27 April 2017

ပုဇွန်ချဉ်

ပါဝင်ပစ္စည်း
*******
ပုဇွန် - ၂၀၀ ဂရမ်
ထမင်းချက်ပြီးသား - ၄၀၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
ယမ်းစိမ်း - လ္ဘက်ဇွန်း တစ်ဇွန်း (optional)
(ပရဆေးဆိုင်များတွင်ရနိုင်ပါတယ်)
ငှက်ပျောဖက် - ထုပ်ရန်
လေလုံသောဘူးသို့မဟုတ်ပုလင်းကိုလည်းအသုံးပြုနိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
***********
1.ပုဇွန်စိတ်ကိုခေါင်းဖြတ်အခွံခွာသန့်စင်ပြီးရေစစ်ထားပါ။
2.ထမင်းကိုခပ်မာမာချက်ထားပါ။ဆန်နီကိုအသုံးပြု ထားပါတယ်။
3.ပုဇွန်ကိုပန်းကန်တွင်ထည့်ပြီးဆားထည့်ပြီးနယ်ကာ၁၅မိနစ်ခန့်ထားကာထွက်လာသောရေကိုစစ်ထုတ်ပစ်ပါ။ပြီးလျှင်ယမ်းစိမ်းထည့်ကာသမအော င်နယ်ပေးပါ။
4.ယမ်းစိမ်းအားလုံးပျော်သွားပါကအသင့်ချက်ထားသောထမင်းကိုထည့်ပြီးနယ်ပေးပါ။
5.အားလုံးသမအောင်နယ်ကာပလပ်စတစ်တထပ်ခံပြီးထုတ်ပါ။ပလပ်စတစ်ကိုအပ်ဖြင့်အပေါက်လေး များဖောက်ပေးပြီးမီးပြပြီးသန့်စင်ထားသောငှက်ပျောဖက်တွင်ထည့်ကာသေချာကျစ်နေအောင်စည်းပေးပါ။
6.အားလုံးပြုလုပ်ပြီးပါကဇကာတခုတွင်ထည့်ပြီးအပေါ်မှအလေးဖြင့်ဖိပေးထားပါ။ပူနွေးသောနေရာ တွင်၂ရက်မှ၃ရက်ထိထားပါ။ရာသီဥတုအေးပါက ရက်အနည်းငယ်ပိုကြာပါတယ်။
7.ပုဇွန်ချဉ်ချဉ်ပါကဖက်များကိုဖယ်ထုတ်ပြီးလိုသလိုလှီးကာကြက်သွန်ဖြူဆီချက်၊ငရုတ်သီးကြော်၊ကြက်သွန်ဖြူနံနံပင်တို့ဖြင့်တွဲဖက်သုံးဆောင်သလိုကြက်သွန်ခရမ်းချဉ်သီးတို့ဖြင့်လည်းချက်စားနိုင်ပါတယ်။
❀မာကျစ်ကျစ်ဖြစ်အောင်အလေးနဲ့ဖိပေးထားခြင်းဖြစ်ပါတယ်။ဘူးသို့မဟုတ်ပုလင်းတွင်လည်းထည့် ပြီးချဉ်နိုင်ပါတယ်။
❀ယမ်းစိမ်းကိုမထည့်လိုပါကမထည့်ဘဲပြုလုပ်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

1 comment:

  1. ညီမရေ ယမ်းစိမ်း အဲဒီလောက်များတာ ကင်ဆာ ဖြစ်နိုင်တယ်။ သူက parts per million နဲနဲလေးပဲထည့်ရတာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...