12 March 2017

အင်ဥဟင်း

အင်ဥကိုခရမ်းချဉ်သီးကြက်သွန်အနှစ်နဲ့ကြော်ချက်ချက်အချိုချက်လေးချက်စားဖြစ်တာများပါတယ်။ဒီတခါတော့ရှမ်းပြည်မှာစားခဲ့ဖူးတဲ့ပုံစံသစ်တမျိုးနဲ့ဖက်ဖယ်ရွက်လေးနဲ့ရောလို့စပ်စပ်လေးကြော်ချက်ချက်ထားပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
အင်ဥ - ၂၀၀ဂရမ်
ခရမ်းချဉ်သ်ီး - ၂လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ၁၀တောင့်
ဖက်ဖယ်ရွယ် - လက်တဆုပ်
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)ဦးစွာအင်ဥကိုသဲစင်အောင်ဆေးပြီးထပ်ခြမ်းခြမ်းသို့မဟုတ်ခပ်သေးသေးအကွင်းစိတ်ထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးကြက်သွန်ပါးပါးလှီးထားပါ။
(၃)ကြက်သွန်ဖြူနှင့်ငရုပ်သီးစိမ်းကိုရောထောင်းထားပါ။
(၄)ဖက်ဖယ်ရွက်ကိုရေဆေးသန့်စင်ကာသေးသေးစိတ်ပါ။
(၅)အားလုံးအသင့်ဖြစ်ပါအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်နီဆီသပ်ပါ။
(၆)နနွင်းအရောင်တင်ထည့်ပြီးခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးခရမ်းချဉ်သီးကြေညက်အောင်မွေပေးပါ။
(၇)ခရမ်းချဉ်သီးကြေညက်ပါကကြက်သွန်ဖြူ ငရုပ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။အင်ဥလှီးထားသည်ကိုထည့်ပြီးကြော်ပါ။ရေကိုအနည်းငယ်ဆီထည့်ပေးပါ။
(၈)အင်ဥကျက်ပါကဖက်ဖယ်ရွက်ထည့်ပါ၊
(၈)လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးအရသာအပေါ့အငံမြည်းကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

.........
Sofia
http://sofiafoodparadise.blogspot.com

10 March 2017

မလေးရှားချဉ်စပ်ခေါက်ဆွဲ

Assam Laksa >> Penang Laksa
Hot and Sour Noodle in Fish Soup
မလေးရှားချဉ်စပ်ခေါက်ဆွဲAsam Laksa ကိုမလေး ရှားနဲ့စင်္ကာပူမှာနေရာဒေသအလိုက်ပြင်ဆင်ချက်ပြုတ်ကြပုံချင်းအနည်ငယ်ကွဲပြားကြပါတယ်။ခုချက်ထားတဲ့နည်းကတော့မလေးရှားပီနန်းဒေသမှချက်နည်းပုံစံလေးဘဲဖြစ်ပါတယ်။စားနေကျနဲ့မတူတမူထူးခြားစွာတည်ခင်းလိုသောအိမ်ရှင်မများနှင့်ဝါသနာရှင်များအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးကွင်းရှပ်/ငါးပါးနီ - ၅၀၀ ဂရမ်
ဂျင်း - လက်နှစ်ဆစ်
Asam (ချဉ်စော်ခါးသီးခြောက်) - ၅ဖတ်
မန်ကျည်းမှည့် - လက်တစ်ဆုပ်
ရေ -၆ခွက် (တလီတာခွဲ)
မိတ်တလင်ဖူး - ၂ဖူး
ဖက်ဖယ်ရွက် (Laksa Leave )-၅ပင်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား- ၃ဇွန်း
ငရုပ်သီးခြောက် - ၁၅တောင့်
ပုဇွန်ငါးပိ - ၂ဇွန်း စားပွဲဇွန်း
စပါးလင် - ၂ချောင်း
ငရုတ်သီးစိမ်း - ၄တောင့်
ကြက်သွန်နီဥသေး - ၈လုံး
မုန့်တီ (နန်းလတ် ) - ၅၀၀ ဂရမ်
အလှဆင်ရန်
ပူစီနံအရွက်ချွေ
နာနတ်သီး
သခွားသီးအမျှင်
ကြက်သွန်နီပါးပါးစိတ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာငါးကိုရေဆေးသန့်စင်ပြီးဂျင်း၊ဆား၊ချဉ်စော်ခါးသီးခြောက်နှင့်ရေထည့်ပြီးအဖုံးအုပ်ကာငါးနူးအောင်ပြုတ်ထားပါ။
(၂)ငါးနူးပါကဆယ်ယူပြီးအရိုးမှားနွင်ထားပါ။အိုးထဲမှအဖတ်များဆယ်ယူပြီးငါးပြုတ်ရည်ဟင်းရည်ချက်ရန်ဖယ်ထားပါ။
(၃)ငါးပိကိုမီးကင်ထားပါ။
ငရုတ်သီးခြောက်ကိုရေစိမ်ထားပြီးပွလာပါကကြက်သွန်နီ၊ငရုပ်သီးခြောက်၊ငါးပိ၊ငရုတ်သီးစိမ်း၊စပါးလင်အတွင်းပိုင်းကိုနုတ်နုတ်စိတ်ထားသည်တို့ကိုကြိတ်စက်ဖြင့်ညက်အောင်ကြိတ်ပါ။
(၄)ဟင်းရည်ချက်မည့်အိုးတွင်ကြိတ်ထားသည်များကိုထည့်ပါ။ငါးပြုတ်ရည်ကိုထည့်တည်ပါ။မိတ်တလင်ဖူးကိုထပ်ခြမ်းခြမ်းထည့်ပါ။
(၅)ဆူပွက်ပါကမန်ကျည်းမှည့်အနှစ်၊ဆား၊သကြားတို့ကိုထည့်ပါ။ဖက်ဖယ်ရွက်ကိုရေဆေးသန့်စင်ပြီးအရွက်ခြွေထည့်ပါ။
(၆)အရသာအပေါ့အငံမြည်းပြီးမီးပိတ်ကာသုံးဆောင်ရန်ချဉ်စပ်ဟင်းရည်အသင့်ဖြစ်ပါပြီ။
(၇)မုန့်တီဖတ်ကိုရေနွေးဖျောပြီးပန်းကန်တွင်ထည့်ပါ။ချဉ်စပ်ဟင်းရည်ခပ်ထည့်ပြီးအပေါ်မှကြက်သွန်ပါးပါးလှီး၊သခွားသီးအမျှင်၊နာနတ်သီးအမြောင်းနှင့် ပူစီနံတို့ထည့်ပြီးတည်ခင်သုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

7 March 2017

မလေးရှားအာလူးကတ်တလိတ်

(Malaysian Deep Fried Potato Patty)
Begedil
နေရာဒေသအလိုက်အာလူးကတ်တလိတ်ကိုပုံစံအမျိုးမျိုးပြုလုပ်သုံးဆောင်ကြတဲ့အထဲကမလေးရှားအာလူးကြော်နည်းလေးမျှဝေပေးချင်ပါတယ်။စင်္ကာပူမလေးရှားမှာတော့နေရာတိုင်းလိုလိုအလွယ်တကူရရှိနိုင်ပြီးထမင်းနဲ့တွဲဖက်စားကြသလိုခေါက်ဆွဲနဲ့လည်းတွဲဖက်သုံးဆောင်ကြပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
အာလူး - ၅၀၀ ဂရမ်
ကြက်သွန်ကြော် - ၅၀ဂရမ်
နံနံပင် - ၃ပင်
ပုဇွန်ခြောက် - ၃ဇွန်း
ဇီယာ - တစ်ဇွန်း - လ္ဘက်ဇွန်း
နံနံစေ့ အမှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ကြက်ဥ - နှစ်လုံး
ဂျုံမှုန့် - ၂ဇွန်း
ပြောင်းမှုန့် - တစ်ဇွန်း
ကြော်ရန် ဆီ
ပြင်ဆင်ပြုလုပ်ပုံ
************
1.အာလူးကိုရေဆေးသန့်စင်ပြီးအခွံသင်ကာအနေတော်အတုံးလေးများစိတ်ထားပါ။
2.အိုးထဲတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါက စိတ်ထားသောအာလူးတုံးလေးများကိုထည့်ကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
3.ဆီစစ်သွားသောအာလူးနှင့်အတူကြက်သွန်ကြော်၊နံနံပင်၊ဇီယာ၊နံနံစေ့အမှုန့်၊ဆား၊ငရုပ်ကောင်းတို့ကိုထည့်ပြီးကြေ ညက်အောင်ကြိတ်ပေးပါ။ပုဇွန်ခြောက်ရေစိမ်သေးသေးစိတ်ထည့်ပါ။(နှစ်သက်ရာအသားလည်းထည့်နို င်ပါတယ်)
အရသာအပေါ့အငံမြည်းပါ။
4.ပန်းကန်တခုတွင်ဂျုံမှုန့်နှင့်ပြောင်းဖူးမှုန်ရောပြီးသမအောင်မွေထားပါ။ကြက်ဥ၂လုံးကိုခေါက်ထားပါ။
5.အားလုံးအသင့်ဖြစ်ပါကကြိတ်ထားပြီးသားအာလူးအရောကိုအရွယ်တူအလုံးလေးများလုံးပြီး အနည်းငယ်ဖိပြားပေးပါ။
6.ဂျုံပြောင်းမှုန့်အရောတွင်နှစ်ဖက်ကိုအမှုန့်ကပ်ပေးပြီးပန်းကန်တွင်ကြော်ရန်အသင့်ပြုလုပ်ထားပါ။
7.ဆီအိုးကိုအပူပေးပါ။ဆီပူလာလျှင်အမှုန့်ကပ်ပြီးသားအာလူးကိုကြက်ဥနစ်ပြီးဆီပူတွင်ချကြော်ပါ။
8.နှစ်ဘက်လုံးရွှေဝါရောင်သမ်းပြီးကြွပ်လာပါကဆယ်ယူဆီစစ်ကာထမင်း၊ခေါက်ဆွဲတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
..............
Sofia
http://sofiafoodparadise.blogspot.com

5 March 2017

ပဲခေါက်ဆွဲ

Black Bean Noodles
ကိုးရီးယားပဲခေါက်ဆွဲကိုကိုးရီးယားကားတွေထဲစားနေတာဘဲမြင်ဖူးတာမို့အရသာသစ်တခုကိုမြည်းစမ်းကြည့်ချင်လို့ချက်စားဖြစ်ခဲ့တာလေးပါ။ချက်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာတမျိုးနဲ့စွဲမက်ဖွယ်ပဲခေါက်ဆွဲကိုချက်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း(၄ပွဲစာ)
*********
ဂျုံခေါက်ဆွဲ - တစည်း
ကြက်သား- ၃၀၀ ဂရမ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်- အနည်းငယ်
ပဲငပိအမဲအနှစ်(ကိုးရီးယား)- ၁၅၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
ဖရုံသခွား - တစ်စိတ်
ဂေါ်ဖီထုပ် - အနည်းငယ်
အာလူး(အကြီး)- တစ်လုံး
မှို(button mushroom) - ၅လုံး
မုန်လာဥနီ- တစ်စိတ်
ကြက်ပြုတ်ရည် - ၃၅၀ml
ငရုပ်ကောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဂျင်းမှုန့် - ၂ဇွန်းစားပွဲဇွန်း
ဆန်ဗီနီဂါ- ၃ဇွန်း စားပွဲဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့်- ၃ဇွန်းစားပွဲဇွန်း
ရေ - နှစ်ဇွန်း
ဆီ- အနည်းငယ်
တွဲဖက်စားရန်
ကြက်ဥပြုတ် - ၄လုံး (optional)
သခွားသီး- တခြမ်း(အမျှင်)
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာကြက်သားသို့မဟုတ်နှစ်သက်ရာအသားကိုရေဆေးသန့်စင်ပြီးဆားဟင်းခပ်မှုန့်ငရုပ်ကောင်းဖြင့်နယ်ထားပါ။
2.ကျန်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအရွယ်တူအတုံးလေးများစိတ်ထားပါ။ခေါက်ဆွဲခြောက်ကိုပြုတ်ထားပါ။ကြက်ဥပြုတ်ထားပါ။သခွားသီး ကိုအမျှင်လေးများစိတ်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအာလူးကိုအရောင်ရရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။အိုးထဲတွင်ဆီ အနည်းငယ်ချန်ပြီးပဲနှစ်ကိုဆီသပ်ပါ။အနံ့မွေးလာပါကဖယ်ထုတ်ထား ပါ။
4.အိုးထဲဆီအနည်းငယ်ထပ်ထည့်ပြီးအရသာနှပ်ထားသောအသားကိုချကြော်ပါ။
5.အသားအရောင်ပြောင်းသည်နှင့်သီးနှံများအားလုံးထည့်ပြီးကြော်ပါ။
6.သီးနှံများကြော်မိပါကဆီသပ်ထားသောပဲအနှစ်ထည့်ပြီးအားလုံးသမအောင်မွေပေးပါ။
7.ကြက်ပြုတ်ရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်ကောင်းနှင့်ဆန်ဗီနီဂါဂျင်းမှုန့်ထည့်ပြီး သမအောင်မွေပေးပါ။
8.ဆူပွက်ပါကပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။
9.ပြန်လည်ဆူပွက်ပါကခေါက်ဆွဲနှင့်တွဲဖက်စား ရန်အသင့်ဖြစ်ပါပြီ။
10.အသင်ြ့ပုတ်ပြီးသားခေါက်ဆွဲကိုပန်းကန်တွင်ထည့်ပြီးချက်ထားသောပဲအနှစ်ဟင်းကိုအပေါ်မှဆမ်းပေးပြီးကြက်ဥပြုတ်သခွားသီးထည့်ကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀ခေါက်ဆွဲအစိုသို့မဟုတ်စပါကတီခေါက်ဆွဲထမင်းဖြူ ဖြင့်လည်းသုံးဆောင်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ကိုးရီးယားကြာဇံကြော်


