15 March 2016

ပုဇွန်စတော်ဘယ်ရီသုပ်


Strawberry Salad With Prawn

ချဉ်ချဉ်စပ်စပ်နှစ်သက်သူများအတွက်အစာပြေစာအဖြစ်သော်၎င်းဟင်းပွဲတခုအဖြစ်သော်၎င်းတည်ခင်းနိုင်မဲ့စတော်ဘယ်ရီအသုပ်လေးဖြစ်ပါတယ်။စားနေကျနဲ့မတူအနံ့အရသာတမူထူးတဲ့ချဉ်ငံစပ်စတော်ဘယ်ရီသုပ်လေးသုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ပုဇွန် - ဆယ်ကောင်
စတော်ဘယ်ရီအကြီး - ၅လုံး
ကြက်သွန်နီ - တစ်လုံး
ပူစီနံ - လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - ၅တောင့်
သကြားညို - တစ်ဇွန်း စားပွဲဇွန်း
ငံပြာရည် - ၂ဇွန်း
သံပုရာရည် - ၂ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပုဇွန်ကိုအခွံသင်ကျောခွဲသန့်စင်ကာရေဆေးထားပါ။စတော်ဘယ်ရီကိုလိုသလိုစိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးစိတ်ငရုပ်သီးသေးသေးစိတ်ထားပါ။ပူစီနံချွေထားပါ။
(၃)အိုးသေးသေးတခုဖြင့်ရေဆူတည်ထား ပါ။ရေပွက်ပါကသံပုရာသီးတစိတ်ညစ်ထည့်ပြီးရေဆေးသန့်စင်ထားသောပုဇွန်ထည့်ပြီးသုံးမိနစ်ခန့်ပြုတ်ပြီးဆယ်ယူကာရေခဲရေစိမ်ထားပေးပါ။
(၄)ပန်းကန်တခုတွင်ကြက်သွန်နီစတော်ဘယ်ရီငရုပ်သီးစိမ်းပူစီနံတို့ကိုထည့်ပါ။ရေခဲရေစိမ်ထားသောပုဇွန်ကိုရေစစ်ပြီးထည့်ပါ။
(၅)ငရုပ်သီးစိမ်းငံပြာရည်သံပုရာရည်သကြားတို့ကိုထည့်ပြီးသမအောင်မွေပေးပြီးချဉ်ငံစပ်စတော်ဘယ်ရီပုဇွန်သုပ်ကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

ယိုးဒယားကြက်ပေါင်း



Steamed Chicken (Thai Style )

ကြက်ပေါင်းကိုအများအားဖြင့်အဖြူထည်လေးတွေပေါင်းစားကြတာများပါတယ်ဒီကြက်ပေါင်းလေးကတော့အရသာအနံ့ထူးခြားပြီးချဉ်ငံစပ်ဆော့စ်နဲ့တွဲဖက်စားတာမို့နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။အပြောင်းအလဲလေးတည်ခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်သား - ၁.၂ကီလို
ကြက်သွန်ဖြူ - ၅ မြောင်း
နံနံမြစ် - ၄ပင်
ယိုးဒယားငံပြာရည် - ၄ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အပျစ် - တစ်ဇွန်း
ခရုဆီ - ၂ဇွန်း
ဆီ - တစ်ဇွန်း
ရေ - ၅၀၀ ml (လိုသလောက် )
တွဲဖက်ဆော့ပြုလုပ်ရန်
***************
ကြက်သွန်ဖြူ  - ဆယ်မြောင်း
ငရုပ်သီးစိမ်း - ဆယ်တောင့်
နံနံပင်အရိုး - ၅ပင်
ငံပြာရည် - ၃ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၃ဇွန်း
သကြား - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ကြက်သားကိုလိုသလိုလှီးဖြတ်ပြီးရေဆေးသန့်စင်ကာရေစစ်ထားပါ။
(၂)ကြက်သားကိုပေါင်းမည့်ဇလုံသို့မဟုတ်အိုးတွင်ထည့်ပြီးကြက်သွန်ဖြူကိုရိုက်ပြားထည့်ပါ။နံနံမြစ်ကိုရေဆေးထည့်ပါ။
(၃)ငံပြာရည်ခရုဆီနှင့်ပဲငံပြာရည်ထည့်ပြီးသမအောင်မွေပေးပါ။ဆီတဇွန်းထည့်ပြီးမိနစ်၃၀ခန့်ရေခဲသေတ္တာတွင်ထည့်ပြီးနပ်ထားပေးပါ။
(၄)ပေါင်းအိုးတွင်ရေထည့်ပြီးကြက်သားနှပ်ထားသည်ကိုအဖုံးအုပ်ပြီးတဆင့်ခံပေါင်းနိုင်သလိုတိုက်ရိုက်ပေါင်းခြင်းဖြင့်လည်းပေါင်းနိုင်ပါတယ်။
(၅)လိုအပ်သောအနေအသားနူးအိပါကမီးဖိုမှချကာတွဲဖက်ချဉ်ငံစပ်ဆော့စ်ဖြင့်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
(၆)တွဲဖက်ဆော့ပြုလုပ်ရန်ကြက်သွန်ဖြူငရုပ်သီးစိမ်းနံနံရိုးတို့ကိုနုတ်နုတ်စင်းကာသကြားငံပြာရည်သံပုရာရည်တို့ကိုထည့်ပြီးသမအောင်မွေပေးကာသုံးဆောင်နိုင်ပါပြီ။
❀❀ပေါင်းအိုးဖြင့်ထည့်ပေါင်းပါကရေမြုတ်ရုံထည့်ပေးပြီးကြက်သားနူးအိသည်ထိပေါင်းပါ။ရေခမ်းမသွားအောင်ဂရုပြုပါ။
❀❀တဆင့်ခံပေါင်းပါကရေလျော့ထည့်ပေးပြီးပေါင်းပါ။အချိန်ပိုကြာမြင့်မည်။
❀❀ ရေခမ်းအောင်မပေါင်းရ။ရေချန်ပေါင်းပါ။
........
Sofia
http://sofiafoodparadise.blogspot.com

