20 June 2017

ငါးပိရည်ကျို

 Home made Myanmar Traditional Fish Pickle
မြန်မာတိုင်းနှစ်သက်တဲ့ငါးပိရည်ကိုပြုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်တော့ဆိုဖီယာလည်းငါးပိငါးခြောက်တွေနဲ့တကယ်ဘဲသိပ်မနီးစပ်ခဲ့ပါဘူး။စားတော့စားတတ်တယ် ☺ အခုပြုလုပ်ထားတာကတော့ရှေးလူကြီးသူမများပြောပြဖူးတဲ့နည်းလေးနဲ့အညာရောက်ခိုက်သန့်ရှင်းလတ်ဆတ်တဲ့ရေချိုငါးလေးတွေနဲ့စမ်းပြီးပြုလုပ်ထားတဲ့ငါးပိရည်လေးဖြစ်ပါတယ်။
ဓာတုဆေးကင်းပြီးသန့်ရှင်းလတ်ဆတ်စွာအိမ်မှာလုပ်စားနိုင်ဖို့ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဂျပန်ငါး (ဒေသခေါ်) - ၂၅ ကျပ်သား
ဆား - တစ်ဇွန်းခွဲ စားပွဲဇွန်း
ထမင်းဖြူ /ဆန်မှုန့်ကျိုပြီးသား - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဒေသခေါ်ဂျပန်ငါးတီလားဘီးယားကိုရေဆေးသန့်စင်ဗိုက်ဖောက်သန့်ရှင်းကာရေစစ်ထားပါ။
2.ဇလုံတခုတွင်သန့်စင်ပြီးသားငါးကိုထည့်ပြီးဆားတဇွန်းထည့်ကာသမအောင်မွေပြီးတညသိပ်ထားပါ။အထက်အောက်လှန်ပေးပါ။
3.နောက်ရက်တွင်ဆားနယ်ထားသောငါးဆားနယ်များကိုဇကာတခုဖြင့်ထည့်ပြီးတနေလှန်းပါ။
4.တနေလှန်းပြီးဖန့်သွားသေားငါးကိုအနည်းငယ်ထုပေးပြီးဇလုံတခုတွင်ထည့်ပါ။ထမင်းသို့မဟုတ်ဆန်မှုန့်ကျိုထားသည်နှင့် ဆားဇွန်းတဝက်ထည့်ပြီးသမအောင်မွေပေးပါ။
5.ပြီးလျှင်သန့်ရှင့်ခြောက်သွေ့သောပုလင်းတွင်ဖိသိပ်ထည့်ပေးပါ။
6.အပေါ်မှပလပ်စတစ်တထပ်အုပ်ပြီးအဖုံးကိုလေလုံအောင်ပိတ်ကာနေပူတွင်၁၀ရက်တပတ်လှန်းပေးပါကမွေးကြိုင်တဲ့ငါးပိရည်ကိုစတင်ရရှိမှာဖြစ်ပါတယ်။
7.ငါးအသားလေးများအိသွားပါကသိမ်းဆည်းပြီးနှစ်သက်သလိုကျိုချက်သုံးဆောင်နိုင်ပါပြီ။
❀မိမိနှစ်သက်ရာငါးကိုအစားထိုးအသုံးပြုနိုင်ပါတယ်။
8.ငါးပိရည်ကျိုပြုလုပ်ရန်အိုးတခုတွင်ငါးပိရည်ကိုထည့်ပါ။နနွင်းအနည်းငယ်နှင့်ရေအနည်းငယ်ထည့်ပြီးငါးအသားလေးများကြေသွားသည်ထိတည်ထားပါ။
8.အခြားအိုးတခုတွင်ပုဇွန်သို့မဟုတ်ငါးကိုလှော်ထားပါ။မထည့်လည်းရပါတယ်။
9.ငရုတ်သီးစိမ်းကြက်သွန်ဖြူလှော်ထောင်းထားပါ။
10.ငါးပိရည်ရပါကအရိုးများကိုစစ်ထုတ်ပြီးပုဇွန်လှော်ကြက်သွန်ဖြူငရုတ်သီးထောင်းထည့်ပြီးသမအောင်မွေကာတည်ခင်းနိုင်ပါပြီ။နံနံပင်ထည့်လိုကထည့်ပါ။
11.ငရုတ်သီးစိမ်းအစားအလှော်မှုန့်လည်းထည့်နိုင်ပါတယ်။အချို့ကြက်သွန်ခရမ်းချဉ်သီးမီးဖုတ်ပြီးထောင်းထည့်သည်လည်းရှိပါတယ်။မိမိနှစ်သက်သလိုကျို ချက်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

တီလားဘီးယားနှမ်းဖက်ချဉ်ချက်


နွားနို့ခဲမုန့်ကြွပ်ကြော်

Deep Fried Cottage Cheese

ရေကျိုငါးပိပြုလုပ်နည်း

Home made Myanmar Traditional Fish Pickle
မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို
ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်တော့ဆိုဖီယာလည်းငါးပိငါးခြောက်တွေနဲ့တကယ်ဘဲသိပ်မနီးစပ်ခဲ့ပါဘူး။စားတော့စားတတ်တယ် ☺ အခုပြုလုပ်ထားတာကတော့ရှေးလူကြီးသူမများပြောပြဖူးတဲ့နည်းလေးနဲ့အညာရောက်ခိုက်သန့်ရှင်းလတ်ဆတ်တဲ့ရေချိုငါးလေးတွေနဲ့စမ်းပြီးပြုလုပ်ထားတဲ့ငါးပိလေးဖြစ်ပါတယ်။
ဓာတုဆေးကင်းပြီးသန့်ရှင်းလတ်ဆတ်စွာအိမ်မှာလုပ်စားနိုင်ဖို့ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဂျပန်ငါး (ဒေသခေါ်)/ငါးခူ - ၂၅ ကျပ်သား
ဆား(ဆားကြမ်း) - တစ်ဇွန်းခွဲ စားပွဲဇွန်း
ထမင်းဖြူ /ဆန်မှုန့်ကျိုပြီးသား - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဒေသခေါ်ဂျပန်ငါးတီလားဘီးယားကိုရေဆေးသန့်စင်ဗိုက်ဖောက်သန့်ရှင်းကာရေစစ်ထားပါ။
2.ဇလုံတခုတွင်သန့်စင်ပြီးသားငါးကိုထည့်ပြီးဆားတဇွန်းထည့်ကာသမအောင်မွေပြီးတညသိပ်ထားပါ။အထက်အောက်လှန်ပေးပါ။
3.နောက်ရက်တွင်ဆားနယ်ထားသောငါးဆားနယ်များကိုဇကာတခုဖြင့်ထည့်ပြီးတနေလှန်းပါ။
4.တနေလှန်းပြီးဖန့်သွားသေားငါးကိုအနည်းငယ်ထုပေးပြီးဇလုံတခုတွင်ထည့်ပါ။ထမင်းသို့မဟုတ်ဆန်မှုန့်ကျိုထားသည်နှင့် ဆားဇွန်းတဝက်ထည့်ပြီးသမအောင်မွေပေးပါ။
5.ပြီးလျှင်သန့်ရှင့်ခြောက်သွေ့သောပုလင်းတွင်ဖိသိပ်ထည့်ပေးပါ။
6.အပေါ်မှပလပ်စတစ်တထပ်အုပ်ပြီးအဖုံးကိုလေလုံအောင်ပိတ်ကာနေပူတွင်၁၀ရက်တပတ်လှန်းပေးပါကမွေးကြိုင်တဲ့ငါးပိကိုစတင်ရရှိမှာဖြစ်ပါတယ်။
7.ငါးအသားလေးများအိသွားပါကသိမ်းဆည်းပြီးနှစ်သက်သလိုကျိုချက်သုံးဆောင်နိုင်ပါပြီ။
❀မိမိနှစ်သက်ရာငါးကိုအစားထိုးအသုံးပြုနိုင်ပါတယ်။
...........
Sofia (13.10.2016)
http://sofiafoodparadise.blogspot.com

