12 April 2016

မုန့်ပျားသလက်


မြန်မာမုန့်လေးတွေကိုမြန်မာပြည်နေချိန်မှာအမှတ်တမဲ့နေခဲ့ကျပေမဲ့အဝေးရောက်သွားတော့မှသတိရပြီးတမ်းတတတ်လာတယ်။ကိုယ်လုပ်တတ်သလောက်လေးလုပ်စားဖြစ်သလိုမတတ်တာလေးတွေကိုလည်းနီးစပ်ရာကိုမေးမြန်ပြီးစမ်းလုပ်စားဖြစ်ခဲ့တယ်။ဒီတခါတော့မြန်မာပြည်ပြန်ရင်းမုန့်ပျားသလက်လုပ်နည်းလေးကိုမုန့်ပျားသလက်ရောင်းတဲ့ဆိုင်မှာသွားပြီးသေသေချာချာအသေးစိတ်မေးပြီးပြန်လာလုပ်စားဖြစ်တာလေးမျှဝေပေးချင်ပါတယ်။မြန်မာမုန့်လေးတွေလုပ်ရာမှာမေးမြန်းပြီးလုပ်ပေမဲ့လို့ချက်ချင်းကြီးမုန့်ကောင်းကောင်းထွက်မလာခဲ့ပါဘူး။အကြိမ်ကြိမ်စမ်းသပ်ရင်းကရလာတဲ့မုန့်အချိုးလေးဖြစ်ပါတယ်။မုန့်နှစ်ကြိတ်တဲ့ခြံနဲ့ကပ်နေလို့သင်ပေးတဲ့ကြိတ်စက်ကအကိုကလည်းစိတ်ရှည်လက်ရှည်သင်ပေးပေမဲ့လို့မုန့်နှစ်စပ်တဲ့ရေအချိုးကိုသူတို့ကလက်မှန်းမျက်မှန်းနဲ့ထည့်ကြတော့ကိုယ်ဘာကိုယ်လိုက်လုပ်ချိန်မှာအခက်အခဲနည်းနည်းရှိပါတယ်။
အရင်ကပြောခဲ့သလိုဘဲဆိုဖီယာအတွက်ခက်ခဲတဲ့အထဲမှာမြန်မာမုန့်လုပ်နည်းလေးတွေလည်းပါပါတယ်။အထူးသဖြင့်မြန်မာမုန့်လုပ်ရာမှာအချိုးအတိအကျသင်မပေးနိုင်တာကအဓိကပြသနာလို့ထင်ပါတယ်။မုန့်လုပ်တဲ့ဆန်အမျိုးအစားနဲ့အစိုအခြောက်ပေါ်မူတည်လို့အချိုးအတိအကျပေးဖို့လည်းခဲရင်းပါတယ်။အခုဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးမျှဝေပေးပါ့မယ်။အနီးစပ်ဆုံးရေကိုလိုတိုးပိုလျော့ထိန်းပြီးလိုက်လုပ်ဖို့လိုအပ်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန်မှုန့် - လေးဘူး(၆၀၀ဂရမ်) (နို့ဆီဘူး)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဆော်ဒါ - တစ်ဇွန်း လ္ဘက်ဇွန်း
ထန်းလျက် - ၁၀၀ ဂရမ်
ရေ - ၆ဘူး (နို့ဆီဘူး)
ရေနွေးပူ - ၃ဇွန်း စားပွဲဇွန်း
ပဲပြုတ် - တစ်ပန်းကန်
နံနံပင် - တစ်စည်း
နှမ်းထောင်း-အနည်းငယ်
အုန်းသီး - တစိတ်
ဆီ - အနည်းငယ်
တွဲဖက်စားရန်
*********
ခရမ်းချဉ်သီးထောင်း

ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်တပြည်ကိုကောက်ညင်းလက်တစ်ဆုပ်ထည့်ပြီးရေစိမ်ကြိတ်ကာစစ်ထားအခြောက်ခံထားသောဆန်မှုန့်ကိုသုံထားခြင်းဖြစ်ပါတယ်။မုန့်ပြုလုပ်ရန်ငစိန်ဆန်ကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်။အခြားဆန်ကိုလည်းအသုံးပြုနိုင်ပေမဲ့ရေနွေးအချိုးကိုအထူးသတိပြုရန်လိုအပ်ပါတယ်။
(၂)ထန်းလျက်ကိုရေနို့ဆီဘူးတဘူးခွဲဖြင့်ကျိုပြီးအမှိုက်စစ်ကာအအေးခံထားပါ။(လုံးဝအေးသည်ထိ)
(၃)မုန့်ပျားသလက်အချိုအဖြူအတွက်ခွဲပြီး မုန့်နှစ်ရည်ဖျော်ရန်ဇလုံနှစ်ခုဖြင့်အချိုအတွ က်ဆန်မှုန့်တဘူးအဖြူအတွက်ဆန်မှုန့်၃ဘူးဆီခွဲထည့်ပါ။
(၄)အချိုအတွက်ဆန်မှုန့်တဘူးတွင်ဆားအနည်းငယ်နှင့်အအေးခံထားသောထန်းလျက်ရည်နို့ဆီဘူးတဘူးခွဲဆော်ဒါလ္ဘက်ဇွန်းလေပုံသုံးပုံထည့်ပြီးမွေထားပါ။
(၅)အဖြူမုန့်နှစ်ဖျော်ရန်ဆန်မှုန့်၃ဘူးတွင်ဆားအနည်းငယ်ဆော်ဒါလ္ဘက်ဇွန်းသုံးပုံတပုံထည့်ပါ။ရေနို့ဆီဘူးလေးဘူးခွဲတွင်ရေနွေးပူပူ၃ဇွန်းရောပြီးမွေပေးကာအဖြူမုန့်နှစ်ရည်ဖျော်ထားပါ။
(၆)ဆန်ကိုရေစိမ်ရေစစ်ပြီးအမှုန့်ကြိတ်သုံးပါကမုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲတန်းပြီးမုန့်လုပ်နိုင်ပါတယ်။ဆန်မှုန့်ခြောက်ကိုအသုံးပြုပါကနာရီဝက်ခန့်နှပ်ထားပေးဖို့လိုအပ်ပါတယ်။
(၇)မုန့်ပြားသလက်ပြုလုပ်ရန်မုန့်နှစ်ရည်အသင့်ဖြစ်ပါနံနံပင်ပဲပြုတ်နှင့်နှမ်းထောင်းတို့ကိုအသင့်ပြင်ထားပါ။
(၈)မုန်ြ့ပားသလက်ပြုလုပ်ရန်အိုးကိုတော့မြေအိုးကိုအသုံးပြုရပါတယ်။ကျင့်ပြီးသားအိုးကိုမီးဖိုတွင်တင်ပြီးအပူပေးထားပါ။
(၉)အိုးပူလာပါကမုန့်နှစ်အဖြူရည်ကိုသမအောင်မွေပေးပြီးယောက်ချိုဖြင့်တဇွန်းခပ်ထည့်ပါ။ပဲပြုတ်နံနံပင်နှင့်နှမ်းထောင်းထည့်ပြီးအဖုံးအုပ်ထားပါ။
(၁၀)မုန့်နှစ်ကျက်ပါကအပေါ်ဖက်မှဆီအနည်းငယ်ပုတ်ပေးပြီးခရမ်းချဉ်သီးထောင်းမပျစ်မကျဲဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
(၁၁)မုန့်အချိုအတွက်အောက်ခံမုန့်နှစ်ရည်အဖြူကိုဇွန်းတဝက်အရင်ထည့်ပါ။ပြီးမှသာအချိုမုန့်နှစ်ရည်အုန်းသီးဆံထည့်ပြီးအဖုံးအုပ်ထားပါ။မုန့်နှစ်ကျက်ပါကဆီပုတ်ပေးပြီထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀မုန့်ပြားသလက်အချိုပြုလုပ်လျှင်အိုးမကပ်စေရန်အောက်ခံအဖြူခံပေးပါ။
❀❀နေရာဒေသအရမြေအိုးရရှိရန်မလွယ်ကူပါကအိုးမကပ်သောဒယ်အသေးလေးတွေအသုံးပြုနိုင်ပါတယ်။
❀❀မြေအိုးအသစ်ကိုအသုံးပြုလိုပါကမုန့်မကပ်စေရန်အိုးကိုမီးဖိုပေါ်တွင်အပူပေးပြီးဆားနှင့်ဆန်ကိုတူးနေအောင်ထည့်လှော်ပေးပြီးအိုးကျင့်ပြီးမှသာအသုံးပြုပါ။မုန့်ပျားသလက်ရောင်းတဲ့သူကတခါတည်းအိုးပါကျင့်ပေးလိုက်လို့မျှဝေပေးတာပါ။
❀❀အသုံးပြုသောဆန်အမျိုးအစားပေါ်မူတည်ပြီးရေနွေးကိုချင့်ချိန်ထည့်ပါ။ဆန်နုဆန်ချောဖြစ်ပါကလျှော့ထည့်ပါ။ရေနွေးပူများလျှင်မုန့်ပျော့ခြင်းမနှပ်ခြင်းများဖြစ်နိုင်ပါတယ်။
❀❀နေရာဒေသအလိုက်မုန့်ပြားသလက်ကိုခရမ်းချဉ်သီးထောင်းအစပ်ခပ်ကျဲကျဲလေးပြုလုပ်ပြီးတွဲဖက်စားလေ့ရှိကြပါတယ်။
❀❀မုန့်ပျားသလက်အချိုကိုဆော်ဒါပိုထည့်ပေးရပြီးအငံတွင်လျော့ထည့်ပါ။အဖြူတွင်ဆော်ဒါများပါကမုန့်အရောင်ဝါသွားတတ်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

10 April 2016

Rasmalai


အိန္ဒိယနို့မလိုင်လုံး

အိန္ဒိယအချိုမုန့်မလိုင်လုံးပုံစံအမျိုးမျိုးကိုတော့
ငယ်ငယ်ကတည်းကအမြဲဝယ်စားဖြစ်ပါတယ်။အိမ်သားအားလုံးလည်းကြိုက်နှစ်သက်ကြလို့လုပ်စားဖြစ်တာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(၁၅လုံး)
********
နွားနို့ - တစ်ပိသာ (Fresh Milk )
သံပုရာရည် - ၃ဇွန်း စားပွဲဇွန်း
သကြား - ၂ခွက်
ရေ - ၃ခွက်ခွဲ
ရေခဲ - ၁၂ တုံး
ဖာလာစေ့ - ၃ စေ့
နို့မလိုင်ပျစ်ပျစ် - ၁ခွက်
ပြုလုပ်နည်း
*******
(၁)နွားနိ့ကိုအိုးတခုတွင်ထည့်ပြီးဆူပွက်အောင်တည်ပါ။
(၂)ဆူပွက်လာပါကမီးကိုလျှော့ချပြီးသံပုရာရည်ထည့်ကာသမအောင်မွေပေးပါ။
(၃)နို့နှင့်ရေကွဲသွားပါကမီးကိုပိတ်လိုက်ပါ။
(၄)နို့ခဲလေးများမာမသွားစေ၇န်ေ၇ခဲတုံးလေးများထည့်ပေးပါ။
(၅)ပြီးလျှင်ပိတ်စပါးတခုခံပြီးနို့ဖက်များကိုစစ်ချပြီးရေလောင်းဆေးပေးပါ။
ရေခြောက်အောင်ညစ်ပြီးပန်းကန်တခုတွင်ထည့်ပြီးချောမွေ့လာသည်ထိနယ်ပေးပါ။
(၆)ချောမွေ့လာပါကအလုံးလေးများကျစ်နေအောင်လုံးပေးပါ။
(၇)အိုးတခုတွင်သကြားနှင့်ရေကိုဖာလာစေ့အနည်းငယ်ထည့်ပြီးဆူပွက်အောင်တည်ပေးပါ။
(၈)ဆူပွက်ပါကချောမွေ့အောင်လုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးအဖုံးပိတ်ကာ၅မိနစ်ခန့်ပွက်အောင်တည်ပါ။
(၉)၅မိနစ်ခန့်ဆူပွက်ပြီးပါကမီးလျော့ကာ၅မိနစ်ခန့်ဆက်တည်ပေးပါ။
မလိုင်လုံးများ၂ဆခန့်ဖြစ်လာပါကမီးပိတ်အအေးခံကာမလိုင်ကျအောင်ကျိုချက်ထားသောနို့ပျစ်ပျစ်တွင်စိမ်ထားပြီးတည်ခင်းသုံးေ ဆာင်နိုင်ပါပြီ။
❀❀အချိုနှစ်သက်ပါကနို့မလိုင်တွင်သကြားနှစ်ဇွန်းခန့်ထည့်ကျိုပေးပါ။
❀❀Rasgullaပြုလုပ်လိုပါကသကြားရည်သီးသန့်ကျိုပြီးစိမ်ထားပေးနိုင်ပါတယ်။
❀❀ မိမိနှစ်သက်ရာစပျစ်ခြောက်သစ်သီးခြောက်ထည့်ပြီးလည်းတည်ခင်းနိုင်ပါတယ်။
.....................
Sofia
http://sofiafoodparadise.blogspot.com

သရက်သီးသနပ်(အခြောက်)


Spicy Dry Mango Pickle

နေရာဒေသအလိုက်အသီးအနှံတို့ကိုကြာရှည်ခံသိမ်းဆည်းသုံးဆောင်နိုင်အောင်အမျိုးမျိုးစီမံပြုလုပ်လေ့ရှိကြပါတယ်။
သရက်သီးသနပ်ကိုအစိမ်းသနပ်အခြောက်သနပ်အချိုအစပ်ချဉ်ငံစပ်အရသာအမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။ခုလုပ်ထားတာတော့အခြောက်ကိုအိအိလေး နဲ့ချိုချဉ်စပ်လေးပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
သရက်သီးခြောက် - တစ်ကီလို
သကြား/ပျားရည် - ၅ဇွန်း
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
မဆလာ - ၂ဇွန်း (သနပ်မဆလာ)
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
မုန်ညင်းစေ့-တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သရက်သီးခြောက်ကိုဆားများပြောင်စင်အောင်ဆေးပြီးရေစစ်ထားကာလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၂)ပေါင်းအိုးတခုတွင်ရေထည့်ပြီးဆူပွက်အောင်တည်ထားပါ။
(၃)ရေဆူပွက်ပါကသရက်သီးကိုအပူခံသောဇကာဘမ်းတွင်ထည့်ပြီးဆယ်မိနစ်ခန့်ပေါင်းပေးပါ။
(၄)ပေါင်းပြီးပါကထုတ်ယူကာအအေးခံ ထားပါ။
(၅)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၆)အိုးတခုတွင်ဆီပူအောင်တည်ပြီးအရောင်တင်၊မုန်ညင်းစေ့၊မဆလာဆီသပ်ပါ။သကြားသို့မဟုတ်ပျားရည်ထည့်ပြီးပျော်အောင်မွေပေးကာမီးပိတ်ပြီးကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းထည့်ပါ။
(၇)အသင့်ပေါင်းထားသောသရက်သီးထ ည့်ပြီးသမအောင်မွေကာအအေးခံထားပါ။
(၈)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ကာတရက်နှပ်ထားပါ။
(၉)ဒုတိယမြောက်ရက်တွင်ဆီကိုကျက်အောင်ချက်ပြီးမျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ကာပုလင်းကိုလေလုံအောင်ပိတ်ပြီးထားပါ။
(၁၀)နှစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာဇွန်းသန့်သန့်ဖြင့်လိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀သရက်သီးခြောက်မှာဆားနယ်ပြီးခြောက်ထား၍ဆားကိုပြောင်စင်အောင်ဆေးပြီးလိုအပ်မှသာဆားအနည်းငယ်ထည့်ပေးပါ။
❀❀ရေနွေးငွေ့ဖြင့်မပေါင်းဘဲရေနွေးဆူဆူ တွင်လည်းထည့်ဖျောနိုင်ပါတယ်။
❀❀ပြုလုပ်ပြီးတရက်ကိုအခြောက်နှပ်ထားပြီးအရသာဝင်မှသာလျှင်ဆီကိုမျက်နှာပြင်ဖုံးအောင်ထည့်ပြီးနှပ်ပါ။
...............
Sofia
http://sofiafoodparadise.blogspot.com

နွားနို့ခဲပြုလုပ်နည်း



နွားနို့ခဲဆိုရင်အညာဘက်ကနို့ခဲကပိုစားကောင်းပြီးနို့ခဲစစ်စစ်ကိုရတတ်ပါတယ်။အညာမှာတော့နို့ခဲပြုလုပ်ရန်အတွက်မရိုးရွက်ကိုအသုံးပြု ပြီးပြုလုပ်ကြပါတယ်။နွားနို့ခဲပြုလုပ်နည်းကိုတော့လူကြီးမိဘတွေနဲ့နည်းစပ်ရာတွေကိုမေးမြန်းပြီးသိထားပေမဲ့လို့ကိုယ်တိုင်တော့အခုမှဘဲလုပ်ဖြစ်ခဲ့တာပါ။နို့ခဲစစ်စစ်ကိုကိုယ်တိုင်စမ်းသပ်ပြုလုပ်စားသုံးချင်သောအိမ်ရှင်မများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
နွားနို့စစ်စစ် - တစ်ပိသာ
မရိုးရွက် - ၃ရွက် (လပ်ဆပ်သော)
ပိတ်စပါး- တစ်ထည်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သန့်ရှင်းသောအိုးတခုတွင်နွားနို့ကိုထည့်ပါ။
(၂)မရိုးရွက်၃ရွက်ကိုရေဆေးပြီးအနည်းငယ်ထုခြေပေးကာနွားနို့အိုးထဲသို့ထည့်မွေပေးပါ။(အရွက်များမကျန်ခဲ့စေရန်ပိတ်စပါးတခုဖြင့်ထုပ်ပြီးထည့်ပါ)
(၃)ပြီးလျှင်မီးဖိုပေါ်တွင်ပုံမှန်မီးအနေအထားဖြင့်ကျိုပါ။အိုးမကပ်စေရန်ယောက်မဖြင့်အ ဆက်မပျက်မွေပေးပါ။
(၄)နို့များစတင်ပူလာပြီးအငွေ့ထွက်လာသည်နှင့်ထည့်ထားသောမရိုးရွက်ကိုဆယ်ထုတ်ပြီးဆူပွက်သည်ထိဆက်မွေပေးပါ။
(၅)စတင်ဆူပွက်သည်နှင့်တပြိုင်တည်းနွားနို့မှာအရည်နှင့်အဖတ်ကွဲထွက်လာပါမယ်။
(၆)ကွဲသွားသောနို့ကိုပိတ်စပါးပါးတခုတွင်လောင်းထည့်ပြီးအပေါ်ပိတ်စကိုစုချည်ကာအရည်များကိုစစ်ထားပါ။
(၇)အရည်စစ်သွားသောနို့ခဲထုပ်ကိုကျစ်နေအောင်စုစည်းပြီးအလေးတခုဖြင့်တညသို့မဟုတ်မာခဲသွားသည်ထိဖိထားပေးပါ။
(၈)မာခဲသွားသောနို့ခဲကိုအဝတ်ထဲမှထုတ်ယူပြီးအကင်စက်သို့မဟုတ်ဇကာညပ်ပေါ်တင်ကာအပေါ်ယံမျက်နှာပြင်အရောင်ရသည်ထိမီးကင်ပေးပါ။
(၉)ရရှိလာသောနို့ခဲစစ်စစ်ကိုချက်စားကြော်စားမိမိနှစ်သက်သလိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀နို့အပျစ်အကျဲပေါ်မူတည်ပြီးထွက်ရှိလာသောနို့ခဲပမာဏကွာခြားပါမယ်၊
❀❀နွားနို့တပိသာတွင်ပျမ်းမျှ၂၀-၃၀ကျပ်သားဝန်းကျင်သာရရှိပါမယ်။
❀❀နွားနို့တပိသာတွင်မရိုးရွက်သုံးရွက်ခန့်သာအသုံးပြုပါ။မရိုးရွက်များလျှင်ခါးသက်သောအရသာထွက်ပါတယ်။
❀❀ရရှိလာသောနို့ခဲကိုတာရှည်အထားခံစေရန်ဆားရည်ဖြင့်ပြုတ်ပြီးမီးကင်ကာသိမ်းဆည်းထားနိုင်ပါတယ်။
❀❀ပုံတွင်ပြထားသောနို့ခဲမှာနို့သုံးပိသာစာဖြစ်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

ကြံမဆိုင်ဟင်းချို


 Sour Mustard Pickle with Vegetable Soup

သီးနှံအစုံနဲ့အသားငုံးဥအစုံပါတဲ့ချဉ်ချဉ်မွေးေ မွးဟင်းချိုလေးကိုတော့မြန်မာပြည်မှာကြံမဆိုင်ဟင်းချိုရယ်လို့လူသိများတဲ့ဟင်းတခွက်ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီးအဆီနည်းအားလည်းဖြစ်စေမဲ့ဟင်းတခွက်ကိုစားတော်ဆက်အတော်များများမှာလည်းမှာယူသုံးဆောင်နိုင်ပါတယ်။
ဒီလှပတဲ့ဟင်းလေးတပွဲဖြစ်မြောက်အောင်လိုအပ်တာတွေအစစကူညီပေးခဲ့တဲ့ဆိုဖီယာ့အန်တီကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေ....လွယ်ကူမြန်ဆန်အရသာရှိတဲ့ဟင်းချိုလေးကိုချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကြက်ပြုတ်ရည် - တပန်းကန်လုံး
ကြက်သား - အနည်းငယ်
ငုံးဥ - ၅လုံး
ပဲပြား - တဝက်
မုန်ညင်းဖြူ -တခက်
ပန်းမုန်လာ - အနည်းငယ်
ပန်းစိမ်း - အနည်းငယ်
မုန်လာဥနီ - အနည်းငယ်
ဘိုစားပဲ - အနည်းငယ်
ဆန်ပြားခေါက်ဆွဲ - တစ်ချပ်
ကြံမဆိုင် - ၁၀၀ ဂရမ်
ခရမ်းချဉ်သီး - တစ်လုံး
ရွှေပဲ - ၅တောင့်
ချဉ်စပ်ငရုပ် - တစ်ဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်သွန်မိတ် - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာကြက်ပြုတ်ရည်တပန်းကန်စာကိုအိုးထဲသို့ထည့်ပါ။(ကြက်ပြုတ်ရည်အစားReadyMake Chicken Stock ကိုသုံးနိုင်ပါတယ်)
(၂)ပါဝင်သောသီးနှံအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
(၃)ကြက်သားကိုသေးသေးစိတ်ထားပြီးငုံးဥကိုသီးသန့်ပြုတ်ကာအခွံသင်ထားပါ။
(၄)ရေဆေးသန့်စင်ထားသောသီးနှံကြက်သားငုံးဥပဲပြားကြံမဆိုင်တို့ကိုကြက်ပြုတ်ရေတွင်ထည့်တည်ပါ။
(၅)ဆန်ပြားကိုအနေတော်အပြားလှီးပြီးဆူပွက်နေသောဟင်းချိုအိုးတွင်ထည့်ပါ။
(၆)ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။
(၇)သီးနှံကျက်ပါကမီးပိတ်ကာပန်းကန်တွင်ထည့်ပါ။အပေါ်မှကြက်သွန်မြိတ်နှင့်ကြက်သွန်ဖြူဆီချက်အနည်းငယ်ထည့်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သီးနှံများဝါပြီးပျော့မသွားစေရန်အတွက်ဟင်းချိုအိုးပွက်ကာသီးနှံကျက်ပါကမီးပိတ်ပြီးမီးဖိုမှချပါ။
❀❀ကြံမဆိုင်ဖတ်တွင်အငံပါပြီးသားဖြစ်၍ဆားကိုလိုအပ်မှသာဖြည့်စွက်ပေးပါ။
............
Sofia
http://sofiafoodparadise.blogspot.com

