23 July 2015

ငါးသံပုရာပေါင်း

Steamed Fish With Chilli and Lemon

ယိုးဒယားအစားအစာထဲကနာမည်ကြီးလူကြိုက်များတဲ့ချဉ်ငံစပ်ငါးသံပုရာပေါင်းလေးဖြစ်ပါတယ်။ပါဝင်ပစ္စည်းအနည်း ငယ်နဲ့ပြု လုပ်ရလွယ်ကူပြီးခံတွင်းတွေ့စေမဲ့ငါးသံပုရာပေါင်းနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ငါး- တစ်ကောင် (နှစ်သက်ရာငါးအသား )
ကြက်သွန်ဖြူ - လေးမြောင်း
ငရုပ်သီးစိမ်း - ငါးတောင့်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နံနံပင်အရိုး -  တစ်ဇွန်း( နုတ်နုတ်စင်း)စားပွဲတင်ဇွန်း
နံနံပင် - အလှဆင်ရန်
သံပုရာသီး - တစ်ခြမ်း အလှဆင်၇န်
ပြုလုပ်နည်း
******
(၁)ဦးစွာပေါင်းအိုးတွင်ေ၇ထည့်ပြီးအသင့်တည်ထားပါ။
လပ်ဆပ်သောငါးတစ်ကောင်ကိုဓားဖြင့်မွန်း၍ဖြစ်စေ၊အ သားလွှာ၍ဖြစ်စေအသင့်ပြုလုပ်ပြီးရေဆေးသန့်စင်ထားပါ။
(၂)ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ်စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။
(၃)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးကိုနုတ်နုတ်စိတ်ထားပါ။
(၄)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ ကိုထည့်ပြီးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်သကြားတို့ကိုထည့်၍မွေပေးပါအရသာလိုအပ်ပါကဖြည့်စွက်ပါ။
(၅)ချဉ်ငံစပ်အရသာရပါကဆော့စ်တဝက်ကိုချန်ထားပြီးတဝက်ဖြင့်ရေဆေးသန့်စင်ထားသောငါးကိုပေါင်းမည့်ပန်းကန်တွင်ထည့်ပြီးမွေပေးပါ။
(၆)အသင့်တည်ထားသောရေဆူပေါင်းအိုးတွင်ဇကာခံပြီးဆယ်မိနစ်ခန့်ပေါင်းပြီးထုတ်ယူပါ။
(၇)ထွက်လာသောငါးမှအရည်အချို့တဝက်ကိုဖယ်ထုတ်ပြီးလက်ကျန်ဖျော်ထားသောဆော့စ်ဆမ်းပေးကာသံပုရာသီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...