27 April 2017

နို့မလိုင်ခဲ

 Milk Peda
အိန္ဒိယအချိုပွဲတမျိုးဖြစ်တဲ့မလိုင်ခဲလုပ်နည်းလေးဖြစ်ပါတယ်။ပြုလုပ်ရလွယ်ကူပြီး လူကြိုက်များတဲ့အချိုမုန့်လေးလည်းဖြစ်ပါတယ်။သန့်ရှင်းလပ်ဆပ်ပြီးဆေးသကြား ကင်းတဲ့အချိုမုန့်လေးလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(၂၀ ခု)
********
နွားနို့ - တစ်လီတာ
နို့ဆီ - ဘူးတဝက်
ထောပတ် - ၃ဇွန်း - စားပွဲဇွန်း
ဖာလာစေ့ - ၃စေ့
Saffron - အနည်းငယ်(အရောင်အတွက်)
အလှဆင်ရန်နှစ်သက်ရာသစ်သီးခြောက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သန့်ရှင်းပြီးအောက်ခြေထူသောအိုးမ ကပ်နိုင်သည့်အိုးတွင်နွားနို့ကိုထည့်ကျိုပါ။
(၂)ဆူပွက်ပါကမီးလျော့ပြီးနို့များအတော်ခမ်းသည်ထိကျိုပေးပါ။အဆက်မပျက်မွေပေးပါ။
(၃)နို့ဆီနှင့်ထောပတ်ထည့်ပါ။ဖာလာစေ့ထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၄)နို့များခမ်းပြီးလုံးလာကာလက်ဖြင့်လုံးနိုင်သောအနေရပါကပန်းကန်တခုတွင်ထည့်ပြီးအအေးခံထားပါ။
(၅)လက်ဖြင့်ကိုင်၍ရနိုင်သောအနွေးအနေထားတွင်လက်ကိုထောပတ်အနည်းငယ်လူးပြီးနှစ်သက်ရာအရွယ်အလုံးလေးများကိုပြောင်ချောနေအောင်လုံးပေးပါ။
(၆)ပြီးလျှင်အလည်တွင်လက်ညိုးဖြင့်ဖိပြီးအချိုင့်လေးပြုလုပ်ကာသစ်သီးခြောက်ဖြင့်အလှဆင်ပေးပါ။
(၇)အားလုံးပြီးသွားပါကဆီအနည်းငယ်လူးထားသောပန်းကန်တွင်စီထည့်ပြီးလေသလပ်ထားပေးကာအေးပြီးအနည်းငယ်မာအောင်ရေခဲသေတ္တာတွင်ထည့်ပြီးထားပါ။
(၈)မာတင်းပြီးခဲလာပါကလေလုံသောဘူးတွင်ထည့်ုပြီးရေခဲသေတ္တာတွင်သိမ်းဆည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀အရောင်ဖြင့်ပြုလုပ်လိုပါကsaffronထည့်ပြီးပြုလုပ်နိုင်ပါသည်။
❀❀ယခုအချိုးမှာအချိုလျော့ထား၍အနည်းငယ်ပိုနူးညံ့ကာမာခဲရန်ရက်အနည်းငယ်ပိုပေးရပါတယ်။
❀❀ကြာရှည်အထားခံရန်အတွက်လေလုံသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်ထားကာသုံးဆောင်ခါနီးမှသာအပြင်ထုတ်ယူပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...