9 September 2016

သီးစုံပဲအချဉ်ဟင်း

 Sambar
အိန္ဒိယဟင်းတခွက်ဖြစ်တဲ့သီးစုံပဲအချဉ်ဟင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာတော့မနက်ခင်းစာတိုရှည်ပူ ရီအစရှိသည်တို့ဖြင့်လည်းတွဲဖက်တည်ခင်းပြီးမြန်မာအများစုကတော့ဟင်းအဖြစ်သာတည်ခင်းလေ့ရှိကြပါတယ်။ချက်နည်းများအနည်းငယ်ကွဲပြားနိုင်ပါ တယ်။သတ်သတ်လွတ်ချက်လိုပါကချက်နိုင်ပါတ ယ်။
ပါဝင်ပစ္စည်း
********
ပဲစင်းငုံ/ကုလားပဲ - ၅ကျပ်သား
ကြက်သွန်နီ - ၂လုံး
ခရမ်းချဉ်သီး - ၂လုံး
ဂျင်းကြက်သွန်ဖြူ - တဇွန်း
အာလူး - ၂လုံး
ဘိုစား - လက်တစ်ဆုပ်
ခရမ်းသီး - တစ်လုံး( ကြီး)
ရုန်းပတေသီး - ၅တောင့်
ဒန့်ဒလွန်သီး - ၅တောင့်
မုန်လာဥ - တလုံး
ဘူးသီး - တစ်စိတ်
ပုဇွန်ခြောက် / အာဗြဲခြောက် - လက်တစ်ဆုပ်
ပျဉ်းတော်သိမ်းရွက် - ၃ခက်
ငရုပ်သီးခြောက် - ၅တောင့်
ဆား - လိုသလောက်
ငံပြာရည် - ၃ဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
မန်ကျည်းမှည့်အနှစ် - ၃ဇွန်း
မဆလာ - တစ်ဇွန်း
အရောင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ချက်ပြုတ်နည်း
****************
1.ပဲစင်းငုံသို့မဟုတ်ကုလားပဲကိုရေဆေးပြီးရေစိမ်ထားပါ။ပွလာပါကအိုးထဲတွင်ထည့်ပြီးနူးသည်ထြိ ပုတ်ထာပါ။
2.ပါဝင်သောအသီးအနှံများအားလုံးကိုရေဆေးပြီးအရွယ်တူလှီးဖြတ်ထားပါ။အာလူးခရမ်းသီးကိုရေ စိမ်ထားပါ။ရုန်းပတေသီးကိုသီးသန့်ဖယ်ထားပါ။ကြက်သွန်ခရမ်းချဉ်သီးပါးပါးလှီးထားပါ။
3.ချက်မည့်အိုးကိုအပူပေးပြီးဆီထည့်ပါ။ဆီပူပါကငရုပ်သီးခြောက်ထည့်ကြော်ပြီးဖယ်ထားပါ။
4.ကြက်သွန်နီဆီသပ်ဂျင်းကြက်သွန်ဖြူထည့်ဆီသပ်ရွက်ထည့်ဆီသပ်ပါ။ပုဇွန်ခြောက်ငါးခြောက်ထ ည့်ပါ။မွှေးလာပါကအရောင်တင်နနွင်းထည့်ပါ။ခရမ်းချဉ်သီးထည့်ပါ။အနည်းငယ်ကြေအောင်ချေေ ပးပါ။
5.ခရမ်းချဉ်သီးကြေပါကလှီးဖြတ်ထားသောအသီးအနှံများ(ရုန်းပတေသီးမှအပ)ကိုထည့်ပါ။
6.သီးနှံများအားလုံးကြော်မိပါကပြုတ်ထားသောပဲကိုချေပြီးရောထည့်ပါ။ရေလိုအပ်သလောက်ထပ်ထည့်ပြီးအရသာ ဆား၊ဟင်းခပ်မှုန့်၊ငံပြာရည်ထည့်ပြီးအဖုံးအုပ်ကာသီးနှံ များနူးသည်ထိတည်ထားပါ။
7.သီးနှံနူးပါကမန်ကျည်းမှည့်အနှစ်ဖျော်ထည့်ပါ။ရုန်းပတေသီးမဆလာနှင့်ကြော်ထားသောငရုပ်သီးခြောက်တို့ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။အရသာအပေါ့အငံမြည်းပြီးနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
........
Sofia
http://sofiafoodparadise.blogspot.com

စပိန်ထမင်းကြော်

Spanish Style Fried Rice
စပိန်ထမင်းကြော်လို့ဆိုပေမဲ့ရောချက်တဲ့နည်းနဲ့ကြော်တဲ့ပုံစံနှစ်မျိုးပြုလုပ်နိုင်ပါတယ်။အခုတော့အလွယ်တကူေ ကြာ်တဲ့ပုံစံပြုလုပ်ထားခြင်းဖြစ်ပါတယ်။စားနေကျထမင်းကြော်နဲ့အရသာကွဲပြားပြီးထမင်းကြော်နှစ်သက်သူများအတွက်အကြိုက်တွေ့စေမဲ့ရောင်စုံစပိန်ထမင်းကြော်ဘဲဖြစ်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း ၅ပွဲစာ
********
ထမင်းဖြူ - ၅ပွဲ
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်အူချောင်း - ၂ချောင်း
ကြက်သား/ပုဇွန် - ၂၀၀ ဂရမ်
ငရုပ်ပွစိမ်း/နီ/ဝါ - တလုံးခွဲ(တစ်ခြမ်းဆီ)
ခရမ်းချဉ်သီးဆော့စ်- ၃၀၀ ဂရမ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
သံလွင်ဆီ - ၅ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
Paprika(အရောင်တင်)- တစ်ဇွန်း
Oregano (ဟင်းခပ်အမွေးအကြိုင်) - တစ်ဇွန်း (optional)
ကြက်သွန်မိတ် - ၃ပင်
သံပုယိုသီး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာကြော်မည့်ထမင်းဖြူကိုအအေးခံထားပါ။
ကြက်သွန်နီကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
ငရုပ်ပွအရောင်သုံးမျိုးကိုအရွယ်တူအတုံးစိတ်ထားပါ။ကြက်အူချောင်းနှင့်အသုံးပြုမည့်အသားပင်လယ်စာကိုအသင့်ပြုလုပ်ထားပါ။
2.ခရမ်းချဉ်သီးအနှစ်ကိုအသင့်သုံးသံဘူးများအသုံးပြုနိုင်ပြီးမရှိပါကခရမ်းချဉ်သီး၅လုံးခန့်ကိုရေနွေးဖျောအစေ့ထုတ်အခွံခွာပြီးသေးသေးစိတ်ကာချက်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကကြော်မည့်အိုးကိုအပူပေးပြီးသံလွင်ဆီထည့်ပါ။
4.ကြက်သွန်နီကြက်သွန်ဖြူဆီသပ်ကာကြက်အူချောင်းအသားထည့်ကြော်ပါ။
5.အရောင်ပြောင်းပါကငရုပ်ပွစိတ်ထားသည်ကိုထည့်ပါ။ငရုတ်ကောင်းအရောင်တင်ထည့်ပြီးသမအောင်မွေပေးပါ။ခရမ်းချဉ်သီးဆော့စ်ထည့်ပါ။
6.အအေးခံထားသောထမင်းဖြူထည့်ပါ။ဆား၊သြ ကားနှင့်အော်ရီဂါးနိုးထည့်ပြီးသမအောင်မွေကာအရသာအပေါ့အငံမြည်းပါ။
7.အရသာအနေတော်ပါကကြက်သွန်မိတ်သေးသေးစိတ်ထားသည်ကိုထည့်ပြီးသံပုယိုသီးစိတ်ဖြင့်တွဲဖက်ပြီးတည်ခင်းနိုင်ပါပြီ။
❀မကြော်ဘဲတခါတည်းရောချက်လိုပါကဆန်ကိုရေစိမ်ထားပြီးအထက်ပါနည်းအတိုင်းဆီသပ်ပြီးဆန်ချကြော်ကာကြက်ပြုတ်ရည်ထည့်ပြီးထမင်းချက်သည့်နည်းအတိုင်းချက်နိုင်ပါတယ်။
❀paprikaနှင့်oreganoကိုစူပါမားကတ်များတွင်ရနိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

