13 September 2017

ဆမူစာဖက်ရွက်

Spring Roll / Samusa Sheet
ဆမူစာပလပ်လို့ခေါ်တဲ့ဆမူစာဖက်ရွက်ပြုလုပ်နည်းဖြစ်ပါတယ်။ဆိုဖီယာကငယ်စဉ်ကတည်းကနေ့ စဉ်မြင်တွေ့နေရလို့မျက်စိအမြင်ဝနေတဲ့ဒီပြုလုပ်နည်းလေးကိုတော့ကိုယ်တိုင်ပထမဆုံးအကြိမ်စမ်းလုပ်ကြည့်ုဖြစ်တဲ့ပလပ်ဘဲဖြစ်တယ်။ငယ်ငယ်ကတော့ဆိုင်မှာမုန့်ဆရာတွေလုပ်တာမြင်ဖူးနေကျပေါ့နော်။ဘာလို့ဆိုပလပ်ခွာတဲ့အချိန်အ ရမ်းကြည့်ကောင်းတယ်ထင်တာဘဲ။ဘာမှနားမလည်ခင်တည်းကညနေတိုင်းဆမူစာပလပ်လုပ်ချိန်ဆိုတကူးတကရပ်ကြည့်ဖြစ်တယ်။ဒီနေ့အဲ့ဒီမြင်ဆရာမုန့်ဆရာဦးကြီးတွေကိုသတိရမိပါတယ်။အလွယ်တကူဝယ်လို့ရနေပြီဖြစ်လို့ကိုယ်တိုင်လုပ်ဖို့မတွေးမိခဲ့ဘူးလေ။သိလိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၅ချပ်)
*********
ဂျုံ (All Purpose Flour)- ၂၅၀ ဂရမ် (၁၅ကျပ်သား)
ဆား - လ္ဘက်ဇွန်း တဝက်
ရေ - ၁၄၀ ml
ဆီ - ၃ဇွန်း စားပွဲဇွန်း
ဂျုံမှုန့် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွပါ။ပြီးလျှင်ရေကိုဖြေးဖြေးဆီထည့်ပြီးနယ်ပေးပါ။
2.ဂျုံလုံးချောမွေ့ပါကအဝတ်အုပ်ပြီး၁၅မိနစ်ခန်နှပ်ထားပါ။
3.၁၅မိနစ်နှပ်ပြီးသားဂျုံကိုအညီအမျှ၅လုံးလုံးထားပြီး၃လက်မအကျယ်အဝိုင်းဖြန့်ပေးပါ။
4.အားလုံးဖြန့်ပြီးပါကတချပ်ကိုဆီလူးပေးပြီးဂျုံဖြူးပါ။အပေါ်မှနောက်တချပ်ထပ်ကာဆီလူးပြီးဂျုံဖြူပေးပါ။ထိုနည်းအတိုင်းပြုလုပ်ပြီးနောက်ဆုံးတချပ်အုပ်ပြီးပါကလိမ့်တုန်းဖြင့်သာသာဖြန့်ပေးပါ။
5.မျက်နှာပြင်အပေါ်အောက်ဂျုံဖြူးသည်ပီးဖြန့်ပါ။လိုချင်သောအပါးရသည်ထိအပေါ်အောက်လှန်ပေးပြီးဖြန့်ပါ။အထူအပါးညီအောင်ဖြန့်ပါ။
6.ဤအဆင့်တွင်ပုံစံနှစ်မျိုးပြုလုပ်နိုင်ပါတယ်။ovenကိုအသုံးပြုနည်းနှင့်တာဝါးခေါ်သံအထူအပြန့်တွင်ပြုလုပ်နည်းဖြစ်ပါတယ်။
7.တာဝါးသို့မဟုတ်ဒယ်အပြန့်ကိုအသုံးပြုလိုပါကမိမိဒယ်အိုးအရွယ်ဖြင့်ချိန်စပြီးဂျုံကိုဖြန့်ထားပါ။
8.တာဝါးကိုအနေတော်အပူပေးထားပါ။ပြီးလျှင်ဖြန့်ထားသောဂျုံအထပ်လိုက်ကိုတာဝါးပေါ်တင်ပြီးဖြေးညင်းစွာဖိပြီးလှည့်ပေးပါ။
9.အရောင်ပြောင်းလာပါကတဖက်လှန်လိုက်ပြီးအပေါ်ဆုံအလွှာကိုသာသာခွာယူပေးပါ။
10.ထိုနည်းအတိုင်းအပေါ်ဖက်အောက်ဖက်တလွှာဆီခွာပေးပြီးအားလုံးခွာပြီးပါကသေချာညီညီထပ်ပေးပြီးဘေးသားများကိုလှီးထုတ်ပေးပါ။
အနံ၃လက်မအလျား၉လက်မခွဲဆီတိုင်းပြီးဖြတ်ပေးကာလေသလပ်ခြောက်မသွားစေရန်အဝတ်ဖန့်ဖန့်ဖြင့်ထုပ်ပြီးဆမူစာပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
11.ovenဖြင့်ပြုလုပ်နည်းမှာပိုလွယ်ကူပြီးအချိန်ကုန်သက်သာတဲ့နည်းဖြစ်ပါတယ်။
12.ovenကို၁၈၀ဒီဂရီအပူပေးထားပါ။ဖြန့်ထားသောဂျုံနှင့်အရွယ်တူbakingpaper sheet ကိုအောက်ခံထားပြီးဘမ်းတခုတွင်တင်ကာ၁၀မိနစ်ခန့်ovenတွင်အပူပေးပါ။
13.ဆယ်မိနစ်ပြည့်ပါကထုတ်ယူပြီးဆမူစာပလပ်ကိုတလွှာဆီခွာပေးပြီးအထက်ပါနည်းအတိုင်းပြုလုပ်အသုံးပြုနိုင်ပါပြီ။
❀ovenဖြင့်ပြုလုပ်သောနည်းမှာသက်သာလွယ်ကူပြီးအပေါ်ဆုံးတချပ်မှာအပူကြောင့်အနည်းငယ်မာသွားသဖြင့်အသုံးပြု၍မရတော့ပါ။
❀မိမိပြုလုပ်လိုသောကော်ပြန့်ဆမူစာအရွယ်အလိုက်လိုသလိုလှီးဖြတ်ပါ။

