2 March 2017

အင်ဒိုနီးရှားကြက်ကြော်

Indonesia Smashed Fried Chicken
Sambal Ayam Penyet
စင်္ကာပူနေရာအတော်များများမှာAyam Penyetဆိုပြီးထမင်းဆိုင်အတော်များများတွေ့ရမှာဖြစ်ပါ တယ်။Ayam Penyetဆိုတာကတော့ကြက်ကြော် ကိုပြန်ပြီးအနည်းငယ်ထုထားတာကိုဆိုလိုပါတယ်။အင်ဒိုနီးရှားစတိုင်ကြက်ကြော်ကိုငါးပိထောင်းနဲ့တွဲ ဖက်စားလေ့ရှိပါတယ်။အနံ့အရသာတမူထူးခြားတဲ့ကြက်ကြော်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်ပေါင် - ၅ပေါင်
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ဂျင်း - လက်နှစ်ဆစ်
နနွင်းတက် - လက်နှစ်ဆစ်
ပဒဲကော - လက်တစ်ဆစ်
စပါးလင်- တစ်ချောင်း
သစ်ဂျပိုးခေါက် - ၂ချောင်း
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဇီယာအမှုန့် - တစ်ဇွန်း
နံနံစေ့အမှုန့် - တစ်ဇွန်း
ဂျုံ - ၃ဇွန်း
ပြောင်းမှုန့်/ကော်မှုန့် - ၃ဇွန်း
ကြက်ဥ - ၂လုံး
ကြော်ရန်ဆီ
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာကြက်ပေါင်များကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။
2.ကြက်သွန်နီကြက်သွန်ဖြူဂျင်းနနွင်းတက်ပဒဲကောတို့ကိုကြိတ်ထားပါ။စပါးလင်ကိုအနည်းငယ်ထုထားပါ။နနွင်းတက်မရနိုင်ပါကအမှုန့်ကိုအစားထိုး ပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးတခုတွင်ကြက်သားထည့်ပြီးရေမြုတ်ရုံထည့်ပါ။
4.ကြိတ်ထားသည့်အရောကိုထည့်ပါ။စပါးလင်နှင့်သစ်ဂျပိုးခေါက်ဆားသကြားတို့ကိုထည့်ပြီးကြက်သားကျက်သည်ထိတည်ထားပါ။
5.ကြက်သားကျက်ပါကဆယ်ယူပြီးဇလုံတခုတွင်ထည့်ပြီးအအေးခံထားပါ။
6.ကြက်ပြုတ်ရည်ကိုဇကာတခုဖြင့်စစ်ပြီးအနှစ်နှင့်အရည်သပ်သပ်စီခွဲထားပါ။
စပါးလင်သစ်ဂျပိုးခေါက်ကိုဖယ်ထုတ်ပြီးဇီယာမှုန့်နံနံမှုန့်ထည့်ပြီးသမအောင်မွေပေးပါ။
7.အအေးခံထားသောကြက်ထဲတွင်ထည့်ပြီးအားလုံးသမအောင်လူးပေးပြီးနှ ပ်ထားပါ။။လိုအပ်ပါကဆားအနည်းငယ်ထည့်ပါ။
8.ပန်းကန်တခုတွင်ဂျုံမှုန့်ပြောင်းဖူးမှုန့်ထည့်ပြီးကြက်ပြုတ်ထားသည့်အရည်အနည်းငယ်ဖြင့်မုန့်နှစ်ရည်ပျစ်ပျစ်ဖျော်ထားပါ။
9.အသင့်ဖြစ်ပါကဆီအိုးတည်ထားပါ။ဆီပူပါကနှပ်ထားသောကြက်ပေါင်ကိုဖျော်ထားသောမုန့်နှစ်ရည်တွင်လူးပြီးဆီပူတွင်အရောင်ရသည်ထိကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
10.လက်ကျန်မုန့်နှစ်ရည်ထဲတွင်ကြက်ဥနှစ်လုံးဖောက်ထည့်ပြီးမွေပေးပါ။ကြက်ပြုတ်ရည်၃ဇွန်းထည့်ပြီးမွေပေးပါ။
11.ပြီးလျှင်ဆီပူအိုးထဲတွင်ကြက်ဥအရည်ကိုဖြည်းဖြည်းဆီအမျှင်ဖြစ်အောင်လောင်းထည့်ပြီးရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
12.ဆီစစ်ထားသောကြက်ကြော်ကိုစဉ်းတုံးပေါ်တင်ပြီးဓားနှောင့်ဖြင့်ပုံစံမပျက်အောင်ထုပေးပါ။
13.ပန်းကန်ထဲတွင်ထမင်းဖြူ ကြက်ေ ကြာ်ပဲပြားကြော်ကြက်ဥမွကြော်Sambalငါးပိထောင်းသခွားသီးခရမ်းချဉ်သီးတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀ကြက်ကြော်နှင့်ငါးပိထောင်းကိုအဆာပြေစာအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...