2 March 2016

ဘွန်ဒီးလဒူး


Boondi Ladoo

❀ ❀ ❀
အိန္ဒိယအချိုပွဲတမျိုးဖြစ်တဲ့ဘွန်ဒီးလဒူးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဆိုဖီယာတော့အချို့မုန့်ဆိုင်ရောက်တိုင်းအခြားမုန့်များထက်ဘွန်ဒီးလဒူးကို အရင်ရွေးဝယ်ဖြစ်နေကျပေါ့။
ပြုလုပ်ရအနည်းငယ်လက်ဝင်လှပေမဲ့မုန့်နှစ်အပျစ်အကျဲအနေအထားမှန်ရင်တော့ပြုလုပ်ရတာပျော်စရာကောင်းလှပါတယ်။ဆိုဖီယာလည်းပထမအကြိမ်စမ်းလုပ်ထားတာမို့အချိုနှစ်သက်သူများနဲ့ဝါသနာရှင်များအတွက်လုပ်နည်းအဆင့်ဆင့်ဖြင့်မျှဝေပေးလိုက်ပါတယ်။သန့်ရှင်းလတ်ဆပ်တဲ့အချိုမုန့်ဘွန်ဒီးလဒူးလေးကိုလုပ်ကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း(၂၂ လုံး )
********
ပဲမုန့်အစိမ်း - ၂၅၀ ဂရမ်
ဆန်မှုန့် - ၁၅ ဂရမ် တစ်ဇွန်းခွဲစားပွဲဇွန်း
ဆော်ဒါ - ⅛ လ္ဘက်ဇွန်း
ရေ - ၂၇၀ ml
စားဆေးအရောင် - အဝါ / အစိမ်း/ အနီ
စပျစ်ခြောက် သီဟိုဠ်စေ့
သကြားရေတွင်ပါဝင်ပစ္စည်း
*******************
သကြား - ၃၇၅ ဂရမ်
ရေ - ၂၅၀ ml
နွားနို့ - ၃ဇွန်း စားပွဲဇွန်း
ဖာလာစေ့အမှုန့် - အနည်းငယ်
ကျောက်ချဉ်မှုန့် - အနည်းငယ်
(သံပုရာသီး/ cream of tar tar အစားထိုးနိုင်ပါတယ်)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပဲမှုန့်နှင့်ဆန်မှုန့်ကိုဇကာချထားပါ။
(၂)ဇလုံတခုတွင်ပဲမှုန့်ဆန်မှုန့်နှင့်ဆော်ဒါထည့်ပြီးသမအောင်မွေပါ။
(၃)ရေ၂၇၀ml ချိန်ထားပြီးဖြေးဖြေးဆီထ ည့်ပြီးမွှေပေးပါ။ပဲမှုန့်အမျိုးအစားလိုက်ရေအချိုးအနည်းငယ်ကွာနိုင်ပါတယ်။
(၄)သမအောင်မွေပြီးပါကဆေးအရောင်အဝါတစက်ခန့်ထည့်ပြီးသမအောင်မွေပါ။
(၅)မုန့်နှစ်အပျစ်အကျဲစမ်းသပ်ရန်ဆီပူအိုးတွင်မွေတံမှမုန့်နှစ်အနည်းငယ်ချကြော်ကြည့်ပါ။
(၆)ဘွန်သီးကြော်အလုံးလေးများဆီပေါ်တက်လာပါကမုန့်နှစ်အပျစ်အကြဲအမှန်ရပြီမို့ဘွန်သီးကြော်ရန်အသင့်ဖြစ်ပါပြီ။
(၇)မုန့်နှစ်အသင့်ဖြစ်ပါကမကြော်သေး ခင်သကြားရည်ကိုပြင်ဆင်ရမှာဖြစ်ပါတယ်။
(၈)အောက်ခြေထူအိုးခပ်ကျယ်ကျယ်တခုတွင်သကြားနှင့်ရေထည့်ပြီးတည်ပါ။
(၉)သကြားပျော်အောင်မွေပေးပြီးဆူပွက်ပါကနွားနို့သုံးဇွန်းထည့်ပါ။တက်လာသော အမြုတ်များသကြားတွင်းမှအညစ်အကြေးများကိုခပ်ထုတ်ပေးပါ။
