပါကဖြည့်စွက်ပါ။
(၅)ချဉ်ငံစပ်အရသာရပါကဆော့စ်တဝက်ကိုချန်ထားပြီးတဝက်ဖြင့်ရေဆေးသန့်စင်ထားသောငါးကိုပေါင်းမည့်ပန်းကန်တွင်ထည့်ပြီးမွေပေးပါ။
(၆)အသင့်တည်ထားသောရေဆူပေါင်းအိုးတွင်ဇကာခံပြီးဆယ်မိနစ်ခန့်ပေါင်းပြီးထုတ်ယူပါ။
(၇)ထွက်လာသောငါးမှအရည်အချို့တဝက်ကိုဖယ်ထုတ်ပြီးလက်ကျန်ဖျော်ထားသောဆော့စ်ဆမ်းပေးကာသံပုရာသီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ငါးရံ့ကြော်ဟင်း

Fried Snakehead Fish Curry 
ယိုးဒယားဟင်းတခွက်ဖြစ်တဲ့ငါးရံ့ကြော်ဟင်းကိုစားနေမဟုတ်တဲ့ပုံစံအပြောင်းအလဲအဖြစ်လွယ်လွယ်ကူကူကြော်ချက်နိုင်ပါတယ်အချိန်လုပြီးချက်ပြုတ်ရတဲ့အိမ်ရှင်မများအတွက်အဆင်ပြေစေမဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဈေးကဝယ်ပြီးအသားထွင်သိမ်းထားမယ်ဆိုရင်စားခါနီးမှာမြန်မြ န်ဆန်ဆန်ကြော်ချက်နိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ငါးရံ့အသား - ၁၅၀ ဂရမ်
ဂျုံမှုန့် - တစ်ပန်းကန်
ကြက်သွန်နီ - ၂လုံး
ငရုပ်သီးစိမ်း - ၃ တောင့်
တရုပ်နံနံ - ၂ပင်
ကြက်သွန်မိတ် - ၂ပင်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
ကြက်ပြုတ်ရည် သို့ ရေ - အနည်းငယ်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ငါးရံ့ကိုအသားထွင်ထားပါ။လိုသလိုခပ်စောင်းစောင်းပါးပါးလှီးပြီးဂျုံမှုန့်ဖြင့်ကပ်ထားပါ။
(၂)ကြက်သွန်နီကိုခပ်ကြီးကြီးအမြောင်းလှီးထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းပြီးကြက်သွန်မိတ်တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတွင်ဆီများများထည့်ြ ပီးအပူပေးပါ။ဆီပူပါကဂျုံလူးထားသောငါးရံ့ကိုချကြော်ပြီးရွှေရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
(၄)ဒယ်အိုးထဲမှဆီကိုဖယ်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်ကြက်သွန် စိတ်ထားသည်ကိုချကြော်ပါ။
(၅)ကြက်သွန်နီအရောင်ပြောင်းပါကဆီစစ်ထားသောငါးရံ့ကြော်ထည့်ပါ။အရသာများဖည့်စွက်ပြီးကြော်ပါ။ကြက်ပြုတ်ရေအနည်းငယ်ထည့်ပေးပါ။
(၆)အရသာအပေါ့အငံမြည်းကာငရုပ်သီးကြက်သွန်မိတ်တရုပ်နံနံထည့်ပြီးသမအောင်မွေကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

ငရုတ်ချဉ်


Chilli Pickle
အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘာကိုယ်လုပ်လို့ရအောင်တင်ပေးလိုက်ပါတယ်။သန့်ရှင်းပြီးဆေးရောင်ကင်းကင်းသုံးချင်တဲ့အိမ်ရှင်မများအ တွက်လည်းအသုံးဝင်မယ်ထင်ပါတယ်။ချဉ်စပ်ဟင်းများချ က်ရာ တွင်အသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ငရုတ်သီးအနီ(အပွတောင့်အရှည်) - ၅၀၀ ဂရမ်
(Fresh Chilli )
ဆား - တစ်ဇွန်း စားပွဲတင်
လေလုံသောပုလင်း - တစ်လုံး
ပြုလုပ်နည်း
********
(၁)ငရုပ်သီးကိုရေဆေးပြီးရေခြောက်အောင်သုတ်ထားပါ။(၂)ရေခြောက်ပါကအညှာချွေပြီးကြိတ်စက်ဖြင့်ကြိတ်ပါ။
(၃)ကြိတ်ပြီးလျှင်ဆားထည့်ပြီးသမအောင်မွေ၍လေလုံသောပုလင်းတွင်ထည့်ပါ။အဖုံးပိတ်ပြီးလေလုံအောင်အပေါ်မှပလ ပ်စတစ်ဖြင့်ထပ်ဖုံးထားပါ။
(၄)အပြင်တွင်တစ်ပတ်ခန့်ထားပါကစတင်ပြီးချဉ်ပြီဖြစ်၍ရေခဲသေတ္တာ တွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
*** အသုံးပြုသောဇွန်း၊ပန်းကန်၊ကြိတ်စက်၊ပုလင်းအား လုံးဆီကင်းရပါမယ်။ဆီထိမိလျှင်မှိုတက်တတ်ပါတယ်။