Fried Sweet Potato Noodles >> Glass Noodles
ကိုးရီးယားကြာဇံကြော်ကိုစင်္ကာပူကကိုးရီးယားဟော့ပေါ့ဆိုင်လေးမှာတခါစားဖူးပြီးစားရတာအရသာထူးခြားလို့လိုက်လုပ်စားဖြစ်တာလေးပါ။မသိခင်ကတော့ပဲကြာဇံလို့ဘဲထင်တာပေါ့နော်။တကယ်တမ်းလေ့လာကြည့်တော့မှကန်ဇွန်းဥကထုတ်ထားတဲ့ကန်ဇွန်းဥကြာဇံကိုသုံးပြီးကြော်ထားတာပါ။ပဲကြာဇံကဖြူပြီးကန်ဇွန်းဥကြာဇံကအနည်းငယ်ညိုပါတယ်။ကိုးရီးယားကုန်စုံဆိုင်များမှာရနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥကြာဇံ - ၂၀၀ ဂရမ်
ကြက်သား/အမဲသား/ပုဇွန်
ကြက်သွန်နီ - တစ်ခြမ်း
မုန်လာဥနီ - တစ်စိတ်
ရှီတာခီမှို - ၅ပွင့်
ငရုပ်ပွနီ/စိမ်း- တလုံး
ကြက်ဥအနှစ် - နှစ်လုံး
ဟင်းနုနွယ်ရွက်/မုန်ညင်းစိမ်း- တစ်စည်း
ပဲငံပြာရည်အကြည် - ၅ဇွန်း
နှမ်းဆီမွေး - ၅ဇွန်း
နှမ်းလှော် - ၂ဇွန်း စားပွဲဇွန်း
ဆား-အနည်းငယ်
သကြား - နှစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြာဇံကိုရေနွေးပွက်ပွက်ဆူတွင်၇မိနစ်ပြုတ်ပြီးရေအေးလောင်းကာရေစစ်ထားပါ။
(၂)နှစ်သက်ရာအသားငါးပုဇွန်ကိုပြင်ဆင်ထားပါ။
(၃)မုန်လာဥနီကိုအမျှင်ချောင်းလေးများစိတ်ထားပါ။ရှီတာခီမှိုခြောက်ကိုရေစိမ်ပြီး ပါးပါးလှီးထားပါ။ငရုပ်ပွကိုအချောင်းေ လးများစိတ်ထားပါ။ကြက်သွန်နီအမြော င်းစိတ်ထားပါ။
(၄)ကြက်ဥအနှစ်ကိုခေါက်ပြီးအိုးအပူရှိန်အနည်းငယ်ဖြင့်ပါးပါးလေးအချပ်လိုက်ရအောင်ကြော်ပြီးအမျှင်လေးများစိတ်ထားပါ။
(၅)ဟင်းနုနွယ်ရွက်သို့မဟုတ်မုန်ညင်းစိမ်းကိုရေနွေးဖျောပြီးရေစစ်ထားပါ။ပုဇွန်ကိုလည်းရေနွေးဖျောထားပါ။အသားထည့်လိုပါကအရသာထည့်ပြီးကြော်ပေးပါ။
(၆)အားလုံးအသင့်ဖြစ်ပါကဇလုံတခုတွင်ပြုတ်ထားပြီးသောကြာဇံကိုထည့်ပြီးကပ်ေ ကြးဖြင့်အနည်းငယ်ညပ်ပြီးဖြတ်ပေးပါ။ဆားအနည်းငယ်ပဲငံပြာရည်တစ်ဇွန်းနှင့်နှမ်းဆီမွေးထည့်ပြီးသမအောင်မွေထားပါ။
(၇)ရေနွေးဖျောထားသောမုန်ညင်းရွက်ကိုလည်းပဲငံပြာရည်၊ဆီမွေးဖြင့်နယ်ပြီး ကြာဇံထဲထည့်ပါ။ပုဇွန်ထည့်ပါ။
(၈)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာမှိုပါးပါးစိတ်ထားသည်ကိုထည့်ကြော်ပါ။ဆားအနည်းငယ်ထည့်ပါ။ပြီးလျှင်ဆယ်ယူပြီးကြာဇံဇလုံတွင်ထည့်ပါ။အထက်ပါနည်းအတိုင်းမုန်လာဥနီ၊ကြက်သွန်နီငရုပ်ပွတို့ကိုတမျိုးဆီကြော်ပြီးကြာဇံထဲသို့ထည့်ပါ။ကြက်ဥကြော်အမျှင်စိတ်ထားသည်ကိုထည့်ပါ။
(၉)အားလုံးကြော်ပြီးပါကလက်ကျန်ပဲငံပြာရည်နှင့်ဆီမွေးသကြားတို့ကိုထည့်ပြီးသမအောင်မွေပေးကာနှမ်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သီးနှံနှင့်ကြာဇံတို့ကိုအားလုံးပေါင်းမကြော်ဘဲတခုဆီကြော်ထားတဲ့အတွက်အသီးအနှံများရဲ့အရောင်များဝါသွားခြင်းမရှိဘဲလှလှပပအရောင်စုံလေးရရှိမှာဖြစ်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

အုန်းစိမ်းအုန်းနို့ကျောက်ကျော

Coconut Juice & Milk Agar Agar
ကျောက်ကျောကိုအုန်းစိမ်းရည်နှင့်အုန်းနို့ပေါင်းပြီးပြုလုပ်ထားတဲ့အုန်းစိမ်းအုန်းနို့ကျောက်ကျောလေးဖြစ်ပါတယ်။ဘယ်တော့စားစားမရိုးနိုင်တဲ့အုန်းနို့ကျောက်ကျောအချိုပွဲလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကျောက်ကျောမှုန့် - တထုပ် ၂၅ ဂရမ်
အုန်းစိမ်းရည် - တစ်လီတာ
ရေ - တစ်လီတာ
အုန်းနို့ - ၅၀၀ ml
သကြား - ၃၅၀ ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကျောက်ကျောမှုန့်ကို၁၀ဂရမ်နှင့်၁၅ဂရမ်နှစ်ပုံခွဲထားပါ။
2.အုန်းစိမ်းရည်တလီတာတွင်သကြား၁၅၀ဂရမ်နှင့်ကျောက်ကျောမှုန့်၁၀ဂရမ်ဆားလ္ဘက်ဇွန်းတဝက်ထည့်ပြီးကျိုထားပါ။ဆူပွက်ပါကဘေးတဖက်တွင်ထားပါ။
3.အခြားအိုးတခုဖြင့်ရေတလီတာသကြား၂၀၀ဂရမ်ကျောက်ကျောမှုန့်၁၅ဂရမ်ဆားဇွန်းတဝက်ထည့်ပြီးကျိုပါ။ဆူပွက်ပါကအုန်းနို့၅၀၀mlထည့်ပြီးပြန်လည်ဆူပွက်အောင်တည်ပြီးမီး ပိတ်ထားပါ။
4.နှစ်အိုးလုံးအသင့်ဖြစ်ပါကဘမ်းထဲတွင်အုန်းနို့ကျောက်ကျောအရည်သုံးပုံတပုံလောင်းထည့်ပြီးအအေးခံထားပါ။
5.ဘမ်း၏ဘေးပတ်လည်နှင့်အလည်ပိုင်းအနည်းငယ်တင်းလာသည်နှင့်တပြိုင်တည်းအုန်းစိမ်းကျောက်ကျောရည်တဝက်ကိုဖြေးညင်းစွာဇွန်းဖြင့်ခံပြီးဘမ်း၏ေ ထာင့်ဖက်မှနေ၍သာသာလောင်းထည့်ပါ။
6.အလားတူတထပ်ပြီးတထပ်ထည့်ပြီးအအေးခံကာလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။
❀❀ကျောက်ကျောကျိုနေစဉ်အဆက်မပျက်မွေပေးပါ။အမှုန့်လေးများအိုးအောက်ခြေတွင်ကပ်နေတတ်ပါတယ်။
❀❀အုန်းနို့ကျောက်ကျောနှစ်လွှာတည်းပြုလုပ်လိုပါကပါဝင်ပစ္စည်းများအားလုံးအုန်းနို့မှအပထည့်ပြီးတည်ပါ။ဆူပွက်ပါကအုန်းနို့ရောပြီးဘမ်းတွင်လောင်းထည့်ကာအအေးခံပါ။
........
Sofia
http://sofiafoodparadise.blogspot.com

4 March 2017

ပုဇွန်ရွှေဖရုံသီးအုန်းနို့ဟင်း

Prawn & Pumpkin Red Curry
အုန်းနို့နဲ့ဟင်းချက်အနှစ်တို့ရဲ့သင်းပျံ့မွေးကြိုင်ပြီးစပ်ရှိန်းရှိန်းအရသာကြောင့်ထူးကဲလှတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်လို့အိမ်ရှင်မများနှစ်သက်ကြမယ်ထင်ပါတယ်။ချက်ကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ပုဇွန် - ၅၀၀ ဂရမ်
ရွှေဖရုံသီး - ၅၀၀ ဂရမ်
အုန်းနို့ - ၂၀၀ ml
အနီရောင်ဟင်းချက်အနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ပုဇွန်ငံပြာရည် -နှစ်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
ရှောက်ခါးရွက် - နှစ်ရွက်
ထိုင်းပင်စိမ်း(sweet basil)- တစ်ခက်
ဆား ၊ငရုပ်ကောင်း - အနည်းငယ်
ဆီ - အနည်းငယ်
နံနံပင်/ထိုင်းပင်စိမ်း - အလှတင်ရန်
ငရုပ်သီးနီ နှစ်တောင့် - အလှဆင်ရန်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာပုဇွန်ကိုရေဆေးသန့်စင်ကာအခွံသင်ကျောခွဲပီးဆားငရုပ်ကောင်းဖြင့်နယ်ထားပါ။
(၂)ဖရုံသီးကိုအတုံးသေးသေးစိတ်ထားပါ။ရှောက်ရွက်၊ငရုပ်သီးစိမ်းကိုစိတ်ထားပါ။ (၃)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးမီးသေးသေးဖြင့်ဟင်းချက်အနှစ်ကိုဆီသပ်ပါ။ဖရုံသီးထည့်ေ ကြာ်ပါ။
(၄)ဖရုံသီးကြော်မိပြီးပါကဖရုံသီးကျက်ရုံရေအနည်းငယ်ထည့်ပြီးအုန်းနို့ထည့်ပါ။ငံပြာရည်၊သကြားတို့ ကိုထည့်ပါ။
(၅)ဖရုံသီးနူးပြီးအုန်းနို့အနည်းငယ်ခမ်းဆီပြန်လာပါကပုဇွန်၊ပင်စိမ်း၊ရှောက်ရွက်၊ငရုပ်သီးတို့ကိုထည့်ပါ။
(၆)ပြန်လည်ဆူပွက်ပါကအရသာအပေါ့အငံမြည်းပြီးမီးဖိုမှချပါ။ထိုင်းပင်စိမ်းငရုပ်သီးတို့ဖြင့်အလှဆ င်ပြီးထမင်းဖြူနှင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
........
Sofia
http://sofiafoodparadise.blogspot.com

ယိုးဒယားအနီရောင်ဟင်းချက်အနှစ်

Red Curry Paste
အနီရောင်ဟင်းချက်အနှစ်ရှိလျှင်ယိုးဒယားဟင်းအမယ်များစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။မြို့ကြီးပိုင်းမှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမဲ့အချို့ဒေသမှာတော့ရဖို့ခက်ပါတယ်။ဒီနည်းလေးကတော့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဆရာသင်ပြပေးခဲ့တဲ့နည်းဖြစ်ပါတယ်။
အနီရောင်ဟင်းချက်အနှစ်ကဆိုင်ရောအိမ်မှာပါအသုံးဝင်လှတဲ့ဟင်းချက်အနှစ်ဖြစ်ပြီးဆိုဖီယာရဲ့ဟင်းပွဲအတော်များများမှာလည်းသုံးထားလို့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်း
**************
ငရုပ်သီးပွခြောက် - တစ်ဆယ်သား
ကြက်သွန်နီအသေး - နှစ်လုံး
ကြက်သွန်ဖြူ - တစ်လုံး
စပါးလင် - နှစ်ချောင်း
ပဒဲကော - လက်တစ်ဆစ်
ရှောက်ခါးသီးအခွံ - တစ်လုံး
ရှောက်ခါးရွက် - ငါးရွက်
ဆိတ်ဖူး - သုံးချောင်း
နံနံစေ့ - တစ်ဇွန်း စားပွဲဇွန်း
ဇီယာ - တစ်ဇွန်း
ငါးပိ - တစ်ဇွန်း
အုန်းနို့ခရင်မ် - သုံးဇွန်း
ဆီ - ငါးကျပ်သား
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ငရုပ်ပွခြောက်ကိုရေစိမ်ထားပါ။ကြက်သွန်ဖြူကြက်သွန်နီ၊ပဒဲကော၊စပါးလင်ရှောက်ရွက်တို့ကိုပါးပါးလှီးထားပါ။ရှောက်ခါး သီးကိုအခွံသင်ထားပါ။
(၂)ငရုပ်ခြောက်ပွလာပါကရေစစ်ပြီးအသင့်လှီးထားသည်များနှင့်ပါဝင်ပစ္စည်းတို့(အုန်းနို့နှင့်ဆီမှအပ)ကိုကြိတ်စက်တွင်ထည့်ပြီးကြေညက်အောင်သည်ထိကြိတ်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပါ။
(၃)ကြေညက်ပါကကြိတ်စက်မှထုတ်ယူပြီးအုန်းနို့ခရင်မ်ကိုထည့်ပြီးသမအောင်မွေပြီးအသုံးပြုနိုင်ပါပြီ။
(၄)တာရှည်အထားခံနိုင်ရန်အတွက်အိုး တခုတွင်ဆီထည့်ပြီးအနီရောင်ဟင်းချက်အနှစ်တို့ကိုဆီပြန်လာသည်ထိမီးသေးသေးဖြင့်ချက်ပေးပါ။
(၅)ဆီပြန်ပါကမီးပိတ်အအေးခံကာသန့်ရှင်းသောဘူးဖြင့်ထည့်ပြီးရေခဲသေတ္တာတွင်တာရှည်အသုံးပြုနိုင်ရန်သိမ်းဆည်းထားနိုင်ပြီးမိမိလိုသလောက်ကိုသာဇွန်းသန့်သန့်ဖြင့်ခပ်ယူအသုံးပြုနိုင်ပါပြီ။
***
ဆီဖြင့်မချက်ဘဲသိမ်းဆည်းလိုပါကတခါသုံးစာပုံစံခွက်များဖြင့်ထည့်ပြီးခဲထားပါ။မာခဲသွားပါကထုတ်ယူပြီးလေလုံသောဘူးဖြင့်ထည့်ပြီးအခဲခန်းတွင်ကြာရှည်စွာထားပြီးအသုံးပြုနိုင်ပါသည်။
.....................
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားဘာဂါ

Burger
ဘာဂါပြုလုပ်နည်းအမျိုးမျိုးရှိပါတယ်။ပြုလု ပ်တဲ့အမျိုးအစားအလိုက်နာမည်ကွဲခေါ်လေ့ရှိပါတယ်။Chicken Burger,Beef Burger,Cheese Burger, Ham Burger စသဖြင့်အတွင်းမှာထည့်တဲ့ပါဝင်ပစ္စည်းပေါ်မူတည်ပြီးကွဲပြားသွားမှာဖြစ်ပါတယ်။အခြေခံပြုလုပ်နည်းမှာအားလုံးအတူတူ ဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
................
ဘာဂါပေါင်မုန့် - ၅လုံး
ကြက်သား/ငါး/အမဲသားပြား - ၅ချပ်
ချိစ် (chadder)- ၅ချပ် (ချိစ်ဘာဂါအတွက်)
ဟမ်(Ham)-ready made အသားပြား(Ham Burger အတွက်)
ထောပတ် - ၅ဇွန်း စားပွဲဇွန်း
မရောနစ် - ၅ဇွန်း
ကြက်သွန်နီ - တလုံး
ခရမ်းချဉ်သီး - တစ်လုံး
ဆလပ်ရွက် - တစ်ပင်
တွဲဖက်စားရန်အာလူးချောင်းကြော်၊ချီလီဆော့စ်၊ခရမ်းချဉ်သီးဆော့စ်
ကြက်သား/အမဲသားပြားပြုလုပ်နည်း
..............................................
ကြက်သား/အမဲသား -၅၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
မုန်လာဥနီ - တစ်ဇွန်း(သေးသေးစိတ်)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ငရုပ်ကောင်းအဖြူ - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူ -အရည်(အနည်းငယ်)
ကော်မှုန့်/ပြောင်းမှုန့် - တစ်ဇွန်း စားပွဲဇွန်း
(၁)ပန်းကန်တခုတွင်အသားကြိတ်ထားသည်ကိုထည့်ပါ။ကြက်သွန်သေးသေးစိတ်ထည့်ပါ။မုန်လာဥသေးသေးစိတ်ထည့်ပါ။
(၂)ဆားငရုပ်ကောင်းဂျင်းကြက်သွန်ဖြူအရည်ကော်မှုန့်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးအနည်းငယ်ကျစ်အောင်ရိုက်ပေးပြီးရေခဲသေတ္တာတွင်အအေးခံထားပါ။
(၃)အေးပြီးအနည်းငယ်မာလာပါက၅ပုံအညီအမျှခွဲပြီးပုံစံခွက်အဝိုင်းသို့မဟုတ်ဘူးအဖုံးဖြင့်ထည့်ပြီးအဝိုင်းပြားပြုလုပ်ပါ။(ကြာရှည်သိမ်းလိုပါကအ ဝိုင်းပြားများကိုပလပ်စတစ်ဖြင့်သေချာထည့်ပြီးအခဲခန်းတွင်သိမ်းပါ)
(၄)ဘာဂါပြုလုပ်မည့်အချိန်တွင်ဒယ်အိုးအပြန့်တခုတွင်ထောပတ်သို့်မဟုတ်ဆီထည့်ပြီးအနေတော်မီးဖြင့်အသားကျက်ပြီးအရောင်ရသည်ထိနှစ်ဖက်လှန်ပြီးကြော်ထားပါ။
ဘာဂါပြင်ဆင်ပြုလုပ်ပုံ
.............................
(၁)ဘာဂါပေါင်မုန့်ကိုအထပ်အောက်ထပ်ခြမ်းထားပါ။
(၂)ဒယ်အိုးအပြန့်တခုတွင်ထောပတ်တဇွန်းထည့်ပြီးပေါင်မုန့်၏အတွင်းသားကိုအိုးကင်းကပ်အပူပေးပါ။
(၃)ပြီးလျှင်ပေါင်မုန့်၏အတွင်းနှစ်ဖက်ကိုမရောနစ်လူးပါ။ဆလပ်ရွက်၊ကြက်သွန်၊ခရမ်းချဉ်သီးအသာြး ပားသို့မဟုတ်ချိစ်(နှစ်မျိုးစလုံးလည်းထည့်နိုင်)ထည့်ပြီးအပေါ်မှကျန်ပေါင်မုန့်တခြမ်းကိုအုပ်ပေးပါ။
(၄)တွဲဖက်အာလူးချောင်းကြော်ချီလီဆော့စ်ခရမ်းချဉ်သီးဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