(၁၀)မီးလျော့ပြီး၅မိနစ်ခန့်တည်ထားပါ။သကြားရည်ကိုလက်ဖြင့်ကိုင်ပြီးစမ်းကြည့်ပါကစေးပိုင်သောအနေအထားရပါကဖာလာစေ့အမှုန့်နှင့်ကျောက်ချဉ်မှုန့်ထည့်ပြီးသ မအောင်မွေကာမီးပိတ်ထားပါ။
(၁၁)သကြားရည်ကိုအေးမသွားအောင်ပြုလုပ်ထားပါ။
ပူနွေးနေသောသကြားရည်အသင့်ဖြစ်ပါကဘွန်သီးစတင်ကြော်နိုင်ပါပြီ။
(၁၂)ဆီပူအိုးတွင်အပေါက်ကာသောဇ ကာခံပြီးဖျော်ထားသောမုန့်နှစ်ကိုတဇွန်းဆီခပ်ထည့်ပါ။ဇကာပေါက်မှအဆက်မပျက်ကျလာသောမုန့်နှစ်ကိုကြော်ပါ။
(၁၃)ဆီအိုးထဲမှဘွန်သီးလုံးလေးများငြိမ်သွားသည်နှင့်ဆယ်ယူပြီးအသင့်ပြုလုပ်ထားသောသကြားရည်နွေးနွေးအိုးထဲသို့ထ ည့်ပါ။ကြွပ်နေအောင်မထားရပါ။ကျက်လျှင်ချက်ချင်ဆယ်ယူပါ။
(၁၄)ဇကာပေါက်ဂေါ်ပြားကိုတခါသုံးပြီး တခါသုတ်ပေးပြီးအားလုံးကုန်သည်ထိကြော်ပေးပါ။ကြော်ပြီးချက်ချင်းသကြားရည်တွင်ထည့်ကာသမအောင်မွေပေးပါ။
(၁၅)အားလုံးကြော်ပြီးပါကသီဟိုဠ်စေ့လုံးခြမ်းကွဲကြော်စပျစ်ခြောက်တို့ကိုထည့်ပြီးသမအောင်မွေကာအလုံးလေးများညီ တူညီမျှရအောင်လုံးဆုပ်ပေးပါ။
(၁၆)ပြီးလျှင်လေသလပ်ခြောက်စေပြီးလေလုံသောဘူးတွင်ထည့်ပြီးတပတ်ခန့်ထားပြီးသုံးဆောင်နိုင်ပါပြီ။
❀❀မုန့်နှစ်ကြဲနေလျှင်ဘွန်သီးကြော်မှာအ လုံးလိုက်မရဘဲပြားနေတတ်ပါတယ်။ကြဲနေပါကပဲမှုန့်တဇွန်းခန့်ထည့်ပြီးထပ်စမ်းကြော်ကြည့်ပါ။
❀❀ကြော်စဉ်ကြွက်မြီးတန်းအမျှင်ထွက်လာပါကမုန့်နှစ်ရည်ပျစ်နေသဖြင့်ရေတဇွန်းဆီရောပေးပြီးထပ်တကြိမ်စမ်းကြည့်ပါ။
❀❀ သကြားရည်ကျိုစဉ်နွားနို့ထည့်ပေးခြင်းဖြင့်အမြုတ်ခပ်ထုတ်ပါကသကြားရည်ကိုကြည်လင်သန့်ရှင်းစေပါတယ်။
❀❀ကျိုပြီးသားသကြားကိုအခဲလေးများသကြားပြန်မပွင့်စေရန်ကျောက်ချဉ်/သံပုရာ သီး/cream of tar tar တို့ကိုအသုံးပြုခြင်းဖြစ်ပါတယ်။
❀❀ကြော်ပြီးသားဘွန်သီးကိုသကြားရည်ထည့်စဉ်သကြားရည်နွေးနေရပါမယ်။မနွေးလျှင်ဘွန်သီးသည်သကြားရည်စုပ်မည်မဟုတ်။
❀❀ဘွန်သီးကြော်စဉ်ကျက်ရုံသာကြော်ပါ။ကြွပ်သွားလျှင်လည်းသကြားရည်စုပ်မည်မဟုတ်ပါ။
❀❀အစိမ်းနှင့်အနီအနည်းငယ်ရောလိုပါကပန်းကန်တခုဖြင့်အရောင်ရောစပ်ပြီးကြော်ပေးပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