ဆော်လမွန်ခရမ်းချဉ်သီးအစပ်ချက်


 Salmon Fillet Braised in Spicy Tomato Sauce
ဆော်လမွန်ငါးကိုအနောက်တိုင်းပုံစံချက်ထားတာလေးပါ။ဒီငါးဟင်းလေး ကတော့ပေါင်မုန့်နဲ့တွဲဖက်စားနိုင်သလိုထမ င်းဖြူနဲ့လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆော်လမွန်ငါး - ၅၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံးသေးသေးစိတ်
ကြက်သွန်ဖြူ - ၂မြောင်းသေးသေးစိတ်
ခရမ်းချဉ်သီးဆော့စ် - တစ်ပန်းကန်
(Spicy Tomato Sauce )
နံနံပင် - အနည်းငယ်
ငရုပ်သီး - ၃တောင့် လိုအပ်ပါက
သံလွင်ဆီ - ၃ဇွန်း
ခရမ်းချဉ်သီးဆော့စ်ချက်ရန်***
ခရမ်းချဉ်သီး - ငါးလုံး
ကြက်သွန်နီ - အသေးတလုံး
ကြက်သွန်ဖြူ - ၂မြောင်း
သံလွင်ဆီ - ၂ဇွန်း
ငရုပ်သီးမှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီးအနှစ်သို့မဟုတ်ငရုပ်သီးမှုန့် - တစ်ဇွန်း
Oregano သို့Basil - အနည်းငယ်
ဆား - လိုသလောက်
ခရမ်းချဉ်သီးဆော့စ်ချက်နည်း***
(၁)ခရမ်းချဉ်သီးကိုရေနွေးဖျောအခွံသင်အစေ့ထုတ်ကာသေးသေးစိတ်ထားပါ။Ready made များလည်းသုံးနိုင်ပါတယ်။
(၂)အိုးထဲတွင်သံလွင်ဆီထည့်ပြီးကြက်သွန်သေးသေးစိတ်၊ကြက်သွန်ဖြူသေးသေးစိတ်ဆီသပ်ပါ။ခရမ်းချဉ်သီးအနှစ်သို့မဟုတ်အရောင်တင်မှုန့်ထည့်ပါ။
(၃)သေးသေးစိတ်ထားသောခရမ်းချဉ်သီးသို့မဟုတ်readymade ကိုထည့်ပြီးကြေအောင်ချက်ပါ။ဆားထည့်ပါ။အားလုံးကြေပါကအပေါ့အငံမြည်းပြီးoregano သို့ basil ကိုသေးသေးစိတ်ထည့်ပြီးအအေးခံထားကာသိမ်းဆည်းထား နိုင်သည်။(Pasta ဖြင့်လည်းတွဲဖက်စားနိုင်ပါတယ်)
ဆော်လမွန်ငါးဟင်းချက်နည်း
********************
(၁)ငါးကိုလိုသလိုအတုံးတုံးထားပါ။
(၂)အိုးတခုတွင်သံလွင်ဆီဖြင့်ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသပ်ပါ။ချက်ထားသောခရမ်းချဉ်သီးဆော့စ်ထည့်ပါ။
(၃)ဆူပွက်ပါကဆော်လမွန်ငါးကိုထည့်ပါ။၅မိနစ်ခန့်အဖုံးအုပ်ချက်ပြီးအပေါ့အငံမြည်းပါ။လိုအပ်ပါကဆားနှင့်ငရုပ်သီးထပ်ထည့်ပေးပါ။
(၄)ချခါနည်းတွင်နံနံပင်သေးသေးစိတ်ထည့်ပြီးပေါင်မုန့်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

Salted Egg Prawn


ဂျပန်တိုဖူးဟင်း

Japanese Tofu with Mix vegetable

အမှန်တော့ဒီဟင်းလေးကိုဆိုင်တွေမှာHot Plateလေးနဲ့ေ၇ာင်း ပါတယ်။Hot Plate ပူပူပေါ်မှာကြက်ဥရ ည်ကိုလောင်းထည့်ပြီး အပေါ်ကဂျပန်တိုဖူးချက်ပြီးသားကိုလောင်းထည့်ပေးတာပါ။ချက်နည်းတူတူပါဘဲ။ဆိုင်မှာစားဖြစ်တဲ့အခါတိုင်းမှာစားဖြစ်တဲ့ဆိုဖီယာနှစ်သက်တဲ့ဟင်းတခွက်ပါ။ Hot Plate သီးသန့်ရှာဖို့မလိုအောင် လွယ်ကူတဲ့ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဂျပန်တိုဖူး / ကြက်ဥတိုဖူး - ၂ ထုပ်
ပဲစိမ်းလုံး - ၁၀၀ ဂရမ်
ပြောင်းဖူး စေ့ - ၁၀၀ ဂရမ်
မုန်လာဥ - ၅၀ ဂရမ်
(ပဲစိမ်း၊မုန်လာဥ၊ပြောင်းဖူးေ၇ာပြီးသားreadymadeအထုပ်လည်းသုံးနိုင်ပါတယ်။)
ရှီတာခီမှို - ၃ ပွင့်
ကြက်သွန်ဖြူ - ၃ မြောင်း
ကြက်သွန်နီ - အသေး တလုံး
ဆီ - လိုသလောက်
ဆား - ဇွန်းတဝက် စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ကြက်ပြုတ်ရည် - တစ်ပန်းကန်လုံး
ပြောင်းဖူးမှုန့် /ကော်မှုန့် - တစ်ဇွန်း
ကြက်ဥ - တစ်လုံး
နံနံပင် သို့ တ၇ုတ်နံနံ - နှစ်ပင်
ပြင်ဆင်ပြင်လုပ်နည်း
***********
(၁)ဂျပန်တိုဖူးကိုအထုပ်၏ထိပ်ဖက်မှအကွင်းလိုက်လှီးဖြတ်ကာတိုဖူးကိုသာသာညစ်ထုတ်ပြီးလိုသဆလာက်အကွင်းလှီးထားပါ။
(၂)ကြက်သွန်ဖြူ၇ိုက်ပြားပြီးခပ်ကြမ်းကြမ်းစိတ်ပါ။ကြက်သွန်နီပါးပါးစိတ်ထားပါ။မှိုကိုပဲစိမ်းလုံးများနှင့်အ၇ွယ်တူလှီးဖြတ်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဆီအိုးတည်ပြီးဆီပူပါကတိုဖူးပြားများကိုထည့်ပြီးေ၇ွှဝါရောင်၇အောင်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၄)အိုးထဲမှဆီကိုသွန်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်ကြက်သွန်ဖြူနီဆီသပ်ပါ။မှို၊ပဲစိမ်း၊ပြောင်းဖူး၊မုန်လာဥနီတို့ကိုထည့်ကြော်ပါ။
(၅)ကြက်ပြုတ်ရည်ထည့်ပါ။အရသာများဖြည့်စွက်ပေးပါ။ဆူပွက်ပါကကော်မှုန့်တစ်ဇွန်းကိုေ၇နှစ်ဇွန်းဖြင့်ဖျော်ပြီးဟင်းအိုးထဲသို့လောင်းထည့်ကာအ၇သာအပေါ့အငံမြည်းပါ။ကြော်ထားသောဂျပန်တိုဖူးကိုထည့်ပြီးသမအောင်မွေပေးပါ။
(၆)ကြက်ဥကိုHot Plate တွင်ထည့်လိုပါကအပူပေးထားသော Hot Plate ပေါ်တွင်ကြက်ဥခေါက်ပြီးလောင်းထည့်ပါ။ပြီးလျှင် ဂျပန်တိုဖူးဟင်းကိုကြက်ဥပေါ်တွင်လောင်းထည့်ပြီးတည်ခင်းနိုင်ပါပြီ။

