20 June 2017

နွားခြေထောက်စတူး

Cow Foot Stew
နွားခြေထောက်စတူးချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။နွားခြေထောက်အစားမိမိနှစ်သက်ရာအ ရိုးအသားခြေထောက်ကိုအစားထိုးချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
နွားခြေထောက် - တစ်ချောင်း (တကီလိုခွဲ)
ကြက်သွန်နီ - ဆယ်လုံး
ခရမ်းချဉ်သီး - ငါးလုံး
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း စားပွဲဇွန်း
ငရုတ်သီးခြောက် - လက်တစ်ဆုပ်
နနွင်း - အနည်းငယ်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
မန်ကျည်းမှည့်အနှစ် - ၃ဇွန်း
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.နွားခြေထောက်ကိုဈေးမှသန့်စင်ပြီးသားဝယ်ယူပြီးလိုသလိုလှီးဖြတ်ထားပါ။
2.ကြက်သွန်နီဂျင်းကြက်သွန်ဖြူနှင့်ငရုတ်သီးခြောက်ရေစိမ်ပြီးရောကြိတ်ထားပါ။
3.ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြိတ်ထားသည်တို့ကိုဆီသပ်ပါ။နနွင်းထည့်ပါ။
4.ဆီပြန်ပြီးလုံးလာပါကခရမ်းချဉ်သီးထည့်ပါ။ရေဆေးသန့်စင်ထားသောခြေထောက်ရိုးထည့်ပါ။
5.ဆားဟင်းခပ်မှုန့်နှင့်မန်ကျည်းမှည့်ထည့်ပြီးသမအောင်မွေပေးကာရေခမ်းသည်ထိချက်ပါ။
6.လုံးရည်ခမ်းပါကရေကိုအနည်းငယ်ဆီလိုသလောက်ထည့်ပေးပြီးခြေထောက်ရိုးနူးအိသည်ထိချက်ပေးပါ။
7.ဆီပြန်ပြီးနူးအိပါကလိုသလိုအပျစ်အကြဲပြုပြင်ကာအရသာအပေါ့အငံမြည်းပြီးနံနံပင်အုပ်ပါ။
အချဉ်သုပ်နှင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...