6 June 2015

ကျောက်ပွင့်အချိုရည်


Snow Ear Fungus Sweet Soup
ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို ၂ရက်လောက်ချက်စားလေ့ရှိပါတယ်။ဝမ်းတွင်းအပူငြိမ်းစေပြီး ကျန်းမာ ရေးအတွက်အားဖြည့်ပေးလို့ဈေးသက်သာတဲ့ဆင်းရဲသားငှက်သိုက်လို့လည်းဆိုကြပါတယ်။ကျောက်ပွင့်ကcollegenတမျိုးဖြစ်အမျိုးသမီးများ၏အသားအရေအတွက်လည်းအများကြီးအထောက်အကူဖြစ်စေပါတယ်။Wolfberryကတော့အသည်း၊ကျောက်ကပ်အားနည်းခြင်းနဲ့အမြင်အာရုံတို့ကိုဖွံဖြိုးစေပါတယ်။ Red datesစွန်ပလွံခြောက်ရဲ့ အကျိုးပြုပုံများစွာထည်းကတချို့ကတော့သွေးအားကောင်းစေခြင်း၊အကြောများသန်မာစေပြီးခန္ဓာကိုယ်ခုခံအားကိုတိုးစေပါတယ်။အသုံးပြုထားသောပါဝင်ပစ္စည်းများရဲ့အကျိုးပြုပုံအချက်အလက်များကိုရှေးကဘိုးဘွားများ၏အပြောသပ်သပ်မဟုတ်ဘဲ Google search မှာBenefits of Chinese Herbs ကနေပြန်ရှာပြီးရေးပေး ထားခြင်းသာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ကျောက်ပွင့် -၂ပွင့်
ဆွမ်းမွေးရွက် - နှစ်ချောင်း
သကြားခဲ Rock sugar - အကြီး၂တုံး (အချိုကြိုက်လျှင်ပိုထည့်ပါ)
ွစွန်ပလွံသီးခြောက် - ၅လုံး ( Red jujube ,red dates)
Wolfberry - ၂ဇွန်း
သစ်တော်သီးအညို - တစ်လုံး
ရေ - ၃လီတာ
(၁)ကျောက်ပွင့်ကိုရေ၁၀မိနစ်ခန့်စိမ်ပြီးအရင်းကိုဖြတ်ပြီးခပ်သေးသေးချွေထားပါ။
(၂)အိုးတခုတွင်ကျောက်ပွင့်၊ဆွမ်းမွေးရွက်၊ရေနှင့်သကြားခဲထည့် ပြီး မိနစ်၃၀ခန့်မီး အေးအေးဖြင့်ကျိုပါ။
(၃)Wolfberry၊စွန်ပလွံခြောက်နှင့်သစ်တော်သီးကိုအခွံသင်အတုံးလေးများစိတ်ထည့်ပြီး မိနစ်၃၀ခန့်ထည့်ကျိုပါ။
(၄)ကျိုပြီးပါကအပူ သို့ အအေး နှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...