.............
Sofia(04.11.2016)
http://sofiafoodparadise.blogspot.com

တိုဖူးခြောက်ချက်

တိုဖူးခြောက်ချက်
ရှမ်းပြည်ဒေသထွက်အစားအစာတခုဖြစ်တဲ့တိုဖူးခြောက်ကိုအတော်များများစားဖူးကြမှာပါ။များသောအားဖြင့်ကြော်စားလေ့ရှိပြီးသားရေစာအဖြစ်လည်းစားကြပါတယ်။တိုဖူးခြောက်ကိုကြော်စားတာအပြင်ချက်စားနိုင်သလိုဟင်းရည်တခွက်အဖြစ်လည်းလုပ်စားနိုင်ပါတယ်။အခုတိုဖူးခြောက်ချက်သက်သတ်လွတ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
တိုဖူးခြောက် - ၁၀၀ ဂရမ် (၂ချပ်)
ကြက်သွန်နီ - ၂လုံး
ခရမ်းချဉ်သီး - ၅လုံး
ငရုတ်သီးစိမ်း - အနည်းငယ်
ကြက်သွန်ဖြူ - ၅မြောင်း
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
နံနံပင် - ၃ပင်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.တိုဖူးခြောက်ကိုမချက်ခင်တနာရီခန့်ကြိုပြီးရေနွေးဖြင့်စိမ်ထားပါ။
2.ကြက်သွန်ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုတ်သီးစိမ်းခြမ်းထားပါ။ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ကြက်သွန်နီကြော်ပြီးနနွင်းအရောင်တင်ထည့်ပါ။အရောင်ဝင်းလာပါကခရမ်းချဉ်သီးကြက်သွန်ဖြူတို့ကိုထည့်ပါ။
4.ခရမ်းချဉ်သီးနွမ်းပါကရေအနည်းငယ်ထည့်ပေးပြီးတည်ထားပါ။
5.ဟင်းအနှစ်ကြေပါကရေစိမ်ထားသောတိုဖူးခြောက်ကိုသေးသေးညပ်ထည့်ပါ။ဆားနှင့်ရေအနည်းငယ်ထည့်ကာသမအောင်မွေပေးပြီးတိုဖူးခြောက်အိအောင်တည်ပါ။
6.တိုဖူးခြောက်အိလာပါကအပျစ်အကျဲလိုသလိုပြုပြင်ကာအပေါ့အငံမြည်းပြီးငရုတ်သီးစိမ်းနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

12 September 2017

ယိုးဒယားဆေးငုံးဥသုပ်


 ဆေးဘဲဥငုံးဥကိုပုံစံမျိုးစုံလုပ်စားကြတဲ့ထဲကယိုးဒယားပုံစံသုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အစာပြေအဖြစ်စားနိုင်သလိုဟင်းတခွက်အနေနဲ့လည်းတည်ခင်းနိုင်ပါတယ်။နေရာအတော်များများမှာတော့ဆေးဘဲဥသာတွေ့ရများပြီးရှမ်းပြည်မှာဆေးငုံးဥလေးတွေ့တော့အထူးအဆန်းမို့ဝယ်လာခဲ့ပြီးသုပ်စားဖြစ်တာလေးပါ။
သုပ်စားကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
******
ဆေးဘဲဥ/ငုံးဥ - ၃လုံး/၁၀လုံး
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
သံပုရာရည် - တစ်ဇွန်း
အချိုမှုန့်သကြားအရော - တစ်ဇွန်း လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
**********
(၁)ဦးစွာဆေးဘဲဥသို့မဟုတ်ငုံးဥကိုရေစိမ်ပြီးအပြင်ခွံများကိုဆေးပြီးခွာထားပါ။ရေနွေးပွက်ပွက်ဆူတွင်၅မိနစ်မှဆယ်မိနစ်ခန့်ပြုတ်ထားပါ။
(၂)ပါဝင်ပစ္စည်းများမှကြက်သွန်နီပါးပါးလှီးကြက်သွန်မိတ်တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပြီးအားလုံးကိုပန်းကန်တခုတွင်ထည့်ထားပါ။  (၄)ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးထည်းထည့်ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါကချီလီဆော့ထည့်နိုင်ပါသည်။❀အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။
.............
Sofia
http://sofiafoodparadise.blogspot.com

