23 July 2015

ငါးရံ့ကြော်ဟင်း

Fried Snakehead Fish Curry 
ယိုးဒယားဟင်းတခွက်ဖြစ်တဲ့ငါးရံ့ကြော်ဟင်းကိုစားနေမဟုတ်တဲ့ပုံစံအပြောင်းအလဲအဖြစ်လွယ်လွယ်ကူကူကြော်ချက်နိုင်ပါတယ်အချိန်လုပြီးချက်ပြုတ်ရတဲ့အိမ်ရှင်မများအတွက်အဆင်ပြေစေမဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဈေးကဝယ်ပြီးအသားထွင်သိမ်းထားမယ်ဆိုရင်စားခါနီးမှာမြန်မြ န်ဆန်ဆန်ကြော်ချက်နိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ငါးရံ့အသား - ၁၅၀ ဂရမ်
ဂျုံမှုန့် - တစ်ပန်းကန်
ကြက်သွန်နီ - ၂လုံး
ငရုပ်သီးစိမ်း - ၃ တောင့်
တရုပ်နံနံ - ၂ပင်
ကြက်သွန်မိတ် - ၂ပင်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
ကြက်ပြုတ်ရည် သို့ ရေ - အနည်းငယ်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ငါးရံ့ကိုအသားထွင်ထားပါ။လိုသလိုခပ်စောင်းစောင်းပါးပါးလှီးပြီးဂျုံမှုန့်ဖြင့်ကပ်ထားပါ။
(၂)ကြက်သွန်နီကိုခပ်ကြီးကြီးအမြောင်းလှီးထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းပြီးကြက်သွန်မိတ်တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတွင်ဆီများများထည့်ြ ပီးအပူပေးပါ။ဆီပူပါကဂျုံလူးထားသောငါးရံ့ကိုချကြော်ပြီးရွှေရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
(၄)ဒယ်အိုးထဲမှဆီကိုဖယ်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်ကြက်သွန် စိတ်ထားသည်ကိုချကြော်ပါ။
(၅)ကြက်သွန်နီအရောင်ပြောင်းပါကဆီစစ်ထားသောငါးရံ့ကြော်ထည့်ပါ။အရသာများဖည့်စွက်ပြီးကြော်ပါ။ကြက်ပြုတ်ရေအနည်းငယ်ထည့်ပေးပါ။
(၆)အရသာအပေါ့အငံမြည်းကာငရုပ်သီးကြက်သွန်မိတ်တရုပ်နံနံထည့်ပြီးသမအောင်မွေကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...