သက်သတ်လွတ်ပဲလိပ်ပြာခေါက်ဆွဲ

သက်သတ်လွတ်ပဲလိပ်ပြာခေါက်ဆွဲလေးဟာချက်ပြုတ်ရလွယ်ကူပြီးအရသာလည်းရှိတာမို့သက်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေအာဟာရဖြစ်စေတဲ့ခေါက်ဆွဲဖြစ်ပါတယ်။ချက်နည်းလေးမျှဝေပေးပြီးတောင်ကြီးထွက်စားစရာများပါပို့ပေးလာတဲ့ညီမယွန်းဖူးကိုလည်းကျေးဇူးအထူးပါ။ချက်ပြုတ်ရလွယ်ကူပြီးအရသာထူးတဲ့ပဲလိပ်ပြာခေါက်ဆွဲချက်နည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(၅ပွဲစာ)
*********
ပဲလိပ်ပြာ- နှစ်ဘူး (နို့ဆီဘူး)
ခရမ်းချဉ်သီး - နှစ်လုံး
ကြက်သွန်နီ - တစ်လုံး
ဂျင်းထောင်း - တစ်ဇွန်း
ပဲပြားတိုဖူး - တစ်တုံး
ပဲပြားခြောက်/ပဲမလိုင် - တစ်ချပ်
မှို - ၅ပွင့် (ရှီတာခီ )
ရေ - ၅ပန်းကန်စာ
တွဲဖက်စားရန်
ဆန်ခေါက်ဆွဲ
မုန်ညင်းချဉ်
ကြက်သွန်မိတ်နံနံပင်
ငရုတ်သီးကြော်
ကြက်သွန်ဖြူ ဆီချက် (optional)
ပြင်ဆင်ပြုလုပ်ပုံ
************
1.ပဲလိပ်ပြာကိုအခွံသင်ပြီးရေဆေးရေစစ်ထားပါ။
2.ဟင်းရည်ချက်မည့်အိုးတွင်ပဲလိပ်ပြာကြက်သွန်နီခရမ်းချဉ်သီးဂျင်းထောင်းတို့ကိုထည့်ပြီးပဲအိသည်ထိတည်ထားပါ။
3.မှိုခြောက်ကိုရေစိမ်ရေညစ်ပြီးပါးပါးလှီးထည့်ပါ။
4.ပဲပြားတိုဖူးကိုအနေတော်လှီးပြီးဆီပူတွင်အရောင်ရသည်ထိကြော်ထားပါ။
5.ပဲနူးအိပါကအရသာဖြည့်စွက်ကာလိုအပ်သလိုအပျစ်အကြဲပြုပြင်ကာပဲပြားကြော်ထားသည်နှင့်ပဲပြားခြောက်တို့ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။
6.ဆူပွက်ပါကအရသာအပေါ့အငံမြည်းကာခေါက်ဆွဲပွဲပြင်ရန်ပြင်ဆင်ပါ။
7.ရေစိမ်ထားသောခေါက်ဆွဲကိုရေဆူအိုးတွင်ဖျောပြီးပန်းကန်တွင်ထည့်ပါ။
8.အပေါ်မှပဲလိပ်ပြာဟင်းရည်ချက်ထားသည်ကိုသမအောင်မွေပြီးထည့်ပါ။ကြက်သွန်မိတ်နံနံပင်ဖြူးကာမုန်ညင်းချဉ်နှင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

ကြက်ပေါင်း

  Cold Chicken with Spicy Sichuan Sauce
ကြက်ပေါင်းကိုအထိမ်းအမှတ်မိတ်ဆုံစားဝိုင်းကြီးတွေမှာအကောင်လိုက်တည်ခင်းတတ်ကြသလိုဒင်းမ်ဆမ်းတွေမှာလည်းပွဲသေးအနေနဲ့တည်ခင်းလေ့ရှိကြပါတယ်။ဒီကြက်ပေါင်းလေးပြင်ဆင်ပြုလုပ်ချိန်မှာဆိုဖီယာ့အဖွားကိုအမှတ်ရလွမ်းမိပါ တယ်။ငယ်ငယ်ကနယ်မြို့တွေမှာအခုလိုကြက်သားတွေကိုသန့်ရှင်းပြီးအဆင်သင့်တွေမရှိသေးတော့အိမ်မှာဧည့်ဖိတ်ရှိရင်ကြက်ပေါင်းတပွဲအမြဲပါတော့ကြက်အမွေးနုတ်တာကစလုပ်ရတာပေါ့ ။အိမ်မှာအဖွားတို့ရဲ့ကြက်ကိုင်နည်းပြောပြချင်တာပါ။
အမွေးနုတ်ဖို့ရေနွေးဖျောတာကစလုပ်ခိုင်းတယ်။အမွေးမနုတ်ခင်ကိုဗိုက်ခွဲအူထုတ်သန့်ရှင်းပြီးရင်ဗိုက်ကိုအပ်နဲ့ပြန်ချုပ်(ရေညစ်ပတ်တွေဗိုက်ထဲမဝင်အောင်)ပြီးမှရေနွေးဖျောအမွေးနုတ်တယ်ပြီးရင်ကြက်တကောင်လုံးကိုရေနွေးနဲ့ဂျီးချွတ်ဖြူဖွေးနေအောင်ခြစ်ပေးရေချိုးပေးရတယ်။ငယ်ငယ်တုန်းကတော့အဲ့လိုလုပ်ရတာအကြာကြီးပျင်းတော့အဖွားကဆူတယ်မိန်းခလေးမို့မလုပ်တတ်လို့မရဘူးဆိုတော့အဖွားကိုပြန်ပြောခဲ့တာလေးအမှတ်ရမိတယ်။အဖွားရယ်အခုခေတ်လေမြို့ပေါ်မှာကြက်တွေအကောင်လိုက်အမွေးနုတ်သန့်ရှင်းပြီးသားကိုယ်တိုင်နုတ်စရာမလိုဘူးလို့အကွန့်တက်ခဲ့တာပေါ့ :-D :-D
ဘာဘဲပြောပြောဒီလိုအချိန်မှာကြက်အကောင်လိုက်ချပေးလည်းလုပ်တတ်ကိုင်တတ်သွားခဲ့တာအဖွားကျေးဇူးတွေကြောင့်ပါ :-) ကြက်ပေါင်းပြုလုပ်ရန်ကြက်ကိုအကောင်လိုက်ရေဆေးသန့်စင်ပြီးရေစစ်ထားပါ။မွေးမြူရေးကြက်ကတော့အရသာအရှိဆုံးပေါ့...မလွယ်ရင်CPလည်းသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်တကောင် - တကီလိုခွဲခန့်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဂျင်း - တတက်
ကြက်သွန်ဖြူ -တဥ
ရှောက်ကော - ၃လုံး
နာနတ်ပွင့် - ၂ပွင့်
ဆော့စ်ပြုလုပ်ရန်ပါဝင်ပစ္စည်း
********************
ပဲငံပြာရည်အကြည်
ကြက်သွန်မိတ်အရင်း
နှမ်းဆီမွေး
ကြက်သွန်ဖြူဆီချက်
ဟွားကျောက်ဆီ(#sichuanpepper )
နှမ်းလှော်
အချဉ်ရည်
သကြား
ငရုပ်သီးဆီချက်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ရေစစ်ထားသောကြက်ကိုဆားဖြင့်တကောင်လုံးအနှံ့လူးပြီးနယ်ထားကာဆားဝင်အောင်တနာရီခန့်နှပ်ထားပါ။ဂျင်းအတက်လိုက်ထုပြီးထည့်ပါ။ရှောက်ကောကိုလည်းထုထားပါ။ကြက်သွန်ဖြူထပ်ခြမ်းခြမ်းထားပါ။
2.မွေးမြူရေးကြက်သုံးပါကကြက်နှင့်ရေတခါထဲထည့်ပြီးပြုတ်နိုင်ပါတယ်ကြက်တကောင်လုံးမြုတ်သည်ထိရေထည့်ကာနူးအိသည်ထိပြုတ်ပါ။
CPကြက်ကိုသုံးပါကရေဆူပွက်မှသာကြက်သားကိုချပြီးဆယ်မိနစ်ပြုတ်ပါ။
3.အသားနူးအိပါကလိုသလိုလှီးဖြတ်ပြီးကြက်ပေါင်းကြက်စွတ်ပြုတ်ကိုကြက်သွန်မိတ်ဖြူးကာတည်ခင်းနိုင်ပါပြီ။
4.CPကြက်ဖြင့်ပြုလုပ်ပါကဆယ်မိနစ်ပြုတ်ပြီးမီးပိတ်ကာမိနစ်၃၀အဖုံးအုပ်ထားပါ။
5.မိနစ်၃၀ပြည့်ပါကဇလုံကြီးကြီးတခုတွင်ရေခဲရေထည့်ပြီးပြုတ်ထားသည့်ကြက်ကိုစိမ်ပေးပါ။အထက်အောက်လှန်ပေးပါ။မိနစ်၃၀ခန့်လုံးဝအေးသွားလျှင်ဆယ်ယူရေစစ်ထားပါ။
❀❀ရေခဲရေစိမ်ခြင်းဖြင့်ကြက်၏အရေပြားများကိုကျုံသွားစေပြီးအထဲမှကြက်သား၏အာဟာရများကိုမထွက်သွားစေရန်ထိန်းထားပေးသဖြင့်ကြက်ပေါင်းစားတဲ့အချိန်မှာထူးခြားတဲ့အသားရဲ့နူးညံ့ချိုမြိန်တဲ့အရသာကိုသိသာစွာခံစားရမှာဖြစ်ပါတယ်။
(၄)ရေစစ်ပြီးသားကြက်ပေါင်းကိုလိုသလိုလှီးဖြတ်ပြီးဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀❀ဆော့စ်ပြုလုပ်ရန်ပါဝင်ပစ္စည်းအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးချိုချဉ်စပ်လိုသလိုပြင်ဆင်နိုင်ပါတယ်။
❀❀❀ ကြက်ပေါင်းကိုအပူတည်ခင်းလိုပါ ကပုံစံမပျက်လှီးဖြတ်ပြီးမှသာအပူပေးပြီးတည်ခင်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ကြက်ပေါင်း