၁၂မျိုးဟင်းချို

 Assorted Vegetable Soup

သီးနှံအစုံနဲ့အသားကြက်ဥငုံးဥအစုံပါတဲ့ဟင်းချိုလေးကိုတော့မြန်မာပြည်မှာ၁၂မျိုးဟင်းချိုရယ်လိုနာမည်ကြီးလူသိများတဲ့ဟင်းတခွက်ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီးအဆီနည်းအားလည်းဖြစ်စေမဲ့ဟင်းတခွက်ကိုစားတော်ဆက်အတော်များများမှာလည်းမှာယူသုံးဆောင်နိုင်ပါတယ်။
ဒီလှပတဲ့ဟင်းလေးတပွဲဖြစ်မြောက်အောင်လိုအပ်တာတွေအစစကူညီပေးခဲ့တဲ့ဆိုဖီယာ့အန်တီကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေ....လွယ်ကူမြန်ဆန်အရသာရှိတဲ့ဟင်းချိုလေးကိုချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကြက်ပြုတ်ရည် - တပန်းကန်လုံး
ကြက်သား - အနည်းငယ်
ငုံးဥ - ၅လုံး
ကြက်ဥ - တစ်လုံး
ပဲပြား - တဝက်
မုန်ညင်းဖြူ -တခက်
ပန်းမုန်လာ - အနည်းငယ်
ပန်းစိမ်း - အနည်းငယ်
မုန်လာဥနီ - အနည်းငယ်
ဘိုစားပဲ - အနည်းငယ်
မြူစွမ်ခြောက် - ၂ခွေ
ခရမ်းချဉ်သီး - တစ်လုံး
ရွှေပဲ - ၅တောင့်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်သွန်မိတ် - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - အနည်းငယ်
ငရုပ်ကောင်း - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာကြက်ပြုတ်ရည်တပန်းကန်စာကိုအိုးထဲသို့ထည့်ပါ။(ကြက်ပြုတ်ရည်အစားReadyMake Chicken Stock ကိုသုံးနိုင်ပါတယ်)
(၂)ပါဝင်သောသီးနှံအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
(၃)ကြက်သားကိုသေးသေးစိတ်ထားပြီးငုံးဥကိုသီးသန့်ပြုတ်ကာအခွံသင်ထားပါ။
(၄)ရေဆေးသန့်စင်ထားသောသီးနှံကြက်သားငုံးဥပဲပြားတို့ကိုကြက်ပြုတ်ရေတွင်ထည့်တည်ပါ။
(၅)ရေနွေးအိုးတခုတွင်မြူစွမ်ကိုသီးသန့်ရေနွေးဖျောထားပြီးဆူပွက်နေသောဟင်းချိုအိုးတွင်ထည့်ပါ။
(၆)ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။
(၇)သီးနှံကျက်ပါကကြက်ဥကိုခေါက်ပြီးဆူပွက်နေသောဟင်းချိုအိုးတွင်ဖြည်းဖြည်းဆီလောင်းထည့်ပါ။
(၈)မီးပိတ်ကာပန်းကန်တွင်ထည့်ပါ။အပေါ်မှကြက်သွန်မြိတ်နှင့်ကြက်သွန်ဖြူဆီချက်ငရုပ်ကောင်းအနည်းငယ်ထည့်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ သီးနှံများဝါပြီးပျော့မသွားစေရန်အတွက်ဟင်းချိုအိုးပွက်ကာသီးနှံကျက်ပါကမီးပိတ်ပြီးမီးဖိုမှချပါ။

............
Sofia
http://sofiafoodparadise.blogspot.com

မုန်လာဥထမင်း

Carrot Rice
ထမင်းချက်နည်းအများကြီးရှိတဲ့ထဲကမုန်လာဥထမင်းလေးကသတ်သတ်လွတ်လည်းဖြစ်ချက်ရလွယ်ကူပြီးအဆီပြီးအဆီအစိမ့်နည်းကာစားနေကျနဲ့မတူတမူထူးခြားတဲ့အရသာလေးကိုရရှိစေမှာဖြစ်ပါတယ်။
သတ်သတ်လွတ်စားသုံးသူများနှင့်အိမ်ရှင်မများနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ချက်ကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း (၁၀ပွဲစာ)
********
ဆန်(Basmati) - ၅ခွက် (ဆန်ချိန်ခွက် )
ကြက်သွန်နီဥသေး - ဆယ်လုံး
မုန်လာဥနီ အကြီး - ၄တောင့်
နံနံပင် - လက်တစ်ဆုပ်
ပူစီနံ - လက်တစ်ဆုပ်
မြေပဲ /သီဟိုစေ့/ စပျစ်ခြောက် - တစ်ခွက်
ရေ - ၁၀ခွက်
အရောင်တင်မှုန့် - နှစ်ဇွန်း (စားပွဲဇွန်း)
ဒန်ပေါက်မဆလာ - နှစ်ဇွန်း
ဆား - တစ်ဇွန်း
သကြား - တစ်ဇွန်း
ထောပတ်/ဆီ - အနည်းငယ်
ဆီသပ်ရန်
*******
ဆီ - ခွက်တဝက်
ဆီသပ်ရွက် - တစ်ခက်
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း (စားပွဲဇွန်း)
သစ်ဂျပိုးခေါက် - ၂ချောင်း
ကရဝေရွက် - ၃ရွက်
ဖာလာ - ၅စေ့
လေးညင်း - ၅စေ့
တွဲဖက်စားရန်အချဉ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာဆန်ကိုရေဆေးသန့်စင်ပြီးနာရီဝက်ခန့်ရေစိမ်ထားပါ။
(၂)မုန်လာဥကိုရေဆေးသန့်စင်ပြီးခြစ်ထားပါ။
ဂျင်းကြက်သွန်ဖြူထောင်းထား ပါ။နံနံပင်ပူစီနံတို့ကိုသန့်စင်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကထမင်းချက်မည့်အိုးတွင်ဆီထည့်ပြီးမြေပဲဆံသီဟိုဠ်စေ့ကိုကြော်ပြီးဖယ်ထားပါ။ဆီသပ်ရွက်ကရဝေးသစ်ဂျပိုးဖာလာလေးညင်းတို့ကိုဆီသပ်ပါ။ဂျင်းကြက်သွန်ဖြူထည့်ပါ။
(၄)ဆီသပ်နံ့မွေးလာပါကခြစ်ထားသောမုန်လာဥကိုထည့်ကြော်ပါ။
အရောင်တင်ငရုပ်သီးမှုန့်မဆလာထည့်ပါ။ပူစီနံနှင့်နံနံပင်ထည့်ပါ။
(၅)အားလုံးသမအောင်မွေပေးကာရေစိမ်ထားသောဆန်ကိုဇကာဖြင့်စစ်ပြီးထည့်ပါ။သမအောင်မွေပြီးဆားနှင့်သကြားထည့်ပါ။
ရေ၁၀ခွက်ကိုချိန်ထည့်ပြီးအရသာအပေါ့အ ငံမြည်းပါ။ဆူပွက်ပါကမီးလျော့ပြီးရေခမ်းချက်ပါ။
(၆)ရေခမ်းပါကစပျစ်ခြောက်သီဟိုစေ့ကိုထည့်ပြီးမီးကိုအသေးဆုံးထိလျော့ချကာထမင်းနှပ်အောင်ချက်ပြီးမီးပိတ်ထားပါ။
(၇)ထောပတ်ကိုအပူပေးပြီးထမင်းအိုးတွင်အနည်းငယ်ဆီဖြန့်ထည့်ပြီးသမအောင်ဖွဖွမွေပေးပြီးပူစီနံနံနံပင်သေးသေးစိတ်ထည့်ကာသခွားသီးကြက်သွန်နီအချဉ်သုပ်၊သရက်သီးသနပ်သံပုရာသီးသနပ်နှစ်သက်ရာအချဉ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀ပေါင်းအိုးဖြင့်ချက်လိုပါကအားလုံးဆီသပ်ပြီးပါကရေမထည့်ခင်ပေါင်းအိုးဖြင့်ပြောင်းပြီးရေထည့်ကာခလုတ်နှိပ်ချက်ပါ။
❀❀ဆန်BasmatiRiceဖြစ်၍ဆန်၅ခွက်လျှင်ရေဆယ်ခွက်သုံးနိုင်ပါတယ်။
❀❀သတ်သတ်လွတ်မဟုတ်ဘဲနှစ်သက်ရာအမဲနှပ်ကြက်သားနှပ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါတယ်။
❀❀ထောပတ်ဖြင့်ထမင်းကိုသမအောင်မွေချိန်တွင်ဆန်လုံးမပျက်အောင်အထူးဂရုပြုပါ။
❀❀ခွက်ချိန်အားလုံးမှာပေါင်းအိုးဆန်ချိန်ခွက်ဖြစ်ပါတယ်။
❀❀ပေါင်းအိုးဆန်ချိန်ခွက်၂ခွက်လျှင်နို့ဆီဘူးတစ်ဘူးနှင့်ညီမျှပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...