Thai Sweet Corn Salad
ယိုးဒယားပြောင်းဖူးထောင်းလေးကချိုချဉ်စပ်အရသာဖြစ်ပြီးထူးခြားတဲ့အရသာလေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ပြုလုပ်ရလွယ်ကူပြီးအဆာပြေစာအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ပြောင်းဖူး - ၂ဖူး
မုန်လာဥနီ - အနည်းငယ်
ကြက်သွန်ဖြူ - ၂ မြောင်း
ငရုပ်စိမ်း - ငါးတောင့်
ထန်းလျက် -၂လုံး
(သို့)သကြားညို
ပဲတောင့်ရှည် - ၂ တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
နံနံပင် - အနည်းငယ်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ပုဇွန်ခြောက် - ၂ဇွန်း
မြေပဲလှော် - ၂ဇွန်း
ပုဇွန် - ငါးကောင် (ပြုတ်ထားပါ)
တွဲဖက်ပေးရန်
*******
ဂေါ်ဖီ
ပဲတောင့်ရှည်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပြောင်းဖူးကိုပြုတ်ပြီးလှီးထားပါ။မုန်လာဥနီကိုခြစ်ထားပါ။
(၂)ပဲတောင့်ရှည်ကို၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီး လှီးထားပါ။
(၃)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ငရုပ်သီး စိမ်းထည့်ထောင်းပါ။
(၄)ထန်းလျက်ထည့်ထောင်းပါ။သကြားညို လည်းအသုံးပြုနိုင်ပါတယ်။ ပဲတောင့်ရှည်ထည့်ထောင်းပါ။
(၅)မြေပဲလှော်ထည့်ပြီးလုံးခြမ်းကွဲအနေထောင်းပါ။
(၆)ပုဇွန်ခြောက်၊ခရမ်းချဉ်သီး၊မုန်လာဥနီထည့်ပြီးနွမ်း ရုံလောက်ထောင်းပါ။ပြောင်းဖူးလှီးထား သည်ကိုထည့်ပါ။
(၇)သံပုရာရည်နှင့်ငံပြာရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ပုဇွန်ပြုတ်ထည့်ပြီးသ မအောင်မွေပေးပါ။
(၈)အရသာချိုချဉ်စပ်ရပါပန်းကန်တွင်ဂေါ်ဖီပဲတောင့်ရှည်ရှိတို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ပြောင်းဖူးထောင်းကိုသင်္ဘောသီးစိမ်းအနည်းငယ်ထည့်ထောင်းလေ့ရှိကြသလိုဘဲဥဆားစိမ်လည်းထည့်စားလေ့ရှိကြပါ တယ်။
................
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment