27 April 2017

ငါးဥကြော်

ငါးဥကိုခရမ်းချဉ်သီးအနှစ်နဲ့ကြော်ချက်ချက်သလိုတခါတရံတော့သူ့ကြည့်သပ်သပ်ခြောက်နေအောင်လည်းကြော်စားဖြစ်ပါတယ်။ဒီတခါတော့ရှမ်းပြည်မှာစားခဲ့ဖူးတဲ့ပုံစံသစ်တမျိုးနဲ့ဖက်ဖယ်ရွက်လေးနဲ့ရောလို့စပ်စပ်လေးကြော်ချက်ချက်ထားပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးဥ - ၂၀၀ဂရမ်
ခရမ်းချဉ်သ်ီး - ၂လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ဖက်ဖယ်ရွယ် - လက်တစ်ဆုပ်
ကြက်သွန်မိတ် - ၃ပင်
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)ဦးစွာငါးဥကိုရေဆေးသန့်စင်ပြီးနနွင်းထည့်နယ်ပြီးရေခမ်းပြုတ်ထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးကြက်သွန်ပါးပါးလှီးထားပါ။
(၃)ကြက်သွန်ဖြူနှင့်ငရုပ်သီးစိမ်းကိုရောထောင်းထားပါ။
(၄)ဖက်ဖယ်နှင့်ကြက်သွန်မိတ်ကိုရေဆေး သန့်စင်ကာသေးသေးစိတ်ပါ။
(၅)အားလုံးအသင့်ဖြစ်ပါအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်နီဆီသပ်ပါ။
(၆)နနွင်းအရောင်တင်ထည့်ပြီးခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးခရမ်းချဉ်သီးကြေညက်အောင်မွေပေးပါ။
(၇)ခရမ်းချဉ်သီးကြေညက်ပါကကြက်သွန်ဖြူ ငရုပ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။
ပြီးလျှင်ပြုတ်ထားသောငါးဥကြက်သွန်မိတ်နှင့်ဖက်ဖယ်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ၊
(၈)လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးအရသာအပေါ့အငံမြည်းကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
တွဲဖက်ရန်အတွက်ငါးခေါင်းဆန်လှော်ဟင်းဂျူးမြစ်ငါးဟင်းနှမ်းထူမုန့်ကြွပ်ကြော်တို့မှာအလွန်လိုက်ဖက်လှပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...