12 September 2017

ယိုးဒယားငါးပေါင်းထုပ်


Steamed Fish in Banana Leave
ငါးပေါင်းနည်းအမျိုးမျိုးရှိတဲ့ထဲကယိုးဒယားစတိုင်ငါးပေါင်းနည်းတမျိုးဖြစ်ပါတယ်။အရသာတမူထူးခြားပြီးအဆာပြေစာဖြစ်စေဟင်းအဖြစ်ဖြစ်စေတည်ခင်းနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
*********
ငါး(ကကတစ်) - ၅၀၀ ဂရမ်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - ဇွန်းတဝက်
ယိုးဒယားဟင်းချက်အနှစ် - နှစ်ဇွန်း
#RedCurryPaste
သံပုရာသီး - တခြမ်း
အုန်းနို့အပျစ်- နှစ်ဇွန်း
နံနံပင် - အနည်းငယ်
ထိုင်းပင်စိမ်း(#SweetBasil) - လက်တဆုပ်
ကြက်သွန်မိတ်- အလှဆင်ရန်
ငှက်ပျောဖက်
ပြင်ဆင်ပြုလုပ်ပုံ
************
1.မိမိနှစ်သက်ရာငါးအကောင်လိုက်ဖြစ်စေအသားလွှာပြီးဖြစ်စေအသုံးပြုနိုင်ပါတယ်။ကကတစ်ငါးအသားလွှာပြီးသားကိုပန်းကန်တခုတွင်ထည့်ပြီးငံပြာရည်၊ပဲငံပြာရည်၊ဟင်းချက်အနှစ်၊အုန်းနို့၊နံနံပင်သေးသေးစိတ်သံပုရာရည်တို့ကိုထည့်ပြီးသမအောင်နယ်ထားပါ။
2.ငှက်ပျောဖက်ကိုအပူပေးပြီးပျော့အောင်ပြုလုပ်ကာယိုးဒယားပင်စိမ်းအနည်းငယ်ကိုဖက်ပေါ်ခင်းပါ။ပြီးလျှင်ငါးကိုတင်ကာသေချာစွာထုပ်ပြီးသွားကြားထိုးတံဖြင့်ထိုးပြီးပိတ်ပါ။
4.အားလုံးထုပ်ပြီးပါကပေါင်းအိုးဖြင့်ရေတည်ထားပါ။ရေဆူပွက်လျှင်ထုပ်ထားသည့်ငါးပေါင်းထုပ်များကိုတင်ပြီးမိနစ်၂၀ခန့်ပေါင်းပါ။
5.အချိန်ပြည့်ပါကငါးအသားကျက်မကျက်စစ်ကြည့်ပြီးကြက်သွန်မိတ်မျှင်မျှင်လှီးထားသည်ဖြင့်အပေါ်မှအလှဆင်ပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဟင်းချက်အနှစ်အသင့်မရှိပါကငရုတ်သီးအနီ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊စပါးလင်ရှောက်ခါးရွက်နှင့်နနွင်းတက်အနည်းငယ်ထည့်ပြီးကြိတ်၍ငါးနယ်သည့်ထဲထည့်နယ်ပြီးပြုလုပ်နိုင်ပါတယ်။
❀ထုပ်ပြီးသားငါးထုပ်လေးများကိုမပေါင်းဘဲအိုးတခုတွင်ဆီအနည်းငယ်လူးပြီးအထုပ်လိုက်ကင်ပေးနိုင်သလိုနှစ်သက်ရာမီးဖိုovenဖြင့်လည်းကင်ပြီးသုံးဆောင်နိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...