ငှက်ပျောဖူးဟင်းထုပ်

ရှမ်းအစားအစာတမျိုးဖြစ်တဲ့ဟင်းထုပ်ကိုပုံစံအမျိုးမျိုးပြုလုပ်တာတွေ့ရပါတယ်။အချို့ကက်ြသွန်မိတ်တမျိုးသာအသုံးပြုပြီးအချို့ကမုန်လာထုပ်၊ငှက်ပျောဖူး၊ကြက်သွန်ဖူး၊ကြက်သွန်နီ တို့ကိုအသုံးပြု ကြပါတယ်။ဆိုဖီယာတော့ငှက်ပျောဖူးနဲ့သတ်သတ်လွတ်ဟင်းထုပ်လေးစမ်းပြီးလုပ်စားဖြစ်ပါတယ်။အရင်ကအလွယ်တကူဆန်မှုန့်နဲ့ပြုလုပ်ခဲ့ပေမဲ့လွိုင်ကော်မှာစားခဲ့ရတဲ့ဟင်းထုပ်အရမ်းစားကောင်းလို့မေးကြည့်တော့ရှမ်းဆန်နဲ့လုပ်တယ်လို့ပြောပါတယ်။ဒါကြောင့်ဒီတကြိမ်တော့ညီမယွန်းဖူးဖူးရဲ့တောင်ကြီးအပြန်လက်ဆောင်ထည့်ပေးလိုက်တဲ့ရှမ်းဆန်ကိုရေစိမ်ကြိတ်ပြီးလုပ်စားဖြစ်ပါတယ်။ရှမ်းဆန်အလွယ်တကူမရရှိနိုင်ပါကဆန်မှုန့်နှင့်ကော်မှုန့်ရောပြီးပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ငှက်ပျောဖူး - တစ်ဖူး
ကြက်သွန်မိတ် - နှစ်ပင်
ရှမ်းဆန် - ၂ခွက် ဆန်ချိန်ခွက်
ဆီ - တစ်ဇွန်း စားပွဲဇွန်း
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆား - ဇွန်းတဝက်
နနွင်းမှုန့်  - အနည်းငယ်
ရေ - တစ်ခွက် ဆန်ချိန်ခွက်
ငှက်ပျောဖက် ထုပ်ရန်
တွဲဖက်စားသုံးရန်
**********
ကြက်သွန်ဖြူဆီချက်
ဂျူးမြစ်/နံနံပင်
ငရုပ်သီးကြော်
ပြင်ဆင်ပြုလုပ်ပုံ
**********
1.ဦးစွာရှမ်းဆန်ကိုရေဆေးပြီးရေတနာရီခန့်စိမ်ထားပါ။ပြီးလျှင်ရေစစ်ကာရေတစ်ခွ က်ထည့်ပြီးပြီးကြိတ်ထားပါ။
2.ငှက်ပျောဖူးကိုအပြင်ခွံများခွာပြီးအတွင်းဘက်နုသည့်အပိုင်းကိုပါးပါးလှီးကာရေခဲရေတွင်ဆားနှင့်သံပုရာသီးညစ်ပြီးစိမ်ထားပါ။
3..ကြက်သွန်မိတ်ကိုရေဆေးသန့်စင်ပြီးလက်တဆစ်ခန့်ဖြတ်ထားပါ။
4.အားလုံးအသင့်ဖြစ်ပါကရေစိမ်ထားသောငှက်ပျောဖူးကိုဆယ်ယူရေစင်အောင်ညစ်ပစ်ကာဆန်ကြိတ်ထားသည့်ထဲထည့်ပါ။ကျန်ပါဝင်ပစ္စည်းများနှင့်အရသာထည့်ပြီးသမအောင်မွေပါ။
5.ငှက်ပျောဖက်ကိုမီးကင်ပြီးသန့်ရှင်းကာနယ်ထားသောမုန့်နှစ်ကိုထည့်ပြီးလုံအောင်ထုပ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။
6.ပေါင်းခံအိုးတွင်ရေထည့်ပြီးဆူပွက်အောင်တည်ထားပါ။ထုပ်ထားသောဟင်းထုပ်ဘမ်းကိုတင်ပြီးမိနစ်၃၀ခန့်ပေါင်းပါ။
7.ဟင်းထုပ်ကျက်ပါကထုပ်ယူပြီးကြက်သွန်ဖြူဆီချက်ဂျူးမြစ်နံနံပင်ငရုပ်သီးကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

စွမ်ထန်(မျှစ်ချဉ်ခြောက်)

