12 September 2017

ယိုးဒယားဆေးငုံးဥသုပ်


 ဆေးဘဲဥငုံးဥကိုပုံစံမျိုးစုံလုပ်စားကြတဲ့ထဲကယိုးဒယားပုံစံသုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အစာပြေအဖြစ်စားနိုင်သလိုဟင်းတခွက်အနေနဲ့လည်းတည်ခင်းနိုင်ပါတယ်။နေရာအတော်များများမှာတော့ဆေးဘဲဥသာတွေ့ရများပြီးရှမ်းပြည်မှာဆေးငုံးဥလေးတွေ့တော့အထူးအဆန်းမို့ဝယ်လာခဲ့ပြီးသုပ်စားဖြစ်တာလေးပါ။
သုပ်စားကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
******
ဆေးဘဲဥ/ငုံးဥ - ၃လုံး/၁၀လုံး
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
သံပုရာရည် - တစ်ဇွန်း
အချိုမှုန့်သကြားအရော - တစ်ဇွန်း လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
**********
(၁)ဦးစွာဆေးဘဲဥသို့မဟုတ်ငုံးဥကိုရေစိမ်ပြီးအပြင်ခွံများကိုဆေးပြီးခွာထားပါ။ရေနွေးပွက်ပွက်ဆူတွင်၅မိနစ်မှဆယ်မိနစ်ခန့်ပြုတ်ထားပါ။
(၂)ပါဝင်ပစ္စည်းများမှကြက်သွန်နီပါးပါးလှီးကြက်သွန်မိတ်တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပြီးအားလုံးကိုပန်းကန်တခုတွင်ထည့်ထားပါ။  (၄)ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးထည်းထည့်ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါကချီလီဆော့ထည့်နိုင်ပါသည်။❀အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။
.............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...