1 August 2017

ရှမ်းပဲပုတ်စေ့ကြော်

တာရှည်အထားခံပြီးအဝေးပို့ချင်သူများအတွက်အဆင်ပြေအကြိုက်တွေ့စေမဲ့ပဲပုတ်စေ့အစပ်ကြော်လေးဖြစ်ပါတယ်။များသောအားဖြင့်ရှမ်းပဲပုတ်အြေ ခာက်ကိုကြော်ကြတာများပေမဲ့အစိုကိုလည်းအခုလိုပုံစံတမျိုးနဲ့ကြော်စားနိုင်ပါတယ်။အနံ့အရသာလည်းမတူဘဲထမင်းမြိန်စေမဲ့ဟင်းရံတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတို့လိုအဝေးေ ရာက်နေသူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားတတ်တဲ့အကြော်တမျိုးလည်းဖြစ်ပါသေးတယ်။အဝေးရောက်နေတဲ့မိသားစုမောင်နှမများအတွက်ပြုလုပ်ပေးနိုင်သလိုနေ့စဉ်အလုပ်တဖက်နဲ့ချက်ရပြုတ်ရအချိန်မပေးနိုင်သူများလည်းတခါကြော်ပြီးပုလင်းနဲ့ထည့်သိမ်းထားနိုင်ပြီးသုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
ရှမ်းပဲပုတ်စေ့ - ၄၀၀ ဂရမ်
ငရုတ်သီးအကြမ်းမှုန့် - ၃ဇွန်း
ဆား - အနည်းငယ် (လိုအပ်က)
ဆီ - တစ်ပန်းကန်
ကြက်သွန်ကြော် (optional)
ပြင်ဆင်ပြုလုပ်ပုံ
************
1.အိုးထဲတွင်ဆီထည့်ပြီးပဲပုတ်စေ့ကိုထည့်ကြော်ပါ။အရသာကိုမြည်းကြည့်ပြီးလိုအပ်မှသာထည့်ပါယအချို့ပဲပုတ်စေ့မှာဆားထည့်ပြီးသားဖြစ်နေတတ်ပါတယ်။
2.မီးအေးအေးဖြင့်တဖြည်းဖြည်းကြွပ်လာအောင်ကြော်ပေးပါ။
3.ရခါနီးတွင်ငရုတ်သီးကြမ်းမှုန့်ထည့်ကြော်ပါ။ကြက်သွန်ကြော်ရောလိုပါကရောပြိးသမအောင်မွေပေးကာမီးပိတ်ဆီစစ်အအေးခံထားပါ။
4.ဆီစစ်ပြီးအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
5.အချဉ်ဟင်းအရွက်ကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀အချဉ်ဖောက်ပြီးသားပဲပုတ်စေ့ကိုဈေးမှဝယ်ယူနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

သရက်သီးခေတ္တာဟင်း

ရှမ်းအစားအစာတမျိုးဖြစ်တဲ့သရက်သီးဟင်းရည်လေးဖြစ်ပါတယ်။သရက်သီးစိမ်းတလုံးရှိရုံနဲ့ဟင်း တခွက်အဖြစ်တည်ခင်းနိုင်မဲ့အချဉ်ဟင်းလေးဘဲဖြစ်ပါတယ်။ပဲပုတ်ထောင်းကြော်နဲ့လိုက်ဖက်တဲ့ထမင်း
မြိန်စေမဲ့အဆီကင်းဟင်းတခွက်လည်းဖြစ်ပါတယ်။
ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
သရက်သီးစိမ်း - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ  - ၃မြောင်း
မြေပဲလှော်ထောင်း - လက်တစ်ဆုပ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1. သရက်သီးစိမ်းကိုအခွံသင်ပြီးပါးပါးလှီးထားပါ။
2.ကြက်သွန်နီခရမ်းချဉ်သီးပါးပါးစိတ်ထားပါ။
မြေပဲဆံလှော်ပြီးထောင်းထားပါ။ကြက်သွန်ဖြူကိုရို က်ပြားထားပါ။
3.အားလုံးအသင့်ဖြစ်ပါကဟင်းရည်ချက်မည့်အိုးတွင်သရက်သီးကြက်သွန်နီကြက်သွန်ဖြူခရမ်းချဉ်သီးတို့ကိုထည့်ပါ။ရေတစ်ပန်းလုံးထည့်ပြီးဆူပွက်အော င်တည်ပါ။
4.ဆူပွက်ပါကဆားဟင်းခပ်မှုန့်နှင့်မြေပဲထောင်းထည့်ကာသရက်သီးအနည်းငယ်အိအောင်တည်ပေးပါ။
5.သရက်သီးနူးအိပါကအရသာအပေါ့အငံမြည်းပြီးနံနံပင်ခပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