3 March 2017

ဆန်ချိုဆေးမှုန့်

(တစေး)
Rice Leaven Powder
ဆန်ချိုပြုလုပ်နည်းတင်ပေးတဲ့အခါမှာအတော်များများဆေးဘယ်မှာဝယ်ရလည်းဘယ်လိုပုံစံလည်းဆိုပြီးမေးကြပါတယ်။အလွယ်တကူလည်းဝယ်ယူရရှိနိုင်ပေမဲ့အချို့သူများကိုယ်တိုင်စမ်းသပ်ပြုလုပ်လိုသူများအတွက်လုပ်နည်းလေးမျှဝေပေးပါ့မယ်။ဒီနည်းလေးကတော့ဆိုဖီယာငယ်ငယ်ကဆန်ချိုစရောင်းခါစကတည်းကမိ ဘများသင်ပေးထားတဲ့နည်းဘဲဖြစ်ပါ တယ်။
ပါဝင်ပစ္စည်း
********
ဂျုံစေ့(မဖွတ်ရသေးသော) - ၂၅ကျပ်သား
ပြုလုပ်ပုံ
******
(၁)မဖွတ်ရသေးသောဂျုံစေ့ကိုရေဆေးပြီးရေ၂နာရီခန့်စိမ်ထားပါ။
(၂)ပွလာပါကဆယ်ယူရေစစ်ပြီးဇကာ တခုတွင်အဝတ်ရေစိုခင်းပြီးထည့်ပါ။
(၃)အပေါ်မှအဝတ်ရေစိုပြန်အုပ်ကာနှစ်ရ
က်ခန့်အညောင့်ဖောက်ထားပါ။
(၄)အညောင့်ဖောက်ထားစဉ်ခြောက်သွေ့
့မနေစေရန်ရေဖြန်းပေးပါ။
(၅)အညောင့်အတော်ရှည်လာပါကဘမ်းတခုတွင်ဖြန့်ထည့်ပြီးနေပူတွင်ခြောက်အောင်လှန်းပေးပါ။
(၆)လုံးဝခြောက်သွေ့သွားသည်နှင့်ကြိတ်စက်ဖြင့်မှုန့်နေအောင်ကြိတ်ပြီးလေလုံသောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
(၇)အသုံးပြုမည့်အချိန်မှသာခြောက်သွေ့သောဇွန်းဖြင့်ခပ်ယူပြီးအသုံးပြုနိုင်ပါပြီ။
❀ပြုလုပ်စဉ်တလျောက်အိုးခွက်အသုံးအဆောင်ပစ္စည်းများဆီကင်းသန့်ရှင်းရန်အရေးကြီးသည်။
❀မဖွတ်ရသေးသောဂျုံစေ့ကိုဂျုံစေ့ပဲအမျိုး မျိုးရောင်းသောဆိုင်များတွင်မေးဝယ်နိုင်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

2 March 2017

ဟလင်မ်

Haleem
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ဟလင်မ်ကိုအချို့လ ည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဆန်၊ဂျုံပဲတို့ကိုအသားတမျိုးဖြင့်ရောပြီးနူးညံ့ကျေညက်အောင်ချက်ထားခြင်းဖြစ်ပါတယ်။သင်းပျံ့တဲ့ဟင်းခပ်အမွေးနှံ့ရှိပြီးအာဟာရလည်းဖြစ်စေကာသူ့ကြည့်လည်းသုံးဆောင်နိုင်သလိုပေါင်မုန့်နံပြားထမင်းတို့ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ဆန် - တစ်ခွက်(ပေါင်းအိုးဆန်ချိန်ခွက်)
ကုလားပဲ - ခွက်တဝက်
ပဲနီလေး - ခွက်တဝက်
ဂျုံစေ့လုံးခြမ်းကွဲ- တစ်ခွက်
ဆိတ်သား /အမဲသား/ကြက်သား - ၄၀၀ဂရမ်
ကြက်သွန်နီကြော် - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - ၂ဇွန်း စားပွဲဇွန်း
အရောင်တင် - နှစ်ဇွန်း
နနွင်း - အနည်းငယ်
အသားမဆလာ / ဇီယာ- ၂ဇွန်း
ခရမ်းချဉ်သီး - နှစ်လုံး
ဆီ - အနည်းငယ်
ဆား - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
တွဲဖက်စားရန်
ပူစီနာ
ကြက်သွန်ကြော်
သံပုရာသီး
ငရုပ်သီး
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်၊ကုလားပဲ၊ပဲနီလေး၊ဂျုံစေ့တို့ကိုရေဆေးပြီး တညသို့မဟုတ်လေးနာရီခန့်စိမ်ထားပါ။
(၂)ရေစိမ်ပြီးသောဆန်ဂျုံစေ့အရောကိုရေပြန်ဆေးကာရေထည့်ပြီးနူးအိအောင်ပြုတ်ထားပါ။ကြေနေအောင်နှင့်အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။
(၃)အခြားအိုးတခုတွင်နှစ်သက်ရာအသားကိုကြက်သွန်နီ၊ခရမ်းချဉ်သီး၊ဂျင်းကြက်သွန်ဖြူ ၊အရောင်တ င်၊နနွင်း၊မဆလာ၊ဆီ၊ဆားဟင်းခပ်မှုန့်တို့ကိုထည့်ြ ပီးသမအောင်မွေပြီးမီးဖိုပေါ်တွင်လုံးချက်ချက်ထားပါ။
(၄)အသားနူးအိပါကသီးသန့်ပြုတ်ထားသောဆန်ဂျုံစေ့ပဲနီတို့ကိုရောပြီးသမအောင်မွေပြီးမီးအေးအေးဖြင့်နူးအိအောင်တည်ထားပါ။ယောင်းမဖြင့်ကြေညက်အောင်အဆက်မပျက်မွေပေးပါ(ကြိတ်စက်တွင်ကြေအောင်ထည့်ကြိတ်နိုင်ပါတယ်)
(၅)ဟလင်မ်အိုးနူးအိကြေညက်ပါကအရသာအပေါ့အငံမြည်းပြီးအပျစ်အကြဲလိုသလိုပြု ပြင်ကာပူစီနံ နံနံပင်ငရုပ်သီးသံပုရာသီးတို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

ငှက်ပျောသာကူပေါင်း

 Banana Pudding With Sago
ငှက်ပျောပေါင်းကိုမြန်မာအချိုပွဲတခုအနေဖြင့်သတ်မှန်ကြသလိုမလေးရှားထိုင်းနိုင်ငံနှင့်အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်းပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ငှက်ပျောပေါင်းသီးသန့်ပြုလုပ်နိုင်သလိုသာကူစေ့အနည်းငယ်ဖြင့်ရောပြီးသာကူငှက်ပျောပေါင်းလည်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ရခိုင်ငှက်ပျောသီးမှည့်- ၁၅ လုံး
သကြား - ၅၀ ဂရမ်
ဆား -အနည်းငယ်
ဆွမ်းမွေးရွက် -နှစ်ပင် (optional)
နွားနို့ - ၈၀၀ ml
အုန်းနို့ - ၂၀၀ ml
သာကူစေ့ - ၃ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရခိုင်ငှက်ပျောသီးမှည့်ကိုအလုံးလိုက်ရေဆေးပြီးအိုးတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ရေမြုတ်ရုံထည့်ပြီးမီးဖိုပေါ်တွင်၁၅မိနစ်ခန့်ဆူပွက်အောင်တည်ပါ။
(အချို့သူများကအဖန်ဓာတ်ထွက်ရန်ကင်ပွန်းချဉ်မန်ကျည်းရွက်တို့ကိုထည့်ပြုတ်လေ့ရှိပါတယ်။)
(၂)ပြီးလျှင်ဆယ်ယူပြီးအခွံသင်ကာအိုးသန့်သန့်တခုတွင်ထည့်ပါ။
(၃)နွားနို့အုန်းနို့သကြားနှင့်ဆွမ်းမွေးရွက်ထည့်ပြီးမီးအေးအေးဖြင့်ဆူပွက်အောင်တည်ပါ။
(၄)ခမ်းသွားပါကရေအနည်းငယ်ဆီထည့်ပေးပြီး ငှက်ပျောသီးနီရောင်သမ်းလာသည်ထိတည်ပေးပါ။
(၅)အဖြူရောင်သုံးဆောင်လိုပါကနို့အနည်းငယ်ပျစ်ပြီးငှက်ပျောသီးအိလာသည်နှင့်မီးဖိုမှချကာတည်ခင်းနိုင်ပါပြီ။
(၆)လိုချင်သောအရောင်ရပါကသာကူစေ့ကိုရေဆေးပြီးရေနွေးပွက်ပွက်ဆူတွင်အဆံပျောက်ခါနီးထိပြုတ်ပြီးရေဆေးရေစစ်ကာငှက်ပျောပေါင်းထဲထည့်ပါ။သာကူစေ့များသမအောင်ပြုလုပ်ပြီးအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဆွမ်းမွေးရွက်မှာအနံ့မွေးရန်အတွက်ထည့်ခြင်းဖြစ်၍အလွယ်တကူမရနိုင်ပါကမထည့်ဘဲပြုလုပ်နိုင်ပါတယ်။
❀ငှက်ပျောပေါင်းပြုလုပ်ရန်ရခိုင်ငှက်သီး မှာအကောင်းဆုံးဖြစ်ပြီးဖီးကြမ်းငှက်ပျောသီးဖြင့်လည်းပြုလုပ်နိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

အင်ဒိုနီးရှားငါးပိထောင်း

Sambal Belacan
ငပိထောင်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့ထဲကမလေးရှားအင်ဒိုနီးရှားတွင်စားလေ့ရှိတဲ့ငပိထောင်းလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ဒီငပိထောင်းလေးကိုအင်ဒိုနီးရှားအလည်ရောက်တုန်းအခါခါစားခဲ့ဖူးပြီးမမေ့နိုင်တဲ့အရသာသစ်နဲ့ငပိထောင်းပုံစံတမျိုးဖြစ်ပါတယ်။အင်ဒိုနီးရှားမှာအိမ်ရှင်ကိုအားမနာတမ်းအကြိမ်ထပ်လုပ်ခိုင်းခဲ့တဲ့ငပိထောင်းလည်းဖြစ်ပါတယ်။အရသာသစ်နဲ့လျှာလည်သွားစေမဲ့ငပိထောင်းလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ငရုပ်သီးအပွအနီတောင့် - ၅တောင့်
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်နီအသေး- ၅လုံး
ကြက်သွန်ဖြူ - ၄မြောင်း
ငရုပ်သီးစိမ်း/နီအစပ် - ၁၀တောင့်
ပုဇွန်ငါးပိ - ၃ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ဆား - အနည်းငယ်
သံပုရာသီး- ၂လုံး
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုရေဆေးသန့်စင်ပြီးအတုံးငယ်လေးများလှီးဖြတ်ထားပါ။
(၂)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်ငါးပိကိုကြော်ပြီးဘေးဖယ်ထားပါ။
(၃)အိုးထဲတွင်ဆီအနည်းငယ်ထပ်ထည့်ပြီးကြက်သွန်ခရမ်းချဉ်သီးငရုပ်သီးလှီးဖြတ်ထားသည်တို့ကိုထည့်ပြီးအနည်းငယ်နွမ်းအောင်ဆီသပ်ပါ။
(၄)အနည်းငယ်နွမ်းပြီးဆီသပ်နံ့မွေးလာပါကမီးဖိုမှချပါ။
(၅)ကြော်ထားပြီးသားငါးပိနှင့်ဆီသပ်ထားသည်တို့ကိုငရုတ်ဆုံတွင်ထည့်ပြီးဖိချေပေးထောင်းပေးပါ။စက်ဖြင့်လည်းကြိတ်နိုင်ပါတယ်။
(၆)အတော်အသင့်ကြေညက်ပါကသကြားနှင့်သံပုရာရည်ထည့်ပါ။(၇)သမအောင်မွေပြီးအရသာအပေါ့အငံမြည်းပါ။လိုအပ်ပါကဆားအနည်းငယ်ထည့်ပေးပြီးနှစ်သက်ရာကြက်ကြော်ထမင်းဖြူသီးနှံတို့စရာတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀ကြိတ်ပြီးသားငါးပိထောင်းအထားခံရန်ဆီအနည်းငယ်ဖြင့်ဆီပြန်လာအောင်ချက်ထားပြီးလည်းသုံးဆောင်နိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

ခရမ်းချဉ်သီးယို

Tomato Jam
ခရမ်းချဉ်သီးပေါချိန်တွေမှာပြုလုပ်ပြီးအ ချိုပွဲအဖြစ်တည်ခင်းနိုင်သလိုမနက်ခင်းစာအတွက်ပေါင်မုန့်ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်မဲ့ခရမ်းချဉ်သီးယိုဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး(အမာသီး)-တစ်ကီလို
ကြံသကာ - ၂၅၀ ဂရမ်
ထုံးရည်ကြည် - တလီတာ
(ထုံးလ္ဘက်စားဇွန်းတဇွန်းရေတလီတာ)
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ခရမ်းချဉ်သီးအသားထူပြီးမာသော အသီးကိုအစေ့ထုတ်ထားပါ။
(၂)ထုံးရည်ဖျော်ထားသည်ကိုအပေါ်ရည်ကြည်စစ်ယူပြီးအစေ့ထုတ်ထားသောခရမ်းချဉ်သီးများမြုတ်အောင်တညစိမ်ထားပါ။
(၃)မကြာမကြာအထက်အောက်လှန်ပေးပါ။
(၄)တညစိမ်ထားသောခရမ်းချဉ်သီးကိုဆယ်ယူရေဆေးသန့်စင်ကာရေစစ်ထားပါ။
(၅)ရေစစ်သွားပါကဇကာတခုတွင်ဖြန့်ထည့်ပြီးနေပူပူတွင်တနေလှန်းပါ။
(၆)အနည်းငယ်ဖန့်သွားပါကအိုးတခုတွင်ကြံသကာကိုရေ၃ဇွန့်ခန့်ထည့်ပြီးအပူပေး ကာပျော်အောင်ပြုလုပ်ပါ။
(၇)ကြံသကာပျော်သွားပါကနေပြပြီး သားခရမ်းချဉ်သီးတို့ကိုထည့်ပြီးမွေပါ။
(၈)ကြံသကာရည်ခြောက်လာပါက မီးဖို မှချကာအအေးခံပြီးသန့်ရှင်းသောဘူးပု လင်းတို့ဖြင့်ထည့်ပြီးသိမ်းဆည်းသုံးေ ဆာင်နိုင်ပါပြီ။
❀ထုံးရည်စိမ်ခြင်းဖြင့်မာဆပ်ဆပ်ခရမ်းချဉ်သီးယိုကိုရရှိမှာဖြစ်ပါတယ်။
❀ထုံးရည်မစိမ်ဘဲခရမ်းချဉ်သီးယိုအကြေကိုကြိတ်ပြီးလည်းပြုလုပ်နိုင်ပါတယ်
..........
Sofia
http://sofiafoodparadise.blogspot.com

အင်ဒိုနီးရှားကြက်ကြော်

Indonesia Smashed Fried Chicken
Sambal Ayam Penyet
စင်္ကာပူနေရာအတော်များများမှာAyam Penyetဆိုပြီးထမင်းဆိုင်အတော်များများတွေ့ရမှာဖြစ်ပါ တယ်။Ayam Penyetဆိုတာကတော့ကြက်ကြော် ကိုပြန်ပြီးအနည်းငယ်ထုထားတာကိုဆိုလိုပါတယ်။အင်ဒိုနီးရှားစတိုင်ကြက်ကြော်ကိုငါးပိထောင်းနဲ့တွဲ ဖက်စားလေ့ရှိပါတယ်။အနံ့အရသာတမူထူးခြားတဲ့ကြက်ကြော်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်ပေါင် - ၅ပေါင်
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ဂျင်း - လက်နှစ်ဆစ်
နနွင်းတက် - လက်နှစ်ဆစ်
ပဒဲကော - လက်တစ်ဆစ်
စပါးလင်- တစ်ချောင်း
သစ်ဂျပိုးခေါက် - ၂ချောင်း
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဇီယာအမှုန့် - တစ်ဇွန်း
နံနံစေ့အမှုန့် - တစ်ဇွန်း
ဂျုံ - ၃ဇွန်း
ပြောင်းမှုန့်/ကော်မှုန့် - ၃ဇွန်း
ကြက်ဥ - ၂လုံး
ကြော်ရန်ဆီ
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာကြက်ပေါင်များကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။
2.ကြက်သွန်နီကြက်သွန်ဖြူဂျင်းနနွင်းတက်ပဒဲကောတို့ကိုကြိတ်ထားပါ။စပါးလင်ကိုအနည်းငယ်ထုထားပါ။နနွင်းတက်မရနိုင်ပါကအမှုန့်ကိုအစားထိုး ပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးတခုတွင်ကြက်သားထည့်ပြီးရေမြုတ်ရုံထည့်ပါ။
4.ကြိတ်ထားသည့်အရောကိုထည့်ပါ။စပါးလင်နှင့်သစ်ဂျပိုးခေါက်ဆားသကြားတို့ကိုထည့်ပြီးကြက်သားကျက်သည်ထိတည်ထားပါ။
5.ကြက်သားကျက်ပါကဆယ်ယူပြီးဇလုံတခုတွင်ထည့်ပြီးအအေးခံထားပါ။
6.ကြက်ပြုတ်ရည်ကိုဇကာတခုဖြင့်စစ်ပြီးအနှစ်နှင့်အရည်သပ်သပ်စီခွဲထားပါ။
စပါးလင်သစ်ဂျပိုးခေါက်ကိုဖယ်ထုတ်ပြီးဇီယာမှုန့်နံနံမှုန့်ထည့်ပြီးသမအောင်မွေပေးပါ။
7.အအေးခံထားသောကြက်ထဲတွင်ထည့်ပြီးအားလုံးသမအောင်လူးပေးပြီးနှ ပ်ထားပါ။။လိုအပ်ပါကဆားအနည်းငယ်ထည့်ပါ။
8.ပန်းကန်တခုတွင်ဂျုံမှုန့်ပြောင်းဖူးမှုန့်ထည့်ပြီးကြက်ပြုတ်ထားသည့်အရည်အနည်းငယ်ဖြင့်မုန့်နှစ်ရည်ပျစ်ပျစ်ဖျော်ထားပါ။
9.အသင့်ဖြစ်ပါကဆီအိုးတည်ထားပါ။ဆီပူပါကနှပ်ထားသောကြက်ပေါင်ကိုဖျော်ထားသောမုန့်နှစ်ရည်တွင်လူးပြီးဆီပူတွင်အရောင်ရသည်ထိကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
10.လက်ကျန်မုန့်နှစ်ရည်ထဲတွင်ကြက်ဥနှစ်လုံးဖောက်ထည့်ပြီးမွေပေးပါ။ကြက်ပြုတ်ရည်၃ဇွန်းထည့်ပြီးမွေပေးပါ။
11.ပြီးလျှင်ဆီပူအိုးထဲတွင်ကြက်ဥအရည်ကိုဖြည်းဖြည်းဆီအမျှင်ဖြစ်အောင်လောင်းထည့်ပြီးရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
12.ဆီစစ်ထားသောကြက်ကြော်ကိုစဉ်းတုံးပေါ်တင်ပြီးဓားနှောင့်ဖြင့်ပုံစံမပျက်အောင်ထုပေးပါ။
13.ပန်းကန်ထဲတွင်ထမင်းဖြူ ကြက်ေ ကြာ်ပဲပြားကြော်ကြက်ဥမွကြော်Sambalငါးပိထောင်းသခွားသီးခရမ်းချဉ်သီးတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀ကြက်ကြော်နှင့်ငါးပိထောင်းကိုအဆာပြေစာအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

1 March 2017

အင်ဒိုနီးရှားငါးပိထောင်းကြော်

 Sambal Belacan Goreng

ငပိထောင်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့ထဲကမလေးရှားအင်ဒိုနီးရှားတွင်စားလေ့ရှိတဲ့ငပိထောင်းလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ဒီငပိထောင်းလေးကိုအင်ဒိုနီးရှားအလည်ရောက်တုန်းအခါခါစားခဲ့ဖူးပြီးမမေ့နိုင်တဲ့အရသာသစ်နဲ့ငပိထောင်းပုံစံတမျိုးဖြစ်ပါတယ်။အင်ဒိုနီးရှားမှာအိမ်ရှင်ကိုအားမနာတမ်းအကြိမ်ထပ်လုပ်ခိုင်းခဲ့တဲ့ငပိထောင်းလည်းဖြစ်ပါတယ်။အရသာသစ်နဲ့လျှာလည်သွားစေမဲ့ငပိထောင်းလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ငရုပ်သီးအပွအနီတောင့် - ၅တောင့်
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်နီအသေး- ၅လုံး
ကြက်သွန်ဖြူ - ၄မြောင်း
ငရုပ်သီးစိမ်း/နီအစပ် - ၁၀တောင့်
ပုဇွန်ငါးပိ - ၃ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ဆား - အနည်းငယ်
သံပုရာသီး- ၂လုံး
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုရေဆေးသန့်စင်ပြီးအတုံးငယ်လေးများလှီးဖြတ်ထားပါ။
(၂)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်ငါးပိကိုကြော်ပြီးဘေးဖယ်ထားပါ။
(၃)အိုးထဲတွင်ဆီအနည်းငယ်ထပ်ထည့်ပြီးကြက်သွန်ခရမ်းချဉ်သီးငရုပ်သီးလှီးဖြတ်ထားသည်တို့ကိုထည့်ပြီးအနည်းငယ်နွမ်းအောင်ဆီသပ်ပါ။
(၄)အနည်းငယ်နွမ်းပြီးဆီသပ်နံ့မွေးလာပါကမီးဖိုမှချပါ။
(၅)ကြော်ထားပြီးသားငါးပိနှင့်ဆီသပ်ထားသည်တို့ကိုငရုတ်ဆုံတွင်ထည့်ပြီးဖိချေပေးထောင်းပေးပါ။စက်ဖြင့်လည်းကြိတ်နိုင်ပါတယ်။
(၆)အတော်အသင့်ကြေညက်ပါကသကြားနှင့်သံပုရာရည်ထည့်ပါ။(၇)သမအောင်မွေပြီးအရသာအပေါ့အငံမြည်းပါ။
(၈)ကြိတ်ပြီးသားငါးပိထောင်းကိုဆီအနည်းငယ်ဖြင့်ဆီပြန်လာအောင်ချက်ပါ။လိုအပ်ပါကဆားအနည်းငယ်ထည့်ပေးပြီးနှစ်သက်ရာကြက်ကြော်ထမင်းဖြူသီးနှံတို့စရာတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

လ္ဘက်ရည်

Tea
လ္ဘက်ရည်ဖျော်နည်းတင်ပေးပါလို့မေးလာကြသူများအတွက်သိသလောက်မျှဝေပေးချင်ပါတယ်။လ္ဘက်ရည်သောက်သူများနှစ်သက်သူများအမျိုးမျိုးကွဲပြားကြမယ်ထင်ပါတယ်။အထူးသဖြင့်နေရာဒေသအလိုက်ကွဲပြားမှုများကိုတွေ့ရမှာပါ။အနည်းငယ်မျှအတိမ်းအစောင်းမခံသောနေရာဒေသများရှိသလိုဖျော်ပြီးဓာတ်ဘူးဖြင့်ထည့်ရောင်းသည်ကိုလက်ခံသောက်သုံးသူများလည်းရှိနေပါသေးတယ်။လ္ဘက်ရည်များအချိုခြောက်ပြုတ်ပြီးနို့ဆီထည့်ဖျော်ရုံဘဲဆိုသူတွေလည်းအများအပြားရှိမယ်ထင်ပါတယ်။လ္ဘက်ရည်ကောင်းကောင်းရဖို့အချိုခြောက်ကအ ရမ်းအရေးကြီးပါတယ်။ဆိုဖီယာကတော့ကိုယ်တိုင်မဖျော်ရောင်းခဲ့ဖူးပေမဲ့နေ့စဉ်နှင့်အမျှငယ်စဉ်ကတည်းကမြင်တွေ့နေခဲ့တယ်ဆိုလည်းမမှားပါ။ကိုယ်တိုင်လည်းစွဲစွဲမြဲမြဲသော က်ခဲ့ဖူးတယ်။ခုနောက်ပိုင်းမှာတော့ကိုယ်လိုချင်တဲ့အရသာရအောင်ဖျော်ပေးနိုင်တဲ့အရပ်ရောက်မှသာလျှင်သောက်ဖြစ်ပါတော့တယ်။ရှမ်းပြည်မှာတော့ရွှေဖီမိုးလွတ်အချိုခြောက်ဆိုတာအချိုခြောက်ထဲမှာအနှံ့အရသာအကောင်းဆုံးအပြင်းဆုံးလို့သိထားပါတယ်။အိမ်မှာတော့ငယ်စဉ်ကနှစ်စဉ်နှစ်တိုင်းမှာရွှေဖီမိုးလွှတ်အချိုခြောက်များကိုတနှစ်စာအခန်းပြည့်သိုလှောင်ထားလေ့ရှိပြီးအခြားအချိုခြောက်ဖြင့်အချိုးကျရောစပ်အသုံးပြုပါတယ်။
အချိုခြောက်အမျိုးအစား၊နှပ်ထားသောအချိန်၊ရေအချိုးတို့ပေါ်မူတည်ပြီးဖျော်စပ်သောလ္ဘက်ရည်အရသာမှာလည်းကွဲပြားသွားမှာဖြစ်ပါတယ်။
လ္ဘက်ရည်နှစ်သက်သူများအဖို့တွင်ပင်နှစ်သက်ကြပုံခြင်းများစွာကွဲပြားကြပါသေးတယ်။ဖန်ချို၊ချိုစိမ့်၊ကျစိမ့်၊ပေါ့စိမ့်၊ပုံမှန်စသဖြင့်ခေါ်ဝေါ်လေ့ရှိပြီးမိမိ လိုချင်သောအနေအထားကိုလ္ဘက်ရည်ဖျော်စပ်ပေးသူမှာကောင်းစွာနားလည်ရန်လည်းလိုအပ်ပါသေးတယ်။ဒါကြောင့်လ္ဘက်ရည်ဖျော်နည်းကိုတင်ပေးဖို့ရာအတော်လေးအခက်အခဲရှိပါတယ်။အချိုခြောက်နှပ်ပုံနှပ်နည်းနှင့်ဖျော်စပ်ပုံအချိုကိုဖော်ပြပေးပါ့မယ်။အိမ်ဖျော်များအတွက်အဆင်ပြေနိုင်ပေမဲ့ရောင်းချလိုသူများအတွက်နေရာဒေသအသုံးပြုသောအချိုခြောက်နို့ဆီနှင့်စားသုံးသူအပေါ်လိုက်၍လေ့ကျင့်မှုစမ်းသပ်မှုများများစွာပြုလုပ်ရန်လိုပါတယ်။
ပါဝင်ပစ္စည်း(၅ခွက်စာ)
*********
အချိုခြောက် - ၁၀ ဂရမ် လ္ဘက်ဇွန်း ၅ဇွန်း
ရေ - တစ်လီတာ
ဆား - လ္ဘက်​ဇွန်း ၁/၎
နို့ဆီ -  (လိုသလောက် )
နို့စိမ်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာအချိုခြောက်နှပ်ရေခေါ်(ရမ်းရည်)ပြုလုပ်ရန်သန့်စင်သောအနံ့ကင်းသောအိုးဖြင့်ရေထည့်ပြီးဆူပွက်အောင်တည်ပါ။
2.ဆူပွက်ပါကအချိုခြောက်မှုန့်ကိုအဝတ်အိတ်တခုဖြင့်ထည့်ပြီးရေဆူအိုးထဲထည့်ပါ။ဆားထည့်ပါ၊အဝတ်အိတ်မရှိပါကအမှုန့်အတိုင်းထည့်ပြီးပြန်စစ်ပေးနိုင်ပါတယ်။
3.မီးအနေတော်ဖြင့်ဆယ်မိနစ်ခန့်ကျအောင်တည်ထားပေးပါ။
4.ဆယ်မိနစ်ခန့်တည်ပြီးပါကမီးအသေးဆုံးဖြင့်အပူပေးထားနိုင်သည်။
5.လ္ဘက်ရည်ဖျော်ရာတွင်အချို၊အဖန်၊အစိမ့်တို့ကိုမိ မိနှစ်သက်သလိုဖန်တီးယူရမှာဖြစ်ပါတယ်။
6.ခပ်ပြင်းပြင်း၂၀၀mlဖန်ချိုတခွက်အတွက်နို့ဆီ
၃ဇွန်းလ္ဘက်ဇွန်းနှင့်အဖန်ရည်ထည့်ပြီးဖျော်ပေးနိုင်ပါတယ်။
7.ခပ်ပေါ့ပေါ့ချိုစိမ့်တခွက်အတွက်နို့ဆီ၃ဇွန်းလ္ဘက်ဇွန်းနှင့်အဖန်ရေတစ်ဆရေနွေးဖြူနှစ်ဆရောစပ်ပေးပြီးနို့စိမ်းထည့်ပေးနိုင်ပါတယ်။
8.ပုံမှန်တခွက်အတွက်မူအဖန်ရည်တဝက်ရေနွေးဖြူတဝက်ရောစပ်ဖျော်ပေးနိုင်ပါတယ်။
❀အဖန်ရည်သီးသန့်တခွက်
အဖန်ရည်တဆရေနွေးနှစ်ဆ
အဖန်ရည်နှစ်ဆရေနွေးတဆ
အဖန်ရည်ရေနွေးဆတူ
နို့ဆီနို့စိမ်းတို့ဖြင့်မိမိလိုသလိုဖျော်စပ်နိုင်ပါတယ်။
.......
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...