29 April 2017

Chinese Egg Tart



蛋撻 >> dàntǎ
ပြုလုပ်ရလွယ်ကူပြီးခလေးလူကြီးမရွေးနှစ်သက်မဲ့egg tartလေးဖြစ်ပါတယ်။တရုတ်ဒင်းမ်းဆမ်းများတွ
င်အချိုပွဲအဖြစ်လည်းတည်ခင်းလေ့ရှိတဲ့မုန့်လေးဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
အပြင်မုန့်သား(Tart Dough)
*********
ဂျုံ (All purpose Flour) - ၂၅၀ ဂရမ်
သကြားမှုန့်(Icing Sugar)- ၇၀ ဂရမ်
ထောပတ်ခဲ (Butter )- ၁၄၀ ဂရမ်
ကြက်ဥ - တစ်လုံး
ကြက်ဥအနှစ်ဖျော်ရန်(Egg Filling)
**************
ရေ - ၂၀၀ ml
သကြား-၁၅၀ ဂရမ်
ကြက်ဥ - ၄လုံး
နို့စိမ်း/နွားနို့ - ၂၀၀ ml
ဆား - အနည်းငယ်
ဗနီလာအနံ့ - အနည်းငယ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အပြင်မုန့်သားအတွက်ပါဝင်ပစ္စည်းများအားလုံးကိုရောပြီးနယ်ပေးကာပလပ်စတစ်ဖြင့်ထုပ်ပြီးရေခဲသေတ္တာတွင်၁၅မိနစ်ခန့်နှပ်ထားပါ။
2.EggFillingပြုလုပ်ရန်အတွက်ဦးစွာသကြားနဲ့ရေကိုရောကျိုပါ။သကြားအားလုံးပျော်ပါကအအေးခံထားပါ။3.ကြက်ဥလေးလုံးကိုနို့စိမ်းဆားဗနီလာထည့်ပြီးကြေအောင်မွေပါ။ပြီးလျှင်အအေးခံထားသောသကြားရည်ဖြင့်ရောပြီးသမအောင်မွေကာဇကာစိပ်စိပ်တခုဖြင့်စစ်ထားပါ။
4.နှပ်ထားသောဂျုံကို၁၅ပုံအညီအမျှခွဲပြီးလုံးထားပါ။
5.မုန့်လုပ်ရန်ပုံစံခွက်တွင်တလုံးဆီထည့်ကာခွက်ပုံစံအတိုင်းအထူအပါးညီအောင်ပြုလုပ်ပြီးရေခဲသေတ္တာတွင်ထည့်ပြီးမိနစ်၃၀ခန့်အေးအောင်ထားပါ။
6.ပြီးလျှင်ခွက်များကိုမုန့်ဖုတ်မည့်ဘမ်းတွင်စီထည့်ပါ။စစ်ထားသောကြက်ဥရည်ကိုခွက်များအတွင်းသို့ လေးပုံသုံးပုံခန့်ထည့်ပြီးOvenတွင်၁၈၀ဒီကရီဖြင့်မိနစ်၃၀ခန့်ဖုတ်ပြီးကြက်ဥကျက်မကျက်ကြည့်ကာအပြင်ထုတ်အအေးခံသုံးဆောင်နိုင်ပါပြီ။
................
Sofia
http://sofiafoodparadise.blogspot.com

ကိုက်လန်ခရုဆီ


Chinese Broccoli with Oyster Sauce
ကိုက်လန်ခရုဆီဆိုရင်ဆိုင်တိုင်းမှာလည်းရနိုင်သလိုလူကြိုက်များတဲ့အရွက်ကြော်လည်းဖြစ်ပါတယ်။ဆိုဖီယာအကြိုက်လည်းဖြစ်လို့အမြဲလိုကြော်စားဖြစ်ပါတယ်။ကြော်နည်းများကတော့အနည်းငယ်ကွဲပြားကြပါတယ်။ကိုက်လန်ခရုဆီကိုပုံစံနှစ်မျိုးပြုလုပ်နိုင်ပါတယ်။
ရေနွေးဖျောပြီးဆော့ဆမ်းပေးနိုင်သလိုအစိမ်းကိုကြော်တာလည်းပြုလုပ်နိုင်ပါတယ်။အဆင့်အနည်းင ယ်သာကွဲပြီးပါဝင်ပစ္စည်းများအတူတူပင်ဖြစ်ပါတယ်။ခါးသက်တဲ့အရသာအနည်းငယ်ရှိတဲ့ကိုက်လ န်ကိုရေနွေးပွက်ပွက်ဆူတွင်သကြားအနည်းငယ်ထည့်ပြီးအရောင်ပြောင်းရုံပြုတ်ပေးခြင်းဖြင့်အခါးသက်သာစေနိုင်ပါတယ်။ဆိုဖီယာရဲ့လွယ်ကူတဲ့ကိုက်လန်ခရုဆီကြော်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကိုက်လန် - တစ်ပွဲစာ
ကြက်သွန်ဖြူ - နှစ်မြောင်း
ငရုပ်သီးစိမ်း/အခြောက် - နှစ်တောင့်
ပဲငံပြာရည်အကြည် - တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့် - ဇွန်းတဝက်
ကြက်သွန်ကြော် - အနည်းငယ် (optional)
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ကိုက်လန်နုနုကိုလိုသလိုလှီးဖြတ်ပြီးဆားရေဖြင့်ဆယ်မိနစ်ခန့်စိမ်ထားကာရေဆေးရေစစ်ထားပါ။
2.ပန်းကန်တခုတွင်ကြက်သွန်ဖြူရိုက်ပြားငရုပ်သီးစိမ်းရိုက်ပြားပဲငံပြာရည်ခရုဆီသကြားဟင်းခပ်မှုန့်ဆီမွေးတို့ကိုထည့်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ရေဆေးရေစစ်ထားသောကိုက်လန်နှင့်အတူရောစပ်ထားသောဟင်းစပ်ပစ္စည်းတို့ကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပါ။
5.လိုအပ်ပါကကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပြီးမွေပေးကာအရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်ထည့်ကာကြက်သွန်ကြော်ဖြူးပေးပြီးသုံးဆောင်နိုင်ပါပြီ။
❀ငရုတ်သီးခြောက်ထည့်လိုပါကဦးစွာဆီပူတွင်ကြွမ်းအောင်ကြော်ပေးပြီးမှကိုက်လန်နှင့်ပါဝင်ပစ္စည်းများချကြော်ပါ။
❀ရေနွေးဖျောပြီးကြော်နိုင်သလိုမကြော်ဘဲပါဝင်ပစ္စည်းများကိုမီးဖိုပေါ်တွင်အပူပေးကာအပေါ်မှဆမ်းပေးပြီးလည်းတည်ခင်းနိုင်ပါတယ်။နှစ်သက်ပါကေ က်ာရည်အနည်းငယ်ဖြင့်ပျစ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။
❀အသီးအရွက်များကိုကြော်စဉ်ဝါမသွားစေရန်မီးပြင်းဖြင့်ခဏသာကြော်ပါ။အဖုံးမအုပ်ရ။သုံးဆောင်ခါနီးမှသာကြော်ပါ။
❀ရင့်သောမာသောဟင်းရွက်များကိုအရောင်မပျက်နူးညံ့စေလိုပါကပြာရည်အနည်းငယ်ထည့်ပေးနိုင်ပါတယ်။(ရိုးရာနည်း)
........
Sofia
http://sofiafoodparadise.blogspot.com

27 April 2017

မျှစ်စိမ့်ဆန်လှော်ဟင်း

ရှမ်းပြည်တောင်ပိုင်းအစားအစာတခုဖြစ်တဲ့မျှစ်စိမ့်ဆန်လှော်ဟင်းဖြစ်ပါတယ်။ဒီဟင်းချက်နည်းလေး ကိုမျှဝေပေးလာတာကတော့တောင်ကြီးမြို့မှညီမယွန်းဖူးဖူးဘဲဖြစ်ပါတယ်။ချက်စားကြည့်ရအောင်ေ နာ်။
ပါဝင်ပစ္စည်း
********
မျှစ် - ၁၅၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
ကြက်သွန်နီ - နှစ်လုံး
နနွင်း - အနည်းငယ်
ငါးရံ့ - တစ်ကောင်
ဆန်လှော်မှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ဆီ - ငါးရံ့ကြော်ရန်
ပူစီနံ - တစ်ပန်းကန်
ဆား - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပြင်ဆင်ပြူလုပ်ပုံ
***********
1.မျှစ်အစိမ်းကိုခြစ်ပြီးရေတရက်နှင့်တညစိမ်ထားပါ။2.မျှစ်ပျော့လာပါကအိုးတခုတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။ဆူပွက်ပါကရေစစ်ထုတ်ပြီးဒုတိယအကြိမ်ပြုတ်ပြီးရေစစ်ထားပါ။❀ဆိုဖီယာတော့မျှစ်စိမ်းအစားမျှစ်ပြုတ်ကိုအသုံးပြုထားပါတယ်။
3.ပြုတ်ထားသောမျှစ်အသင့်ဖြစ်ပါကအိုးတခုတွင်ပြုတ်ထားသောမျှစ်ဂျင်းကြက်သွန်ဖြူနှင့်ရေထည့်ပြီးတည်ပါ။နနွင်းအနည်းငယ်နှင့်ဆီအနည်းငယ်ထည့်ပါ။ ဆားဟင်းခပ်မှုန့်ထည့်ပြီးဆူပွက်အောင်တည်ထား ပါ။
4.ဂျင်းကြက်သွန်ဖြူစိမ်းနံ့ပျောက်ပါကဆန်လှော်မှုန့်ထည့်ပါ။
5.ကြက်သွန်နီနှစ်လုံးကိုဆီသပ်ပြီးထည့်ပါ။အရသာ အပေါ့အငံမြည်းပါ။အပျစ်အကျဲလိုသလိုပြုပြင်ပါ။
6.ငါးရံ့ကိုအကွင်းလှီးပြီးအရသာအနည်းငယ်ဖြင့်နယ်ကာဆီပူတွင်ချကြော်ထားပါ။ပူစီနံများများကို သင်ထားပါ။
7.မျှစ်စိမ့်ဆန်လှော်ဟင်းအပျစ်အကျဲအရသာအနေတော်ပါကသုံးဆောင်ခါနီးအချိန်တွင်ပူစီနံရွက်များများခပ်ထည့်ပြီးဆူပွက်အောင်တည်ကာငါးကြော်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ
........
Sofia
http://sofiafoodparadise.blogspot.com

ရှမ်းမုန့်ဖက်ထုပ်

ရှမ်းပြည်မှာသာတွေ့ရတဲ့ရှမ်းမုန့်ဖက်ထုပ်ဖြစ်ပါတယ်။ရိုးရိုးသကြားမုန့်ဖက်ထုပ်နဲ့အနံ့ရောအရသာပါ ကွဲပြားပါတယ်။ပြုလုပ်ရလွယ်ကူပြီးသင်းပျံတဲ့ငှက်ေ ပျာဖက်ရနံ့နဲ့ရှမ်းမုန့်ဖက်ထုပ်ကိုရှမ်းပြည်အလွမ်းပြေမကြာမကြာလုပ်စားဖြစ်ပါတယ်။လုပ်စားကြည့် ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကောက်ညင်းမှုန့်-၃၀၀ဂရမ်
ကြံသကာ - ၁၀၀ ဂရမ်
ရေ - ၅၀ml
ငှက်ပျောဖက်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကြံသကာကိုရေထည့်ပြီးအပူပေးကာပျော်အောင်ပြုလုပ်ပြီးအမှိုက်စစ်အအေးခံထားပါ။
2.ပန်းကန်တခုတွင်ကောက်ညင်းမှုန့်နှင့်ကြံသကာရည်ကိုရောနယ်ထားပါ။မာနေလျှင်ရေအနည်းင ယ်ထည့်ပေးနိုင်သည်။
3.ပြီးလျှင်မီးပြထားသောငှက်ပျောဖက်ကိုသန့်စင်ပြီး၇ပုံခန့်အညီအမျှခွဲပြီးဖက်နဲ့ထုပ်ကာပေါင်းမည့်ဇကာတွင်စီထည့်ပါ။
4.အသင့်တည်ထားသောရေနွေးပေါင်းခံအိုးတွင်ထည့်ပြီးမိနစ်၃၀မှ၄၅မိနစ်ပေါင်းကာအတွင်းသားကျက်မကျက်စစ်ကြည့်ပြီးအအေးခံကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia (13.09.2016)
http://sofiafoodparadise.blogspot.com

နံရိုးကင်

BBQ Beef Short Ribs
နံရိုးကင်ကိုပုံစံအမျိုးမျိုးအရသာအမျိုးမျိုးကင်ပြီးသုံးဆောင်နိုင်ပါတယ်။အခုပြုလုပ်ထားတာကတော့ယိုး ဒယားဟင်းစပ်ပစ္စည်းများနှင့်ပြုလုပ်ထားတဲ့နံရိုးကင်ဖြစ်ပါတယ်။ဘယ်လိုအရသာမျိုးနဲ့ကင်ထားသ ည့်အကင်ဖြစ်ပါစေသင်းပျံမွေးကြိုင်နေတဲ့အကင်ကိုတော့မြင်သူအပေါင်းစားချင်အောင်စွဲဆောင်မြဲဘဲဖြစ်ပါတယ်။နံရိုးကင်ကိုမိမိနှစ်သက်ရာနံရိုးအစားထိုးအသုံးပြုနိုင်ပါတယ်။ကင်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲ/ဆိတ်နံရိုး - ၅၀၀ ဂရမ်
ဆီ - နှစ်ဇွန်း စားပွဲဇွန်း
ကိုကာကိုလာ - ၅ဇွန်း
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ပဲငံပြာရည် (အမဲ) - နှစ်ဇွန်း
ယိုးဒယားငံပြာရည် - တစ်ဇွန်း
စပါးလင် - တစ်ချောင်း
ကြက်သွန်ဖြူ - တစ်မြောင်း
သကြားညို - တစ်ဇွန်း
ဆော့ပြုလုပ်ရန်
***********
ကြက်သွန်ဖြူ -၃မြောင်း
ငရုတ်သီးစိမ်း - ၅တောင့်
နံနံပင် - ၃ပင်
သကြား - လ္ဘက်ဇွန်း တဝက်
ဟင်းခပ်မှုန့် - ဇွန်းတဝက်
ငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - နှစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.နံရိုးကင်ပြုလုပ်ရန်ဦးစွာရေဆေးသန့်စင်ပြီးရေစစ်ထားသောနံရိုးကိုဇလုံတခုတွင်ထည့်ပါ။
2.စပါးလင်ကိုထုပြီးအရင်းပိုင်းကိုဖြတ်ထည့်ပါ။ကြက်သွန်ဖြူသေးသေးစိတ်ထည့်ပါ။
3.ကိုကာကိုလာနှင့်ပဲငံပြာရည်ငံပြာရည်သကြားငရုပ်ကောင်းနှင့်ဆီတို့ကိုထည့်ပြီးသမအောင်မွေပေးကာအလုံပိတ်ပလပ်စတစ်အိတ်တွင်ထည့်ပြီးရေခဲသေတ္တာတွင်တညထည့်ပြီးနှပ်ထားပါ။
4.အသင့်ဖြစ်ပါကovenကို၂၀၀ဒီဂရီဖာရီဟိုက်အပူပေးထားပါ။
5.ဘမ်းတခုတွင်အလူမီနီယံစက္ကူခင်းပြီးအရသာနယ်ထားသောနံရိုးတို့ကိုအသားကိုအပေါ်ဖက်ထားပြီးခင်းထည့်ပါ။အပေါ်မှအလူမီးနီယံတထပ်အုပ်ပြီး တနာရီမှတနာရီခွဲခန့်ထိကင်ပေးပါ။
6.အချိန်စေ့ပါကထုတ်ယူပြီးအသားနူးမနူးသိစေရန်ခက်ရင်းဖြင့်ထိုးကြည့်ပါ။အသားနူးအိပါကအပေါ် အလူမီနီယံဖယ်ပြီးဆယ်မိနစ်ခန့်အရောင်ရအောင်ထပ်ကင်ပေးပြီးပါကချဉ်ငံစပ်ဆော့စ်နှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
7.ချဉ်ငံစပ်ဆောစ်ပြုလုပ်ရန်ကြက်သွန်ဖြူငရုတ်သီးစိမ်းနံနံပင်တို့ကိုသေးသေးစိတ်ကာငံပြာရည်သံပုရာရည်ဟင်းခပ်မှုန့်သကြားထည့်ပြီးအရသာအပေါ့အငံမြည်းကာတွဲဖက်တည်ခင်းနိုင်ပါပြီ။
❀ကိုကာကိုလာကိုအသားနူးရန်အသုံးပြုထားခြင်းဖြစ်ပါတယ်အခြားအသားကိုနူးညံ့စေမည့်အရာများဖြင့်လည်းအစားထိုးနိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

ပုဇွန်ချဉ်

ပါဝင်ပစ္စည်း
*******
ပုဇွန် - ၂၀၀ ဂရမ်
ထမင်းချက်ပြီးသား - ၄၀၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
ယမ်းစိမ်း - လ္ဘက်ဇွန်း တစ်ဇွန်း (optional)
(ပရဆေးဆိုင်များတွင်ရနိုင်ပါတယ်)
ငှက်ပျောဖက် - ထုပ်ရန်
လေလုံသောဘူးသို့မဟုတ်ပုလင်းကိုလည်းအသုံးပြုနိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
***********
1.ပုဇွန်စိတ်ကိုခေါင်းဖြတ်အခွံခွာသန့်စင်ပြီးရေစစ်ထားပါ။
2.ထမင်းကိုခပ်မာမာချက်ထားပါ။ဆန်နီကိုအသုံးပြု ထားပါတယ်။
3.ပုဇွန်ကိုပန်းကန်တွင်ထည့်ပြီးဆားထည့်ပြီးနယ်ကာ၁၅မိနစ်ခန့်ထားကာထွက်လာသောရေကိုစစ်ထုတ်ပစ်ပါ။ပြီးလျှင်ယမ်းစိမ်းထည့်ကာသမအော င်နယ်ပေးပါ။
4.ယမ်းစိမ်းအားလုံးပျော်သွားပါကအသင့်ချက်ထားသောထမင်းကိုထည့်ပြီးနယ်ပေးပါ။
5.အားလုံးသမအောင်နယ်ကာပလပ်စတစ်တထပ်ခံပြီးထုတ်ပါ။ပလပ်စတစ်ကိုအပ်ဖြင့်အပေါက်လေး များဖောက်ပေးပြီးမီးပြပြီးသန့်စင်ထားသောငှက်ပျောဖက်တွင်ထည့်ကာသေချာကျစ်နေအောင်စည်းပေးပါ။
6.အားလုံးပြုလုပ်ပြီးပါကဇကာတခုတွင်ထည့်ပြီးအပေါ်မှအလေးဖြင့်ဖိပေးထားပါ။ပူနွေးသောနေရာ တွင်၂ရက်မှ၃ရက်ထိထားပါ။ရာသီဥတုအေးပါက ရက်အနည်းငယ်ပိုကြာပါတယ်။
7.ပုဇွန်ချဉ်ချဉ်ပါကဖက်များကိုဖယ်ထုတ်ပြီးလိုသလိုလှီးကာကြက်သွန်ဖြူဆီချက်၊ငရုတ်သီးကြော်၊ကြက်သွန်ဖြူနံနံပင်တို့ဖြင့်တွဲဖက်သုံးဆောင်သလိုကြက်သွန်ခရမ်းချဉ်သီးတို့ဖြင့်လည်းချက်စားနိုင်ပါတယ်။
❀မာကျစ်ကျစ်ဖြစ်အောင်အလေးနဲ့ဖိပေးထားခြင်းဖြစ်ပါတယ်။ဘူးသို့မဟုတ်ပုလင်းတွင်လည်းထည့် ပြီးချဉ်နိုင်ပါတယ်။
❀ယမ်းစိမ်းကိုမထည့်လိုပါကမထည့်ဘဲပြုလုပ်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ငချိတ်အုန်းနို့ကျောက်ကျော

Black Sticky Rice & Coconut Agar Agar
မနေ့ကလုပ်ဖော်ကိုင်ဖက်တွေအားလုံးညစာအတူစားဖို့ပြင်ဆင်ချက်ပြုတ်ဖြစ်ပါတယ်။တပတ်လောက်ကြိပြီးချက်မဲ့မီနူးတွေတိုင်ပင်ကြတော့အချိုပွဲကိုလွယ်လွယ်ကူကူကျောက်ကျောလုပ်မယ်လို့ချရေးထားခဲ့ပေမဲ့ဘာကျောက်ကျောလုပ်ရမှန်းမသိဖြစ်နေခဲ့တာ။အုန်းနို့ကျောက်ကျောလည်းအမြဲလုပ်ဖြစ်နေတော့မတူတာလေးလုပ်ချင်လို့တွေးရင်းကဘဲပထမရက်မှာငချိတ်ပေါင်းစားဖြစ်တယ်။ငချိတ်ကရေစိမ်ပြီးပေါင်းရင်အရမ်းကြာတတ်တော့
တဝက်ကျက်အနေအထားပြုတ်ပြီးပေါင်းစားဖြစ်တာမို့ပြုတ်ပြီးထွက်လာတဲ့ရေငချိတ်ထမင်းရည်ကိုချန်ထားပြီးအုန်းနို့ကျောက်ကျောစမ်းလုပ်လိုက်ပါတယ်။စမ်းလုပ်ကြည့်ပေမဲ့အရသာနဲ့အနံ့လေးကအတော်ကောင်းပါတယ်။ငချိတ်နဲ့အုန်းနို့တွဲဖက်လိုက်တော့သာခွေယိုင်အရသာလေးထွက်လာပါတယ်။ဆေးရောင်သီးသန့်ထည့်စရာမလိုတော့ဘဲအရသာရှိတဲ့ငချိတ်ကျောက်ကျောလေးလောက်စားကြည့်ရအောင်နော်။
ပါဝင်ပ္စည်း
********
ငချိတ်ပြုတ်ရည် - ၁.၅လီတာ
အုန်းနို့ - ၅၀၀ ml
သကြား- ၄၀၀ ဂရမ်
ကျောက်ကျောမှုန့် - ၂၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာငချိတ်ထမင်းရည်၁.၅လီတာရအောင်ပြုလုပ်ထားပါ။ငချိတ်ထမင်းရည်အစားနှစ်သက်ရာဖျော်ရည်သစ်သီးရည်တို့ကိုအစားထိုးနိုင်ပါတယ်။
2.တည်မည့်အိုးထဲတွင်ငချိတ်ထမင်းရည်ကျောက်ကျောမှုန့်သကြားတို့ကိုထည့်ပြီးတည်ပါ။အဆက်မပျ က်မွေမေးပါ။
3.ဆူပွက်လာပါကအုန်းနို့၅၀၀mlထည့်ပြီးသမအောင်မွေပြီးပြန်လည်ဆူပွက်အောင်တည်ပေးပါ။
4.ဆူပွက်ပါကအအေးခံမည့်ဘမ်းတွင်လောင်းထည့်ပေးပြီးအအေးခံထားပါ။
5.လုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ပြီးတည်ခင်းနိုင်ပါပြီ။
.......
Sofia
http://sofiafoodparadise.blogspot.com

မျှစ်ချဉ်ခေါက်ဆွဲ

ရှမ်းခေါက်ဆွဲကိုနေရာဒေသအလိုက်မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့လုပ်စားကြတဲ့အထဲအမဲသားမျှစ်ချဉ်ခေါက်ဆွဲလေးကအရသာထူးခြားလှတဲ့ရှမ်းခေါက်ဆွဲလေးဖြစ်ပါတယ်။မြေပဲဆံပဲပြင်းစေ့နှင့်အသားမျစ်ချဉ်တွဲဖက်ထားသောတမူထူးတဲ့ရှမ်းခေါက်ဆွဲစိမ့်စိမ့်လေးလုပ်နည်းချက်နည်းလေးကိုစိတ်ရှည်စွာသင်ပြပေးတဲ့မမကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်။ရှမ်းခေါက်ဆွဲချစ်သူများတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲသား/ဆိတ်သား - ၂၅ကျပ်သား
ပဲပြင်းစေ့ - ၃ဘူး (နို့ဆီဘူး)
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်နီ - ၃ လုံး
မြေပဲဆံ - တစ်ပန်းကန်
ဂျင်းကြက်သွန်ဖြူ -တစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
အရောင်တင် - နည်းနည်း
ဆား - လိုသလောက်
တွဲဖက်စားရန်
**********
ဆန်ခေါက်ဆွဲ
နှမ်းထောင်း
သံပုရာသီး
နံနံပင်
ငရုတ်သီးဆီချက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အသားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးလေးများတုံးထားပါ။မျှစ်ချဉ်ကိုလည်းအနေတော်လှီးဖြတ်ထားပါ။
(၂)ချက်မည့်အိုးတွင်အသား၊ပဲပြင်းစေ့၊မျှစ်ချဉ်၊ခရမ်းချဉ်သီး၊ကြက်သွန်သေးသေးစိတ်၊ဂျင်းကြ က်သွန်ဖြူထောင်း၊အရောင်တင်၊ဆားနှင့်ဆီအန ည်းငယ်ထည့်ပြီးလုံးချက်ပါ။
(၃)မြေပဲဆန်ကိုရေစိမ်ထားပြီးကြေညက်အောင်ကြိတ်ထားပါ။
(၄)ဟင်းအိုးလုံးရည်ခမ်းပါကရေအနည်းငယ်ဆီ ထည့်ပေးပြီးအသားနှင့်ပဲပြင်းစေ့တို့ကိုနူးအိသည်ထိတည်ပေးပါ။
(၅)အသားနူးအိပါကလိုအပ်သလိုဟင်းရည်အပျစ်အကြဲရအောင်လုပ်ပြီးမြေပဲကြိတ်ထားသည်ကိုထည့်ပါ။
(၆)ဆူပွက်လာပါကအရသာအပေါ့အငံမြည်းပြီးခေါက်ဆွဲနှင့်တွဲဖက်စားရန်ဟင်းအသင့်ရပါပြီ။
(၇)ခေါက်ဆွဲပွဲပြင်ရန်ရှမ်းခေါက်ဆွဲကိုရေနွေးဖျောပြီးချက်ထားသောအသားမျှစ်ချဉ်ဟင်းရည်ထည့်ပါ။နံနံပင်၊နှမ်းထောင်း၊သံပုရာသီးငရုတ်သီးတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

ငှက်ပျောသီးပီဇာ

Banana Dessert Pizza
ပီဇာဂျုံနယ်ရန်
**********
ဂျုံ - ၁ကီလို
Yeast - ၄ ဂရမ်
သကြား  - ၂၀ ဂရမ်
ဆား  - ၂၀ ဂရမ်
နွားနို့  - ၂၅ ml
သံလွင်ဆီ - ၄၀ml
ရေခဲ - ၈၀ ဂရမ်
ရေ - ၄၂၀ ml
❀❀ ဂျုံတစ်ကီလိုလုပ်လျှင်၇လက်မပုံပါဆိုဒ် ၁၄ခုရပါတယ်။ အိမ်စားများအနေဖြင့်မိ
မိပြုလုပ်မည့်အပေါ်ချိန်ဆပြုလုပ်ပါ။
ပီဇာဂျုံပြုလုပ်ပုံ
**********
1.ဂျုံနှင့်yeastကိုအရင်သမအောင်မွေပါ။ 2.ကျန်ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေခဲဆားသကြားပျော်အောင်မွေပြီးပါကဂျုံနှင့်Yeastအရောထည်းထည့်နှယ်ပါ။
3.ဂျုံသားပြောင်ချောလာသည်ထိနှယ်ပေးပါ။ပြီးလျှင်၁၀၀ဂရမ်ဆိုဒ်အလုံးလေးများလုံး ကာဆီသုတ်ဂျုံဖြူးထားသောဘမ်းတွင်နှစ်လက်မလောက်ခြားကာစီထည့်ပြီးပလပ်စတစ်လုံအောင်ပိတ်ကာရေခဲသေတ္တာတွင်နှပ်ထားပါ။4.ပီဇာမလုပ်ခင်တရက်သို့နေ့ဝက်လောက်ကြိုလုပ်ထားတာကလက်နဲ့ဖြန့်ရတာပိုအဆင်ပြေပါတယ် ။တရက်တည်းမကုန်ရင်ဂျုံကိုရေခဲသေတ္တာတွင်၃ရက်လောက်အထားခံပါတယ် ။
ငှက်ပျောသီးပီဇာပြုလုပ်ရန်
*******************
ငှက်ပျောသီး(သီးမွေး)
သကြားရည်အကျဲ
နို့ဆီ
ထောပတ်(unsalted butter)
ချောကလတ် (အမှုန့်)
ပြင်ဆင်ပြုလုပ်ပုံ
************
1.ငှက်ပျောသီးကိုခပ်ထူထူအကွင်းလိုက်လှီးပြီးသကြားရည်တွင်စိမ်ထားပါ။ပြုလုပ်ခါနည်းတွင်ဇကာဖြင့်ဆယ်ပြီးစစ်ထားပါ။
2.ပီဇာပြုလုပ်ရန်အသင့်နပ်ထားသော ဂျုံကိုဂျုံမှုန့်ဖြူးပြီး၇လက်မအရွယ်အဝိုင်းဖြန့်ပေးပါ။
3.ဖြန့်ပြီးသားဂျုံကိုခက်ရင်းဖြင့်အပေါက်လေးများဖြစ်အောင်နေရာအနံ့ထိုးပေးပါ။
4.ထောပတ်တစ်ဇွန်းယူပြီးဖြန့်ထားသောဂျုံပေါ်တွင်လူးပေးပါ။
5.သကြားရည်စစ်ထားသောငှက်ပျောသီးကိုစီထည့်ပါ။
6.အပေါ်မှာနို့ဆီစမ်းပေးပြီးovenတွင် အပေါ်၂၈၀ဒီဂရီအောက်၂၀၀ဒီဂရီတွင်၅မိနစ်မှ၆မိနစ်အရောင်ရသည်ထိဖုတ်ပေးပြီးအရောင်ရပါကထုတ်ယူကာလိုသလိုလှီးဖြတ်ပါ။
7.နောက်ဆုံးတွင်ချောကလတ်အမှုန့်ဖြူးပေးပြီးနှစ်သက်သလိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

နို့မလိုင်ခဲ

 Milk Peda
အိန္ဒိယအချိုပွဲတမျိုးဖြစ်တဲ့မလိုင်ခဲလုပ်နည်းလေးဖြစ်ပါတယ်။ပြုလုပ်ရလွယ်ကူပြီး လူကြိုက်များတဲ့အချိုမုန့်လေးလည်းဖြစ်ပါတယ်။သန့်ရှင်းလပ်ဆပ်ပြီးဆေးသကြား ကင်းတဲ့အချိုမုန့်လေးလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(၂၀ ခု)
********
နွားနို့ - တစ်လီတာ
နို့ဆီ - ဘူးတဝက်
ထောပတ် - ၃ဇွန်း - စားပွဲဇွန်း
ဖာလာစေ့ - ၃စေ့
Saffron - အနည်းငယ်(အရောင်အတွက်)
အလှဆင်ရန်နှစ်သက်ရာသစ်သီးခြောက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သန့်ရှင်းပြီးအောက်ခြေထူသောအိုးမ ကပ်နိုင်သည့်အိုးတွင်နွားနို့ကိုထည့်ကျိုပါ။
(၂)ဆူပွက်ပါကမီးလျော့ပြီးနို့များအတော်ခမ်းသည်ထိကျိုပေးပါ။အဆက်မပျက်မွေပေးပါ။
(၃)နို့ဆီနှင့်ထောပတ်ထည့်ပါ။ဖာလာစေ့ထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၄)နို့များခမ်းပြီးလုံးလာကာလက်ဖြင့်လုံးနိုင်သောအနေရပါကပန်းကန်တခုတွင်ထည့်ပြီးအအေးခံထားပါ။
(၅)လက်ဖြင့်ကိုင်၍ရနိုင်သောအနွေးအနေထားတွင်လက်ကိုထောပတ်အနည်းငယ်လူးပြီးနှစ်သက်ရာအရွယ်အလုံးလေးများကိုပြောင်ချောနေအောင်လုံးပေးပါ။
(၆)ပြီးလျှင်အလည်တွင်လက်ညိုးဖြင့်ဖိပြီးအချိုင့်လေးပြုလုပ်ကာသစ်သီးခြောက်ဖြင့်အလှဆင်ပေးပါ။
(၇)အားလုံးပြီးသွားပါကဆီအနည်းငယ်လူးထားသောပန်းကန်တွင်စီထည့်ပြီးလေသလပ်ထားပေးကာအေးပြီးအနည်းငယ်မာအောင်ရေခဲသေတ္တာတွင်ထည့်ပြီးထားပါ။
(၈)မာတင်းပြီးခဲလာပါကလေလုံသောဘူးတွင်ထည့်ုပြီးရေခဲသေတ္တာတွင်သိမ်းဆည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀အရောင်ဖြင့်ပြုလုပ်လိုပါကsaffronထည့်ပြီးပြုလုပ်နိုင်ပါသည်။
❀❀ယခုအချိုးမှာအချိုလျော့ထား၍အနည်းငယ်ပိုနူးညံ့ကာမာခဲရန်ရက်အနည်းငယ်ပိုပေးရပါတယ်။
❀❀ကြာရှည်အထားခံရန်အတွက်လေလုံသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်ထားကာသုံးဆောင်ခါနီးမှသာအပြင်ထုတ်ယူပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

ငါးဥကြော်

ငါးဥကိုခရမ်းချဉ်သီးအနှစ်နဲ့ကြော်ချက်ချက်သလိုတခါတရံတော့သူ့ကြည့်သပ်သပ်ခြောက်နေအောင်လည်းကြော်စားဖြစ်ပါတယ်။ဒီတခါတော့ရှမ်းပြည်မှာစားခဲ့ဖူးတဲ့ပုံစံသစ်တမျိုးနဲ့ဖက်ဖယ်ရွက်လေးနဲ့ရောလို့စပ်စပ်လေးကြော်ချက်ချက်ထားပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးဥ - ၂၀၀ဂရမ်
ခရမ်းချဉ်သ်ီး - ၂လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ဖက်ဖယ်ရွယ် - လက်တစ်ဆုပ်
ကြက်သွန်မိတ် - ၃ပင်
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)ဦးစွာငါးဥကိုရေဆေးသန့်စင်ပြီးနနွင်းထည့်နယ်ပြီးရေခမ်းပြုတ်ထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးကြက်သွန်ပါးပါးလှီးထားပါ။
(၃)ကြက်သွန်ဖြူနှင့်ငရုပ်သီးစိမ်းကိုရောထောင်းထားပါ။
(၄)ဖက်ဖယ်နှင့်ကြက်သွန်မိတ်ကိုရေဆေး သန့်စင်ကာသေးသေးစိတ်ပါ။
(၅)အားလုံးအသင့်ဖြစ်ပါအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်နီဆီသပ်ပါ။
(၆)နနွင်းအရောင်တင်ထည့်ပြီးခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးခရမ်းချဉ်သီးကြေညက်အောင်မွေပေးပါ။
(၇)ခရမ်းချဉ်သီးကြေညက်ပါကကြက်သွန်ဖြူ ငရုပ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။
ပြီးလျှင်ပြုတ်ထားသောငါးဥကြက်သွန်မိတ်နှင့်ဖက်ဖယ်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ၊
(၈)လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးအရသာအပေါ့အငံမြည်းကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
တွဲဖက်ရန်အတွက်ငါးခေါင်းဆန်လှော်ဟင်းဂျူးမြစ်ငါးဟင်းနှမ်းထူမုန့်ကြွပ်ကြော်တို့မှာအလွန်လိုက်ဖက်လှပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

26 April 2017

မုန့်ကုလားမဲ >> ဒိုလ်ဒိုလ်

Black Sticky Rice Cake
..............
မုန့်ကုလားမည်းလို့လူသိများတဲ့အချိုပွဲကိုများသောအားဖြင့်ထိုးမုန့်ဆိုင်များတွင်တွဲရောင်းလေ့ရှိတာမို့မန္တလေးပြန်မှသာစားဖြစ်တာများပါတယ်။အဝေးရောက်နေသူများနှင့်အလှူအတန်းများဧည့်ခံကျွေးမွေးနိုင်ရန်ကိုယ်တိုင်ပြုလုပ်လိုသူများအတွက်လုပ်နည်လေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
ကောက်ညင်းငချိတ် - ၂ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)
အုန်းနို့. - ၄၀၀ ml
သကြား - ၂၅၀ ဂရမ်
ထောပတ် - ၁၅၀ ဂရမ်
ဘိန်းစေ့ - အနည်းငယ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
(၁)ဦးစွာကောက်ညင်းငချိတ်ကိုရေဆေးသန့်စင်ပြီးတညသို့မဟုတ်၆နာရီခန့်စိမ်ထားပါ။
(၂)ရေစိမ်ပြီးသားငချိတ်ကိုရေတကြိမ်ပြန်ေ ဆးကာရေစစ်ထားပါ။
(၃)ကြိတ်စက်တွင်ရေစစ်ထားသောငချိတ်ကိုအုန်းနို့၄၀၀mlထည့်ပြီးချောမွေ့လာသည်ထိကြိတ်ပေးပါ။
(၄)လိုအပ်သောအနေအထားထိချောမွေ့ပြီးညက်လာပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပါ။
(၅)သကြားနှင့်ထောပတ်ထည့်ပြီးအနေတော်မီးဖြင့်တည်ကာအဆက်မပျက်မွေပေးပါ။
(၆)မုန့်သားညက်ပြီးဆီပြန်လုံးလာသည်ထိမွေပေးကာဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။ဘိန်းစေ့ဖြူးလိုပါကလှော်ပြီးသားဘိန်းစေ့ဖြူးကာအအေးခံထားပါ။မုန့်သားလုံးဝအေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ တညထားပြီးမှသာလှီးဖြတ်ပါ။
❀❀ဒယ်အိုးဖြင့်မတည်ဘဲမိုက်ခရိုဝေ့ဖ်တွင်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်တွင်ထည့်ပြီးနှစ်မိနစ်တကြိမ်ထုတ်ပြီးသမအောင်မွေပေးပါ။အသုံးပြုသည့်မိုက်ခရိုဝေ့ဖ်အားပေါ်မူတည်ပြီးဆယ်မိနစ်မှဆယ့်ငါးမိနစ်ကြာပါမယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားစိမ်းစားဥကြော်

ရှမ်းပြည်ဘက်မှာစားလေ့စားထရှိတဲ့ပဲစိမ်းစားဥကိုကြက်သားနှင့်ကြော်ထားခြင်းဖြစ်ပါတယ်။အသစ်ဆန်းမဟုတ်ပေမဲ့စိမ်းစား
ဥကိုဟင်းချက်စားတာမျိုးမသိသေးတဲ့အိမ်ရှင်မတို့အတွက်ဟင်းတခွက်တိုးစေမယ်လို့ထင်ပါတယ်။ချိုချိုစိမ့်စိမ့်အရသာသစ်လေးကိုစမ်းချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
စိမ်းစားဥကြီးကြီး - ၁လုံး
ကြက်သွန်နီ- ၁လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ခရမ်းချဉ်သီး - ၁လုံး
ဂျင်း - အနည်းငယ်
ကြက်သားစင်းကော-(နှစ်သက်ရာအသား)
ကြက်သွန်မိတ်/နံနံမိတ်
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁)ဦးစွာ ကြက်သားစင်းကောကို ဆား ၊ဟင်းခတ်မှုန့်  သက်သက်လွတ်လည်းကြော်ချက်နိုင်ပါတယ်။
(၂)စိမ်းစားဥကိုရေဆေးအခွံသင်ပြီး ၊ဂျင်းကြက်သွန်ဖြူတို့ဖြင့်နှယ်ပြီးနှပ်ထားပါ။မထူမပါးစိတ်ထားပါ။
(၃)ကြက်သွန်နီ သေးသေးစိတ်၊ ခရမ်းချဉ်သီးသေးသေး စိတ်၊ ကြက်သွန်မိတ် ၊နံနံမိတ်တို့ကို လှီးဖြတ်ထားပါ ။
(၄)အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်သွန်ဆီသပ်ပါ။အရောင်ရလျှင်ခရမ်းချဉ်သီးနှင့်ကြက်သားနှပ်ထားသည်တို့ကိုရောထည့်ပြီးမွေပါ ။ (၅)ကြက်သားကျက်ပါကစိမ်းစားဥကိုထည့်ပြီးမွေပါ ။ရေအနည်းငယ်ထည့်ပြီးအရသာမြည်းကာလိုအပ်ပါကအရသာထပ်မံဖြည့်စွက်ပြီးကြက်သွန်မိတ်နံနံမိတ်အုပ်ကာသုံးဆော င်နိုင်ပါပြီ ။
............
Sofia
http://sofiafoodparadise.blogspot.comရှိတဲ့ပဲစိမ်းစားဥကိုကြက်သားနှင့်ကြော်ထားခြင်းဖြစ်ပါတယ်။အသစ်ဆန်းမဟုတ်ပေမဲ့စိမ်းစား
ဥကိုဟင်းချက်စားတာမျိုးမသိသေးတဲ့အိမ်ရှင်မတို့အတွက်ဟင်းတခွက်တိုးစေမယ်လို့ထင်ပါတယ်။ချိုချိုစိမ့်စိမ့်အရသာသစ်လေးကိုစမ်းချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
စိမ်းစားဥကြီးကြီး - ၁လုံး
ကြက်သွန်နီ- ၁လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ခရမ်းချဉ်သီး - ၁လုံး
ဂျင်း - အနည်းငယ်
ကြက်သားစင်းကော-(နှစ်သက်ရာအသား)
ကြက်သွန်မိတ်/နံနံမိတ်
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁)ဦးစွာ ကြက်သားစင်းကောကို ဆား ၊ဟင်းခတ်မှုန့်  သက်သက်လွတ်လည်းကြော်ချက်နိုင်ပါတယ်။
(၂)စိမ်းစားဥကိုရေဆေးအခွံသင်ပြီး ၊ဂျင်းကြက်သွန်ဖြူတို့ဖြင့်နှယ်ပြီးနှပ်ထားပါ။မထူမပါးစိတ်ထားပါ။
(၃)ကြက်သွန်နီ သေးသေးစိတ်၊ ခရမ်းချဉ်သီးသေးသေး စိတ်၊ ကြက်သွန်မိတ် ၊နံနံမိတ်တို့ကို လှီးဖြတ်ထားပါ ။
(၄)အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်သွန်ဆီသပ်ပါ။အရောင်ရလျှင်ခရမ်းချဉ်သီးနှင့်ကြက်သားနှပ်ထားသည်တို့ကိုရောထည့်ပြီးမွေပါ ။ (၅)ကြက်သားကျက်ပါကစိမ်းစားဥကိုထည့်ပြီးမွေပါ ။ရေအနည်းငယ်ထည့်ပြီးအရသာမြည်းကာလိုအပ်ပါကအရသာထပ်မံဖြည့်စွက်ပြီးကြက်သွန်မိတ်နံနံမိတ်အုပ်ကာသုံးဆော င်နိုင်ပါပြီ ။
............
Sofia
http://sofiafoodparadise.blogspot.com

ပြောင်းဖူးထောင်း

Thai Sweet Corn Salad
ယိုးဒယားပြောင်းဖူးထောင်းလေးကချိုချဉ်စပ်အရသာဖြစ်ပြီးထူးခြားတဲ့အရသာလေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ပြုလုပ်ရလွယ်ကူပြီးအဆာပြေစာအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ပြောင်းဖူး - ၂ဖူး
မုန်လာဥနီ - အနည်းငယ်
ကြက်သွန်ဖြူ - ၂ မြောင်း
ငရုပ်စိမ်း - ငါးတောင့်
ထန်းလျက် -၂လုံး
(သို့)သကြားညို
ပဲတောင့်ရှည် - ၂ တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
နံနံပင် - အနည်းငယ်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ပုဇွန်ခြောက် - ၂ဇွန်း
မြေပဲလှော် - ၂ဇွန်း
ပုဇွန် - ငါးကောင် (ပြုတ်ထားပါ)
တွဲဖက်ပေးရန်
*******
ဂေါ်ဖီ
ပဲတောင့်ရှည်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပြောင်းဖူးကိုပြုတ်ပြီးလှီးထားပါ။မုန်လာဥနီကိုခြစ်ထားပါ။
(၂)ပဲတောင့်ရှည်ကို၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီး လှီးထားပါ။
(၃)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ငရုပ်သီး စိမ်းထည့်ထောင်းပါ။
(၄)ထန်းလျက်ထည့်ထောင်းပါ။သကြားညို လည်းအသုံးပြုနိုင်ပါတယ်။ ပဲတောင့်ရှည်ထည့်ထောင်းပါ။
(၅)မြေပဲလှော်ထည့်ပြီးလုံးခြမ်းကွဲအနေထောင်းပါ။
(၆)ပုဇွန်ခြောက်၊ခရမ်းချဉ်သီး၊မုန်လာဥနီထည့်ပြီးနွမ်း ရုံလောက်ထောင်းပါ။ပြောင်းဖူးလှီးထား သည်ကိုထည့်ပါ။
(၇)သံပုရာရည်နှင့်ငံပြာရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ပုဇွန်ပြုတ်ထည့်ပြီးသ မအောင်မွေပေးပါ။
(၈)အရသာချိုချဉ်စပ်ရပါပန်းကန်တွင်ဂေါ်ဖီပဲတောင့်ရှည်ရှိတို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ပြောင်းဖူးထောင်းကိုသင်္ဘောသီးစိမ်းအနည်းငယ်ထည့်ထောင်းလေ့ရှိကြသလိုဘဲဥဆားစိမ်လည်းထည့်စားလေ့ရှိကြပါ တယ်။
................
Sofia
http://sofiafoodparadise.blogspot.com

ခရမ်းချဉ်သီးသနပ်

Sun Dry Tomato Pickle
အသီးအနှံမျိုးစုံကိုတာရှည်ခံအောင်ပုံစံအမျိုးမျိုးပြုလုပ်သိမ်းဆည်းလေ့ရှိကြတဲ့အထဲကခရမ်းချဉ်သီးပေါချိန်မှာလည်းသနပ်ပြုလုပ်ပြီးသိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။အရသာထူးခြားပြီးနှစ်သက်ရာထမင်း၊ထမင်းဖြူ ၊ပူရီ၊တိုရှည်၊ချပါတီတို့ဖြင့်လည်းတွဲဖက်သုံးဆောင်နို င်ပါတယ်။အိမ်ရှင်မများအတွက်လုပ်နည်းလေးမျှေ ဝပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး - တစ်ကီလို
(ကိုင်းသီးမရပါ)
ဆား- တစ်ဇွန်း စားပွဲဇွန်း
ငရုပ်သီးအရောင်တင် - ၂ဇွန်း စားပွဲဇွန်း
ပဲနံ့သာစေ့- တစ်ဇွန်း လ္ဘက်ဇွန်း
မုန်ညင်းစေ့ - တစ်ဇွန်း လ္ဘက်ဇွန်း
မန်ကျည်းမှည့်(အစေ့ထုတ်ပြီး) - ၂၀ ဂရမ်
ရေနွေးပူ - ၃ဇွန်း
ဆီသပ်ရွက်(ပျဉ်တော်သိမ်း) - တစ်ခက်
ငရုပ်သီးစိမ်း - ၅တောင့်
ဆီ - ၁၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ခရမ်းချဉ်သီးကိုရေဆေးသန့်စင်ပြီးလေးစိပ်စိပ်ကာအစေ့များကိုဖယ်ထုတ်ပြီးဘမ်းတွင်အတွင်းသားကိုအပေါ်မှထားပြီးဆားဖြူးပေးပါ။
(၂)နေပူတွင်နှစ်နေမှသုံးနေလှန်းပေးပြီးအတော်အသင့်ခြောက်သွေ့ပါကသနပ်ပြုလုပ်ရန်နေလှန်းခရမ်းချဉ်သီးခြောက်အသင့်ဖြစ်ပါပြီ။
(၃)မန်ကျည်းမှည့်ရေနွေးစိမ်ထားပါ။ပဲနံသာစေ့နှင့်မုန်ညင်းစေ့လှော်ပြီးကြိတ်ထားပါ။
(၃)အခြောက်လှန်းပြီးသားခရမ်းချဉ်သီးခြောက်ကိုရေနွေးစိမ်ထားသောမန်ကျည်းမှည့်နှင့်ရောကာ ကြိတ်စက်တွင်ခပ်ကြမ်းကြမ်းအနေထားကြိတ်ထားပါ။
(၄)ပြီးလျှင်အိုးထဲတွင်ဆီထည့်ပြီးအရောင်တင်ဆီသပ်ရွက်ပဲနံ့သာစေ့မုန်ညင်းစေ့အမှုန့်တို့ကိုဆီသပ်ပါ။
(၅)ဆီသပ်နံ့မွေးလာပါကမီးပိတ်ပြီးကြိတ်ထားသောခရမ်းချဉ်သီးကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။လိုအပ်ပါကဆားအန ည်းငယ်ထည့်ပေးပါ။မီးဖိုမှချပြီးအအေးခံထားပါ။
(၆)လုံးဝအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းထားပါ။ဇွန်းသန့်သန့်ဖြင့်ခပ်ယူစားသုံးပါက၆လခန့်သိမ်းဆည်းထားနိုင်ပါတယ်။
................
Sofia
http://sofiafoodparadise.blogspot.com

သရက်သီးဆန်ပူတင်း

Mango Rice Payasam
ဒီသရက်သီးအချိုပွဲလေးကိုအိန္ဒိယ၊ပါကစ္စ တန်၊နီပေါ၊ဘင်္ဂလားဒေ့ခ်ျသီရိလင်္ကာတွေ မှာတော့အထိမ်းအမှတ်ပွဲများတွင်ရိုးရာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးလုပ်ထားတဲ့ဆိုဖီယာရဲ့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆန် - ၅၀ ဂရမ် ( Basamti Rice )
နွားနို့ - ၅၀၀ ml
ရေ - ၅၀၀ ml
နို့ဆီ/သကြား - ၂၀၀ဂရမ်
သရက်သီးသီးမှည့် - တစ်လုံး
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
သီဟိုစေ့ သို့ Almond - ၁၀၀ဂရမ်
ဖာလာစေ့ - နှစ်စေ့
အုန်းသီး၊ စပျစ်ခြောက်၊သစ်သီးခြောက် - အလှဆင်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပေါင်းအိုးတခုတွင်ရေတည်ထားပါ။ပန်းကန်တခုတွင်ဆန်ဆေးပြီးနွားနို့၂၀၀ mlထည့်ပြီးပေါင်းအိုးထဲထည့်ကာဆန်စေ့များနူးအိလာသည်ထိပေါင်းပေးပါ။
(၂)ပေါင်းထားသောဆန်စေ့လေးများနူးအိပါကအိုးထဲတွင်ပြောင်းထည့်ပြီးနွားနို့၊ရေ၊နို့ဆီသကြားဖာလာစေ့သိဟိုဠ်စေ့သို့ မဟုတ်Almondစေ့သေးသေးစိတ်၊ထော ပတ်တို့ကိုထည့်ပြီးကျိုပေးပါ။
(၃)ဆူပွက်လာပါကမီးပိတ်ပြီးအအေးခံထားပါ။
(၄)သရက်သီးကိုအခွံခွာပြီးကျေညက်အောင်ကြိတ်ထားပါ။
(၅)အချိုပွဲအေးသွားပါကကြိတ်ထားသည့်သရက်သီးကိုရောပြီးသမအောင်မွေပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သရက်သီးကိုအေးသွားမှသာရောပေးရပါမယ်။
.............
Sofia
http://sofiafoodparadise.blogspot.com

ပုသိမ်ဟာလဝါ(အခြောက်)

Dry Pathein Halwa
မြန်မာပြည်မှာရှိနေစဉ်အချိန်များမှာတောင်အမြဲမစားရတဲ့ပုသိမ်ဟာလဝါကိုအဝေးတနေရာကနေတမ်းတမိတော့ကိုယ်တိုင်လုပ်စားရုံကလွဲလို့အခြားနည်းလမ်းမရှိဖြစ်ပြီပေါ့နော်။ချောင်းသာသွားချိန်နဲ့အပြန်လက်ဆောင်ဖြစ်တဲ့ပုသိမ်ဟလဝါအခြောက်နှင့်ပုသိမ်ဟာလဝါလေးကိုတော့အတော်များများလည်းနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဟာလဝါနဲ့ထိုးမုန့်များပြုလုပ်ရာမှာလက်ညောင်းအောင်မွေရတဲ့အခက်အခဲကြောင့်လုပ်မစားဖြစ်တာလည်းပါတယ်။ဆိုဖီယာပထမအခေါက်မှာလက်နဲ့မွေထိုးမိတာအရမ်းပင်ပန်းလို့တော်ရုံထပ်မလုပ်စားဖြစ်တော့ဘူး။နောက်ပိုင်းအတော်များများကသက်သာအောင်ပေါင်းအိုးနဲ့အရင်ချက်တယ်ပြီးမှအိုးမကပ်တဲ့ဒယ်နဲ့မီးဖိုပေါ်တင်ထိုးတယ်။မိုက်ခရိုဝေ့နဲ့လည်းသုံးပြီးလုပ်တယ်ဆိုတာတွေ့လာရတော့စမ်းလုပ်ကြည့်တာအတော်လေးသက်သာပြီးအချိန်မရွေးအလွယ်တကူလုပ်စားနိုင်သွားပါပြီ။ထိုးမုန့်လုပ်နည်းကိုအခြေခံလို့မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်ထားတဲ့ပုသိမ်ဟာလဝါလုပ်နည်းလေးကအဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။အစိုနဲ့မတူတမူထူးတဲ့အရသာလေးရှိတဲ့ ပုသိမ်ဟာလဝါအခြောက်လေးလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်
သာကူမှုန့် - ၈၀ ဂရမ်
အုန်းနို့ -၂၀၀ ml
နွားနို့ / ရေ - ၂၀၀ml
သကြား - ၂၅၀ဂရမ်
(သကြားညို ၁၅၀ ဂရမ် / သကြားဖြူ ၁၀၀ ဂရမ်)
ဆီ - ၄၀ ဂရမ်
ထောပတ် - ၄၀ ဂရမ်
ဘိန်းစေ့ - ၂၀ ဂရမ် (လှော်ပြီးသား)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဘိန်းစေ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေထားပါ။
(၂)မီးဖိုတွင်ပြုလုပ်လိုပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပြီးအနေတော်မီးဖြင့်ချောမွေ့လာအောင်အဆက်မပြတ်မွေပေးပါ။
(၃)မုန့်နှစ်ပျစ်လာပါကဘိန်းစေ့ထည့်ပါ။
(၄)မုန့်နှစ်ကျက်ပြီးအရောင်ကြည်လာကာဆီပြန်ပြီးလုံးလာပါကဘမ်းတွင်ထည့်ပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။
(၅)မီးဖိုပေါ်တွင်အိုးဖြင့်ပြုလုပ်လျှင်မွေရသက်သာအောင်ပေါင်းအိုးဖြင့်ချက်ပြီးလည်းဒယ်တွင်ပြောင်းကာဆီပြန်အောင်ထိုးပေးနိုင်ပါတယ်။
(၆)မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်လုံးကြီးကြီးတွင်ဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးမိုက်ခရိုဝေ့ဖ်တွင်၁မိနစ်-၂မိနစ်တကြိမ်ထည့်ပြီးထုတ်ယူကာသမအောင်မွေပေးပါ။ဘိန်းစေ့ထည့်ပါ။
(၇)မိုက်ခရိုဝေ့အားပေါ်မူတည်ပြီး၆ကြိမ်မှ၇ကြိမ်ပြုလုပ်ပြီးပါကလိုချင်သောမုန့်သားအနေထားရပီဖြစ်၍ဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(၈)ပုသိမ်ဟာလဝါအခြောက်ပြုလုပ်ရန်အတွက်လုံးဝအေးသွားပြီးသောပါသိမ်ဟာလဝါကိုလိမ့်တုံးဖြင့်ပြန့်အောင်လိမ့်ပြီးဘမ်းထဲတွင်လေသလပ်ခံတဲ့နည်းနဲ့အခြောက်ခံထားခြင်းဖြစ်ပါတယ်။မကြာခဏအထက်အောက်လှန်ပေးပါ။
(၉)အထားခံတဲ့ခြောက်သွားသောပုသိမ်ဟာလ ဝါမှာထုတ်ထုတ်တင်းတင်းလေးဖြစ်ပါတယ်။လိုသလိုလှီးဖြတ်ပြီးဘူးဖြင့်ထည့်ကာသိမ်းဆည်းသုံးဆောင်နိုင်ပါသည်။
❀❀ကြံသကာကိုအသုံးပြုပါကဦးစွာကြံသကာကိုညောင်စေ့ကျအောင်ကျိုပြီးထည့်ပါ။
❀❀လွယ်ကူပြီးလိုချင်သောအရောင်ရရှိရန်သကြားညိုနှင့်သကြားဖြူရောသုံးထားခြင်းဖြစ်ပါတယ်။
❀❀သကြားဖြူကြည့်သုံးလိုပါကသကြားကိုကရမလ်အရောင်ရအောင်ကျိုပြီးထည့်ပါ။
❀❀အချိုနှစ်သက်ပါကသကြားအချိန်ကိုတိုးပေးနိုင်ပါတယ်။
❀❀အပူချိန်ပြင်းပါကမုန့်သားချက်ချင်းကျက်ပြီးသမပြီးမုန့်သားချောအောင်မွေချိန်ကြာတတ်ပါတယ်။
❀❀အခြောက်ခံစဉ်အလွန်ခြောက်သည်ထိမထား ဘဲအတော်အတင့်ခြောက်သည်နှင့်လှီးဖြတ်သိမ်းဆည်းပါ။
............
Sofia
http://sofiafoodparadise.blogspot.com

ပုသိမ်ဟာလဝါ

Pathein Halwa
မြန်မာပြည်မှာရှိနေစဉ်အချိန်များမှာတောင်အမြဲမစားရတဲ့ပုသိမ်ဟာလဝါကိုအဝေးတနေရာကနေတမ်းတမိတော့ကိုယ်တိုင်လုပ်စားရုံကလွဲလို့အခြားနည်းလမ်းမရှိဖြစ်ပြီပေါ့နော်။ချောင်းသာသွားချိန်နဲ့အပြန်လက်ဆောင်ြ ဖစ်တဲ့ပုသိမ်ဟာလဝါလေးကိုတော့အတော်များများလည်းနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဟာလဝါနဲ့ထိုးမုန့်များပြုလုပ်ရာမှာလက်ညောင်းအောင်မွေရတဲ့အခက်အခဲကြောင့်လုပ်မစားဖြစ်တာလည်းပါတယ်။ဆိုဖီယာပထမအခေါက်မှာလက်နဲ့မွေထိုးမိတာအရမ်းပင်ပန်းလို့တော်ရုံထပ်မလုပ်စားဖြစ်တော့ဘူး။နောက်ပိုင်းအတော်များများကသက်သာအောင်ပေါင်းအိုးနဲ့အရင်ချက်တယ်ပြီးမှအိုးမကပ်တဲ့ဒယ်နဲ့မီးဖိုပေါ်တင်ထိုးတယ်။မိုက်ခရိုဝေ့နဲ့လည်းသုံးပြီးလုပ်တယ်ဆိုတာတွေ့လာရတော့စမ်းလုပ်ကြည့်တာအတော်လေးသက်သာပြီးအချိန်မရွေးအလွယ်တကူလုပ်စားနိုင်သွားပါပြီ။ထိုးမုန့်လုပ်နည်းကိုအခြေခံလို့မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်ထားတဲ့ပုသိမ်ဟာလဝါလုပ်နည်းလေးကအဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်
သာကူမှုန့် - ၈၀ ဂရမ်
အုန်းနို့ -၂၀၀ ml
နွားနို့ / ရေ - ၂၀၀ml
သကြား - ၂၅၀ဂရမ်
(သကြားညို ၁၅၀ ဂရမ် / သကြားဖြူ ၁၀၀ ဂရမ်)
ဆီ - ၄၀ ဂရမ်
ထောပတ် - ၄၀ ဂရမ်
ဘိန်းစေ့ - ၂၀ ဂရမ် (လှော်ပြီးသား)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဘိန်းစေ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေထားပါ။
(၂)မီးဖိုတွင်ပြုလုပ်လိုပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပြီးအနေတော်မီးဖြင့်ချောမွေ့လာအောင်အဆက်မပြတ်မွေပေးပါ။
(၃)မုန့်နှစ်ပျစ်လာပါကဘိန်းစေ့ထည့်ပါ။
(၄)မုန့်နှစ်ကျက်ပြီးအရောင်ကြည်လာကာဆီပြန်ပြီးလုံးလာပါကဘမ်းတွင်ထည့်ပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။
(၅)မီးဖိုပေါ်တွင်အိုးဖြင့်ပြုလုပ်လျှင်မွေရသက်သာအောင်ပေါင်းအိုးဖြင့်ချက်ပြီးလည်းဒယ်တွင်ပြောင်းကာဆီပြန်အောင်ထိုးပေးနိုင်ပါတယ်။
(၆)မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်လုံးကြီးကြီးတွင်ဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးမိုက်ခရိုဝေ့ဖ်တွင်၁မိနစ်-၂မိနစ်တကြိမ်ထည့်ပြီးထုတ်ယူကာသမအောင်မွေပေးပါ။ဘိန်းစေ့ထည့်ပါ။
(၇)မိုက်ခရိုဝေ့အားပေါ်မူတည်ပြီး၆ကြိမ်မှ၇ကြိမ်ပြုလုပ်ပြီးပါကလိုချင်သောမုန့်သားအနေထားရပီဖြစ်၍ဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ကြံသကာကိုအသုံးပြုပါကဦးစွာကြံသကာကိုညောင်စေ့ကျအောင်ကျိုပြီးထည့်ပါ။
❀❀လွယ်ကူပြီးလိုချင်သောအရောင်ရရှိရန်သကြားညိုနှင့်သကြားဖြူရောသုံးထားခြင်းဖြစ်ပါတယ်။
❀❀သကြားဖြူကြည့်သုံးလိုပါကသကြားကိုကရမလ်အရောင်ရအောင်ကျိုပြီးထည့်ပါ။
❀❀အချိုနှစ်သက်ပါကသကြားအချိန်ကိုတိုးပေးနိုင်ပါတယ်။
❀❀အပူချိန်ပြင်းပါကမုန့်သားချက်ချင်းကျက်ပြီးသမပြီးမုန့်သားချောအောင်မွေချိန်ကြာတတ်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

24 April 2017

ပြောင်းဖူးမှုန့်ဟာလဝါ

Cornflour Halwa>>Karachi Halwa
အိန္ဒိယအချိုပွဲတခုဖြစ်တဲ့ဒီဟာလဝါလေးကပြုလုပ်ရလွယ်ကူပြီးအရသာလည်းအလွန်ကောင်းပါတယ်။ရိုးရာပွဲနှင့်ပျော်ပွဲရွှင်ပွဲမိတ်ဆုံစားပွဲတွေမှာထူးထူးခြားခြားလေးတည်ခင်းနိုင်မဲ့အချိုပွဲလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ပြောင်ဖူးမှုန့် - ၁၀၀ ဂရမ်
သကြား - ၅၀၀ ဂရမ်
ရေ - ၅၀၀ ml + ၇၅၀ ml
ထောပတ် - ၄ဇွန်း စားပွဲဇွန်း
ဖာလာစေ့ - ၂စေ့
အရောင် - လိမ္မော်/ အနီ
သီဟိုဠ်စေ့ - ၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)အိုးတခုတွင်သကြားနှင့်ရေ၅၀၀mlထည့်ပြီးကျိုပေးပါ။ဖာလာစေ့ထည့်ပါ။
(၂)ခွက်တခုတွင်ပြောင်းဖူးမှုန့်နှင်ရေ၇၅၀mlကိုဖျော်ထားပြီးအရောင်ထည့်ထားပါ။
(၃)သီဟိုဠ်စေ့ကိုသေးသေးနုတ်နုတ်စိတ်ထားပါ။
(၄)သကြားများအရည်ပျော်ပြီးဆူပွက်ပါကမီးပိတ်ပြီးအသင့်ဖျော်ထားသောပြောင့်ဖူးမှုန့်အရည်ကိုဖြေးဖြေးဆီထည့်ပြီးမွေပေးပါ။တဖက်မှထည့်တဖက်မှမွေပါ။အိုးမကပ်သည့်အိုးကိုအသုံးပြုပါ။
(၅)မီးပြန်ဖွင့်ပြီးပြောင်းဖူးနှစ်များလုံးခဲမဖြစ်အောင်အဆက်မပျက်မွေပေးပြီးပျစ်ခဲလာပါကထောပတ်နှင့်သီဟိုဠ်စေ့စိတ်ထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။
(၆)ဆီပြန်လုံးလာပါကဆီသုပ်ထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်အအေးခံထားပါ။
(၇)အေးသွားပါကလိုသလိုလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ရေခဲသေတ္တာတွင်တပတ်ခန့်ထားပြီးတည်ခင်းသုံးဆောင်နိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

ငါးဒုက္ခ

နေရာဒေသအလိုက်မတူကွဲပြားတဲ့အစားအစာလေးတွေကိုရောက်တဲ့အရပ်မှာလေ့လာစူးစမ်းသင်ယူဖြစ်ခဲ့ပါတယ်။ဒီတခေါက်ခရီးသွားရင်းမမကြီးသင်ပြပေးတဲ့အင်းရိုးရာငါးဒုက္ခလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ငါးဒုက္ခကိုကင်စားကြော်စားအချို့လည်းကြော်ပြီးပြန်ချက်တာမျိုးတွေလုပ်စားလေ့ရှိကြပါတယ်။ခုလုပ်ထားတာလေးကတော့ကင်ထားတဲ့ငါးဒုက္ခလုပ်နည်းလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးဖိန်း/တီလားဗီးယား - တစ်ကောင် (၃၀သား)
ကြက်သွန်ဖြူ - ဆယ်မြောင်း
စပါးလင် - တစ်ချောင်း
ကြက်သွန်မိတ် - ၅ပင်
ဖက်ဖယ်ရွက် - လက်တစ်ဆုပ်
ငရုတ်သီးစိမ်း - ဆယ်တောင့်
ခရမ်းချဉ်သီး - တစ်လုံး
ငါးဥ - အနည်းငယ် (ပြုတ်ထားသော)
ဆား - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ဆီ - အနည်းငယ်
နနွင်း - အနည်းငယ်
ချည်ရန်ကြိုး/နှီး
အလူမီနီယံစက္ကူ
အချဉ်ပြုလုပ်ရန်
***********
မန်ကျည်းမှည့် - လက်တဆုပ်
နှမ်းလှော်ထောင်း - တစ်ပန်းကန်
ငရုပ်သီးမှုန့် - ၃ဇွန်း
ဖက်ဖယ်ရွက် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ငါးဖိန်း(သို့)တီလားဘီးယားငါးတစ်ကောင်ကိုကြေးထိုးသန့်စင်ပြီးကျောဘက်မှခွဲကာအညစ်အကြေးများသန့်စင်ကာရေစစ်ထားပါ။
2.ကြက်သွန်ဖြူငရုတ်သီးစိမ်းသေးသေးစိတ်ထားပါ။စပါးလင်ကိုအတွင်းပိုင်းနုနုကိုသာပါးပါး စိတ်ထားပါ။ကြက်သွန်မိတ်ဖက်ဖယ်တို့ကိုလည်းသေးသေးစိတ်ထားပါ။ခရမ်းချဉ်သီးခပ်ကြမ်းကြမ်းစိတ်ထားပါ။
3.ရေစစ်ထားသောငါးကိုဆားနှင့်သံပုရာသီးဖြင့်နယ်ပြီးအရသာဝင်အောင်နှပ်ထားပါ။
4.အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဖြူငရုပ်သီးစပါးလင်တို့ကိုဆီသပ်ပါ။နနွင်းအနည်းငယ်ထည့်ပါ။
5.ဆီသပ်နံ့မွေးလာပါကခရမ်းချဉ်သီးထည့်ပါ။ဖက်ဖယ်ရွက်နှင့်ကြက်သွန်မိတ်တို့ကိုထည့်ပြီးသမအောင်မွေပါ။ဆားအနည်းငယ်ထည့်ပြီးပြုတ်ထား သည့်ငါးဥထည့်ကာအားလုံးသမသွားပါကအစာသွပ်ရန်အသင့်ဖြစ်ပါပြီ။
6.ဆားသံပုရာသီးနယ်ထားသောငါး၏ကျောဖက်မှအသင့်ကြော်ထားသောအစာများကိုထည့်ပြီးနှီးသို့မဟုတ်ကြိုးဖြင့်သေချာစွာချည်ပေးပါ။
7.ကြော်လိုပါကဆီပူတွင်အရောင်ရအောင်ဟိုဘက်ဒီဖက်လှန်ကြော်ပေးပြီးအချဉ်နှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
8.ကင်ရန်အတွက်ဦးစွာအလူမီနီယံစက္ကူကိုဆီလူးပြီးငါးထည့်ထုပ်ကာမိနစ်၂၀မှမိနစ်၃၀ကင်ပေးပါ။ငါးအသားကျက်ပါကအရောင်ရအောင်အလူမီနီယံစက္ကူဖြည်ပြီး၁၀မိနစ်ခန့်ကင်ပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
9.အချဉ်ပြုလုပ်ရန်အတွက်မန်ကျည်းမှည့်ကိုရေစိမ်အနှစ်တိုက်ထားပါ။နှမ်းလှော်ပြီးထောင်းထားပါ။ပန်းကန်တခုတွင်မန်ကျည်းမှည့်နှမ်းထောင်းငရုပ်သီးမှုန့်ဖက်ဖယ်ရွက်သေးသေးစိတ်နှင့်ဆားသကြားထည့်ကာသမအောင်မွေပေးပြီးငါးကင်ငါးကြော်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

ဆမိုင်ခြောက်

Dry Semiya
ဆမိုင်လို့လူသိများတဲ့အချိုပွဲလေးကိုအိန္ဒိယ၊ပါက စ္စတန်၊နီပေါ၊ဘင်္ဂလားဒေ့ခ်ျ၊သီရိလင်္ကာတွေမှာေ တာ့မွေးနေ့ပွဲ၊မင်္ဂလာပွဲတွေမှာရိုးရာအချိုပွဲအဖြစ်တ ည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။ဒီတခါတော့အခြောက်ပြုလုပ်နည်းမေးထားသူများအတွက်မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးလုပ်ထားတဲ့ဆိုဖီယာရဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆယ်မိုင်ခြောက် - ၁၅၀ ဂရမ် (လှော်ပြီးသား)
ရေ - ၂၅၀ ml
သကြား - ၁၀၀ ဂရမ်
ထောပတ် - ၃ဇွန်း စားပွဲတင်ဇွန်း
သီဟိုစေ့ သို့ Almond - ၅၀ ဂရမ်
ဖာလာစေ့ - နှစ်စေ့
ကရဝေးရွက် - ၃ရွက်
စပျစ်ခြောက် - လက်တစ်ဆုပ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဒယ်အိုးတခုတွင်ထောပတ်ထည့်ပြီးဖာလာစေ့နှင့်ကရဝေးရွက်ထည့်ပါ။ဆမိုင်ခြောက်ကိုအနည်းငယ်ချိုးပြီးထည့်ကြော်ပါ။
(၂)ကြော်မိပြီးပါကရေနှင့်သကြားထည့်ပြီးသမအောင်မွေပေးပါ။
(၄)အဖုံးအုပ်ပြီးဆမိုင်ဖတ်လေးများနူညံ့အောင်တည်ပေးပါ။မကြာခဏအထက်အောင်လှန်ပေးပါ။ (၅)ဆယ်မိုင်ခြောက်များနှပ်သွားပါကစပျစ်ခြောက်သစ်သီးခြောက်တို့ထည့်ပြီးသမအောင်မွေပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ ဆယ်မိုင်အမျှင်ကြီးဖြစ်ပါကရေပိုထည့်ပေးရန်လိုအပ်ပါတယ်။
.............
Sofia
http://sofiafoodparadise.blogspot.com

မာစကပ် >>ပြောင်းဖူးမှုန့်ဟာလဝါ

Cornflour Halwa>>Karachi Halwa
အိန္ဒိယအချိုပွဲတခုဖြစ်တဲ့ဒီဟာလဝါလေးကပြုလုပ်ရလွယ်ကူပြီးအရသာလည်းအလွန်ကောင်းပါတယ်။ရိုးရာပွဲနှင့်ပျော်ပွဲရွှင်ပွဲမိတ်ဆုံစားပွဲတွေမှာထူးထူးခြားခြားလေးတည်ခင်းနိုင်မဲ့အချိုပွဲလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ပြောင်ဖူးမှုန့် - ၁၀၀ ဂရမ်
သကြား - ၅၀၀ ဂရမ်
ရေ - ၅၀၀ ml + ၇၅၀ ml
ထောပတ် - ၄ဇွန်း စားပွဲဇွန်း
ဖာလာစေ့ - ၂စေ့
အရောင် - လိမ္မော်/ အနီ
သီဟိုဠ်စေ့ - ၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)အိုးတခုတွင်သကြားနှင့်ရေ၅၀၀mlထည့်ပြီးကျိုပေးပါ။ဖာလာစေ့ထည့်ပါ။
(၂)ခွက်တခုတွင်ပြောင်းဖူးမှုန့်နှင်ရေ၇၅၀mlကိုဖျော်ထားပြီးအရောင်ထည့်ထားပါ။
(၃)သီဟိုဠ်စေ့ကိုသေးသေးနုတ်နုတ်စိတ်ထားပါ။
(၄)သကြားများအရည်ပျော်ပြီးဆူပွက်ပါကမီးပိတ်ပြီးအသင့်ဖျော်ထားသောပြောင့်ဖူးမှုန့်အရည်ကိုဖြေးဖြေးဆီထည့်ပြီးမွေပေးပါ။တဖက်မှထည့်တဖက်မှမွေပါ။အိုးမကပ်သည့်အိုးကိုအသုံးပြုပါ။
(၅)မီးပြန်ဖွင့်ပြီးပြောင်းဖူးနှစ်များလုံးခဲမဖြစ်အောင်အဆက်မပျက်မွေပေးပြီးပျစ်ခဲလာပါကထောပတ်နှင့်သီဟိုဠ်စေ့စိတ်ထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။
(၆)ဆီပြန်လုံးလာပါကဆီသုပ်ထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်အအေးခံထားပါ။
(၇)အေးသွားပါကလိုသလိုလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ရေခဲသေတ္တာတွင်တပတ်ခန့်ထားပြီးတည်ခင်းသုံးဆောင်နိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...