(တစေး)
Rice Leaven Powder
ဆန်ချိုပြုလုပ်နည်းတင်ပေးတဲ့အခါမှာအတော်များများဆေးဘယ်မှာဝယ်ရလည်းဘယ်လိုပုံစံလည်းဆိုပြီးမေးကြပါတယ်။အလွယ်တကူလည်းဝယ်ယူရရှိနိုင်ပေမဲ့အချို့သူများကိုယ်တိုင်စမ်းသပ်ပြုလုပ်လိုသူများအတွက်လုပ်နည်းလေးမျှဝေပေးပါ့မယ်။ဒီနည်းလေးကတော့ဆိုဖီယာငယ်ငယ်ကဆန်ချိုစရောင်းခါစကတည်းကမိ ဘများသင်ပေးထားတဲ့နည်းဘဲဖြစ်ပါ တယ်။
ပါဝင်ပစ္စည်း
********
ဂျုံစေ့(မဖွတ်ရသေးသော) - ၂၅ကျပ်သား
ပြုလုပ်ပုံ
******
(၁)မဖွတ်ရသေးသောဂျုံစေ့ကိုရေဆေးပြီးရေ၂နာရီခန့်စိမ်ထားပါ။
(၂)ပွလာပါကဆယ်ယူရေစစ်ပြီးဇကာ တခုတွင်အဝတ်ရေစိုခင်းပြီးထည့်ပါ။
(၃)အပေါ်မှအဝတ်ရေစိုပြန်အုပ်ကာနှစ်ရ
က်ခန့်အညောင့်ဖောက်ထားပါ။
(၄)အညောင့်ဖောက်ထားစဉ်ခြောက်သွေ့
့မနေစေရန်ရေဖြန်းပေးပါ။
(၅)အညောင့်အတော်ရှည်လာပါကဘမ်းတခုတွင်ဖြန့်ထည့်ပြီးနေပူတွင်ခြောက်အောင်လှန်းပေးပါ။
(၆)လုံးဝခြောက်သွေ့သွားသည်နှင့်ကြိတ်စက်ဖြင့်မှုန့်နေအောင်ကြိတ်ပြီးလေလုံသောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
(၇)အသုံးပြုမည့်အချိန်မှသာခြောက်သွေ့သောဇွန်းဖြင့်ခပ်ယူပြီးအသုံးပြုနိုင်ပါပြီ။
❀ပြုလုပ်စဉ်တလျောက်အိုးခွက်အသုံးအဆောင်ပစ္စည်းများဆီကင်းသန့်ရှင်းရန်အရေးကြီးသည်။
❀မဖွတ်ရသေးသောဂျုံစေ့ကိုဂျုံစေ့ပဲအမျိုး မျိုးရောင်းသောဆိုင်များတွင်မေးဝယ်နိုင်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment