23 July 2015

ငရုတ်ချဉ်


Chilli Pickle
အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘာကိုယ်လုပ်လို့ရအောင်တင်ပေးလိုက်ပါတယ်။သန့်ရှင်းပြီးဆေးရောင်ကင်းကင်းသုံးချင်တဲ့အိမ်ရှင်မများအ တွက်လည်းအသုံးဝင်မယ်ထင်ပါတယ်။ချဉ်စပ်ဟင်းများချ က်ရာ တွင်အသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ငရုတ်သီးအနီ(အပွတောင့်အရှည်) - ၅၀၀ ဂရမ်
(Fresh Chilli )
ဆား - တစ်ဇွန်း စားပွဲတင်
လေလုံသောပုလင်း - တစ်လုံး
ပြုလုပ်နည်း
********
(၁)ငရုပ်သီးကိုရေဆေးပြီးရေခြောက်အောင်သုတ်ထားပါ။(၂)ရေခြောက်ပါကအညှာချွေပြီးကြိတ်စက်ဖြင့်ကြိတ်ပါ။
(၃)ကြိတ်ပြီးလျှင်ဆားထည့်ပြီးသမအောင်မွေ၍လေလုံသောပုလင်းတွင်ထည့်ပါ။အဖုံးပိတ်ပြီးလေလုံအောင်အပေါ်မှပလ ပ်စတစ်ဖြင့်ထပ်ဖုံးထားပါ။
(၄)အပြင်တွင်တစ်ပတ်ခန့်ထားပါကစတင်ပြီးချဉ်ပြီဖြစ်၍ရေခဲသေတ္တာ တွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
*** အသုံးပြုသောဇွန်း၊ပန်းကန်၊ကြိတ်စက်၊ပုလင်းအား လုံးဆီကင်းရပါမယ်။ဆီထိမိလျှင်မှိုတက်တတ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...