26 April 2017

သရက်သီးဆန်ပူတင်း

Mango Rice Payasam
ဒီသရက်သီးအချိုပွဲလေးကိုအိန္ဒိယ၊ပါကစ္စ တန်၊နီပေါ၊ဘင်္ဂလားဒေ့ခ်ျသီရိလင်္ကာတွေ မှာတော့အထိမ်းအမှတ်ပွဲများတွင်ရိုးရာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးလုပ်ထားတဲ့ဆိုဖီယာရဲ့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆန် - ၅၀ ဂရမ် ( Basamti Rice )
နွားနို့ - ၅၀၀ ml
ရေ - ၅၀၀ ml
နို့ဆီ/သကြား - ၂၀၀ဂရမ်
သရက်သီးသီးမှည့် - တစ်လုံး
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
သီဟိုစေ့ သို့ Almond - ၁၀၀ဂရမ်
ဖာလာစေ့ - နှစ်စေ့
အုန်းသီး၊ စပျစ်ခြောက်၊သစ်သီးခြောက် - အလှဆင်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပေါင်းအိုးတခုတွင်ရေတည်ထားပါ။ပန်းကန်တခုတွင်ဆန်ဆေးပြီးနွားနို့၂၀၀ mlထည့်ပြီးပေါင်းအိုးထဲထည့်ကာဆန်စေ့များနူးအိလာသည်ထိပေါင်းပေးပါ။
(၂)ပေါင်းထားသောဆန်စေ့လေးများနူးအိပါကအိုးထဲတွင်ပြောင်းထည့်ပြီးနွားနို့၊ရေ၊နို့ဆီသကြားဖာလာစေ့သိဟိုဠ်စေ့သို့ မဟုတ်Almondစေ့သေးသေးစိတ်၊ထော ပတ်တို့ကိုထည့်ပြီးကျိုပေးပါ။
(၃)ဆူပွက်လာပါကမီးပိတ်ပြီးအအေးခံထားပါ။
(၄)သရက်သီးကိုအခွံခွာပြီးကျေညက်အောင်ကြိတ်ထားပါ။
(၅)အချိုပွဲအေးသွားပါကကြိတ်ထားသည့်သရက်သီးကိုရောပြီးသမအောင်မွေပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သရက်သီးကိုအေးသွားမှသာရောပေးရပါမယ်။
.............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...