8 October 2017

အာလူးဆမူစာ

Aloo Samusa
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ဆမူစာကိုနေရာဒေသတိုင်းလိုလိုမှာအလွယ်တကူဝယ်စားနိုင်ပါတယ်။ဆမူစာပလပ်လုပ်နည်းတင်ပေးရင်းဆမူစာပြုလုပ်နည်းပါမျှဝေပေးလိုက်ပါတယ်။အာလူးဆမူစာကိုအစိမ်းအကျက်ပုံစံနျစ်မျိုးနဲု့ပြုလုပ်နိုင်ပါတယ်။အာလူးပြုတ်ပြီးသားနဲ့ပြုလုပ်ပါကရေခဲသေတ္တာအခဲခန်းတွင်သိမ်းဆည်းထားနိုင်ပြီးစားလိုသောအချိန်မှသာကြော်စားနိုင်ပါတယ်။အစိမ်းနဲ့ပြုလုပ်နည်းမှာ လ္ဘက်ရည်ဆိုင်များတွင်အသုံးပြုသောနည်းဖြစ်ပါတယ်။မိမိနှစ်သက်ရာနည်းဖြင့်ပြုလုပ်နိုင်ပြီးအာလူးဆ မူစာအစားအခြားအသားငါးတို့ဖြင့်လည်းပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ဆမူစာဖက်ရွက် - ၁၅ရွက်
အာလူး - ၅လုံး အကြီး
ကြက်သွန်နီ - ၃လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
အရောင်တင် - နှစ်ဇွန်း စားပွဲဇွန်း
မဆလာ - တစ်ဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပူစီနံ/နံနံပင် - လက်တစ်ဆုပ်
ဆမူစာဖက်ရွက်ကြော် - လက်နှစ်ဆုပ် (optional)
ဂျုံ - နှစ်ဇွန်း/ရေနှစ်ဇွန်း
ဆီ -ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဆမူစာထုပ်ရန်ဦးစွာဂျုံနှစ်ဇွန်းကိုရေအနည်းငယ်ထည့်ပြီးပျစ်ပျစ်ဖျော်ထားပါ။ကော်အဖြစ်သုံးရန်။
2.အာလူးအစိမ်းဖြင့်ပြုလုပ်ရန်အတွက်အာလူးကိုရေဆေးအခွံသင်ပြီးသေးသေးစိတ်ထားပါ။(ဆိုင်တွေကတော့မခွာဘဲစိတ်ပါတယ်)ကြက်သွန်နီကိုလည်းသေးသေးစိတ်ထားပါ။
3.ဇလုံတခုတွင်ကြက်သွန်အာလူးဂျင်းကြက်သွန်ဖြူ
အရောင်တင်မဆလာဆားဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေထားပါ။နံနံပင်သို့မဟုတ်ပူစီနံသေးသေးစိတ်ထည့်ပါ။
❀ဆမူစာပလပ်ပြုလုပ်စဉ်ဘေးသားများလှီးထွက်လာသည်တို့ကိုကြော်ပြီးကြိတ်ခြေထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။အလေအလွင့်မရှိအောင်ပြန်အသုံးပြုခြင်းသာဖြစ်ပါတယ်။
4.အားလုံးအသင့်ဖြစ်ပါကဆမူစာဖက်ရွက်ကိုသုံးချိုးတချိုးမှစခေါက်ပြီးကတော့ပုံစံပြုလုပ်ကာအာလူးအစာထည့်ပေးပါ။
5.ပြီးလျှင်ပိုနေသောဖက်ကိုကျစ်နေအောင်ဖိဆွဲပေးပြီးအစွန်းဖက်ကိုဖျော်ထားသောကော်အပျစ်ဖြင့်ကပ်ပေးပါ။အားလုံးထုပ်ပြီးပါကဆီပူတွင်အရောင်ရ
သည်ထိကြော်ပေးပြီးဆယ်ယူဆီစစ်ကာနှစ်သက်ရာမန်ကျည်းချဉ်ငရုပ်ချဉ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀အာလူးအကျက်ဖြင့်ပြုလုပ်လိုပါကအာလူးကိုပြုတ်ခြေပေးပြီးကြက်သွန်ကိုလည်းဆီသပ်ပြီးမှကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ကာသမအောင်မွေပြီးအသုံးပြုနိုင်ပါသည်။
.........   
Sofia(05.11.2016)
http://sofiafoodparadise.blogspot.com

ငါးဆန်ပြုတ်


Fish Porridge
ဆန်ပြုတ်ဆိုတာနဲ့အတော်များများကလူမမာစာလို့မြင်ကြမယ်ထင်ပါတယ်။လူမမာအတွက်ခလေးသူငယ်လူကြီးများအတွက်မတူတဲ့အရသာနဲ့စားချင်စဖွယ်ဖြစ်အောပြင်ဆင်ပေးနိုင်သလိုစင်္ကာပူမလေးရှားတရုတ်နိုင်ငံများမှာတော့မနက်ခင်းစာကိုသုံးဆောင်လေ့ရှိပါတယ်။ဝိတ်ချလိုသူများအနေနဲ့လည်းထမင်းအစားပြင်ဆင်သုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန် - တခွက် (ဆန်ချိန်ခွက်)
ရေ - ငါးခွက် +
ကြက်သွန်ဖြူ - ၅မြောင်း
ငါးအသားလွှာ (ငါးရံ့/ကကတစ်) - ၁၀၀ ဂရမ်
ဂျင်း - ၃ပြား
ခရမ်းချဉ်သီး/မုန်လာဥ - optional
ငံပြာရည် /ဆား
နှမ်းဆီမွေး
တရုတ်နံနံ/ နံနံပင်
ငရုတ်ကောင်း
ကြက်သွန်နီကြော်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာဆန်တခွက်ကိုရေဆေးပြီးရေ၅ခွက်ထည့်ပါ။ကြက်သွန်ဖြူအလုံးလိုက်ဂျင်းပါးပါးစိတ်ထားသည်ထည့်ပါ။ငါးအသားလွှာရေဆေးပြီးထည့်ပြီးခလုတ်နှိပ်တည်ထားပါ။ငါးအစားနှစ်သက်ရာအသားအစားထိုးနိုင်ပါတယ်။
2.ဆူပွက်ပါကအိုးအဖုံးအနည်းငယ်ဟပေးထားပါ။
3.ရေခမ်းပါကယောင်းမဖြင့်မွေပေးပါမိမိလိုချင်သောအနေအထားရသည်ထိရေကိုအနည်းငယ်ဆီထပ်ထည့်ပေးပြီးတည်ထားပါ။
4.ခရမ်းချဉ်သီးမုန်လာဥထည့်လိုပါကထည့်နိုင်ပါ။
5.ဆားသို့မဟုတ်ငံပြာရည်နှမ်းဆီမွေးထည့်ပါ။အရသာအပေါ့အငံမြည်းပြီးတရုတ်နံနံသို့မဟုတ်နံနံပင်ကြက်သွန်ကြော်ငရုပ်ကောင်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀နှစ်သက်ပါကအီကြာကွေးသေးသေးစိတ်ထည့်ပြီးသုံးဆောင်နိုင်ပါတယ်။
❀ငါးဆန်ပြုတ်ကိုယိုးဒယားငံပြာရည်ထည့်ပြီးသုံးဆောင်ပါကထူးခြားတဲ့ဆန်ပြုတ်အရသာခံစားရမှာဖြစ်ပါတယ်။
.......
Sofia(5.11.2016)
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...