Chinese Steamed Chicken
ကြက်ပေါင်းကိုအထိမ်းအမှတ်မိတ်ဆုံစားဝိုင်းကြီးတွေမှာအကောင်လိုက်တည်ခင်းတတ်ကြသလိုဒင်းမ်ဆမ်းတွေမှာလည်းပွဲသေးအနေနဲ့တည်ခင်းလေ့ရှိကြပါတယ်။ဒီကြက်ပေါင်းလေးပြင်ဆင်ပြုလုပ်ချိန်မှာဆိုဖီယာ့အဖွားကိုအမှတ်ရလွမ်းမိပါ တယ်။ငယ်ငယ်ကနယ်မြို့တွေမှာအခုလိုကြက်သားတွေကိုသန့်ရှင်းပြီးအဆင်သင့်တွေမရှိသေးတော့အိမ်မှာဧည့်ဖိတ်ရှိရင်ကြက်ပေါင်းတပွဲအမြဲပါတော့ကြက်အမွေးနုတ်တာကစလုပ်ရတာပေါ့ ။အိမ်မှာအဖွားတို့ရဲ့ကြက်ကိုင်နည်းပြောပြချင်တာပါ။
အမွေးနုတ်ဖို့ရေနွေးဖျောတာကစလုပ်ခိုင်းတယ်။အမွေးမနုတ်ခင်ကိုဗိုက်ခွဲအူထုတ်သန့်ရှင်းပြီးရင်ဗိုက်ကိုအပ်နဲ့ပြန်ချုပ်(ရေညစ်ပတ်တွေဗိုက်ထဲမဝင်အောင်)ပြီးမှရေနွေးဖျောအမွေးနုတ်တယ်ပြီးရင်ကြက်တကောင်လုံးကိုရေနွေးနဲ့ဂျီးချွတ်ဖြူဖွေးနေအောင်ခြစ်ပေးရေချိုးပေးရတယ်။ငယ်ငယ်တုန်းကတော့အဲ့လိုလုပ်ရတာအကြာကြီးပျင်းတော့အဖွားကဆူတယ်မိန်းခလေးမို့မလုပ်တတ်လို့မရဘူးဆိုတော့အဖွားကိုပြန်ပြောခဲ့တာလေးအမှတ်ရမိတယ်။အဖွားရယ်အခုခေတ်လေမြို့ပေါ်မှာကြက်တွေအကောင်လိုက်အမွေးနုတ်သန့်ရှင်းပြီးသားကိုယ်တိုင်နုတ်စရာမလိုဘူးလို့အကွန့်တက်ခဲ့တာပေါ့ :-D :-D
ဘာဘဲပြောပြောဒီလိုအချိန်မှာကြက်အကောင်လိုက်ချပေးလည်းလုပ်တတ်ကိုင်တတ်သွားခဲ့တာအဖွားကျေးဇူးတွေကြောင့်ပါ :-) ကြက်ပေါင်းပြုလုပ်ရန်ကြက်ကိုအကောင်လိုက်ရေဆေးသန့်စင်ပြီးရေစစ်ထားပါ။မွေးမြူရေးကြက်ကတော့အရသာအရှိဆုံးပေါ့...မလွယ်ရင်CPလည်းသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်တကောင် - တကီလိုခွဲခန့်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဂျင်း - တတက်
ကြက်သွန်ဖြူ -တဥ
ရှောက်ကော - ၃လုံး
နာနတ်ပွင့် - ၂ပွင့်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ရေစစ်ထားသောကြက်ကိုဆားဖြင့်တကောင်လုံးအနှံ့လူးပြီးနယ်ထားကာဆားဝင်အောင်တနာရီခန့်နှပ်ထားပါ။ဂျင်းအတက်လိုက်ထုပြီးထည့်ပါ။ရှောက်ကောကိုလည်းထုထားပါ။ကြက်သွန်ဖြူထပ်ခြမ်းခြမ်းထားပါ။
2.မွေးမြူရေးကြက်သုံးပါကကြက်နှင့်ရေတခါထဲထည့်ပြီးပြုတ်နိုင်ပါတယ်ကြက်တကောင်လုံးမြုတ်သည်ထိရေထည့်ကာနူးအိသည်ထိပြုတ်ပါ။
CPကြက်ကိုသုံးပါကရေဆူပွက်မှသာကြက်သားကိုချပြီးဆယ်မိနစ်ပြုတ်ပါ။
3.အသားနူးအိပါကလိုသလိုလှီးဖြတ်ပြီးကြက်ပေါင်းကြက်စွတ်ပြုတ်ကိုကြက်သွန်မိတ်ဖြူးကာတည်ခင်းနိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

နို့ပေါင်မုန့်

Homemade Bread
ဆိုဖီယာရဲ့ကျွမ်းကျင်တဲ့လိုင်းမဟုတ်ပေမဲ့အိမ်မှာမိသားစုအတွက်လုပ်စားဖြစ်သမျှလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(၈လုံး)
********
ဂျုံ - ၄၂၀ ဂရမ်
နို့မှုန့် - ၃၀ဂရမ်
ရေနွေး -၂၅၀ ml
ကြက်ဥ - တစ်လုံး
ဆီ - ၈၀ ml
Yeast - 10 gm
သကြား - ၂ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ကြက်ဥ - တလုံး (အပေါ်လူးရန်)
ထောပတ် - မျက်နှာပြင်လူးရန်
ပေါင်မုန့်ပြုလုပ်ပုံ
************
1.ခွက်တခုတွင်ရေကြက်သီးနွေးထည့်ပြီးဆားသကြားနှင့်yeastတို့ကိုထည့်ကာသမအောင်မွေထားပါ။သမသွားပါကဆီနှင့်ကြက်ဥကိုဖောက်ထည့်ပြီး
မွေထားပါ။
2.အသင့်ဖြစ်ပါကဇလုံကြီးကြီးတခုတွင်ဂျုံနှင့်နို့မှုန့်
ထည့်ပြီးဖျော်စပ်ထားသောအရောကိုထည့်မွေကာသမအောင်နယ်ပေးပါ။
3.အားလုံးသမသွားပါကလက်ကိုဂျုံမှုန့်အနည်းငယ်လူးပြီးနယ်ထားသောဂျုံဇလုံအတွင်းဘက်များကိုသန့်ရှင်းအောင်ပြုလုပ်ပြီးအလုံးအနေအထားပြုလုပ်ကာအဝတ်စိုတခုဖြင့်ဂျုံကိုဖုံးအုပ်ထားပါ။
4.နယ်ထားသောဂျုံကိုနှစ်ဆခန့်အထိပွလာအောင်အပွခံထားပါ။
5.နယ်ထားသောဂျုံနှစ်ဆခန့်ပွလာပါကစားပွဲတွင်ဂျူံဖြူးပြီးနယ်ပေးကာလိုချင်သောပုံစံလုံးပြီးဆီလူးထားသောဘမ်းတွင်ထည့်ပါ။
မျက်နှာပြင်ပေါ်တွင်အလှဆင်လိုပါကနှစ်သက်သလိုပြင်ဆင်ကာပြန်လည်၍အပွခံထားပါ။
6.အကင်စက်သို့မဟုတ်Ovenကို၁၇၀ဒီဂရီအပူပေးထားပါ။အပွခံထားသောပေါင်မုန့်အပေါ်သို့နှစ်ဆ ခန့်ပွတက်လာပါကအပေါ်မျက်နှာပြင်ကိုကြက်ဥသုတ်ပေးကာovenတွင်ထည့်ပြီးမိနစ်၃၀ခန့်ဖုတ်ပေးပါ။
7.ovenအမျိုးအစားအပူချိန်ပေါ်မူတည်ပြီးအချိန်အတိုးအလျော့ပြုလုပ်ပါ။ပေါင်မုန့်မျက်နှာပြင်နီရောင်သမ်းပြီးအောက်ခြေဖက်ကျက်ပါကovenမှထုတ်ယူကာထောပတ်အနည်းငယ်လူးပေးပြီးပေါင်မုန့်ကိုနှစ်သက်ရာနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀အတွင်းဘက်တွင်နှစ်သက်ရာအချိုသို့မဟုတ်ပူတင်းထည့်ပြီးပြုလုပ်နိုင်ပါတယ်။
........
Sofia
http://sofiafoodparadise.blogspot.com

နွားခြေထောက်စတူး

Cow Foot Stew
နွားခြေထောက်စတူးချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။နွားခြေထောက်အစားမိမိနှစ်သက်ရာအ ရိုးအသားခြေထောက်ကိုအစားထိုးချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
နွားခြေထောက် - တစ်ချောင်း (တကီလိုခွဲ)
ကြက်သွန်နီ - ဆယ်လုံး
ခရမ်းချဉ်သီး - ငါးလုံး
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း စားပွဲဇွန်း
ငရုတ်သီးခြောက် - လက်တစ်ဆုပ်
နနွင်း - အနည်းငယ်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
မန်ကျည်းမှည့်အနှစ် - ၃ဇွန်း
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.နွားခြေထောက်ကိုဈေးမှသန့်စင်ပြီးသားဝယ်ယူပြီးလိုသလိုလှီးဖြတ်ထားပါ။
2.ကြက်သွန်နီဂျင်းကြက်သွန်ဖြူနှင့်ငရုတ်သီးခြောက်ရေစိမ်ပြီးရောကြိတ်ထားပါ။
3.ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြိတ်ထားသည်တို့ကိုဆီသပ်ပါ။နနွင်းထည့်ပါ။
4.ဆီပြန်ပြီးလုံးလာပါကခရမ်းချဉ်သီးထည့်ပါ။ရေဆေးသန့်စင်ထားသောခြေထောက်ရိုးထည့်ပါ။
5.ဆားဟင်းခပ်မှုန့်နှင့်မန်ကျည်းမှည့်ထည့်ပြီးသမအောင်မွေပေးကာရေခမ်းသည်ထိချက်ပါ။
6.လုံးရည်ခမ်းပါကရေကိုအနည်းငယ်ဆီလိုသလောက်ထည့်ပေးပြီးခြေထောက်ရိုးနူးအိသည်ထိချက်ပေးပါ။
7.ဆီပြန်ပြီးနူးအိပါကလိုသလိုအပျစ်အကြဲပြုပြင်ကာအရသာအပေါ့အငံမြည်းပြီးနံနံပင်အုပ်ပါ။
အချဉ်သုပ်နှင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

