23 July 2015

ဆော်လမွန်ခရမ်းချဉ်သီးအစပ်ချက်


 Salmon Fillet Braised in Spicy Tomato Sauce
ဆော်လမွန်ငါးကိုအနောက်တိုင်းပုံစံချက်ထားတာလေးပါ။ဒီငါးဟင်းလေး ကတော့ပေါင်မုန့်နဲ့တွဲဖက်စားနိုင်သလိုထမ င်းဖြူနဲ့လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆော်လမွန်ငါး - ၅၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံးသေးသေးစိတ်
ကြက်သွန်ဖြူ - ၂မြောင်းသေးသေးစိတ်
ခရမ်းချဉ်သီးဆော့စ် - တစ်ပန်းကန်
(Spicy Tomato Sauce )
နံနံပင် - အနည်းငယ်
ငရုပ်သီး - ၃တောင့် လိုအပ်ပါက
သံလွင်ဆီ - ၃ဇွန်း
ခရမ်းချဉ်သီးဆော့စ်ချက်ရန်***
ခရမ်းချဉ်သီး - ငါးလုံး
ကြက်သွန်နီ - အသေးတလုံး
ကြက်သွန်ဖြူ - ၂မြောင်း
သံလွင်ဆီ - ၂ဇွန်း
ငရုပ်သီးမှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီးအနှစ်သို့မဟုတ်ငရုပ်သီးမှုန့် - တစ်ဇွန်း
Oregano သို့Basil - အနည်းငယ်
ဆား - လိုသလောက်
ခရမ်းချဉ်သီးဆော့စ်ချက်နည်း***
(၁)ခရမ်းချဉ်သီးကိုရေနွေးဖျောအခွံသင်အစေ့ထုတ်ကာသေးသေးစိတ်ထားပါ။Ready made များလည်းသုံးနိုင်ပါတယ်။
(၂)အိုးထဲတွင်သံလွင်ဆီထည့်ပြီးကြက်သွန်သေးသေးစိတ်၊ကြက်သွန်ဖြူသေးသေးစိတ်ဆီသပ်ပါ။ခရမ်းချဉ်သီးအနှစ်သို့မဟုတ်အရောင်တင်မှုန့်ထည့်ပါ။
(၃)သေးသေးစိတ်ထားသောခရမ်းချဉ်သီးသို့မဟုတ်readymade ကိုထည့်ပြီးကြေအောင်ချက်ပါ။ဆားထည့်ပါ။အားလုံးကြေပါကအပေါ့အငံမြည်းပြီးoregano သို့ basil ကိုသေးသေးစိတ်ထည့်ပြီးအအေးခံထားကာသိမ်းဆည်းထား နိုင်သည်။(Pasta ဖြင့်လည်းတွဲဖက်စားနိုင်ပါတယ်)
ဆော်လမွန်ငါးဟင်းချက်နည်း
********************
(၁)ငါးကိုလိုသလိုအတုံးတုံးထားပါ။
(၂)အိုးတခုတွင်သံလွင်ဆီဖြင့်ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသပ်ပါ။ချက်ထားသောခရမ်းချဉ်သီးဆော့စ်ထည့်ပါ။
(၃)ဆူပွက်ပါကဆော်လမွန်ငါးကိုထည့်ပါ။၅မိနစ်ခန့်အဖုံးအုပ်ချက်ပြီးအပေါ့အငံမြည်းပါ။လိုအပ်ပါကဆားနှင့်ငရုပ်သီးထပ်ထည့်ပေးပါ။
(၄)ချခါနည်းတွင်နံနံပင်သေးသေးစိတ်ထည့်ပြီးပေါင်မုန့်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...