酸汤
ရှမ်းပြည်သူရှမ်းပြည်သားများအကြိုက်စွမ်ထန်လို့ခေါ်တဲ့အချဉ်ဟင်းရည်ဖြစ်ပါတယ်။စွမ်ထန်ကိုတော့မုန်ညင်းချဉ်ဆော်ခါးသီးခြောက်နှင့်မျှစ်ချဉ်ခြောက်များဖြင့်ပြုလုပ်နိုင်ပါတယ်။အလွယ်ကူဆုံးနဲ့အမြန်ဆုံးပြုလုပ်နိုင်တဲ့ဟင်းချိုလည်းဖြစ်ပါတယ်။ပြုလုပ်နည်းမခက်ပေမဲ့မသိသေးသောအချို့သောသူများအတွက်လုပ်နည်းရေးပေးခြင်းသာဖြစ်ပါတယ်။အခုပြုလုပ်ထားတာကတော့မိုးကုတ်ပြန်လ က်ဆောင်မျှစ်ချဉ်ခြောက်လေးနဲ့ဖြစ်ပါတယ်။စွမ်ထန်ခြောက်ချဉ်စော်ခါးသီးခြောက်တို့ကိုအစားထိုးပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
စွမ်ထန်/မျှစ်ချဉ်ခြောက်/ချဉ်စော်ခါးသီးခြောက် - လက်တစ်ဆုပ်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်း - လက်တစ်ဆစ်
ငရုတ်သီးစိမ်း - ၂တောင့်
ကြက်ပြုတ်ရည်/ရေနွေးဆူ - တစ်လီတာ
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်သွန်မိတ် - တစ်ပင်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.နှစ်သက်ရာစွမ်ထန်ခြောက်၊မျှစ်ချဉ်ခြောက်သို့မ ဟုတ်ချဉ်ဆော်ခါးသီးခြောက်ကိုရေဆေးထားပါ။
2.ကြက်ပြုတ်ရည်သို့မဟုတ်ရေနွေးပွက်ပွက်ဆူတည်ထားပါ။
3.ကြက်သွန်ပါးပါးလှီး၊ဂျင်းကိုထုပြားထားပါ။ခရမ်းချဉ်သီးကိုအမြောင်းစိတ်ထားပါ။ငရုတ်သီးစိမ်းထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ်နံနံပင်တစ်လက်မခန့်ဖြတ်ထားပါ။
4.အားလုံးအသင့်ဖြစ်ပါကဟင်းချိုတည်ခင်းမည့်ပန်းကန်တွင်အသင့်ထည့်ထားပါ။ဆားနှင့်ဟင်းခပ်မှုန့်
ထည့်ပါ။
5.ထမင်းစားဝိုင်းတွင်တည်ခင်းမည့်အချိန်မှသာကြက်ပြုတ်ရည်သို့မဟုတ်ရေနွေးပွက်ပွက်ဆူကိုလောင်းထည့်ပြီးပန်းကန်ကို၅မိနစ်ခန့်အုပ်ထားပေးပြီးအပေါ့အငံမြည်းကာတည်ခင်းနိုင်ပါပြီ။
❀ချဉ်စော်ခါးသီးအခြောက်ကိုအသုံးပြုပါကအသီးခြောက်ကိုကြက်ပြုတ်ရေသို့မဟုတ်ရေနွေးတည်ထားသည့်ထဲတွင်အချဉ်အရသာထွက်လာစေရန်ထည့်ပြုတ်ပေးပါ။
❀ရေနွေးဆူဖြင့်သတ်သတ်လွတ်ပြုလုပ်နိုင်သလိုကြက်ပြုတ်ရည်နှင့်အသားထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

အမဲနှင်းခြောက်ခရမ်းချဉ်သီးချက်

ထမင်းမြိန်စေတဲ့ရိုးရာဟင်းအမဲနှင်းခြောက်ခရမ်းချဉ်သီးချက်ကဇာတိမြေကိုသတိရစေတဲ့ဟင်းတခွက်ဖြစ်ပါတယ်အရွက်ကြော်မုန်ညင်းဟင်းချိုလေးနဲ့တွဲဖက်လိုက်ရင်ဖြင့်ဘယ်တော့စားစားမရိုးနိုင်တဲ့ဟင်းဘဲဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
❀အမဲနှင်းခြောက်မရှိပါကရိုးရိုးအမဲခြောက်ဆိတ်သားခြောက်အစားထိုးချက်နိုင်ပါတယ်။အနံ့အရသာကွဲပြားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
အမဲနှင်းခြောက် - တစ်ပန်းကန်
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက် စားပွဲဇွန်း
ဆား - အနည်းငယ်
ငရုတ်သီးစိမ်း- ၃တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
1.ဦးစွာအမဲနှင်းခြောက်ကိုပါးပါးလှီးထားပါ။ခရမ်းချဉ်သီးကြက်သွန်သေးသေးစိတ်ထားပါ။
2.အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ဆီထည့်ပြီးအမဲနှင်းခြောက်ကိုမွေးလာသည်ထိကြော်ပေးပြီးဆယ်ယူထားပါ။
3.လက်ကျန်ဆီဖြင့်ကြက်သွန်နီဂျင်းကြက်သွန်ဖြူဆီသပ်ပါ။ခရမ်းချဉ်သီးထည့်ပြီးကြေအောင်ချက်ပေး ပါ။❀ငရုတ်သီးအရောင်တင်ထည့်လိုပါကထည့်နို င်ပါတယ်။
4.ခရမ်းချဉ်သီးကြေပါကကြော်ထားသောအမဲနှင်းခြောက်ကိုထည့်ပါ။ရေအနည်းငယ်ထည့်ပေးပြီးေ မွပေးပါ။
5.ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။အမဲနှင်းခြောက်အေ ပါ့အငံပေါ်မူတည်ပြီးဆားကိုလျော့ထည့်ပေးပါ။
6.ဟင်းအနှစ်ကျပါကအရသာအပေါ့အငံမြည်းပါ။အပျစ်အကျဲလိုသလိုပြုပြင်ပြီးငရုတ်သီးစိမ်းနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ရိုရိုးဆိတ်သားခြောက်အမဲခြောက်ကိုပါးပါးလှီး၍မရနိုင်ပါသဖြင့်မကြော်ဘဲရေစိမ်ထုပြီးသေးသေးစိတ်ပြီးမှသာချက်ပါ။
......
Sofia
http://sofiafoodparadise.blogspot.com