နို့မလိုင်သစ်ခွကျောက်ကျော


19 June 2017

အာလူးကြော်

French Fries
ကြက်ကြော်ဆိုင်ကအာလူးကြော်နည်းကိုမေးထားကြတာကြာပြီဖြစ်ပေမဲ့မလုပ်ဖြစ်တော့မတင်ပေးနိုင်ခဲ့ဘူး။French Friesရဲ့ထုံးစံအတိုင်းအာလူးကိုနှ စ်ခါပြန်ကြော်ရပြီးလုပ်နည်းအဆင့်အချို့ကြောင့်လိုချင်တဲ့အာလူးကြော်အကြွပ်အနေအထားကွဲပြားမှုများရှိပါတယ်။ဒီတခါတော့သားတော်မောင်ဂျီကျလို့မဖြစ်မနေလုပ်ပေးဖြစ်ရင်းတင်ပေးလိုက်ပါတယ်။စင်္ကာပူမှာဘာဂါနဲ့ကြက်ကြော်စားရင်အမြဲအပိုသပ်သပ်မှာပေးရတဲ့အာလူးချောင်းကြော်ကိုမေမေကိုယ်တိုင်ကြော်ပေးမယ်ဆိုပြီးဒီနေ့ကြော်ပေးဖြစ်တာလေးပါ။ဒီနေ့သားတော်မောင်ကတော့မေမေကြော်တာပိုကောင်းတယ်ဆိုဘဲ :-P
အလုပ်တွေပတ်ချာလည်ပြီးကြော်ပြီးချက်ချင်းဓာတ်ပုံမရိုက်နိုင်အတော်ကြာမှရိုက်တဲ့အချိန်ကမိုးကအုံ့နေပြန်တော့မလှမပပုံနဲ့ဘဲလုပ်နည်းမျှဝေပေးလိုက်ပါတယ်။အာလူးကြော်ကြွပ်ရွရွနှစ်သက်သူများအတွက်ချက်ချင်းပြန်မပျော့သွားတဲ့အာလူးချောင်းကြော်နည်းလေးကိုကျေနပ်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
********
အာလူး - တစ်ပိသာ
ရေခဲရေ - တစ်ဇလုံ
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ဆီ ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အာလူးကိုရေဆေးအခွံသင်သန့်စင်ပြီးရေစိမ်ထားပါပြီးလျှင်ပုံတွင်ပြထားသည့်အရွယ်အစားအတိုင်းညီညာစွာလှီးဖြတ်ပြီးရေစိမ်ထားပါ။ရေနွေးအိုးတအိုးအသင့်တည်ထားပါ။
2.အားလုံးလှီးဖြတ်ပြီးပါကရေ၃ခါဆေးကာရေစစ်ထားပါ။
3.တည်ထားသောရေဆူပွက်ပါကရေစစ်ထားသောအာလူးကိုထည့်ပြီး၂မိနစ်ခန့်ပြုတ်ပါ။
4.ရေခဲရေတဇလုံအသင့်ပြင်ထားပါ။၂မိနစ်ပြည့် ပါကဆယ်ယူပြီးရေခဲရေတွင်လုံးဝအေးအောင်စိမ်ထားပါ။အေးလျှင်ဆယ်ယူရေစစ်ထားပါ။
5.ဆီပူအိုးအသင့်တည်ထားပြီးဆီပူပါကရေစစ်ထားသောအာလူးကိုထည့်ကြော်ပါ။များနေလျှင်ခွဲေ ကြာ်ပါ။
6.အာလူးချောင်းလေးများဖြူပြီးဆီပေါ်ပေါလာသည်ထိ၎မိနစ်မှ၅မိနစ်ခန့်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။(ကြွပ်အောင်နီအောင်မကြော်ရ)
7.အားလုံးကြော်ပြီးဆီစစ်ပါကဆီစုပ်စက္ကူဖြင့်ခြောက်အောင်ပြုလုပ်ပြီးဘမ်းတခုတွင်သေချာထည့်ပြီးရေခဲသေတ္တာအခဲခန်းတွင်၃နာရီမှတညထည့်ထားပါ။
8.သုံးဆောင်လိုသောအချိန်တွင်ဆီပူအိုးတည်ပြီးရေခဲသေတ္တာမှထုတ်ယူကာဆီပူတွင်ကြွပ်ရွပြီးရွှေဝါရောင်သမ်းသည်ထိကြော်ကာဆယ်ယူဆီစစ်ပြီးငရုတ်ကောင်းဆားဖြူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀သုံးဆောင်လိုသောအချိန်အသင့်ဖြစ်အောင်ရေခဲသေတ္တာတွင်တခါကြော်စာအထုပ်လေးများထုပ်ကာအခဲခန်းတွင်သိမ်းဆည်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ရွှေခေါင်းအုံး

Golden Pillow
面包鸡
ရွှေခေါင်းအုံးခေါ်面包鸡ဆိုတာကြက်သားဟင်း ကိုပေါင်မုန့်ထဲထည့်ပြီးဖုတ်ထားခြင်းသာဖြစ်ပါတယ်။ကြက်သားအာလူးဟင်းအစားမိမိနှစ်သက်ရာအသားဟင်းငါးဟင်းပင်လယ်စာများကိုအစားထိုးထည့်ပြီးပြုလုပ်နိုင်ပါတယ်။ပေါင်မုန့်ကြီးကြီးတလုံးကို ကာရီဟင်းနဲ့အတူတွဲဖက်လို့မိသားစုပျော်ပျော်ပါးပါးတစုတည်းသုံးဆောင်နိုင်ပါတယ်။စင်္ကာပူမလေးရှားမှာတော့နာမည်ကြီးလူကြိုက်များတဲ့ဟင်းပွဲတမျိုးဖြစ်ပါတယ်။ဒီဟင်းပွဲပြုလုပ်ရန်အတွက်ကာရီဟင်းနှင့်ပေါင်မုန့်ကိုသီးသန့်ပြင်ဆင်ရမှာဖြစ်ပါတယ်။
ပေါင်မုန့်ပြုလုပ်ရန်
*************
ဂျုံ - ၄၂၀ ဂရမ်
ရေနွေး -၂၅၀ ml
ကြက်ဥ - တစ်လုံး
ဆီ - ၈၀ ml
Yeast - 10 gm
သကြား - ၂ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ကြက်ဥ - တလုံး (အပေါ်လူးရန်)
ထောပတ် - မျက်နှာပြင်လူးရန်
ပေါင်မုန့်ပြုလုပ်ပုံ
************
1.ခွက်တခုတွင်ရေကြက်သီးနွေးထည့်ပြီးဆားသကြားနှင့်yeastတို့ကိုထည့်ကာသမအောင်မွေထားပါ။သမသွားပါကဆီနှင့်ကြက်ဥကိုဖောက်ထည့်ပြီး
မွေထားပါ။
2.အသင့်ဖြစ်ပါကဇလုံကြီးကြီးတခုတွင်ဂျုံထည့်ပြီးဖျော်စပ်ထားသောအရောကိုထည့်မွေကာသမအောင်နယ်ပေးပါ။
3.အားလုံးသမသွားပါကလက်ကိုဂျုံမှုန့်အနည်းငယ်လူးပြီးနယ်ထားသောဂျုံဇလုံအတွင်းဘက်များကိုသန့်ရှင်းအောင်ပြုလုပ်ပြီးအလုံးအနေအထားပြုလုပ်ကာအဝတ်စိုတခုဖြင့်ဂျုံကိုဖုံးအုပ်ထားပါ။
4.နယ်ထားသောဂျုံကိုနှစ်ဆခန့်အထိပွလာအောင်အပွခံထားပါ။အပွခံထားစဉ်အချိန်တွင်အစာထည့် ရန်အတွက်နှစ်သက်ရာကာရီဟင်းကိုပြင်ဆင်ချက်ပြုတ်ထားပါ။
5.ချက်ထားသောကာရီဟင်းကိုဆီစိမ်စက္ကူဖြင့်သေချာစွာထုပ်ထားပါ။
6.နယ်ထားသောဂျုံနှစ်ဆခန့်ပွလာပါကစားပွဲတွင်ဂျူံဖြူးပြီးဇလုံထဲမှဂျုံကိုတင်ကာပြန်နယ်ပေးပါ။
7.ပြီးလျှင်လိုချင်သောအနေအထားအရွယ်ကိုဖြန့်ပေးပြီးအသင့်ပြင်ဆင်ထားသောကြက်သားဟင်းအထုပ်ကိုတင်ကာသေချာစွာထုပ်ပေးပါ။
8.လုံအောင်ထုပ်ပေးပြီးပါကဆီလူးထားသောမုန့်ဖုတ်ခွက်တွင်ထည့်ပါ။
9.မျက်နှာပြင်ပေါ်တွင်အလှဆင်လိုပါကနှစ်သပ်သလိုပြင်ဆင်ကာပြန်လည်၍အပွခံထားပါ။
10.Ovenကို၁၇၀ဒီဂရီအပူပေးထားပါ။အပွခံထားသောပေါင်မုန့်အပေါ်သို့နှစ်ဆခန့်ပွတက်လာပါကအပေါ်မျက်နှာပြင်ကိုကြက်ဥသုတ်ပေးကာovenတွင်ထည့်ပြီးမိနစ်၃၀မှ၄၅မိနစ်ထိဖုတ်ပေးပါ။
11.ovenအမျိုးအစားအပူချိန်ပေါ်မူတည်ပြီးအချိန်အတိုးအလျော့ပြုလုပ်ပါ။ပေါင်မုန့်မျက်နှာပြင်နီရောင်သမ်းပြီးအောက်ခြေဖက်ကျက်ပါကovenမှထုတ်ယူကာထောပတ်အနည်းငယ်လူးပေးပြီးပေါင်မုန့်ကိုခွဲကာအတွင်းမှဟင်းနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
........
Sofia
http://sofiafoodparadise.blogspot.com