(၇)Hot Plateမသုံးလိုပါကဆူပွက်နေသောဟင်းအိုးထဲသိုကြက် ဥကိုခေါက်ပြီးသာသာလောင်းထည့်မွေပေးပြီးပန်းကန်တွင်ထည့်ပြီး နံနံပင်တ၇ုပ်နံနံဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ယိုးဒယားကြက်ပင်စိမ်းဟင်း

Thai basil chicken
 (pad kra pao gai)

ထိုင်းကြက်ပင်စိမ်းချက်နည်းမေးနေတာကြာလှပေမဲ့ပင်စိမ်းရှာမ၇ လို့တင်မပေးနိုင်ခဲ့တာ။ဒီနေ့မှပင်စိမ်းရလို့ချက်ဖြစ်ပါတယ်။ယိုးဒယားကြက်ပင်စိမ်းဟင်းကနာမည်ကြီးလူကြိုက်များပြီးထမင်းမြိန်တဲ့ဟင်းတခွက်ဖြစ်ပါတယ်။ထိုင်းစားသောက်ဆိုင်တွေမှာတော့မရှိမဖြစ်တဲ့ ဟင်းတမယ်လို့ဆိုရမှာပါ။ဖြစ်နိုင်ရင်ဒီဟင်းလေးကိုကြော်စားရင်တစ်ပွဲဆီကြော်ဖို့အကြံပြုချင်ပါတယ်။မီးပြင်းပြင်းနဲ့တပွဲဆီကြော်တာဟာဟင်းရဲ့ပူစပ်ရှိန်းအနံ့အ၇သာကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့ဟင်းတခွက်ထဲနဲ့ထမင်းမြန်စေဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်သား - ၁၅၀ ဂရမ် (နှစ်သက်၇ာအသား)
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ဆယ်တောင့်
ပဲတောင့်ရှည် - နှစ်တောင့်
(မထည့်လည်းရပါတယ်) အချို့ဆိုင်များထည့်ပါတယ်။
ကဖောင်ရွက် - လက်တစ်ဆုပ်
(ကုလားပင်စိမ်း/ကဖောင်ရွက်/Holy Basil)
ခရုဆီ -တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အကြည် - တစ်ဇွန်း
(ယိုးဒယားငံပြာရည်လည်းသုံးနိုင်ပါတယ်)
အနောက်ရည် - ဇွန်းတစ်ဝက်
သကြား ဇွန်းတစ်ဝက်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာကြက်သားကိုသေးသေးစိတ်ထားပါ။ပတောင့်ရှည်သေးသေးစိတ်ပါ။ကြက်သွန်ဖြူ ၊င၇ုပ်သီး၈တောင့်ခန့်ကိုဓားပြားရိုက်ပြီးခပ်ကြမ်းကြမ်းစိတ်ထားပါ။၂တောင့်ကိုထပ်ခြမ်းခြမ်းထားပါ။ပင်စိမ်းရွက်ကိုချွေပြီးေ၇ဆေးထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
(၃)ဆီပူပါကမီးကိုအမြင့်ဆုံးတင်ပြီးကြက်သွန်ဖြူနှင့်င၇ုတ်သီးကိုချကြော်ပါ။
(၄)မွှေးလာပါကကြက်သားနှင့်ပဲသီးချကြော်ပါ။အရသာပဲငံပြာရည်၊ခရုဆီ၊သကြား၊အနောက်ရည်တို့ကိုထည့်ပါ။ခြောက်နေပါကေ၇အ နည်းငယ်ထဲ့ပေးပါ။နောက်ဆုံးတွင်ပင်စိမ်းရွက်နှင့်ငရုပ်သီးခြမ်းထည့်ပြီးသမအောင်မွေကာမီးဖိုမှချပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။သုံးဆောင်ခါနီးမှသာကြော်ပါ။

ရွှေပဲပုဇွန်မှိုကြော်


ကြက်ဟင်းခါးသီးအစာသွပ်

ကြက်ဟင်းခါးသီးကိုခါးလို့တချို့လည်းမကြိုက်ကြဘူး။ခါးလို့အခါးသက်သာအောင်နည်းအမျိုးမျိုးလုပ်ပြီးကြော်ကြချက်ကြပါတယ်။များသောအားဖြင့်တော့ခြောက်အောင်ကြော်ပြီးစားဖြစ်တယ်။ဒီတခါတော့အစာသွပ်ချက်ထားတာလေးမျှဝေပေးလိုက်ပါတယ်။ဒီချက်နည်းကအခါးဓာတ်တော်တော်လျော့သွားပါတယ်။တော်၇ုံအခါးမစားသူများလည်းနှစ်သက်ကြမယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်ဟင်းခါးသီး - အကြီး ၂လုံး
ကြက်သွန်နီ - နှစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
Sambal င၇ုပ်ဆော့ - တစ်ဇွန်း
(အစပ်မစားလျှင်အေ၇ာင်တင်မှုန့်အစားထိုးပါ။)
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဆီ - ၁၀၀ဂရမ်
ငရုပ်သီးစိမ်း
နံနံပင်
ကြက်သားအစာသွပ်ရန်အတွက်**
ကြက်သား- ၂၀၀ ဂရမ် (နှစ်သက်ရာအသား)
ဆား - လ္ဘက်ဇွန်း တဝက်
ဟင်းခပ်မှုန့် - ဇွန်း တဝက်
ပြောင်းဖူးမှုန့် - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာကြက်ဟင်းခါးသီးကိုအပေါ်ယံအခွံပါးပါးကိုလှီးထုတ်ပစ်ပါ။ပြီးလျှင်တစ်လက်မခွဲအကွင်းခန်းလှီးပြီးအစေ့ထုတ်ကာဆားေ၇ စိမ်ထားပါ။အနည်းဆုံးနာရီဝက်စိမ်ပါ။
(၂)ဆားေ၇စိမ်ထားစဉ်ကြက်သားအစာသွပ်အတွက်ပြင်ဆင်ပါ။ကြက်သားကိုကြိတ်ပြီးပါဝင်ပစ္စည်းများထည့်ကာနယ်ပေးပြီးေ၇ခဲသေတ္တာတွင်နပ်ထားပါ။
(၃)ဟင်းချက်ရန်အတွက်ကြက်သွန်၊ခရမ်းချဉ်သီးနှင့်င၇ုပ်သီးအနှစ်တို့ကိုပြင်ဆင်ထားပါ။
(၄)ဆားေ၇စိမ်ထားသောကြက်ဟင်းခါးသီးရပါကေ၇စစ်ထားပြီးနှပ်ထားသည့်အသားကိုအစာသွပ်ထားပါ။
(၅)ဒယ်အိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ဆီသပ်ပါ။နွမ်းပြီးအရောင်ရပါကဂျင်းကြက်သွန်ဖြူထည့်ပါ။င၇ုပ်သီးအနှစ်သို့မဟုတ်အေ၇ာင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီးထည့်ပြီးအနှစ်ကျအောင်ချေပြီးချက်ပါ။
အရသာဖြည့်စွက်ပါ။
(၆)ကြက်သွန်ခရမ်းချဉ်သီးအနှစ်ကျကျေပါကအသင့်ပြုလုပ်ထားသောကြက်ဟင်းခါးသီးအစာသွပ်ထားသည်ကိုထည့်ပါ။အထပ်အောက်မွေပေးပြီးရေအနည်းငယ်ထည့်ကာအဖုံးအုပ်ပြီးအသားနှင့်ကြက်ဟင်းခါးသီးနူးအောင်တည်ထားပါ။
(၇)ကြက်ဟင်းခါးသီးနူးပါကအရသာအပေါ့အငံမြည်းပြီးင၇ုပ်သီးနှင့်နံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ဘူးသီးကြက်သားဟင်း


မျှစ်စော

ရှမ်းမုန်ညင်းစောကိုတော့လူသိများကြပေမဲ့မျှစ်စောကိုသိသူနည်းပါတယ်။မျှစ်စောကိုငယ်ငယ်ကရှမ်းပြည်မြောက်ပိုင်းဇာတိမြို့မှာအိမ်နီးချင်းရှမ်းပလောင်အန်တီကြီးတစ်ယောက်ရောင်းပါတယ်။အသုပ်မျိုးစုံကိုဘမ်းထဲမှာလှလှပပပြင်ဆင်ပြီးမုန်ညင်းစော၊မျှစ်စောတို့ဖြင့်တွဲရောင်းတာပါ။မျှစ်စောမှာရှမ်းဟင်းတို့ထုံးစံအတိုင်းဆီမပါပါဘူး။စပ်ရှိန်းရှိန်းနဲ့ငရုပ်သီးခရမ်းချဉ်သီးအရသာကိုသာဦးစားပေးချက်ထားတာလေးဖြစ်ပါတယ်။နှစ်သက်သူများဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
မျှစ်ပြုတ် - ၅၀၀ ဂရမ်
ခရမ်းချဉ်သီး - ၂လုံး
ငရုပ်သီးအပွရှည်တောင့် အစိမ်းအနီ - ၆တောင့်
ကြက်သွန်ဖြူ - ၅ မြောင်း
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)အိုးတခုတွင်မျှစ်ကိုရေဆေးပြီးခပ်ကြီးကြီးစိတ်ထည့်ပါ။ခရမ်းချဉ်သီးကိုချေထည့်ပါ။ငရုပ်သီးစိမ်းကိုထပ်ခြမ်းခြမ်းထည့်ပါ။ကြက်သွန်ဖြူကိုရိုက်ပြားထည့်ပါ။
(၂)ေ၇ကိုမြုတ်ရုံထည့်ပြီးမီးဖိုပေါ်တွင်ဆူပွက်သည်ထိတည်ပေးပါ။ဆူပွက်ပါကအရသာဖြည့်စွက်ပြီးမီးလျော့ကာနူးအိသည်ထိတည်ပေးပါ။
(၃)မျှစ်များနူးအိလာပါကအရသာအပေါ့အငံမြည်းပြီးနံနံပင်ထည့်ကာစပ်ရှိန်းရှိန်းမျှစ်စောလေးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပဲသီးသုပ်

 Long Bean Salad

ဟင်းအဖြစ်ဘဲစားစား၊သားရေစာအဖြစ်ဘဲစားစား၊စားလို့အရမ်းကောင်းတဲ့ပဲသီးသုပ်လေးပါ။ရှမ်းပြည်မှာတော့ညနေခင်းအသုပ်ဆိုင်တွေမှာတွဲရောင်းလေ့ရှိပါတယ်။သုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ပဲတောင့်ရှည် - တစ်စည်း
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း - လက်တဆုပ်
ကြက်သွန်နီကြော် - လက်တဆုပ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
********
ပဲသီးပြုတ်ကိုရေဆူတွင်တစ်မိနစ်ခန့်ချပြုတ်ပြီးဆယ်ယူေ၇အေးစိမ်ထားပါ။အေးသွားလျှင်သေးသေးလေးစိပ်ထားပါ။ပြီးလျှင်ဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးနှယ်ပါ။အရသာအပေါ့အငန်မြည်းကာသုံးဆောင်နိုင်ပါပြီ။အချဉ်စားလိုပါကခရမ်းချဉ်သီးပိုထည့်၍သော်၎င်း၊သံပုရာရည်ဖြင့်သော်၎င်းချဉ်ငန်စပ်သုပ်စားနိုင်ပါတယ် ။

ယိုးဒယားမျှစ်သုပ်

 ယိုးဒယားမျှစ်သုပ်လေးကိုအစာပြေဘဲစားစားဟင်းတခွက်အဖြစ်ဘဲလုပ်စားစားစားရတာအဆင်ပြေလှတဲ့အနံ့အရသာနဲ့ပြည့်စုံသောအသုပ်လေးဘဲဖြစ်ပါတယ်။သုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
မျှစ်ပြုတ် - ၅၀၀  ဂရမ်
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - နှစ်မြောင်း
ကြက်သွန်မိတ် - ၃ပင်
ပူစီနံ - လက်တဆုပ်
ငရုပ်သီး အလှော်မှုန့် - ၂ ဇွန်း စားပွဲဇွန်း
ငံပြာရည် - တစ် ဇွန်း
သံပုရာရည် - တစ်ဇွန်း
ဆန်လှော်မှုန့်  - ၂ဇွန်း
အချိုမှုန့် သို့ ဟင်းခပ်မှုန့်သကြား - လ္ဘက်ဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရည် သို့ ရေ - တစ်ဇွန်း
ပြုလုပ်နည်း
*******
(၁)ဦးစွာမျှစ်ပြုတ်ကိုပါးပါးလှီးထားပါ။ကြက်သွန်နီပါးပါးစိတ်၊ကြက်သွန်မိတ်တို့ကိုသေးသေး စိတ်ပြီးအသင့်ပြင်ထားပါ။ပူစီနံကိုအရွက်ခြွေထားပါ။ကြက်သွန်ဖြူကိုနုတ်နုတ်စင်းထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကပန်းကန်ကြီးကြီးတခုတွင်မျှစ်ပြုတ်လှီးပြီးကိုထည့်ပါ။ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ကြက်သွန်မိတ်၊ပူစီနံချွေပြီး သားတဝက်တို့ကိုထည့်ပါ။
(၃)ငံပြာရည်၊ဟင်းခပ်မှုန့်၊သံပုရာရည်၊ဆန်လှော်မှုန့်၊ငရုပ်သီးမှုန့်၊ ကြက်ပြုတ်ရည်သို့ရေအနည်းငယ်ထည့်ကာသမအောင်မွေပေးပါ။
(၅)အရသာအပေါ့အငံမြည်းပြီးချဉ်ငံစပ်မျှစ်သုတ်လေးကိုပန်းကန်တွင်တည်ခင်းပြီးပူစီနံအနည်းငယ်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
****ဆန်လှော်မှုန့်မှာကောက်ညင်းဆန်ကိုစပါးလင်ရှောက်ရွက် သေးသေးစိတ်ဖြင့်အရောင်ရအောင်ရောလှော်ပြီးခပ်ကြမ်းကြမ်းအနေထားကြိတ်ထားခြင်းဖြစ်ပါတယ်။

ကြက်သားကြက်သွန်ဖြူငရုပ်ကောင်းဟင်း

ယိုးဒယားဟင်းတမျိုးဖြစ်တဲ့ကြက်သားကြက်သွန်ဖြူင၇ုပ်ကောင်းဟင်းဖြစ်ပါတယ်။ချက်၇လွယ်ကူပြီးအရသာထူးတဲ့ဟင်းလေးဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
ကြက်သား - ၂၀၀ ဂ၇မ်
ကြက်သွန်ဖြူ - ဆယ်မြောင်း
င၇ုပ်ကောင်းစေ့ (အစိမ်း) - တစ်ဇွန်း စားပွဲဇွန်း
ယိုးဒယားငံပြာ၇ည် - တစ်ဇွန်း
ခ၇ုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့်သကြား - ဇွန်း တဝက်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြက်သားကိုေ၇ဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။ကြက်သွန်ဖြူကိုဓားပြာ၇ိုက်ပြီးခပ်ကြမ်းကြမ်းစိတ်ထားပါ။ငရုပ်ကောင်းစေ့ကိုလုံးခြမ်းကွဲ၇ိုက်ထားပြီးကြက်သားကြက်သွန်ဖြူ၊ငရုပ်ကောင်းတို့ကိုပန်းကန်တွင်ထည့်ထားပါ။ငံပြာရည်၊ခ၇ုဆီ၊ဟင်းခပ်မှုန့်သကြားတို့ကိုထည့်ပါ။
(၂)ဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာအသင့်ပြင်ဆင်ထားသည်တို့ကိုအားလုံးတပြိုင်တည်းချကြော်ပါ။မီးပြင်းဖြင့်ကြော်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းကာပန်းကန်တွင်ထည့်ပြီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

22 July 2015

ကြက်သားပဲငပိ

 ထမင်းမြိန်စေမဲ့ကြက်ပဲငပိဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ :-P ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ကြက်သား - လက်တစ်ဆုပ် ၁၅၀ ဂ၇မ် (ပုဇွန်၊ငါး၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ပဲငပိအစပ် - တစ်ဇွန်း စားပွဲတင်
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲေ၇ာင်းသည်)
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(နယ်ပြီးေ၇ခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောကြက်သားဖြင့်ကြက်ချဉ်စပ်၊ကြက်ပဲငပိ၊ကြက်ကုန်းဘောင်၊ကြက်မုန်ညင်းချဉ်၊စသဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။)
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အေ၇ာင်ပြောင်း၇ုံကြော်ပါ။ပဲငပိထည့်ပါ။(မွှန်ပါတယ်)ကြက်သားထည့်ကြော်ပါ။
(၃)ကြက်သားအေ၇ာင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထည့်ပါ။
(၄)ကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခ၇မ်းချဉ်သီး၊ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)

ကြက်သီဟိုဠ်


Fiery Hot Beef


ပုဇွန်ကြက်သွန်ဖြူကြော်

Garlic Prawns In Hot Sauce

ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကြော်ကြော်နည်းကတယောက်နဲ့တယောက်သိပ်မကွာကြပါဘူး။မြန်မာတိုင်းနှစ်သက်တဲ့မ၇ိုးနိုင်တဲ့ဟင်းတခွက်ပါ။မေးထားတဲ့ ညီမတယောက်အတွက်ဆိုဖီယာ၇ဲ့ကြော်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ချဉ်ပေါင်ရွက် - သုံးစည်း
ကြက်သွန်နီ -နှစ်လုံး
ခရမ်းချဉ်သီး - နှစ်လုံး
မျှစ်ပြုတ် - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်းစားပွဲဇွန်း
ပုဇွန်ခြောက်- သုံးဇွန်း
ငါးပိ - တစ်ဇွန်း
ပုဇွန်ဆိတ် - တစ်ပန်းကန် (ထည့်လိုကထည့်ပါ)
အရောင်တင် - တစ်ဇွန်း ငရုတ်သီးမှုန့်
နနွင်း - အနည်းငယ်
ငံပြာရည် - နှစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငံပြာရည် -နှစ်ဇွန်း
ဆား + အနည်းငယ်
ငရုတ်သီးစိမ်း - ဆယ် တောင့်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာချဉ်ပေါင်၇ွက်ကိုရေဆေးသန့်စင်ပြီးဆားအနည်းငယ်ဖြင့်နွမ်းအောင်နယ်ထားပါ။
(၂)ကြက်သွန်ပါးပါးစိတ်ထားပါ။ခ၇မ်းချဉ်သီးသေးသေးစိတ်ထားပါ။ပုဇွန်ေ၇ဆေးသန့်စင်ထားပါ။
(၃)ချဉ်ပေါင်၇ွက်ကို နွမ်းအောင်နယ်ပြီးေ၇ဆေး၍ရေခြောက်အောင်ညစ်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကို နနွင်းအနည်းငယ်ဖြင့်ဆီသပ်ပါ။ဂျင်းကြက်သွန်ဖြူ၊ပုဇွန်ခြောက်ထည့်ပါ။အရောင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီးငါးပိတို့ကိုထည့်ပြီး ကြေအောင်ခြေပေးပါ။မျှစ်ထည့်ပါ။
(၅)ကြေသွားပါကပုဇွန်ဆိတ်ထည့်လိုကထည့်ပါ။ချဉ်ပေါင်၇ွက်ထည့်ကာအ၇သာဖြည့်စွက်ပြီးနွမ်းအောင်ကြော်ပေးပါ။
(၆)ဆီပြန်လုံးလာပါက အရသာအပေါ့အငံမြည်းပြီးင၇ုပ်သီးစိမ်းနံနံ ပင်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

မလေးရှားငါးကင်

Grilled Stingray With Sambal Sauce

စင်္ကာပူ၊မလေးရှားနဲ့အင်ဒိုနီရှားနိုင်ငံများတွင်နာမည်ကြီးဟင်းတမျိုးဖြစ်ပါတယ်။Sambal Stingray ပြုလုပ်ရန်အတွက်Sambal Sauce ကိုအ၇င်ပြုလုပ်ဖို့လိုပါတယ်။ဒီငရုပ်သီးဟင်းအနှစ်လေးနဲ့ ဟင်းအမျိုးပေါင်းများစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဟင်းပေါင်းများစွာပြင်ဆင်နိုင်ဖို့အဓိကကျတဲ့SAMBALCHILLISAUCEငရုပ်သီးအနှစ်ချက်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်။အချို့ဟင်းပွဲမှာငါးပိထည့်ပြီးအချို့မထည့်တဲ့ဟင်းတွေလည်းရှိပါတယ်။မိမိနှစ်သက်သလိုပြောင်းလဲချက်ပြုတ်နိုင်ပါတယ်။
Sambal Sauce တွင်ပါဝင်ပစ္စည်း
********************
ငရုပ်သီးခြောက် -၁၀၀ဂရမ်
ကြက်သွန်နီဥသေး - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ - ၅၀ဂရမ်
မန်ကျည်းမှည့် - ၂၅ ဂရမ်
ဆား - နှစ်ဇွန်း
သကြား - ၅ဇွန်း
ဆီ - ၁၅၀ ဂရမ်
ရေ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***************
(၁)ဦးစွာင၇ုပ်သီးခြောက်ကိုသန့်စင်ပြီးရေဆူဖြင့်ပွအောင်စိမ်ထားပါ။
(၂) ကြက်သွန်နီနှင့်ကြက်သွန့်ဖြူကိုသင်ထားပါ။
(၃)ငရုပ်သီးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ငရုပ်သီးကြက်သွန်နီကြက်သွန့်ဖြူတို့ကိုရေအနည်းငယ်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြိတ်ပြီးသားငရုပ်သီးကိုဆီပြန်လာသည်ထိချက်ပါ။
(၅)ဆီပြန်လာပါကမန်ကျည်းမှည့်ကိုရေဖျော်ပြီထည့်ပါ။ဆား၊သကြားထည့်ပါ။အရသာချိုစပ်ဖြစ်ပါတယ်။
(၆)အရသာအပေါ့အငံမြည်းပြီးဆီပြန်လာပါကမီးဖိုမှချကာအအေးခံထားပါ။သန့်ရှင်းသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားကာမိမိချက်ပြုတ်လိုသောဟင်းလျာများကိုပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ့လည်းတွဲဖက်စားနိုင်သလိုနှစ်သက်ရာအသား၊ငါး၊ကြက်ဥ၊ငုံးဥ၊ဟင်းသီးဟင်းရွက်များဖြင့်ရောစပ်ချက်ပြုတ်နိုင်ပြီးအရသာမှာချိုစပ်မွေးလေးဖြစ်ပါတယ်။
(၇)Grilled Sambal Fishအတွက်ငါးကိုဆား၊ဟင်ခပ်မှုန့်အနည်းငယ်Sambal Sauce ဖြင့်နယ်ထားပါ။ငါးကို oven bake , Pan grill ,နှစ်သက်သလိုပြုလုပ်နိုင်ပါတယ်။ BBQ ပြုလုပ်လိုပါကငါးကိုအလူမီနီယံစက္ကူဖြင့်ထုပ်ပြီးကင်ရပါတယ်။ခုပြုလုပ်ထားတာတော့ Pan  grilled နည်းဖြင့်အရောင်ရအောင် ကင်ပြီး oven မှာအတွင်းထိကျက်အောင်၅မိနစ်ခန့်ထားပြီး ကင်ထားပါတယ်။
(၈)ငါးအသားကျက်ပါကပန်းကန်တွင်တည်ခင်းပြီးသံပုရာသီးညစ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(အချို့ဆိုင်များတွင်ပုဇွန်မျှင်ငါးပိဆော့ဖြင့်တွဲဖက်ပေးပါတယ်။)မိမိနှစ်သက်ရာငါးဖြင့်အစားထိုးပြုလုပ်နိုင်ပါတယ်။

21 July 2015

ယိုးဒယားကျောက်ပွင့်သုပ်

ကျောက်ပွင့်ကိုပုံစံမျိုးစုံလုပ်စားကြတဲ့ထဲကယိုးဒယားပုံစံသုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အစာပြေအဖြစ်စားနိုင်သလိုဟင်းတခွက်အနေနဲ့လည်းတည်ခင်းနိုင်ပါတယ်။

ပါဝင်ပစ္စည်း
******
ကျောက်ပွင့် - တစ်ပွင့်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - 1Tbsp
သံပုရာရည် - 1Tbsp
အချိုမှုန့်သကြားအရော - 1tsp
(သို့)ဟင်းခပ်မှုန့်သကြား
နှစ်သက်ရာပင်လယ်စာလည်းထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကျောက်ပွင့်ကို ရေစိမ်ထားပါ။
(၂)ပါဝင်ပစ္စည်းများမှကြက်သွန်နီပါးပါးလှီး၊ကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပြီးအားလုံးကိုပန်းကန်တခုတွင်ထည့်ထားပါ။
(၃)လက်ကိုင်အိုးတခုဖြင့်ရေဆူတည်ပါ။ရေဆူပါကကျောက်ပွင့်ကို၂မိနစ်ခန့်ထည့်ပြုတ်ပါ။ပြီးလျှင်အိုးကိုစောင်းပြီးရေများကိုသွန်လိုက်ပါ။ ပင်လယ်စာထည့်လိုပါကကျောက်ပွင့်နှင့်အတူရောပြုတ်နိုင်ပါတယ် (၄)ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးထည်းထည့်ပြီးငံပြာရည်၊အချိုမှုန့်သကြား၊သံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။

ယိုးဒယားပြောင်းဖူးထမင်းကြော်

 Fried Rice  with Baby Corn
ထိုင်းထမင်းကြော်ပုံစံအမျိုးမျိုးရှိတဲ့ထဲကစားနေကျနဲ့မတူတဲ့ပြောင်းဖူးထမင်းကြော်လေးကတမျိုးအရသာထူးလို့အပြောင်းအလဲကြော်စားနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။ကြော်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
********
ထမင်းဖြူ - တစ်ပွဲ
ဘဲဥ သို့ ကြက်ဥ - တစ်လုံး
ကြက်သား - လိုသလောက်
ကြက်သွန်နီ - တစ်ခြမ်း
ပြောင်းဖူး - ၅ချောင်း (Baby Corn )
ငံပြာရည် - တဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
အနောက်ရည်(ပဲငံပြာရည်) - အနည်းငယ်
သကြားအချိုမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း (ဟင်းခပ်မှုန့်သကြား)
ငရုပ်ကောင်း -အနည်းငယ်
ငရုပ်သီးခြောက် - ၃တောင့်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာကြော်မည့်ထမင်းကိုအအေးခံထားပါ။ဘဲဥသို့ကြက်ဥခေါက်ထားပါ။ကြက်သွန်နီပါးပါးစိတ်ထားပါ။ပြောင်းဖူးကိုအမြောင်းစိတ်ထားပါ။ကြက်သားကိုအဆင်သင့် လှီးဖြတ်ထားပါ။
(၂)အားလုံးအဆင်သင့်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကငရုပ်သီးခြောက်ကိုကြော်ပြီးဘေးဖယ်ထား ပါ။ကြက်သွန်ချကြော်ပါ။ကြက်သားထည့်ပါ။ပြောင်းဖူးထည့်ပါ။ဘဲဥသို့ကြက်ဥထည့်ပြီးမေကြော်ပေးပါ။
(၃)အသားကျက်ပါကထမင်းထည့်ပါ။
(၄)အရသာဖြည့်စွက်ပြီးအားလုံးသမအောင်မွေပေးပါ။
(၅)အရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီး ငရုပ်သီးခြောက်ကြော်၊ငရုပ်သီးငံပြာရည်စိမ်၊သံပုရာသီးတို့ ဖြင့်တွဲပြီးသုံးဆောင်နို င်ပါပြီ။

ခေါက်​​ရှောက်



Egg Roll with Custard Sauce


ပြောင်းဖူးမုန့်​ (ယိမယ်​ပါးပါး)


Prawn Floss Bread

Prawn Floss Bread
ပုဇွန်မှုန့်ပေါင်မုန့်

ပေါင်မုန့်ကိတ်မုန့်လုပ်တာဆိုဖီယာ့ရဲ့လိုင်းမဟုတ်လို့သိပ်မကျွမ်းကျင်ပါဘူး။တခါတလေစားချင်တာလေးရှိရင်ကိုယ့်ဘာကိုယ်လုပ်စားကြည့်တာလောက်ပါ။ရောင်းတမ်းဝင်လောက်အောင်အရမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့အိမ်မှာမိသားစုစားဖို့စမ်းလုပ်ကြည့်ချင်သူတို့အဖို့အဆင်ပြေနိုင်မဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဂျုံ - ၄၅၀ဂရမ်
Yeast - ၂ဇွန်း လ္ဘက်ဇွန်း
သကြား - ၆၅ ဂရမ်
ဆား - အနည်းငယ်
ထောပတ် - ၃၀ ဂရမ်
နွားနို့ နွေနွေး - 1ခွက် (၂၅၀ ml)
ကြက်ဥ - တစ်လုံး
Prawn Floss - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာဇလုံတခုတွင်ဂျုံသကြားဆားနှင့်yeastကိုထည့်ပြီးမွေပေးပါ။
(၂)ပြီးလျှင်ကြက်ဥအနှစ်ထောပတ်နှင့်နို့ကိုထည့်ပြီးသမေ အာင်မွေပေးပါ။ဂျုံလုံးကိုစားပွဲတွင်တင်ပြီးဖိခြေ၍ေ ချာမွတ်လာသည်ထိဆယ်မိနစ်ခန့်နယ်ပေးပါ။
(၃)ချောမွေ့လာပါကဂျုံလုံးကိုဆီလူးပြီးဇလုံတွင်ထည့်ကာပလပ်စတစ်အုပ်ပြီး၂နာရီခန့်အပွခံထားပါ။
(၄)ပွလာသောဂျုံကိုရှစ်ပိုင်းပိုင်းပြီးလုံးထားပါ။
(၅)ပထမဂျုံတလုံးကိုဖြန့်​ပြီးပုဇွန်​မှုန့်​၂ဇွန်းထည့်​ပြီးအစာသွပ်​ပါ။သေချာလုံ​အောင်​ပိတ်​ပြီးဘမ်းထဲတွင်​ပိတ်​ထားသည်​ကို​အောက်​​ခြေကထားပါ။
တလုံးနှင့်တလုံးလက်လေးလုံးခန့်ခြားထားပါ။
(၇)အားလုံးပြီးလျှင်ပလပ်စတစ်အုပ်ပြီးမိနစ်၃၀ခန့်အပွခံထားပါ။
(၈)ပွလာပါကကြက်ဥအကာသုတ်ပေးပြီးoven၁၈၀ံCတွင်မိနစ်၂၀ခန့်ဖုတ်ပြီးထုတ်ယူကာအပေါ်မှမရောနစ်သုတ်ပေးပြီးPrawn Floss ဖြူးကာသုံးဆောင်နိုင်ပါပြီ။
*** Prawn Floss ကိုSuper Market များတွင်ဝယ်ယူနိုင်ပါတယ်။Prawn Floss နေရာတွင်အခြားနှစ်သက်ရာယိုတို့ ကိုအစားထိုးထည့်ပြီးပြုလုပ်နိုင်ပါတယ်။

Prawn Floss Bread Roll

 ပုဇွန်မှုန့်ပေါင်မုန့်လိပ်

ပေါင်မုန့်ကိတ်မုန့်လုပ်တာဆိုဖီယာ့ရဲ့လိုင်းမဟုတ်လို့သိပ့်မကျွမ်းကျင်ပါဘူး။တခါတလေစားချင်တာလေးရှိရင်ကိုယ့်ဘာကိုယ်လုပ်စားကြည့်တာလောက်ပါ။ရောင်းတမ်းဝင်လောက်အောင်အရမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့အိမ်မှာမိသားစုစားဖို့စမ်းလုပ်ကြည့်ချင်သူတို့အဖို့အဆင်ပြေနိုင်မဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဂျုံ - ၄၅၀ဂရမ်
Yeast - ၂ဇွန်း လ္ဘက်ဇွန်း
သကြား - ၆၅ ဂရမ်
ဆား - အနည်းငယ်
ထောပတ် - ၃၀ ဂရမ်
နွားနို့ နွေနွေး - 1ခွက် (၂၅၀ ml)
ကြက်ဥ - တစ်လုံး
Prawn Floss - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာဇလုံတခုတွင်ဂျုံသကြားဆားနှင့်yeastကိုထည့်ပြီးမွေပေးပါ။
(၂)ပြီးလျှင်ကြက်ဥအနှစ်ထောပတ်နှင့်နို့ကိုထည့်ပြီးသမေ အာင်မွေပေးပါ။ဂျုံလုံးကိုစားပွဲတွင်တင်ပြီးဖိခြေ၍ေ ချာမွတ်လာသည်ထိဆယ်မိနစ်ခန့်နယ်ပေးပါ။
(၃)ချောမွေ့လာပါကဂျုံလုံးကိုဆီလူးပြီးဇလုံတွင်ထည့်ကာပလပ်စတစ်အုပ်ပြီး၂နာရီခန့်အပွခံထားပါ။
(၄)ပွလာသောဂျုံကိုရှစ်ပိုင်းပိုင်းပြီးလုံးထားပါ။
(၅)ပထမဂျုံတလုံးကိုခပ်ရှည်ရှည်ဖြန့်ပြီးPrawn Floss ကိုဖြူးပြီးမိမိနှင့်နီးရာဘက်မှစပြီးလိပ်ပေးပါ။
(၆)လိပ်ပြီးသားကိုဆီသုပ်ထားသောမုန့်ဖုတ်ဘမ်းတွင်ထည့်ပါ။အလိပ်၏အဆုံးကိုအောက်ဘက်တွင်ထားပါ။တလုံးနှင့်တလုံးလက်လေးလုံးခန့်ခြားထားပါ။
(၇)အားလုံးပြီးလျှင်ပလပ်စတစ်အုပ်ပြီးမိနစ်၃၀ခန့်အပွခံထားပါ။
(၈)ပွလာပါကကြက်ဥအကာသုတ်ပေးပြီးoven၁၈၀ံCတွင်မိနစ်၂၀ခန့်ဖုတ်ပြီးထုတ်ယူကာအပေါ်မှထောပတ်သုတ်ပေးပြီးသုံးဆောင်နိုင်ပါပြီ။
*** Prawn Floss ကိုSuper Market များတွင်ဝယ်ယူနိုင်ပါတယ်။Prawn Floss နေရာတွင်အခြားနှစ်သက်ရာယိုတို့ ကိုအစားထိုးထည့်ပြီးပြုလုပ်နိုင်ပါတယ်။

ကြက်ဥဖတ်ထုပ်

Egg Wonton

ဖတ်ထုပ်ဖက်မပါဘဲကြက်ဥနဲ့ဖတ်ထုပ်ပြုတ်ဖတ်ထုပ်ကြော်လေးလုပ်စားရအောင်နော်။ပြုလုပ်ရတာနည်းနည်းအနုစိတ်ပေမဲ့လုပ်ထွက်လာတော့ပျော်စရာကောင်းပါတယ် ။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - သုံးလုံး
ဆား - အနည်းငယ်
ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်ခေါက်ထားပါ
အစာသွပ်ရန်လိုအပ်သောပစ္စည်း
*****************
နှစ်သက်ရာအသားစဉ်းထားတာ - တစ်ပန်းကန်
ပဲငံပြာရည် - တဇွန်း
ခရုဆီ - တစ်ဇွန်း
ှနှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း- အနည်းငယ်
ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီးဆီအနည်းငယ်ဖြင့်ကြော်ပေးပါ။ အစိမ်းထည့်လိုကထည့်နိုင်သည်။ကြက်ဥဖတ်ထုပ်ကိုသေခြာပြန်ပြုတ်ရပါမယ်။
ကြက်ဥဖတ်ထုပ်လုပ်နည်း
**************
(၁)အိုးမကပ်သောဒယ်တခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာနှံ့အောင်လူးပေးပါ။ကြက်ဥထည့်လိုက်သည်နှင့်ကျက်နိုင်သည့်အနေအထားပူရပါမယ်။အိုးမပူပါကကြက်ဥအရည်ထည့်စဉ်အဝိုင်းအနေထားရရန်ခက်ပါတယ်။
(၂)ခေါက်ထားသောကြက်ဥကိုပုလင်းဖုံးတဖုံးစာခန့်ခပ်ပြီးအိုးထည်းသို့သာသာလေးအဝိုင်းပုံစံရအောင်ထည့်ပါ။
(၃)မီးကိုအတိုးလျော့လုပ်ပေးရပါမယ်။ (၄)ကြက်ဥအပေါ်မျက်နှာပြင်မခြောက်ခင် ကြက်သားကြော်ကိုဇွန်းသေးသေးဖြင့်ခပ်ထည့်ပြီးကြက်ဥအပြားလေးလခြမ်းပုံဖြစ်အောင်ကိုခေါက်ပေးပါ။ ကြက်ဥအတွင်းသားများကပ်သွားပါလိမ့်မယ်။ (၅)ကပ်သွားပါကကြက်ဥဖတ်ထုပ်အနားလေးကိုသာသာဖိပေးပြီး ဟိုဘက်ဒီဘက်လှန်ကြော်ပါ။ ကြက်ဥအကျက်လွန်လျှင်မကပ်ပါ။ မကပ်ပါက ကြက်ဥအရည်လေးဖြင့်တို့ပြီးကပ်ပေးနိုင်ပါတယ်။ (၆)ကြော်ပြီသားဖတ်ထုပ်လေးများကိုပန်းကန်တချပ်တွင်ထည့်ထားပါ။ဖက်ထုပ်ကြော်အဖြစ်တည်ခင်းရန်နှစ်သက်ရာဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
ကြက်ဥသုံးလုံးကိုဖတ်ထုပ်အခုနှစ်ဆယ်ပြုလုပ်နိုင်ပါတယ်။
ဖက်ထုပ်ပြုတ်ပြုလုပ်နည်း
******************
ဟင်းချိုကိုမိမိနှစ်သက်ရာပုံစံချက်နိုင်ပါတယ်။ဟင်းချိုအတွက်ကြက်ပြုတ်ရည်တည်ထားပါ။ဆူပွက်ပါက ပဲကြာဇံနဲ့ပဲရွက်ထည့်ပြီးကြက်ဥဖတ်ထုပ်လေးထည့်ပါ။ အရသာ ငံပြာရည် ခရုဆီ၊ ဆီမွေး၊ ကြက်သွန်ဖြူဆီ ချက်၊ ငရုပ်ကောင်းထည့်ပြီးဆူပွက်ပါကတည်ခင်းသုံးဆောင်နိုင်ပါပြီ။

တိုဖူး​ကြော်


တိုဖူးသုပ်


အင်​ဥ​ကြော်


ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...