7 September 2016

ပန်းသေးကြာဇံသုပ်

ပန်းသေးကြာဇံသုပ်ကိုတော့စားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်အထိမ်းမှတ်နေ့များနှင့်ဧည့်ဖိတ်ထမင်းစားဝိုင်းများတွင်တော့မပါမဖြစ်တဲ့ဟင်းတစ်ပွဲလည်းဖြစ်ပါတယ်။ပဲကြာဇံကိုအဓိကထားပြီးဆေးဘဲဥကြက်ခြေထောက်၊ဘဲခြေထောက်နှင့်ဝေါစွန်း(ဆလပ်ရိုး)တို့ဖြင့်တွဲ ဖက်သုပ်လေ့ရှိပြီးအိမ်လုပ်အချဉ်ရည်ဖြင့်သုပ်ထားတဲ့အရသာထူးခြားတဲ့ပဲကြာဇံသုပ်လေးဖြစ်ပါတယ်။အခုသုပ်ထားတာကတော့ကြက်ခြေထောက်နှင့် တွဲဖက်သုပ်ထားခြင်းဖြစ်ပါတယ်။သုပ်စားကြည့်ရေ အာင်နော်။
ပါဝင်ပစ္စည်း
*********
ပဲကြာဇံ - ၁၀၀ ဂရမ်
ကြက်ခြေထောက်(အခြောက်)-၅၀ ဂရမ်
မုန်လာဥနီ - တစ်တောင့်
ဆေးဘဲဥ/ဆလပ်ရိုး ထည့်လိုကထည့်ပါ။
မြေပဲလှော်ထောင်း - ၃ဇွန်း စားပွဲဇွန်း
နှမ်းဆီချက် - ၂ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
ဟွားကျောက်ဆီ - တစ်ဇွန်း
ကြက်သွန်ဖြူ ဆီချက် - ၃ဇွန်း
ငရုတ်သီးဆီချက် - တစ်ဇွန်း
ပဲငံပြာရည် - ၃ဇွန်း
ပန်းသီးဗီနီဂါ- ၃ဇွန်း
ဆား - အနည်းငယ်
သကြား - တစ်ဇွန်း
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ပဲကြာဇံကိုရေစိမ်ထားပါ။ကြက်ခြေထောက်အြေ ခာက်ကိုဈေးတွင်ဝယ်ယူနိုင်သလိုမိမိဘာသာအိမ်တွင်ပြုလုပ်ပြီးလည်းသိမ်းဆည်းထားနိုင်ပါတယ်။
2.ကြက်ခြေထောက်အခြောက်ကိုဆီပူပူတွင်ချကြော်ပြီးရေနွေးထည့်စိမ်ထားပေးပါ။ပွလာပါကဆ ယ်ယူရေစစ်ပြီးလိုသလိုလှီးဖြတ်ထားပါ။
3.မုန်လာဥနီကိုအမျှင်လေးများစိတ်ထားပါ။ဆလပ်ရိုးထည့်လိုပါကအခွံသင်ပြီးရေစိမ်ထားကာအနေတော်အချောင်းလေးများလှီးဖြတ်ထားပါ။
4.အားလုံးအသင့်ဖြစ်ပါကပဲကြာဇံကိုပြုတ်ပြီးရေပေးလောင်းကာကပ်ကြေးဖြင့်ဖြတ်ပြီးဇလုံတခုတွင်ထည့်ပါ။
5.မုန်လာဥနီ၊ဆလပ်ရိုး၊ကြက်ခြေထောက်လှီးထား သည်တို့ကိုထည့်ပါ။
6.ပန်းကန်လုံးတခုဖြင့်ပါဝင်သောဟင်းစပ်ပစ္စည်းများကြက်သွန်ဖြူဆီချက်၊နှမ်းဆီချက်၊ဟွားကျော က်ဆီ၊နှမ်းဆီမွေး၊ငရုတ်သီးဆီချက်၊ပဲငံပြာရည်၊သကြားဆားနှင့်ဗီနီဂါအားလုံးကိုရောစပ်ပြီးသုပ်မ ည့်ဇလုံတွင်လောင်းထည့်ပါ။
7.နံနံပင်နှင့်မြေပဲထောင်းတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပြီးတည်ခင်းနို င်ပြီ။
❀သုံးဆောင်ခါနီးမှသာသုပ်ပါ။ကြာဇံမှရေစုပ်သွား တတ်သဖြင့်လိုအပ်ပါကအချဉ်ရေကိုရေရောပြီးအသုံးပြုကာစိုစိုလေးသုပ်ပါ။
❀အချဉ်ရည်ကိုအိမ်လုပ်ဗီနီကာချဉ်ဆော်ခါးသီးသို့မဟုတ်ပန်းသီးဗီနီဂါကိုအသုံးပြုပါတယ်။မရှိလျှင်ပ န်းသီးအချဉ်ရည်အသုံးပြုနိုင်ပါတယ်။
❀ဆေးဘဲဥထည့်လိုပါကပြုတ်ထားပြီးပွဲပြင်သည့်အချိန်မှထည့်ပါ။
❀ကြက်ခြေထောက်အခြောက်ကိုအိမ်တွင်ပြုလုပ်ရန်ကြက်ခြေထောက်ကိုခြေသည်းများဖြတ်ပါ။
ဓားထက်ထက်ဖြင့်အပေါ်မှအောက်ခွဲပြီးဓားရာပေးကာအရေခွံကိုအဝတ်ဖြင့်ကိုင်ပြီးခွာချပါ။
❀ဘမ်းတခုတွင်အပြန့်လိုက်ဖြန့်ထားပြီးအခြောက်လှန်းထားပါ။ခြောက်ပါကခွာယူပြီးသိမ်းဆည်းထား ကာလိုသလိုအသုံးပြုနိုင်ပါပြီ။(အပြင်တွင်ဝယ်ယူပါ ကဈေးအလွန်များပါတယ်)
❀#ဟွားကျောက် >> #ဇီချွမ်းငရုပ်ကောင်း >>#sichuanpepper ကိုဈေးနှင့်စူပါမားကတ်များ တွင်ရနိုင်ပါတယ်။
❀ဟွားကျောက်ကိုလှော်ပြီးထောင်းကာဆီပူလှောင်းထည့်ပေးပါကဟွားကျောက်ဆီရပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