နွားနို့ခဲကုန်းဘောင်

ထမင်းမြိန်စေမဲ့သတ်သတ်လွတ်နို့ခဲကုန်းဘောင်ကြီးကြော်လေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
နို့ခဲ - ၃၀၀ဂရမ်
ကြက်သွန်နီ - အနေတော် ၂လုံး
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်လုံး
ရွှေပဲ - ၅တောင့်
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
1.ဦးစွာနို့ခဲကိုအနေတော်အတုံးလှီးထား ပါ။
2.ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိတ်ထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
4.ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထား ပါ။နို့ခဲကိုဆီပူတွင်တင်းရုံခဏကြော်ပေးကာဆယ်ယူဆီစစ်ထပါ။5.အိုးထဲမှဆီအချို့ကိုဖယ်ထုတ်ပြီးကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ ။နို့ခဲ၊ရွှေပဲ၊ခရမ်းချဉ်သီးတို့ကိုထည့်ကြော် ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။
6.ကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။
(မီးပြင်းဖြင့်ကြော်ပြီးကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)
...........
Sofia
http://sofiafoodparadise.blogspot.com

မလိုင်လုံး

Gulab Jamun
အိန္ဒိယအချိုပွဲဖြစ်တဲ့မလိုင်လုံးဆိုရင်လူကြီးလူငယ်ခလေးအကုန်သူနှစ်သက်ကြမယ်ထင်ပါတယ်။အချို့ဒေသများမှာအလွယ်တကူဝယ်ယူနိုင်ပေမဲ့အချို့ဒေသများမှာတော့မလွယ်ကူလှပါ။ဒါကြောင့်မိမိနေအိမ်မှာသုံးဆောင်နိုင်ရန်နဲ့အလှူမင်္ဂလာဧည့်ခံပွဲများမှာအချိုပွဲအဖြစ်တည်းခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။Gulab Jamum မလိုင်လုံးလုပ်နည်းပေါင်းများစွာထဲကနေအလွယ်ကူဆုံးလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(အလုံး ၃၅လုံး)
********
နွားနို့ခဲ - ၄၀၀ ဂရမ်
ဂျုံ - ၆၀ ဂရမ်
နို့မှုန့် - ၃၀ ဂရမ်
ဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်း
ကြော်ရန်ဆီ
သကြားရည်
*********
သကြား - ၆၀၀ ဂရမ်
ရေ - ၆၀၀ ml
ဖာလာစေ့ - ၃စေ့
သံပုရာသီး - တစ်စိတ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.လွယ်ကူတဲ့နည်းအဖြစ်နွားနို့ခဲကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ဇလုံတခုတွင်နွားနို့ခဲကိုလက်ဖြင့်ြေ ကအောင်ခြေထားပါ။
2.ဂျုံမှုန့်နို့မှုန့်နှင့်ဆော်ဒါထည့်ပြီးသမအောင်နယ်ပါ။
3.အားလုံးသမအောင်နယ်ပြီးပါကအသားကြိတ်စက်ဖြင့်မွနေအောင်ကြိတ်ပေးပါ။(ကြိတ်စက်အဆင်မပြေပါကလက်ဖြင့်ကြေညက်နေအောင်ခြေပေးဖို့လိုပါတယ်)
4.ကြိတ်ပြီးပါကအနေတော်အလုံးလေးများကိုချောမွေ့နေအောင်ဖွဖွလုံးပေးပါ။
5.လုံးနေစဉ်တဖက်မှသကြားရည်ကျိုထားပေးပါ။သကြားရည်ကျိုမည့်အိုးတွင်သကြားဖာလာစေ့ရေနှင့်သံပုရာသီးညစ်ပြီးဆူပွက်အောင်ကျိုပါ။
6.သကြားပျော်သွားပါကမီးလျော့ပြီးဆယ်မိနစ်ခန့်တည်ထားပါ။သကြားရည်ကိုလက်ဖြင့်ကိုင်ပြီးစမ်းကြည့်ပါကစေးပျစ်သည့်အနေအထားရပါကမီးပိတ်ထားပါ။
7.ပြီးလျှင်ဆီအိုးတည်ပြီးလုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးနီညိုရောင်သမ်းသည်ထိကြော်ပေးပါ။အရောင်ညီစေရန်အဆက်မပျက်မွေပေးပါ။
8.နီညိုရောင်သမ်းပါကဆယ်ယူဆီစစ်ကာအသင့်ကျိုပြီးသားသကြားရည်ပူပူထဲသို့စိမ်ပေးပါ။
9.လက်ကျန်မလိုင်လုံးများကိုလည်းအထက်ပါအတိုင်းကြော်ပြီးသကြားရည်တွင်စိမ်ပါ။
10.အားလုံးကြော်ပြီးစိမ်ပြီးပါကသကြားရည်အိုးကိုပြန်လည်အပူပေးပါ။(ဆူပွက်ရန်မလို)ပူလာပါကမီးပိတ်အဖုံးအုပ်ကာမလိုင်လုံးများသကြားရည်စုပ်သွားအောင်နှစ်နာရီခန့်စိမ်ထားပြီးနှစ်ဆခန့်ပွလာပါကအအေးခံကာနူးအိချိုစိမ့်နေသောမလိုင်လုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀Mawaခဲအစားနွားနို့ခဲကိုအသုံးပြုပြီးပြုလုပ်ထားပါသဖြင့်နွားနို့ခဲမရှိပါကMawaခဲဖြင့်ပြုလုပ်ပါ။
❀Mawaခဲကိုအိမ်တွင်ပြုလုပ်လိုပါကနွားနို့ကိုအိုးတွင်ထည့်ပြီးမီးအေးအေးဖြင့်ခမ်းခြောက်သည်ထိအဆက်မပျက်မွေပြီးအအေးခံပြီးပြုလုပ်နိုင်ပါတယ်။ကြာချိန်တနာရီခွဲခန့်ဖြစ်ပါတယ်။
❀နို့ခဲပြုလုပ်နည်းမှာသီးသန့်ပို့စ်တင်ထားပြီးဖြစ်ပါတယ်။
❀နို့ခဲမှရေပါဝင်မှုပေါ်မူတည်ပြီးအရမ်းခြောက်ပြီးလုံးမရမှသာလျှင်နို့အနည်းငယ်ထည့်နယ်ပေးပါ။ပုံမှန်အနေအထားမှာဘာမှထပ်ထည့်ရန်မလိုပါ။
❀ကြိတ်ပြီးသားမလိုင်ကိုလုံးရာတွင်အက်ရာမပေါ်အောင်ချောမွေ့နေအောင်လုံးဖို့လိုအပ်ပါတယ်။အပ်ရာထင်ပါကကြော်နေစဉ်ကွဲသွားတတ်ပါတယ်။
❀လုံးသောအခါဖွဖွလုံးပါဖိလုံးပါကကျစ်ခဲပြီးအချိုရည်ဝင်ရန်ကြာမြင့်တတ်ပါတယ်။
❀ကြိတ်စက်မသုံးဘဲပြုလုပ်ပါကကြေအောင်ခြေပေးပါ။အရမ်းမနယ်ရ။မာကျစ်နေတတ်ပါတယ်။
❀ကြော်နေစဉ်တဖက်မှသကြားရည်အသင့်ဖြစ်ပါစေ။ပူနွေးနေပါစေ။အေးနေသောသကြားရည်တွ င်ထည့်မိပါကမလိုင်လုံးမှသကြားရည်မစုပ်နိုင်ပါ။
❀ကြော်ပြီးသားမလိုင်လုံးကိုလည်းဆယ်ယူဆီစစ်ပြီးချက်ချင်းသကြားရည်စိမ်ပါ။
........
Sofia
http://sofiafoodparadise.blogspot.com

ငါးရံ့ဟင်း


ပဲပုတ်ဂျူးမြစ်ကြော်


အသားမျှစ်ချဉ်ကြော်

Stir Fried Pickled Bamboo shoot with Beef
ပန်းသေးရိုးရာအသားမျှစ်ချဉ်ကြော်ဟင်းလေးဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
အမဲသား - ၃၀၀ ဂရမ်(ဆိတ်သား၊ကြက်သား)
ကြက်သွန်နီ - အနေတော် ၂လုံး
မျှစ်ချဉ်(အမျှင်) -၂၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဂျူးမိတ် - တစ်စည်း
ငရုပ်သီးခြောက်- ၅တောင့်
တရုတ်မဆလာ - တစ်ဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဦးစွာပထမအသားကိုသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊တရုတ်မဆ လာထည့်ပြီးနယ်ထားပါ။
(နယ်ပြီးရေခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောအသားဖြ
ဖင့်ပင်ချဉ်စပ်၊ပဲငပိ၊ကုန်းဘောင်၊မုန်ညင်းချဉ်စ
သဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။
2.ကြက်သွန်နီမထူမပါးလှီးထားပါ။ဂျူးမိတ်လက်တစ်ဆစ်လှီးထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ငရုတ်သီးခြောက်ကြော်ပါ။ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပြီးမျှစ်ချဉ်ထည့်ကြော်ပါ။
5.မျှစ်အချဉ်အနည်းငယ်ခြောက်လာပါကအသားထည့်ကြော်ပါ။
6.ရေခမ်းအသားကျက်ပါကအရသာအပေါ့အငံမြည်းကာဂျူးမိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