ယိုးဒယားငါးပေါင်းထုပ်


Steamed Fish in Banana Leave
ငါးပေါင်းနည်းအမျိုးမျိုးရှိတဲ့ထဲကယိုးဒယားစတိုင်ငါးပေါင်းနည်းတမျိုးဖြစ်ပါတယ်။အရသာတမူထူးခြားပြီးအဆာပြေစာဖြစ်စေဟင်းအဖြစ်ဖြစ်စေတည်ခင်းနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
*********
ငါး(ကကတစ်) - ၅၀၀ ဂရမ်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - ဇွန်းတဝက်
ယိုးဒယားဟင်းချက်အနှစ် - နှစ်ဇွန်း
#RedCurryPaste
သံပုရာသီး - တခြမ်း
အုန်းနို့အပျစ်- နှစ်ဇွန်း
နံနံပင် - အနည်းငယ်
ထိုင်းပင်စိမ်း(#SweetBasil) - လက်တဆုပ်
ကြက်သွန်မိတ်- အလှဆင်ရန်
ငှက်ပျောဖက်
ပြင်ဆင်ပြုလုပ်ပုံ
************
1.မိမိနှစ်သက်ရာငါးအကောင်လိုက်ဖြစ်စေအသားလွှာပြီးဖြစ်စေအသုံးပြုနိုင်ပါတယ်။ကကတစ်ငါးအသားလွှာပြီးသားကိုပန်းကန်တခုတွင်ထည့်ပြီးငံပြာရည်၊ပဲငံပြာရည်၊ဟင်းချက်အနှစ်၊အုန်းနို့၊နံနံပင်သေးသေးစိတ်သံပုရာရည်တို့ကိုထည့်ပြီးသမအောင်နယ်ထားပါ။
2.ငှက်ပျောဖက်ကိုအပူပေးပြီးပျော့အောင်ပြုလုပ်ကာယိုးဒယားပင်စိမ်းအနည်းငယ်ကိုဖက်ပေါ်ခင်းပါ။ပြီးလျှင်ငါးကိုတင်ကာသေချာစွာထုပ်ပြီးသွားကြားထိုးတံဖြင့်ထိုးပြီးပိတ်ပါ။
4.အားလုံးထုပ်ပြီးပါကပေါင်းအိုးဖြင့်ရေတည်ထားပါ။ရေဆူပွက်လျှင်ထုပ်ထားသည့်ငါးပေါင်းထုပ်များကိုတင်ပြီးမိနစ်၂၀ခန့်ပေါင်းပါ။
5.အချိန်ပြည့်ပါကငါးအသားကျက်မကျက်စစ်ကြည့်ပြီးကြက်သွန်မိတ်မျှင်မျှင်လှီးထားသည်ဖြင့်အပေါ်မှအလှဆင်ပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဟင်းချက်အနှစ်အသင့်မရှိပါကငရုတ်သီးအနီ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊စပါးလင်ရှောက်ခါးရွက်နှင့်နနွင်းတက်အနည်းငယ်ထည့်ပြီးကြိတ်၍ငါးနယ်သည့်ထဲထည့်နယ်ပြီးပြုလုပ်နိုင်ပါတယ်။
❀ထုပ်ပြီးသားငါးထုပ်လေးများကိုမပေါင်းဘဲအိုးတခုတွင်ဆီအနည်းငယ်လူးပြီးအထုပ်လိုက်ကင်ပေးနိုင်သလိုနှစ်သက်ရာမီးဖိုovenဖြင့်လည်းကင်ပြီးသုံးဆောင်နိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

ဂျုးမြစ်သုပ်

ပါဝင်ပစ္စည်း
********
ဂျုးမြစ် - ၃စည်း
မန်ကျည်းမှည့် - အနည်းငယ်
နနွင်း - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးထောင်းကြော် - အနည်းငယ်
မြေပဲထောင်း - ၂ဇွန်း
နှမ်းထောင်း - တစ်ဇွန်း
ကြက်သွန်နီကြော် - ၂ဇွန်း
ကြက်သွန် - တလုံး (optional)
နံနံပင် -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျူးမြစ်ကိုရေဆေးသန့်စင်ပြီးလက်နှစ်ဆစ်ခန့်ဆီဖြတ်ကာနနွင်းနှင့်မန်ကျည်းမှည့်ထည့်ပြီးပြုတ်ပေးပါ။
2.ပြုတ်ပြီးဆယ်ယူကာရေစစ်ထားပါ။
3.ပြီးလျှင်ပါဝင်သောပစ္စည်းအားလုံးထည့်ပြီးနယ်ကာအရသာအပေါ့အငန်မြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..................
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...