10 April 2016

Rasmalai


အိန္ဒိယနို့မလိုင်လုံး

အိန္ဒိယအချိုမုန့်မလိုင်လုံးပုံစံအမျိုးမျိုးကိုတော့
ငယ်ငယ်ကတည်းကအမြဲဝယ်စားဖြစ်ပါတယ်။အိမ်သားအားလုံးလည်းကြိုက်နှစ်သက်ကြလို့လုပ်စားဖြစ်တာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(၁၅လုံး)
********
နွားနို့ - တစ်ပိသာ (Fresh Milk )
သံပုရာရည် - ၃ဇွန်း စားပွဲဇွန်း
သကြား - ၂ခွက်
ရေ - ၃ခွက်ခွဲ
ရေခဲ - ၁၂ တုံး
ဖာလာစေ့ - ၃ စေ့
နို့မလိုင်ပျစ်ပျစ် - ၁ခွက်
ပြုလုပ်နည်း
*******
(၁)နွားနိ့ကိုအိုးတခုတွင်ထည့်ပြီးဆူပွက်အောင်တည်ပါ။
(၂)ဆူပွက်လာပါကမီးကိုလျှော့ချပြီးသံပုရာရည်ထည့်ကာသမအောင်မွေပေးပါ။
(၃)နို့နှင့်ရေကွဲသွားပါကမီးကိုပိတ်လိုက်ပါ။
(၄)နို့ခဲလေးများမာမသွားစေ၇န်ေ၇ခဲတုံးလေးများထည့်ပေးပါ။
(၅)ပြီးလျှင်ပိတ်စပါးတခုခံပြီးနို့ဖက်များကိုစစ်ချပြီးရေလောင်းဆေးပေးပါ။
ရေခြောက်အောင်ညစ်ပြီးပန်းကန်တခုတွင်ထည့်ပြီးချောမွေ့လာသည်ထိနယ်ပေးပါ။
(၆)ချောမွေ့လာပါကအလုံးလေးများကျစ်နေအောင်လုံးပေးပါ။
(၇)အိုးတခုတွင်သကြားနှင့်ရေကိုဖာလာစေ့အနည်းငယ်ထည့်ပြီးဆူပွက်အောင်တည်ပေးပါ။
(၈)ဆူပွက်ပါကချောမွေ့အောင်လုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးအဖုံးပိတ်ကာ၅မိနစ်ခန့်ပွက်အောင်တည်ပါ။
(၉)၅မိနစ်ခန့်ဆူပွက်ပြီးပါကမီးလျော့ကာ၅မိနစ်ခန့်ဆက်တည်ပေးပါ။
မလိုင်လုံးများ၂ဆခန့်ဖြစ်လာပါကမီးပိတ်အအေးခံကာမလိုင်ကျအောင်ကျိုချက်ထားသောနို့ပျစ်ပျစ်တွင်စိမ်ထားပြီးတည်ခင်းသုံးေ ဆာင်နိုင်ပါပြီ။
❀❀အချိုနှစ်သက်ပါကနို့မလိုင်တွင်သကြားနှစ်ဇွန်းခန့်ထည့်ကျိုပေးပါ။
❀❀Rasgullaပြုလုပ်လိုပါကသကြားရည်သီးသန့်ကျိုပြီးစိမ်ထားပေးနိုင်ပါတယ်။
❀❀ မိမိနှစ်သက်ရာစပျစ်ခြောက်သစ်သီးခြောက်ထည့်ပြီးလည်းတည်ခင်းနိုင်ပါတယ်။
.....................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...