15 June 2017

ဂျပန်ဂျင်းနု

Japanese Ginger
ဂျပန်ဂျင်းနုခေါ်ဂျင်းချဉ်ကိုတော့များသောအားဖြင့်ဆူရှီဖြင့်တွဲဖက်စားလေ့ရှိကြပါတယ်။ပုံမှန်ထမင်းဝိုင်းမှာလည်းအချဉ်တခွက်အနေနဲ့ထမင်းမြိန်စေဖို့တွဲဖက်တည်ခင်းနိုင်ပါတယ်။ချိုချဉ်အရသာလေးမို့ဒီတိုင်းေ လးစားရတာလည်းနှစ်သက်မိပါတယ်။ပြုလုပ်ရလွယ်ကူပြီးကြာရှည်သိမ်းဆည်းထားနိုင်ပါတယ်။စားကောင်းလို့တာရှည်သိမ်းတဲ့အဆင့်ထိမရောက်ဘဲကုန်သွားတာကများပါတယ်..ညီမယွန်းဖူးပို့ပေးလာတဲ့ဂျင်းနုလေးနဲ့လုပ်စားဖြစ်တဲ့ဂျပန်ဂျင်းနုလေးဖြစ်ပါတယ်။
လုပ်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်း
********
ဂျင်းနု - ၃၀၀ ဂရမ်
ဆန်ရှာလကာရည် - တခွက် (၂၅၀ml)
ရေ - ခွက်တဝက် (၁၂၅ ml)
သကြား - ၅၀ ဂရမ်
ဆားကြမ်း - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျင်းနုကိုရေဆေးသန့်စင်ပြီးအပေါ်အခွေံပါးလေးများကိုဇွန်းဖြင့်ခြစ်ပြီးရေဆေးထားပါ။
2.ရေဆေးရေစစ်ထားသောဂျင်းနုကိုပါးပါးလှီးဖြတ်ထားပြီးဆားဖြင့်နယ်ထားပါ။
3.ဆားနယ်ထားစဉ်အိုးသေးသေးတခုဖြင့်ရေသကြားနှင့်ရှာလကာရည်ထည့်ပြီးဆူပွက်အောင်တည်ပေးပါ။
4.ဆားနယ်ထားသောဂျင်းနုပျော့သွားပါကရေညစ်ပြီးပန်းကန်တခုတွင်ထည့်ပါ။
5.ကျိုထားသောအချဉ်ရည်ကိုလောင်းထည့်ပြီးသမအောင်မွေပေးပါ။
6.ဂျင်းနုမှာပန်းရောင်ဖျော့ဖျော့အရောင်ပြောင်းသွားပြီးသမသွားပါကအအေးခံကာလေလုံသောပုလင်းတွင်ထည့်ပြီးရေခဲသေတ္တာတွင်ထည့်ပြီး၃ရက်ခန့်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဆန်ရှာလကာရည်မရှိပါကပန်းသီးရှာလကာရိုးရိုးရှာလကာရည်ကိုအသုံးပြုနိုင်ပါတယ်။အနံ့အနည်းငယ်ကွားခြားမှာဖြ စ်ပါတယ်။
❀သံပုရာရည်ကိုအသုံးပြုနိုင်သော်လည်းတာရှည်မခံ၍ရက်အနည်းငယ်ထားသုံးဆောင်နိုင်ပါတယ်။
❀တာရှည်ထားသုံးဆောင်နိုင်ရန်အသုံးပြုသည့်ဇွန်းကိုသန့်ရှင်းခြောက်သွေ့ရန်အရေးကြီးပါတယ်။
❀ဂျင်းအထက်ကိုအချဉ်ရည်ဖုံးနေရန်လိုအပ်ပါတယ်
..........
Sofia
sofiafoodparadise.blogspot.com

ငါးခေါက်ဆွဲဆီချက်

Fish Noodle Salad
ငါးခေါက်ဆွဲလေးကငါးအသားနဲ့ခေါက်ဆွဲဖတ်ဖြစ်အောင်လုပ်ထားတာလေးပါ။လုပ်ရလွယ်ကူပြီးအိမ်သားတွေအတွက်မနက်စာလေးကိုဆန်းဆန်းပြားပြားလေးလုပ်ကျွေးရအောင်နော်။ငါးခေါက်ဆွဲမုန့်နှစ်လေးကိုကြိုတင်လုပ်ပြီးရေ ခဲသေတ္တာမှာထည့်ထားပြီးမနက်ကိုရေဆူတည်ပြီးညစ်ချပေးရုံနဲ့မနက်စာအတွက်၁၅မိနစ်အတွင်းလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ခေါက်ဆွဲပွဲလေးရမှာဖြစ်ပါတယ်။လုပ်ကြည့်ရအောင်နော်။
ခေါက်ဆွဲပြုလုပ်နည်း
***************
ငါးအသား - ၃၀၀ ဂရမ် (၂၀ကျပ်သား) ၃ပွဲစာ
ဂျုံမှုန့် - ၄၀ဂရမ် (၃ဇွန်းခန့်)
ကော်မှုန့် - ၄၀ဂရမ်
ရေ - ၁၀၀ ml အခါးပန်းကန်းတလုံးခန့်
ဆား - ၁/၄ လ္ဘက်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
နှမ်းဆီမွေး - တစ်ဇွန်း
ကြက်ဥအကာ - တဝက်
ငါးမုန့်ဖတ်ခေါက်ဆွဲပြုလုပ်ပုံ
********************
1.ငါးအသားကိုကြိတ်ပါ။မြန်မာပြည်မှာတော့ငါးဖယ်ခြစ်ရပါတယ်။(အရိုးနည်းတာရှာဝယ်ပါ)တချို့ငါးအသားများတွင်ဆားထည့်ထားတတ်သဖြင့်အရင်မြည်းကြည့်သင့်ပါတယ်။ဆားပါပြီးသားဖြစ်ပါကဆားထပ်ထည့်ရ န်မလိုပါ။
2.ဦးစွာဇလုံတခုတွင်ဂျုံမှုန့်နှင့်ကော်မှုန့်ကိုရေထည့်ပြီးဖျော်ပါ။
3.ပြီးလျှင်ငါးအသားထည့်ပါအရသာဖြည့်စွက်ပြီးနာနာနယ်ပေးပါ။
4.စေးပိုင်လာပါကကြက်ဥအကာထည့်ပြီးဆက်နှယ်ပေးပါ။
5.မုန့်သားညက်လာပါကပလပ်စတစ်အိတ်တခုတွင်ထည့်ပါ။အပေါ်မှသေချာချည်ထားပါ။ 6.ပြီးလျှင်ခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ပါ။
7.ရေဆူပါကငါးမုန့်နှစ်ထည့်ထားသောအိတ်၏ထောင့်ချွန်းကိုကပ်ကြေးဖြင့်သေးသေးညပ်ပြီးရေနွေးဆူဆူထည်းသို့ညစ်ချပေးပါ။များလျှင်နှစ်ခါခွဲပြုတ်ပါ။
8.ရေပေါ်ပေါ်လာသောငါးခေါက်ဆွဲဖတ်လေးများကိုဆယ်ယူပြီးတည်ခင်းမည့်ပန်းကန်တွင်ထည့်ပါ။
9.အသင့်တည်ထားသောဟင်းရည်အိုးသို့မိမိနှစ်သက်ရာအသားပုဇွန်တို့ကိုထည့်သီးရွက်တို့ကိုဆူနေသောဟင်းရည်အိုးတွင်ထည့်ပြီးတည်ခင်းမည့်ငါးခေါက်ဆွဲပန်းကန်သို့ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
10.ဆီချက်ခေါက်ဆွဲပြုလုပ်ရန်အတွက်ငါးခေါက်ဆွဲဖတ်ကိုပန်းကန်တွင်ထည်ကြက်သွန်ဖြူဆီချက်၊နှမ်းဆီချက်နှင့်ပဲငံပြာရည်ကြက်သွန်မိတ်နံနံမိတ်တို့ကိုထည့်ပြီးသုပ်ပေးကာနှစ်သက်ရာအချဉ်နှင့်ဟင်းချိုတွဲဖက်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
................
Sofia
http://sofiafoodparadise.blogspot.com

