23 July 2015

ယိုးဒယားကြက်​​ပြောင်းဖူး

Stir Fried Chicken with Baby Corn
လွယ်ကူမြန်ဆန်ပြီးအရသာရသာရှိတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ဆိုဖီယာတော့ခုကြော်ခုစားတဲ့အကြော်ဟင်းတွေပိုနှစ်သ က်ပါတယ်။အချိန်ကုန်သက်သာပြီးထမင်းလည်းမြိန်ပါတ ယ်။အလုပ်ကပြန်လာမှချက်ရပြုတ်ရတဲ့အိမ်ရှင်မများနှစ်သ က်ကြမယ်ထင်ပါတယ်။ ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
*********
ကြက်သား - ၁၅၀ ဂရမ်
ကြက်သွန် - နှစ်လူံး
ပြောင်ဖူး - တစ်ထုပ်
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးခြောက် - ၄တောင့်
ယိုးဒယားငံပြာရည် - တစ်ဇွန်းစားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
ပဲငံပြာရည် အနောက် - အနည်းငယ် (ထည့်လိုကထည့်နိုင်)
ဟင်းခပ်မှုန့်သကြား - တစ်ဇွန်း
ကြက်ပြုတ်ရေ / ရေ  - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁) ကြက်သားကိုသေးသေးစိတ်ထားပါ။ကြက်သွန်ကိုအမြောင်းကြီးစိတ်ပြီးချွေထားပါ။ကြက်သွန်မိတ်လက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ပြောင်းဖူးကိုခပ်ထူထူစောင်းစောင်းလှီးဖြတ်ထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကအိုးကိုအပူပေးပြီးဆီထည့်ပါ။
(၃)ဆီပူပါကငရုပ်သီးခြောက်ကိုကြော်ပြီးကျွမ်းပါကဆယ်ယူဘေးဖယ်ထားပါ။
(၄)ပြီးလျှင်ကြက်သား၊ကြက်သွန်၊ပြောင်းဖူးတို့ကိုတပြိုင်တ ည်းမီးပြင်းဖြင့်ချကြော်ပါ။
(၅)ကြက်သားအရောင်ပြောင်းပါကအရသာငံပြာရည်၊ခရုဆီ၊ဟင်းခပ်မှုန့်သကြားတို့ကိုထည့်ပြီးသမအောင်ေ မွပေးပါ။ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပါ။အရောင်လိုချင်ပါကအနောက်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
(၆)ကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းပြီးကြက်သွန်မိတ်ငရုပ်သီးခြောက်ကြော်ထည့်မွေပေးပြီးပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...