အသားမျှစ်ချဉ်ခြောက်ကြော်

Stir Fried Dry Pickled Bamboo shoot with Beef
အသားမျှစ်ချဉ်ခြောက်ကြော်လေးဖြစ်ပါတယ်။
ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
အမဲသား - လက်တစ်ဆုပ် ၁၅၀ ဂရမ် (ပုဇွန်၊ငါး၊ကြက်သား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဦးစွာပထမအသားကိုသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထ ည့်ပြီးနယ်ထားပါ။
(နယ်ပြီးရေခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောအသားဖြ
ဖင့်ပင်ချဉ်စပ်၊ပဲငပိ၊ကုန်းဘောင်၊မုန်ညင်းချဉ်စ
သဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။
2.ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီး သုံးမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်ြး ခမ်းထားပါ။ကြက်သွန်မိတ်တစ်လက္မအရှည်ဖြ တ်ထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြ င့်အရောင်ပြောင်းရုံကြော်ပါ။မျှစ်ချဉ်ခြောက်ရေေ ဆးပြီးထည့်ပါ။အသားထည့်ကြော်ပါ။
5.အသားအရောင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထ ည့်ပါ။
6.အသားကျက်ပါကအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခရမ်းချဉ်သီး၊ကြက်သွန်မိတ်ထည့် ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

