13 September 2017

ဆမူစာဖက်ရွက်

Spring Roll / Samusa Sheet
ဆမူစာပလပ်လို့ခေါ်တဲ့ဆမူစာဖက်ရွက်ပြုလုပ်နည်းဖြစ်ပါတယ်။ဆိုဖီယာကငယ်စဉ်ကတည်းကနေ့ စဉ်မြင်တွေ့နေရလို့မျက်စိအမြင်ဝနေတဲ့ဒီပြုလုပ်နည်းလေးကိုတော့ကိုယ်တိုင်ပထမဆုံးအကြိမ်စမ်းလုပ်ကြည့်ုဖြစ်တဲ့ပလပ်ဘဲဖြစ်တယ်။ငယ်ငယ်ကတော့ဆိုင်မှာမုန့်ဆရာတွေလုပ်တာမြင်ဖူးနေကျပေါ့နော်။ဘာလို့ဆိုပလပ်ခွာတဲ့အချိန်အ ရမ်းကြည့်ကောင်းတယ်ထင်တာဘဲ။ဘာမှနားမလည်ခင်တည်းကညနေတိုင်းဆမူစာပလပ်လုပ်ချိန်ဆိုတကူးတကရပ်ကြည့်ဖြစ်တယ်။ဒီနေ့အဲ့ဒီမြင်ဆရာမုန့်ဆရာဦးကြီးတွေကိုသတိရမိပါတယ်။အလွယ်တကူဝယ်လို့ရနေပြီဖြစ်လို့ကိုယ်တိုင်လုပ်ဖို့မတွေးမိခဲ့ဘူးလေ။သိလိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၅ချပ်)
*********
ဂျုံ (All Purpose Flour)- ၂၅၀ ဂရမ် (၁၅ကျပ်သား)
ဆား - လ္ဘက်ဇွန်း တဝက်
ရေ - ၁၄၀ ml
ဆီ - ၃ဇွန်း စားပွဲဇွန်း
ဂျုံမှုန့် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွပါ။ပြီးလျှင်ရေကိုဖြေးဖြေးဆီထည့်ပြီးနယ်ပေးပါ။
2.ဂျုံလုံးချောမွေ့ပါကအဝတ်အုပ်ပြီး၁၅မိနစ်ခန်နှပ်ထားပါ။
3.၁၅မိနစ်နှပ်ပြီးသားဂျုံကိုအညီအမျှ၅လုံးလုံးထားပြီး၃လက်မအကျယ်အဝိုင်းဖြန့်ပေးပါ။
4.အားလုံးဖြန့်ပြီးပါကတချပ်ကိုဆီလူးပေးပြီးဂျုံဖြူးပါ။အပေါ်မှနောက်တချပ်ထပ်ကာဆီလူးပြီးဂျုံဖြူပေးပါ။ထိုနည်းအတိုင်းပြုလုပ်ပြီးနောက်ဆုံးတချပ်အုပ်ပြီးပါကလိမ့်တုန်းဖြင့်သာသာဖြန့်ပေးပါ။
5.မျက်နှာပြင်အပေါ်အောက်ဂျုံဖြူးသည်ပီးဖြန့်ပါ။လိုချင်သောအပါးရသည်ထိအပေါ်အောက်လှန်ပေးပြီးဖြန့်ပါ။အထူအပါးညီအောင်ဖြန့်ပါ။
6.ဤအဆင့်တွင်ပုံစံနှစ်မျိုးပြုလုပ်နိုင်ပါတယ်။ovenကိုအသုံးပြုနည်းနှင့်တာဝါးခေါ်သံအထူအပြန့်တွင်ပြုလုပ်နည်းဖြစ်ပါတယ်။
7.တာဝါးသို့မဟုတ်ဒယ်အပြန့်ကိုအသုံးပြုလိုပါကမိမိဒယ်အိုးအရွယ်ဖြင့်ချိန်စပြီးဂျုံကိုဖြန့်ထားပါ။
8.တာဝါးကိုအနေတော်အပူပေးထားပါ။ပြီးလျှင်ဖြန့်ထားသောဂျုံအထပ်လိုက်ကိုတာဝါးပေါ်တင်ပြီးဖြေးညင်းစွာဖိပြီးလှည့်ပေးပါ။
9.အရောင်ပြောင်းလာပါကတဖက်လှန်လိုက်ပြီးအပေါ်ဆုံအလွှာကိုသာသာခွာယူပေးပါ။
10.ထိုနည်းအတိုင်းအပေါ်ဖက်အောက်ဖက်တလွှာဆီခွာပေးပြီးအားလုံးခွာပြီးပါကသေချာညီညီထပ်ပေးပြီးဘေးသားများကိုလှီးထုတ်ပေးပါ။
အနံ၃လက်မအလျား၉လက်မခွဲဆီတိုင်းပြီးဖြတ်ပေးကာလေသလပ်ခြောက်မသွားစေရန်အဝတ်ဖန့်ဖန့်ဖြင့်ထုပ်ပြီးဆမူစာပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
11.ovenဖြင့်ပြုလုပ်နည်းမှာပိုလွယ်ကူပြီးအချိန်ကုန်သက်သာတဲ့နည်းဖြစ်ပါတယ်။
12.ovenကို၁၈၀ဒီဂရီအပူပေးထားပါ။ဖြန့်ထားသောဂျုံနှင့်အရွယ်တူbakingpaper sheet ကိုအောက်ခံထားပြီးဘမ်းတခုတွင်တင်ကာ၁၀မိနစ်ခန့်ovenတွင်အပူပေးပါ။
13.ဆယ်မိနစ်ပြည့်ပါကထုတ်ယူပြီးဆမူစာပလပ်ကိုတလွှာဆီခွာပေးပြီးအထက်ပါနည်းအတိုင်းပြုလုပ်အသုံးပြုနိုင်ပါပြီ။
❀ovenဖြင့်ပြုလုပ်သောနည်းမှာသက်သာလွယ်ကူပြီးအပေါ်ဆုံးတချပ်မှာအပူကြောင့်အနည်းငယ်မာသွားသဖြင့်အသုံးပြု၍မရတော့ပါ။
❀မိမိပြုလုပ်လိုသောကော်ပြန့်ဆမူစာအရွယ်အလိုက်လိုသလိုလှီးဖြတ်ပါ။

.............
Sofia(04.11.2016)
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...