26 April 2017

ခရမ်းချဉ်သီးသနပ်

Sun Dry Tomato Pickle
အသီးအနှံမျိုးစုံကိုတာရှည်ခံအောင်ပုံစံအမျိုးမျိုးပြုလုပ်သိမ်းဆည်းလေ့ရှိကြတဲ့အထဲကခရမ်းချဉ်သီးပေါချိန်မှာလည်းသနပ်ပြုလုပ်ပြီးသိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။အရသာထူးခြားပြီးနှစ်သက်ရာထမင်း၊ထမင်းဖြူ ၊ပူရီ၊တိုရှည်၊ချပါတီတို့ဖြင့်လည်းတွဲဖက်သုံးဆောင်နို င်ပါတယ်။အိမ်ရှင်မများအတွက်လုပ်နည်းလေးမျှေ ဝပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး - တစ်ကီလို
(ကိုင်းသီးမရပါ)
ဆား- တစ်ဇွန်း စားပွဲဇွန်း
ငရုပ်သီးအရောင်တင် - ၂ဇွန်း စားပွဲဇွန်း
ပဲနံ့သာစေ့- တစ်ဇွန်း လ္ဘက်ဇွန်း
မုန်ညင်းစေ့ - တစ်ဇွန်း လ္ဘက်ဇွန်း
မန်ကျည်းမှည့်(အစေ့ထုတ်ပြီး) - ၂၀ ဂရမ်
ရေနွေးပူ - ၃ဇွန်း
ဆီသပ်ရွက်(ပျဉ်တော်သိမ်း) - တစ်ခက်
ငရုပ်သီးစိမ်း - ၅တောင့်
ဆီ - ၁၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ခရမ်းချဉ်သီးကိုရေဆေးသန့်စင်ပြီးလေးစိပ်စိပ်ကာအစေ့များကိုဖယ်ထုတ်ပြီးဘမ်းတွင်အတွင်းသားကိုအပေါ်မှထားပြီးဆားဖြူးပေးပါ။
(၂)နေပူတွင်နှစ်နေမှသုံးနေလှန်းပေးပြီးအတော်အသင့်ခြောက်သွေ့ပါကသနပ်ပြုလုပ်ရန်နေလှန်းခရမ်းချဉ်သီးခြောက်အသင့်ဖြစ်ပါပြီ။
(၃)မန်ကျည်းမှည့်ရေနွေးစိမ်ထားပါ။ပဲနံသာစေ့နှင့်မုန်ညင်းစေ့လှော်ပြီးကြိတ်ထားပါ။
(၃)အခြောက်လှန်းပြီးသားခရမ်းချဉ်သီးခြောက်ကိုရေနွေးစိမ်ထားသောမန်ကျည်းမှည့်နှင့်ရောကာ ကြိတ်စက်တွင်ခပ်ကြမ်းကြမ်းအနေထားကြိတ်ထားပါ။
(၄)ပြီးလျှင်အိုးထဲတွင်ဆီထည့်ပြီးအရောင်တင်ဆီသပ်ရွက်ပဲနံ့သာစေ့မုန်ညင်းစေ့အမှုန့်တို့ကိုဆီသပ်ပါ။
(၅)ဆီသပ်နံ့မွေးလာပါကမီးပိတ်ပြီးကြိတ်ထားသောခရမ်းချဉ်သီးကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။လိုအပ်ပါကဆားအန ည်းငယ်ထည့်ပေးပါ။မီးဖိုမှချပြီးအအေးခံထားပါ။
(၆)လုံးဝအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းထားပါ။ဇွန်းသန့်သန့်ဖြင့်ခပ်ယူစားသုံးပါက၆လခန့်သိမ်းဆည်းထားနိုင်ပါတယ်။
................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...