29 April 2017

ကိုက်လန်ခရုဆီ


Chinese Broccoli with Oyster Sauce
ကိုက်လန်ခရုဆီဆိုရင်ဆိုင်တိုင်းမှာလည်းရနိုင်သလိုလူကြိုက်များတဲ့အရွက်ကြော်လည်းဖြစ်ပါတယ်။ဆိုဖီယာအကြိုက်လည်းဖြစ်လို့အမြဲလိုကြော်စားဖြစ်ပါတယ်။ကြော်နည်းများကတော့အနည်းငယ်ကွဲပြားကြပါတယ်။ကိုက်လန်ခရုဆီကိုပုံစံနှစ်မျိုးပြုလုပ်နိုင်ပါတယ်။
ရေနွေးဖျောပြီးဆော့ဆမ်းပေးနိုင်သလိုအစိမ်းကိုကြော်တာလည်းပြုလုပ်နိုင်ပါတယ်။အဆင့်အနည်းင ယ်သာကွဲပြီးပါဝင်ပစ္စည်းများအတူတူပင်ဖြစ်ပါတယ်။ခါးသက်တဲ့အရသာအနည်းငယ်ရှိတဲ့ကိုက်လ န်ကိုရေနွေးပွက်ပွက်ဆူတွင်သကြားအနည်းငယ်ထည့်ပြီးအရောင်ပြောင်းရုံပြုတ်ပေးခြင်းဖြင့်အခါးသက်သာစေနိုင်ပါတယ်။ဆိုဖီယာရဲ့လွယ်ကူတဲ့ကိုက်လန်ခရုဆီကြော်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကိုက်လန် - တစ်ပွဲစာ
ကြက်သွန်ဖြူ - နှစ်မြောင်း
ငရုပ်သီးစိမ်း/အခြောက် - နှစ်တောင့်
ပဲငံပြာရည်အကြည် - တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့် - ဇွန်းတဝက်
ကြက်သွန်ကြော် - အနည်းငယ် (optional)
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ကိုက်လန်နုနုကိုလိုသလိုလှီးဖြတ်ပြီးဆားရေဖြင့်ဆယ်မိနစ်ခန့်စိမ်ထားကာရေဆေးရေစစ်ထားပါ။
2.ပန်းကန်တခုတွင်ကြက်သွန်ဖြူရိုက်ပြားငရုပ်သီးစိမ်းရိုက်ပြားပဲငံပြာရည်ခရုဆီသကြားဟင်းခပ်မှုန့်ဆီမွေးတို့ကိုထည့်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ရေဆေးရေစစ်ထားသောကိုက်လန်နှင့်အတူရောစပ်ထားသောဟင်းစပ်ပစ္စည်းတို့ကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပါ။
5.လိုအပ်ပါကကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပြီးမွေပေးကာအရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်ထည့်ကာကြက်သွန်ကြော်ဖြူးပေးပြီးသုံးဆောင်နိုင်ပါပြီ။
❀ငရုတ်သီးခြောက်ထည့်လိုပါကဦးစွာဆီပူတွင်ကြွမ်းအောင်ကြော်ပေးပြီးမှကိုက်လန်နှင့်ပါဝင်ပစ္စည်းများချကြော်ပါ။
❀ရေနွေးဖျောပြီးကြော်နိုင်သလိုမကြော်ဘဲပါဝင်ပစ္စည်းများကိုမီးဖိုပေါ်တွင်အပူပေးကာအပေါ်မှဆမ်းပေးပြီးလည်းတည်ခင်းနိုင်ပါတယ်။နှစ်သက်ပါကေ က်ာရည်အနည်းငယ်ဖြင့်ပျစ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။
❀အသီးအရွက်များကိုကြော်စဉ်ဝါမသွားစေရန်မီးပြင်းဖြင့်ခဏသာကြော်ပါ။အဖုံးမအုပ်ရ။သုံးဆောင်ခါနီးမှသာကြော်ပါ။
❀ရင့်သောမာသောဟင်းရွက်များကိုအရောင်မပျက်နူးညံ့စေလိုပါကပြာရည်အနည်းငယ်ထည့်ပေးနိုင်ပါတယ်။(ရိုးရာနည်း)
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...