ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့အမဲခြေထောက်ချဉ်ကြော်လေးဖြစ်ပါတယ်။အဆာပြေစာအြ ဖစ်စားနိုင်သလိုဟင်းအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
အမဲခြေထောက်ချဉ် - တစ်ပန်းကန်(၄ထုပ်)
ကြက်သွန်နီ -နှစ်လုံး
ကြက်သွန်ဖြူ - ၅ မြောင်း
ခရမ်းချဉ်သီး - နှစ်လုံး
ငရုပ်သီးစိမ်း - ၅တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
1.အမဲခြေထောက်ချဉ်ကြော်အတွက်ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုပ်သီးထက်ခြမ်းခြမ်းထားပါ။
2.အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။
3.ကြက်သွန်နွမ်းပါကခရမ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။အမဲခြေထောက်ချဉ်ထည့် ပါ။
4.အားလုံးသမပြီးအနည်းငယ်ထွေးလာပါကအရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment