12 August 2015

Prawn Floss Swiss Roll


Durian Swiss Roll


Blueberry Cream Cheese Swiss Roll


ပုဇွန်ဘိုစားပဲသီးအစပ်ကြော် (မလေးစတိုင်)

Sambal Prawn With French Bean

ဒီဟင်းလေးကတော့စင်္ကာပူမလေးရှားမှာနေရာတိုင်းလိုလိုမှာရနိုင်တဲ့ဟင်းတခွက်ဘဲဖြစ်ပါတယ်။ချိုစပ်စပ်အရသာရှိပြီးထမင်းမြိန်စေမဲ့ဟင်းတခွက်ဘဲဖြစ်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်ပါတယ်။sambal sauce လို့ခေါ်တဲ့ငရုပ်သီးငပိချက်လိုအပ်ပါတယ်။ပြုလုပ်နည်းကိုပို့စ်တခုအဖြစ်တင်ထားပေးပြီးသားဖြစ်သလိုsuper market တွေမှာအလွယ်တကူဝ ယ်ယူရရှိနိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ပုဇွန် - ဆယ်ကောင်
ဘိုစားပဲ - တစ်ထုပ်
Sambal Sauce - ၃ဇွန်း စားပွဲဇွန်း
ကြက်သွန်ဖြူ - ၃မြောင်း
ငရုပ်သီး - ၃တောင့်
ပုဇွန်ခြောက် - တစ်ဇွန်း
ဆီ - အနည်းငယ်
ကြက်သွန်ကြော် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ပုဇွန်ကိုပြုတ်ပြီးအခွံသင်ထားပါ။အစိမ်းကိုဆီပူတွင်ချကြော်ပြီးလည်းသုံးနိုင်ပါတယ်။
(၂)ကြက်သွန်ဖြူ၊ငရုပ်သီးသေးသေးစိတ်ထားပါ။ပဲသီးကိုရေဆေးပြီးအနေတော်လှီးဖြတ်ထားပါ။
(၃)အိုးကိုအပူပေးပြီးဆီထည့်ပါ။ဆီပူလာပါကပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ငရုတ်သီးဆီသပ်ပါ။sambalထည့်ပါ။ဘိုစားပဲသီးချကြော်ပါ။ပုဇွန်ထည့်ပြီးသမအောင်မွေပေးပါ။sambalတွင်အရသာအပြည့်ပါပြီးဖြစ်သဖြင့်လိုအပ်ပါကဆားနှင့်သကြားထပ်ထည့်ပေးနိုင်ပါတယ်။
(၄)အရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီးကြက်သွန်ကြော်ဖြူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...