ပဲထွန်ကြော်

 ရှမ်းပြည်မြောက်ပိုင်းမှာတော့မနက်ခင်းစာကိုကောက်ညင်းပေါင်းနဲ့တွဲပြီးတိုဖူးကြော်ကိုအဓိကစားကြပေမဲ့မြောက်ပိုင်းကပဲထွန်ကြော်လေးနဲ့လည်းတွဲစားကြပါတယ်။ပဲထွန်ခေါ်ပဲကြားကိုကြော်နည်းမျှဝေပေးလာတာကတော့တောင်ကြီးကညီမငယ်ယွန်းဖူးဖူးဖြစ်ပါတယ်။ပဲထွန်ကြော်လေးကမန္တလေးပဲကြော်နဲ့ဆင်ဆင်တူပြီးသူကတော့ပဲအလုံးလိုက်လေးပုံစံမပျက်ကြော်ထားပြီးကြွပ်ရွလေးမို့နှစ်သက်ကြမယ်ထင်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ပဲထွန်/ပဲကြား - တစ်ဘူး ဆန်ချိန်ခွက်
ဆန်မှုန့် - ၁၅၀ ဂရမ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူထောင်း- တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာပဲထွန်ကိုရေစိမ်ထားပါ။ပွလာပါကပေါင်းအိုးဖြင့်ရေထည့်ပြီးနူးအောင်ပြုတ်ပါ။
2.ပဲနူးပြီးရေခမ်းပါကပဲကိုအလုံးမပျက်ဆန်မှုန့်နှင့်ဆားဟင်းခပ်မှုန့်ဂျင်းကြက်သွန်ဖြူထည့်ပြီးသမအောင်မွေပေးပါ။
3.အသင့်ဖြစ်ပါကဆီပူတွင်တဇွန်းစာဆီခပ်ထည့်ပြီးနီရောင်သမ်းကာကြွပ်လာသည်ထိကြော်ပြီးဆယ်ယူဆီစစ်ကာကောက်ညင်းပေါင်းနှမ်းထောင်းဖြူးထားသည်နှင့်ဖြစ်စေမန်ကျည်းချဉ်ရည်နှင့်ဖြစ်စေတွဲဖက်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

မုန့်လုံးကြီးကြော်

အိန္ဒိယအဆာပြေစာမုန့်ဖြစ်တဲ့မုန့်လုံးကြော်ကိုတော့ငယ်စဉ်ကတည်းကနှစ်သက်ခဲ့တာပါ။မိသားစုလ္ဘက်ရည်ဆိုင်မို့အမြဲထိတွေ့နေရတဲ့မုန့်လည်းဖြစ်ပါတယ်။။ခုချိန်ထိလည်းဘယ်နေရာမှာတွေ့တွေ့ဝမ်းသာအားရဝယ်စားဖြစ်နေသေးတယ်။ဆိုင်မှာရောင်းတာတွေကိုတော့ဒီထက်နှစ်ဆလောက်ကြီးတဲ့အလုံးတွေပြုလုပ်လေ့ရှိပါတယ်။ဒီနေ့လုပ်စားရင်းကဆိုဖီယာတို့ကလေးဘဝဇာတိမြို့မှာစမူဆာ၊ခါဂျာမုန့်၊မုန့်လုံးကြော်ဆိုပြီးအမြဲလ ည်ရောင်းတဲ့အဖွားအိုကိုလည်းအမှတ်ရမိပါသေးတယ်။ပြုလုပ်ရလွယ်ကူပြီးအာဟာရလည်းဖြစ်လို့မိမိ ခလေးငယ်များအတွက်ကိုယ်တိုင်ပြုလုပ်ပေးနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဂျုံကြမ်း - ၃၀၀ ဂရမ်
ဆန်မှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ငှက်ပျောသီး - တစ်လုံး
ဆား - အနည်းငယ်
ဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်း
ကြံသကာ/ သကြားညို - ၁၀၀ ဂရမ်
ရေ - ၂၄၀ ml
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာပထမဇလုံတခုတွင်ဂျုံကြမ်း၊ဆန်မှုန့်ဆားနှ င့်ဆော်ဒါတို့ကိုထည့်ပြီးသမအောင်မွေထားပါ။
2.ငှက်ပျောသီးမှည့်တလုံးကိုကြေအောင်ချေပြီးဂျုံအရောထဲထည့်ပါ။
3.ကြံသကာသို့မဟုတ်သကြားညိုကိုထည့်ကာရေကိုဖြည်းဖြည်းဆီထည့်ပြီးသမအောင်နယ်ပေးပါ။
4.ကြံသကာအသုံးပြုပါကပါဝင်သောရေအချိုးဖြင့်ကျိုပြီးအမှိုက်စစ်ပြီးမှထည့်နယ်ပါ။
5.မုန့်နှစ်ပျစ်ပျစ်ရပါက၁၅မိနစ်ခန့်အဖုံးအုပ်ထားပါ။
6.အသင့်ဖြစ်ပါကဆီပူကိုအနေတော်မီးဖြင့်အပူပေးထားပါ။
7.ဆီပူပါကမုန့်လုံးမုန့်နှစ်ကိုဇွန်းဖြင့်ခပ်ပြီးတခုဆီဆီပူတွင်ချကြော်ပါ။
8.အလုံးရရန်အကောင်းဆုံးနှည်းမှာလက်တဖက်ဖြင့်ညစ်ထုတ်ပြီးထွက်လာသည်ကိုဇွန်းဖြင့်ခပ်ယြူပီးကြော်ပါ။
9.ညိုရောင်သမ်းလာသည်ထိဆီပူတွင်အရောင်ညီရောင်မွေပေးပါ။10.အရောင်ရပြီးအနည်းငယ်ကြွပ်လာပါကဆယ်ယူအအေးခံကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀မီးမပြင်ရ။မီးပြင်းလျှင်အတွင်းသားမကျက်ဖြစ်တ တ်သည်။
..........
Sofia
http://sofiafoodparadise.blogspot.com

နာနတ်သီးအချဉ်ရည်


Pineapple Vinegar
နာနတ်သီးနဲ့ပြုလုပ်ထားတဲ့အချဉ်ရည်တည်နည်းလေးပါ။ဒီနည်းလေးကတော့ဆိုဖီယာတို့ဘိုးဘွားလက်ထက်ကတည်းကသုံးလာတဲ့နည်းလေးဘဲဖြစ်ပါတယ်။နာနတ်သီးအစားချဉ်စော်ခါးသီး၊ပန်းသီးတို့ကိုအ စားထိုးသုံးနိုင်ပြီးတအိုးတည်ထားရုံဖြင့်တနှစ်ပတ်လုံးအချဉ်အတွက်ဝယ်ယူရန်မလိုဘဲသုံးနိုင်မှာဖြစ်ပါတယ်။ဒီအချဉ်ရည်ဖြင့်အသုပ်မျိုးစုံသုပ်နိုင်သလိုအချဉ်ချက်ဟင်းတွေမှာလည်းသုံးနိုင်ပါတယ်။ရှမ်းအစားအစာများဖြစ်တဲ့တိုဖူးသုပ်ခေါက်ရှောက်ဆန်တိုဖူးတို့ပြုလုပ်ရာမျာလည်းသုံးနိုင်ပြီးသဘာဝအချဉ်ရည်ရဲ့မွေးရနံ့ကိုလည်းရရှိစေမှာဖြစ်ပါတယ်။အချဉ်ရည်တည်ရန်အချိန်၂လမှ၃လကြာမြင့်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
နာနတ်သီး - တစ်လုံး
(ဖူဂျီပန်းသီးဆယ်လုံး/ချဉ်စော်ခါးသီး၅လုံး)
ရေကျက်အေး - ၃လီတာ
ကြံသကာ/သကြားညို - ၁၅၀ဂရမ်
လေလုံသောပုလင်း - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
1.နာနတ်သီးကိုရေဆေးသန့်စင်ပြီးရေခြော က်အောင်ထားပါ။အခွံသင်ကာအမြောင်းကြီးကြီးစိတ်ထားပါ။
2.ဆီကင်းသောအိုးဖြင့်ရေ၃လီတာကိုဆူပွက်အောင်တည်ပြီးအအေးခံထားပါ။
3.အားလုံးအသင့်ဖြစ်ပါကသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်နာနတ်သီးရေကျက်အေးနှင့်ကြံသကာကိုထည့်ပြီးမွေပေးကာအဖုံးအထပ်ထပ်လုံအောင်ပိတ်ပြီးအလင်းရောင်နည်းသောနေရာတွင်ထားပါ။
4.သုံးလခန့်အကြာတွင်စတင်သုံးနိုင်ပြီမို့အပေါ်ယံတက်နေသောအဖြူရောင်အလွှာတထပ်ကိုခပ်ထုတ်ပြီးအဝတ်ပါးဖြင့်စစ်ယူကာသုံးနိုင်ပါပြီ။
❀ခပ်ယူသောခွက်ဇွန်းမှာခြောက်သွေ့ဆီကင်ရပါမယ်။မကြာခဏဖွင့်ရန်မလိုအောင်ပုလင်းသေးဖြင့် ခပ်ယူခွဲထားပါ။
❀လျော့သွားသောအချဉ်ရေကိုရေကျက်အေးတည်ပြီးအအေးခံထပ်မံဖြည့်စွက်သွားနိုင်ပါတယ်။
နှစ်ကြာလာလျှင်အချဉ်ပြင်းပါကရေရောသုံးနိုင်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...