ငါးခေါက်ဆွဲ

Home Made Fish Noodle
ငါးခေါက်ဆွဲလေးကငါးအသားနဲ့ခေါက်ဆွဲဖတ်ဖြစ်အောင်လုပ်ထားတာလေးပါ။လုပ်ရလွယ်ကူပြီးအိမ်သားတွေအတွက်မနက်စာလေးကိုဆန်းဆန်းပြားပြားလေးလုပ်ကျွေးရအောင်နော်။ငါးခေါက်ဆွဲမုန့်နှစ်လေးကိုကြိုတင်လုပ်ပြီးရေခဲသေတ္တာမှာထည့်ထားပြီးမနက်ကိုရေဆူတည်ပြီးညစ်ချပေးရုံနဲ့မနက်စာအတွက်၁၅မိနစ်အတွင်းလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ခေါက်ဆွဲပွဲလေးရမှာဖြစ်ပါတယ်။လုပ်ကြည့်ရအောင်နော်။
ငါးခေါက်ဆွဲဖတ်အတွက်ပါဝင်ပစ္စည်း
ငါးအသား - ၃၀၀ ဂရမ် (၂၀ကျပ်သား) ၃ပွဲစာ
ဂျုံမှုန့် - ၄၀ဂရမ် (၃ဇွန်းခန့်)
ကော်မှုန့် - ၄၀ဂရမ်
ရေ - ၁၀၀ ml အခါးပန်းကန်းတလုံးခန့်
ဆား - ၁/၄ လ္ဘက်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
နှမ်းဆီမွေး - တစ်ဇွန်း
ကြက်ဥအကာ - တဝက်
ဟင်းချိုပြုလုပ်ရန်
************
ငါးခေါက်ဆွဲပြုလုပ်ရန်အသင့်ဖြစ်ပါကဟင်းချိုအိုးအရင်ပြင်ဆင်ထားပါ။
ကြက်ပြုတ်ရည် - ၃ပွဲစာ
ပဲငံပြာရည်အကြည် - ၃ဇွန်း စားပွဲဇွန
ခရုဆီ - ၃ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
ပုဇွန်/နှစ်သက်ရာအသား - တစ်ပန်းကန်
မုန်လာဥနီ ၊မှို၊ရွှေပဲသီး နှင့် မုန်ညင်းသို့မဟုတ်ပဲရွက်
ကြက်ပြုတ်ရည်တည်ပြီးအရသာဖြည့်စွက်ထားပါ။ထည့်လိုသည့်အသားငါးသီးနှံများအဆင်သင့်လှီးဖြတ်ထားပါ။
ငါးမုန့်ဖတ်ခေါက်ဆွဲပြုလုပ်ပုံ
********************
1.ငါးအသားကိုကြိတ်ပါ။မြန်မာပြည်မှာတော့ငါးဖယ်ခြစ်ရပါတယ်။(အရိုးနည်းတာရှာဝယ်ပါ)တချို့ငါးအသားများတွင်ဆားထည့်ထားတတ်သဖြင့်အရင်မြည်းကြည့်သင့်ပါတယ်။ဆားပါပြီးသားဖြစ်ပါကဆားထပ်ထည့်ရ န်မလိုပါ။
2.ဦးစွာဇလုံတခုတွင်ဂျုံမှုန့်နှင့်ကော်မှုန့်ကိုရေထည့်ပြီးဖျော်ပါ။
3.ပြီးလျှင်ငါးအသားထည့်ပါအရသာဖြည့်စွက်ပြီးနာနာနယ်ပေးပါ။
4.စေးပိုင်လာပါကကြက်ဥအကာထည့်ပြီးဆက်နှယ်ပေးပါ။
5.မုန့်သားညက်လာပါကပလပ်စတစ်အိတ်တခုတွင်ထည့်ပါ။အပေါ်မှသေချာချည်ထားပါ။ 6.ပြီးလျှင်ခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ပါ။
7.ရေဆူပါကငါးမုန့်နှစ်ထည့်ထားသောအိတ်၏ထောင့်ချွန်းကိုကပ်ကြေးဖြင့်သေးသေးညပ်ပြီးရေနွေးဆူဆူထည်းသို့ညစ်ချပေးပါ။များလျှင်နှစ်ခါခွဲပြုတ်ပါ။
8.ရေပေါ်ပေါ်လာသောငါးခေါက်ဆွဲဖတ်လေးများကိုဆယ်ယူပြီးတည်ခင်းမည့်ပန်းကန်တွင်ထည့်ပါ။
9.အသင့်တည်ထားသောဟင်းရည်အိုးသို့မိမိနှစ်သက်ရာအသားပုဇွန်တို့ကိုထည့်သီးရွက်တို့ကိုဆူနေသောဟင်းရည်အိုးတွင်ထည့်ပြီးတည်ခင်းမည့်ငါးခေါက်ဆွဲပန်းကန်သို့ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
................
Sofia
http://sofiafoodparadise.blogspot.com

ငါးဖယ်ကြော်သုပ်


ငါးဖယ်လုံး

 ငါးဖယ်လုံးလေးများကိုပြုလုပ်ထားပြီးကြေးအိုးကြေးအိုးဆီချက်ငါးဖယ်သုပ်စသည်တို့ကိုအလွယ်တကူအဆင်သင့်ချက်စားလုပ်စားနိုင်ပါတယ်။ပြုလုပ်ပြီးငါးဖယ်လုံးလေးများကိုရေခဲသေတ္တာတွင်လေလုံသောဘူးဖြင့်ထည့်ကာရက်ကြာရှည်သိမ်းဆည်းထားနိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငါးဖယ်ခြစ် - ၄၀၀ ဂရမ် (၂၅ကျပ်သား)
ဂျုံမှုန့် - ၃ ဇွန်း စားပွဲဇွန်း
ကော်မှုန့် - ၃ဇွန်း
ငရုတ်ကောင်း - တစ်ဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်-ဇွန်းတဝက်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ငါးဖယ်ခြစ်ထဲသတ်ု့ပါဝင်ပစ္စည်းများထည့်ပြီးကြိတ်စက်ဖြင့်ကြေညက်နေအာင်ကြိတ်ပေးပါ။
2.ရေနွေးအိုးတည်ထားပြီးဆူပွက်ပါကမုန့်ညစ်အိတ်တွင်ထည့်ပြီးမိမိပြုလုပ်လိုသောအရွယ်အပေါက်ပေါက်ပြီးရေဆူအိုးထဲတလုံးဆီသို့ညစ်ချပါ။
3.ငါးဖယ်လုံးလေးများကျက်ပြီးအပေါ်ပေါလောပေါ်လာပါကဆယ်ယူအအေးခံကာလေလုံသောဘူးဖြင့်ထည့်ကာအခဲခန်းတွင်သိမ်းဆည်းကာလိုသလိုကြော်စားသုပ်စားချက်စားနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

ဆိတ်သားပတ်ဖ်

Puff Pastry Dough ကိုတော့စူပါမားကတ်တွေ မှာအလွယ်တကူဝယ်ယူရရှိနိုင်သော်လည်းအချို့ဒေသများမှာတော့ဝယ်လို့မရနိုင်ပါ။ဆိုဖီယာရဲ့ကျွမ်းကျင်တဲ့အပိုင်းမဟုတ်သော်လည်းဘဲလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကသာစမ်းလုပ်ခဲ့ဖူးတာမို့ဒီတခါတော့ဒူတိယအကြိမ်လုပ်ဖြစ်တဲ့Puff Pastry Dough လေးဖြစ်ပါတယ်။ဒီPuff Dough
ကိုတခါမှမလုပ်ဖူးဘဲပထမအကြိမ်စမ်းသပ်ပြုလုပ်လိုပါကအချိုးတဝက်ခန့်သာပြုလုပ်သင့်ကြောင်းအကြံပေးပါရစေ။ခက်ခဲလှသည်မဟုတ်သော်လိမ့်တုံးကိုင်တွယ်မှုကျွမ်းကျင်မှာပေါ်မူတည်ပြီးအဆင်မပြေမှုအနည်းငယ်ကြုံနိုင်ပါတယ်။
ဆိုဖီယာလုပ်ထားတဲ့အချိုးလေးနဲ့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၆ခု)
*********
ဂျုံ - ၂၅၀ ဂရမ် (All purpose Flour )
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ရေခဲရေ - ၁၅၀ ml
ထောပတ်(unsalted Butter) - ၂၂၀ ဂရမ်
ဂျုံ - ၂ဇွန်း (စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာဇလုံတခုတွင်ဂျုံဆားထည့်ပြီးရေခဲရေဖြင့်သမအောင်မွေပြီး၅မိနစ်ခန့်နယ်ကာပလပ်စတစ်ဖြင့်ထုပ်ပြီးရေခဲသေတ္တာတွင်ဆယ်မိနစ်ခန့်နှပ်ထားပါ။
2.ထောပတ်ကိုတလက်မအရွယ်အတုံးလေးများတုံးကာဂျုံနှစ်ဇွန်းဖြင့်သမအောင်မွေပေးပါ။
3.ဆီစိမ်စက္ကူတချပ်ခင်းကာနယ်ထားသောထောပတ်ကိုထည့်ပြီးလေးထောင့်ကျကျခေါက်ကလိမ့်တုံးဖြင့်လိမ့်ပြီးညီအောင်ဖြန့်ပေးကာရေခဲသေတ္တာတွင်ဆယ်မိနစ်ခန့်အနည်းငယ်မာအောင်ထည့်ထားပါ။
4.နှပ်ထားသောဂျုံရပါကရေခဲသေတ္တာမှထုတ်ကာစားပွဲတွင်ဂျုံအနည်းငယ်ဖြူးပြီးဖြန့်ပေးပါ။
5.ပြီးလျှင်ရေခဲသေတ္တာထဲမှထောပတ်ခဲထားသည်ကိုထုတ်ယူပြီးဖြန့်ထားသောဂျုံအလယ်တွင်ထည့်ကာလေးဘက်စလုံးမှဂျုံကိုခေါက်ပြီးလုံအောင်ပိတ်ပါ။
6.ပြီးလျှင်ထောပတ်ထည့်ပိတ်ထားသောဂျုံကိုစားပွဲတွင်မှောက်ထားပြီးအပေါ်အောက်ဂျုံအနည်းငယ်ဖြူးပေးကာလိမ့်တုံးဖြင့်သာသာလိမ့်ပေးပါ။
7.လေးထောင့်ကျကျခပ်ရှည်ရှည်လိမ့်ပြီးသုံးပုံတပုံကိုခေါက်ပြီးကျန်တပုံကိုပြန်အုပ်ကာသုံးခေါက်ချိုးပုံစံခေါက်ပေးပါ၊
8.ပြီးလျှင်ပလပ်စတစ်အုပ်ပြီးရေခဲသေတ္တာတွင်၁၅မိနစ်ခန့်ပြန်ထည့်ထားပါ။
9.အထက်ပါနည်းအတိုင်းရေခဲသေတ္တာမှထုတ်ကာဖြန့်ပြီးသုံးခေါက်ချိုးပြန်ခေါက်ပြီးရေခဲသေတ္တာထဲပြန်ထည့်သည့်အတိုင်းစုစုပေါင်း၆ကြိမ်ခန့်ပြုလုပ်ပါ။
10.တကြိမ်ခေါက်ပြီးတိုင်းတကြိမ်ရေခဲသေတ္တာတွင်ထားပါ။ဖြန့်နေစဉ်ထောပတ်များပေါက်ထွက်ပါက
ဂျုံဖြူးပြီးပြန်ပိတ်ပေးပါ။
11.ပြီးလျှင်puff pastry dough ကို0.5cmအထူအ
နေအထားဖြန့်ကာ၎လက်မပတ်လည်တချပ်စီဖြတ်ပြီးဆီစိမ်စက္ကူခံပြီးပလပ်စတစ်ဖြင့်ထုပ်ကာအခဲခန်းတွင်သိမ်းဆည်းထားနိုင်ပါပြီ။
12.ပတ်ဖ်ပြုလုပ်လိုသောအချိန်မှသာထုတ်ယူပြီးစားပွဲတွင်ဂျုံအနည်းငယ်ဖြူးကာဖြန့်ပေးပြီးလိုသလိုလှီးဖြတ်ကာနှစ်သက်ရာအစာထည့်ပြီးပိတ်ပေးပါ။
ဆိတ်သားပတ်ဖ်ပြုလုပ်ပုံ
*****************
ပါဝင်ပစ္စည်း
*********
Puff Pastry -၅ချပ်
ဆိတ်သား - တစ်ပန်းကန်
ကြက်ဥ - တစ်လုံး
နှမ်း - အနည်းငယ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
************
1.ovenသို့မဟုတ်အကင်စက်ကို၂၀၀°Cအပူပေးထားပါ။
2.အစာသွတ်ရန်အတွက်ဆိတ်သားသို့မဟုတ်အုန်းသီးသကြားနှစ်သက်ရာယိုတို့ကိုပြင်ဆင်ထားပါ။
3.ကြက်ဥတလုံးခေါက်ထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုဆီလူးထားပါ။
4.အားလုံးအသင့်ဖြစ်ပါကPuff Pastry Sheet ကိုရေခဲသေတ္တာမှထုတ်ယူပြီးဂျုံမှုန့်အနည်းငယ်ဖြူးကာဖြန့်ပေးပါ။
5.နှစ်သက်ရာအရွယ်သို့မဟုတ်လေးပိုင်းဖြတ်ပြီးအစာထည့်ပါ။
6.ဘေးဖက်အနားသားများကိုကြက်ဥသုတ်ပြီးတြိဂံသို့မဟုတ်နှစ်သက်ရာပုံခေါက်ပြီးအနားသားများကိုခက်ရင်းဖြင့်ဖိကပ်ပေးပြီးဘမ်းတွင်ထည့်ပါ။
7.မုန့်မျက်နှာပြင်ကိုကြက်ဥရည်သုတ်လိမ်းပြီးအပေါ်တွင်နှမ်းဖြူးပေးကာovenတွင်ဆယ်မိနစ်မှဆယ့်ငါးမိနစ်ထိကင်ပေးပါ။
8.မုန့်သားများပွပြီးနီရောင်သမ်းကာကြွပ်ရွလာပါကအပြင်ထုတ်အအေးခံကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ပိုမိုကြွပ်ရွသောပတ်ဖ်ကိုလိုချင်ပါကနီရောင်သမ်းပြီးပွလာပါကovenအပူချိန်ကိုလျော့ချပြီးဆယ်မိနစ်ခန့်ထပ်ထားပေးပါ။
❀ပတ်ဖ်စဖုတ်သောအချိန်တွင်ovenအပူချိန်၂၀၀နှင့်အထက်ရှိနေရန်သတိပြုပါ။အပူချိန်နည်းနေစဉ်ကင်မိပါကအတွင်းမှထောပတ်များပျော်ပြီးစိမ့်ထွက်လာကာမုန့်သားမှာမာကျစ်ကျစ်ဖြစ်နေတတ်ပါတယ်။
..........
Sofia (3.01.2017)
http://sofiafoodparadise.blogspot.com