အမဲခြေထောက်ချဉ်ကြော်

ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့အမဲခြေထောက်ချဉ်ကြော်လေးဖြစ်ပါတယ်။အဆာပြေစာအြ ဖစ်စားနိုင်သလိုဟင်းအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
အမဲခြေထောက်ချဉ် - တစ်ပန်းကန်(၄ထုပ်)
ကြက်သွန်နီ -နှစ်လုံး
ကြက်သွန်ဖြူ - ၅ မြောင်း
ခရမ်းချဉ်သီး - နှစ်လုံး
ငရုပ်သီးစိမ်း - ၅တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
1.အမဲခြေထောက်ချဉ်ကြော်အတွက်ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုပ်သီးထက်ခြမ်းခြမ်းထားပါ။
2.အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။
3.ကြက်သွန်နွမ်းပါကခရမ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။အမဲခြေထောက်ချဉ်ထည့် ပါ။
4.အားလုံးသမပြီးအနည်းငယ်ထွေးလာပါကအရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

အမဲခြေထောက်ချဉ်

 Shan Traditional Cow Foot Pickled
ရှမ်းရိုးရာအစားအစာတမျိုးဖြစ်တဲ့အမဲခြေထောက်ချဉ်လေးဖြစ်ပါတယ်။နွားခြေထောက်အစားမိမိနှစ်သ က်သလိုအစားထိုးပြုလုပ်နိုင်ပါတယ်။နွားခြေထောက်ကိုတော့နေရာတိုင်းအလွယ်တကူမရနိုင်တာကြောင့်မြန်မာပြည်အလည်ပြန်ရင်းလုပ်စားဖြစ်တာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။အဆာပြေစာအဖြစ်တည်ခင်းနိုင်သလိုဟင်းတပွဲအနေနဲ့လည်းသုပ်ပြီးဖြစ်စေချက်ပြီးဖြစ်စေတည်ခင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
နွားခြေထောက် - တစ်ချောင်း
ထမင်းဖြူ - တစ်ပန်းကန်
ဆား - အနည်းငယ်
ငှက်ပျောဖက်/ပုလင်း - ထုပ်ရန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.သန့်စင်ပြီးနွားခြေထောက်ကိုခုတ်ထစ်လှီးဖြတ်ပြီးရေဆေးသန့်စင်ကာဆားနယ်ပြီးရေမြုတ်ရုံထည့်ကာပြုတ်ထားပါ။(ကျက်ရုံ)
2.ပြုတ်ပြီးသားနွားခြေထောက်ကိုအရိုးဖယ်ထုတ်ပြီးသေးသေးနုတ်နုတ်စိတ်ထားပါ။
3.ခပ်မာမာချက်ထားသောထမင်းကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်နယ်ထားပါ။
4.သေးသေးနုတ်နုတ်စင်းထားသောနွားခြေထောက်ကိုထမင်းဖြင့်ရောနယ်ပါ။
5.ငှက်ပျောဖက်ကိုရေဆေးသန့်စင်မီးကင်ပြီးနယ်ထားသောအရောကိုထည့်ပြီးကျစ်ကျစ်လေးထုတ်ပေးကာဇကာဖြင့်ထည့်ပြီးလေလုံအောင်ထုတ်ပိုးပြီးအလေးဖြင့်အပေါ်မှဖိပေးထားပါ။ငှက်ပျောဖက်ဖြင့်မထုပ်ဘဲပုလင်းဖြင့်လည်းသိပ်ထားနိုင်ပါတယ်။
6.ရာသီဥုတုပူအိုက်ပါကနှစ်ရက်ခန့်တည်ပြီးပါကချဉ်ပြီဖြစ်၍ရေခဲသေတ္တာတွင်သိမ်းဆည်းကာငရုတ်သီးကြော်ကြက်သွန်ဖြူဆီချက်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။ဟင်းတခွက်အဖြစ်ကြော်ချက်၍လည်းတ ည်ခင်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ပန်းသေးအမဲနှပ်ခေါက်ဆွဲ

ပန်းသေးအမဲနှပ်ခေါက်ဆွဲ
Braised Beef Noodles
红烧牛肉面
ပန်းသေးရိုးရာအမဲနှပ်ခေါက်ဆွဲလေးဖြစ်ပါတယ်။ဒီအမဲနှပ်ဟင်းလေးကိုဘဲထမင်းနဲ့ဖြစ်စေမန်ထိုခေါ်ပေါက်ဆီအလွတ်တမျိုးနဲ့လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။ရိုးရိုးခေါက်ဆွဲများနဲ့မတူတမူထူးပြီးအရသာနှစ်လိုဖွယ်ကောင်းတဲ့မိသားစုအမဲနှပ်ခေါက်ဆွဲလေးလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
အမဲသား - တစ်ကီလို
ဂျင်း - လက်နှစ်ဆစ်
ကြက်သွန်နီ - ၄လုံး
ကြက်သွန်နီကြော် - တစ်ပန်းကန်
ကြက်သွန်ဖြူ (ဥကြီး)-လက်တဆုပ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပဲငံပြာရည်အမဲ - ၃ဇွန်း
ပဲငံပြာရည်အကြည် - ၃ဇွန်း
ရှောက်ကော - နှစ်လုံး
ပါကော(နာနတ်ပွင့်)-၃ပွင့်
ဟွားကျောက်(ဇီချွမ်းငရုတ်ကောင်း)-လ္ဘက်ဇွန်း တစ်ဇွန်း
တရုတ်မဆလာအမှုန့် (five spices)- တစ်ဇွန်း
ဆီ - အနည်းငယ်
တွဲဖက်စားရန်(၅ပွဲစာ)
**********
ဂျုံခေါက်ဆွဲ - တစ်စည်း
ကြက်သွန်ဖြူဆီချက် - တစ်ပန်းကန်
နှမ်းဆီမွေး
သံပုရာသီး
ငရုတ်သီးကြော်(အမှုန့်)
ကြက်သွန်မိတ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အသားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးများလှီးဖြတ်ထားပါ။
2.ကြက်သွန်နီ၊ဂျင်းပါးပါးစိတ်ထားပါ။ကြက်သွန်ကြော်တပန်းကန်လုံးစာပြင်ဆင်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးရှောက်ကောအလုံး(ထုထားသည်)ပါကော၊ဟွားကျောက်စေ့တို့ကိုထည့်ပြီးဆီသပ်ပါ။
4.အနံ့မွေးလပါကဂျင်းနှင့်အသားလှီးထားသည်တို့ကိုထည့်ကြော်ပေးပါ။အသားမှထွက်လာသောရေခမ်းပြီးအသားများနီရောင်သမ်းလာသည်ထိကြော်ပေးပါ။
5.အသားများနီရောင်သမ်းလာပါကပဲငံပြာရည်အမဲနှင့်အကြည်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။
6.ပြီးလျှင်အရိုးပြုတ်ရည်သို့မဟုတ်ရေမြှုတ်ရုံထည့်ပါ။ဆားဟင်းခပ်မှုန့်ကြက်သွန်နီကြော်၊ကြက်သွန်နီ၊တရုတ်မဆလာတို့ကိုထည့်ပါ။
7.ဆူပွက်ပါကမီးလျော့ထားပြီးအသားနူးအိသည်ထိတည်ထားပါ။လိုအပ်ပါကရေအနည်းငယ်ဆီထ ည့်ပေးပါ။
8.အသားနူးအိခါနည်းလျှင်ကြက်သွန်ဖြူခွာပြီးသားလက်တစ်ဆုပ်ခန့်ကိုရေဆေးပြီးအမြောင်းလိုက်ထည့်ပေးပါ။
9.အသားနူးအိပါကအရသာအပေါ့အငံမြည်းကာအပျစ်အကြဲလိုသလိုပြုပြင်ကာခေါက်ဆွဲထမင်းနှင့်မန်ထိုကြိုက်နှစ်သက်ရာနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
10.ခေါက်ဆွဲနှင့်တွဲဖက်စားရန်ဂျုံခေါက်ဆွဲကိုပြုတ်ထားပြီးပန်းကန်တွင်ထည့်ပါ။အပေါ်မှအမဲသားနှပ်နှင့်ဟင်းရည်တွဲဖက်ပြီးထည့်ပါ။ကြက်သွန်ဖြူဆီချက်ငရုတ်သီးဆီချက်၊နှမ်းဆီေ မွး၊ကြက်သွန်မိတ်၊သံပုရာသီးတို့ဖြင့်တည်ခင်း သုံးဆောင်နိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...