12 September 2017

ဂျုးမြစ်သုပ်

ပါဝင်ပစ္စည်း
********
ဂျုးမြစ် - ၃စည်း
မန်ကျည်းမှည့် - အနည်းငယ်
နနွင်း - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးထောင်းကြော် - အနည်းငယ်
မြေပဲထောင်း - ၂ဇွန်း
နှမ်းထောင်း - တစ်ဇွန်း
ကြက်သွန်နီကြော် - ၂ဇွန်း
ကြက်သွန် - တလုံး (optional)
နံနံပင် -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျူးမြစ်ကိုရေဆေးသန့်စင်ပြီးလက်နှစ်ဆစ်ခန့်ဆီဖြတ်ကာနနွင်းနှင့်မန်ကျည်းမှည့်ထည့်ပြီးပြုတ်ပေးပါ။
2.ပြုတ်ပြီးဆယ်ယူကာရေစစ်ထားပါ။
3.ပြီးလျှင်ပါဝင်သောပစ္စည်းအားလုံးထည့်ပြီးနယ်ကာအရသာအပေါ့အငန်မြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...