ကြက်ချိုချဉ်

Sweet and Sour Chicken
ဆီပြန်ဟင်းတွေစားနေရတာရိုးနေလို့အပြောင်းအလဲအဖြစ်ချက်စားနိုင်အောင်ကြက်ချိုချဉ်ကြော်ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်သား - ၁၀၀ ဂရမ်
အကြော်မှုန့် - ၁၀၀ ဂရမ်
ဂျုံမှုန့်သုံးလိုပါကြက်ဥဖြင့်ရောပါ။
ကြက်သွန်နီ - တစ်လုံး
မုန်လာဥနီ - အနည်းငယ်
ရွှေပဲသီး - ၅တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
သခွားသီး - အနည်းငယ်
နာနတ်သီး - အနည်းငယ် (မထည့်လည်းရ)
ဆား - လိုသလောက်
သကြား - ၂ဇွန်း စားပွဲတင်ဇွန်း
သံပုရာသီး - တစ်ခြမ်း
ငရုပ်ဆီ သို့ ခရမ်းချဉ်သီးအနှစ် - ၅ဇွန်း
ရေ သို့ ကြက်ပြုတ်ရည် - တစ်ပန်းကန်လုံး
ကော်မှုန့် - ၂ဇွန်း
ဆီ - ကြော်ရန်
ပြင်ဆင်ချက်ပြုတ်နည်း
*************
1.ဦးစွာကြက်သားကိုအနေတော်အတုံးလှီးပြီးရေနွေးဖျောထားပါ။
2.ပန်းကန်လုံးတခုတွင်အကြော်မှုန့်ကိုပျစ်နေအောင်ဖျော်ပါ။ဂျုံမှုန့်ကိုသုံးလိုပါကကြက်ဥတလုံထည့်ပြီးဖျော်ပါ။
3.ဆီအိုးတည်ထားပြီးကြက်သားဖျောထားသည်ကိုမုန့်နှစ်ပျစ်ပျစ်ကပ်ပြီးဆီပူတွင်အရောင်ရသည်ထိချကြော်ပေးပါ။ အရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
4.ကြက်သွန်နီကိုအမြောင်းကြီးတုံးပြီးအလွှာခွာထားပါ။မုန်လာဥနီ၊သခွားသီး၊ရွှေပဲသီး၊နာနတ်သီး၊တို့ကိုခပ်ကြီးကြီးစိတ်ထားပါ။
ခရမ်းချဉ်သီးအမြောင်းကြီးစိတ်ထားပါ။
5.အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီအနည်းငယ်ထည့်ပြီးပါဝင်ပစ္စည်းများမှခရမ်းချဉ်သီးမှ
အပအားလုံးထည့်ကြော်ပါ။ အကြာကြီးမကြော်ရပါ။
6.ကြက်သွန်အရောင်ပြောင်းပါကကြက်ပြုတ်ရည် သို့မဟုတ် ရေတစ်ပန်းကန်လုံးစာထည့်ပါ။ကြော်ထားသောကြက်သားလုံးထည့်ကြော်ပါ။
7.အရသာဆားသကြားအချဉ်ငရုပ်ဆီတို့ကိုထည့်ပါ။စိတ်ကြိုက်ချိုချဉ်အရသာရပါကကော်မှုန့်တစ်ဇွန်းကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးဟင်းအိုးထည်းဖြည်းဖြည်းလောင်းထည့်ကာခပ်မြန် မြန်မွေပေးပါ။
8.အရသာအပေါ့အငံမြည်းပြီးခရမ်းချဉ်သီးထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
***သီးနှံများကိုပျော့အောင်မကြော်ရပါ။
........
Sofia (03.10.2016)
http://sofiafoodparadise.blogspot.com

ဖရုံရွက်ဟင်းချို

 လွယ်ကူမြန်ဆန်ပြီးကျန်းမာရေးနဲ့ညီတဲ့အဆီလွတ်ဟင်းတခွက်ဖြစ်ပါတယ်။နေရာဒေသအလိုက်ချ က်နည်းများအနည်းငယ်ကွဲပြားကြပြီးရှမ်းပြည်မှချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။တွဲဖက်အနေနဲ့ခရမ်းချဉ်သီးထောင်းပဲပုတ်ထောင်းငရုတ်သီးထောင်းတွေနဲ့လိုက်ဖက်တဲ့ဟင်းချိုတခွက်လည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ပဲပြင်းစေ့/ပဲကြား/ပဲလိပ်ပြာ-တစ်ခွက် နို့ဆီခွက်
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ရှမ်းပဲပုတ် - တစ်ချပ်
ပြောင်းဖူး/ခရမ်းသီး - optional
ဖရုံရွက် - တစ်စည်း
ပင်စိမ်းရွက် - ၂ခက်
ဆား - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
1.ဦးစွာပဲကိုရေစိမ်အခွံသင်ပြီးကြက်သွန်နီသေးသေးစိတ်ထည့်ပြီးနူးအိအောင်ပြုတ်ထားပါ။
2.ပဲနူးပါကခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပါ။ပြောင်းဖူးခရမ်းသီးထည့်လိုပါကသေးသေးလှီးပြီးလုံးချက်ပါ။ဆားထည့်ပါ။
3.အသီးအနှံများနူးအိပါကရေကိုလိုသလောက်ထည့်ပါ။ရှမ်းပဲပုတ်ထောင်းထားသည်ကိုထ ည့်ကာဟင်းရည်ကျသည်ထိတည်ထားပါ။
4.ဟင်းရည်ကျပါကအရသာအပေါ့အငံမြည်းကာရေဆေးသန့်စင်ထားသောဖရုံရွက်ထည့်ကာဆူပွက်အောင်တည်ပါ။
5.ဆူပွက်ပါကပင်စိမ်းရွက်အုပ်ကာမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဟင်းရည်အိုးကိုအသင့်တည်ထားပြီးသုံးဆောင်ခါနီးမှသာအရွက်ခပ်ပြီးချက်ချင်းသုံးဆောင်ပါ။
❀အထက်ပါနည်းအတိုင်းဖရုံရွက်အစားဘူးရွက်ဖြင့်လည်းချက်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...