2 March 2017

ဟလင်မ်

Haleem
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ဟလင်မ်ကိုအချို့လ ည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဆန်၊ဂျုံပဲတို့ကိုအသားတမျိုးဖြင့်ရောပြီးနူးညံ့ကျေညက်အောင်ချက်ထားခြင်းဖြစ်ပါတယ်။သင်းပျံ့တဲ့ဟင်းခပ်အမွေးနှံ့ရှိပြီးအာဟာရလည်းဖြစ်စေကာသူ့ကြည့်လည်းသုံးဆောင်နိုင်သလိုပေါင်မုန့်နံပြားထမင်းတို့ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ဆန် - တစ်ခွက်(ပေါင်းအိုးဆန်ချိန်ခွက်)
ကုလားပဲ - ခွက်တဝက်
ပဲနီလေး - ခွက်တဝက်
ဂျုံစေ့လုံးခြမ်းကွဲ- တစ်ခွက်
ဆိတ်သား /အမဲသား/ကြက်သား - ၄၀၀ဂရမ်
ကြက်သွန်နီကြော် - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - ၂ဇွန်း စားပွဲဇွန်း
အရောင်တင် - နှစ်ဇွန်း
နနွင်း - အနည်းငယ်
အသားမဆလာ / ဇီယာ- ၂ဇွန်း
ခရမ်းချဉ်သီး - နှစ်လုံး
ဆီ - အနည်းငယ်
ဆား - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
တွဲဖက်စားရန်
ပူစီနာ
ကြက်သွန်ကြော်
သံပုရာသီး
ငရုပ်သီး
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်၊ကုလားပဲ၊ပဲနီလေး၊ဂျုံစေ့တို့ကိုရေဆေးပြီး တညသို့မဟုတ်လေးနာရီခန့်စိမ်ထားပါ။
(၂)ရေစိမ်ပြီးသောဆန်ဂျုံစေ့အရောကိုရေပြန်ဆေးကာရေထည့်ပြီးနူးအိအောင်ပြုတ်ထားပါ။ကြေနေအောင်နှင့်အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။
(၃)အခြားအိုးတခုတွင်နှစ်သက်ရာအသားကိုကြက်သွန်နီ၊ခရမ်းချဉ်သီး၊ဂျင်းကြက်သွန်ဖြူ ၊အရောင်တ င်၊နနွင်း၊မဆလာ၊ဆီ၊ဆားဟင်းခပ်မှုန့်တို့ကိုထည့်ြ ပီးသမအောင်မွေပြီးမီးဖိုပေါ်တွင်လုံးချက်ချက်ထားပါ။
(၄)အသားနူးအိပါကသီးသန့်ပြုတ်ထားသောဆန်ဂျုံစေ့ပဲနီတို့ကိုရောပြီးသမအောင်မွေပြီးမီးအေးအေးဖြင့်နူးအိအောင်တည်ထားပါ။ယောင်းမဖြင့်ကြေညက်အောင်အဆက်မပျက်မွေပေးပါ(ကြိတ်စက်တွင်ကြေအောင်ထည့်ကြိတ်နိုင်ပါတယ်)
(၅)ဟလင်မ်အိုးနူးအိကြေညက်ပါကအရသာအပေါ့အငံမြည်းပြီးအပျစ်အကြဲလိုသလိုပြု ပြင်ကာပူစီနံ နံနံပင်ငရုပ်သီးသံပုရာသီးတို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...