1 March 2016

ကော်ဖီမုန့်လက်ဆောင်း


Coffee Cendol

ကော်ဖီချစ်သူများနှစ်သက်စေမည့်ကော်ဖီမုန့်လက်ဆောင်းလေးဖြစ်ပါတယ်။မုန့်လက်ဆောင်းကိုတော့ထန်းလျက်ရည်အုန်းနို့တို့ဖြင့်စားသုံးကြပေမဲ့စင်္ကာပူမလေးရှားမှာကော်ဖီနဲ့တွဲဖက်လို့အရသာတမျိုးထူးခြားစွာသုံးဆောင်လေ့ရှိကြပါတယ်။နေရာတိုင်းမှာမရရှိဘဲရိုးရာမပျက်ရောင်းကြတဲ့ဆိုင်တွေမှာသာတွေ့ရလိမ့်ရှိပါတယ်။ပုံစံသစ်တမျိုးလုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကော်ဖီပြင်းပြင်း - တစ်ခွက်
ထန်းလျက်ရည်အပျစ် - တစ်ပန်းကန်
အုန်းနို့ / နွားနို့အပျစ် - တစ်ခွက်
မုန့်လက်ဆောင်း - တစ်ပန်းကန်
ရေခဲကြိတ်ပြီးသား - တခွက်
ပဲအချို - နှစ်ဇွန်း
(redbeanကိုသကြားဖြင့်လုံးခြမ်းကွဲအနေရောခြေထားပါ)
ထန်းသီးဆံအသေး  - တစ်ပန်းကန်
( Palm Seed )
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ပါဝင်ပစ္စည်းများပါးလုံးကိုအသင့်ပြင်ဆင်ထားပါ။
(၂)ပွဲပြင်မည့်ခွက်တွင်ထန်းလျက်ရည်နှစ်ဇွန်းထည့်ပါ။
(၃)ရေခဲကြိတ်ထားသည်ကိုခွက်တဝက်ထည့်ပါ။
(၄)အုန်းနို့အပျစ်သို့မဟုတ်နို့အပျစ်ထည့်ပါ။
(၅)ကော်ဖီနှပ်ထားသည်ကိုနောက်ဆုံမှထည့်ပါ။
(၆)အပေါ်မှမုန့်လက်ဆောင်းဖတ်ပဲအချိုနှင့်ထန်းသီးဆံအသေးတို့ကိုထည့်ပြီးဇွန်းတပ်ပိုက်ထည့်ကာအရသာထူးတဲ့ကော်ဖီမုန့်လက်ဆောင်းကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ ထန်းသီးဆံအသေးကိုအသင့်သုံးဘူး များအထုပ်များဖြင့်စူပါမားကတ်များတွင်ရရှိနိုင်ပါတယ်။
❀❀ကော်ဖီဖျော်ပြီးသားဖြင့်လည်းပါဝင်ပစ္စည်းများထည့်ပြီးပြင်ဆင်နိုင်ပါတယ်။
❀❀ကော်ဖီပြင်းပြင်းနှပ်ထားသည်ကိုရေခဲဖြင့်ကြိတ်ပြီးလည်းပြင်ဆင်နိုင်ပါတယ်။
❀❀ထန်းလျက်နွားနို့အုန်းနို့ဖြင့်ဖျော်သောကော်ဖီမသောက်ဖူးသူများလည်းမြည်းစမ်းကြည့်ဖို့ညွှန်းလိုက်ပါရစေ။စင်္ကာပူမှာနေရာတိုင်းမရနိုင်လို့သောက်ချင်ရင်တကူးတကမှာသောက်ရပါတယ်။
.............
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...