10 March 2017

မလေးရှားချဉ်စပ်ခေါက်ဆွဲ

Assam Laksa >> Penang Laksa
Hot and Sour Noodle in Fish Soup
မလေးရှားချဉ်စပ်ခေါက်ဆွဲAsam Laksa ကိုမလေး ရှားနဲ့စင်္ကာပူမှာနေရာဒေသအလိုက်ပြင်ဆင်ချက်ပြုတ်ကြပုံချင်းအနည်ငယ်ကွဲပြားကြပါတယ်။ခုချက်ထားတဲ့နည်းကတော့မလေးရှားပီနန်းဒေသမှချက်နည်းပုံစံလေးဘဲဖြစ်ပါတယ်။စားနေကျနဲ့မတူတမူထူးခြားစွာတည်ခင်းလိုသောအိမ်ရှင်မများနှင့်ဝါသနာရှင်များအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးကွင်းရှပ်/ငါးပါးနီ - ၅၀၀ ဂရမ်
ဂျင်း - လက်နှစ်ဆစ်
Asam (ချဉ်စော်ခါးသီးခြောက်) - ၅ဖတ်
မန်ကျည်းမှည့် - လက်တစ်ဆုပ်
ရေ -၆ခွက် (တလီတာခွဲ)
မိတ်တလင်ဖူး - ၂ဖူး
ဖက်ဖယ်ရွက် (Laksa Leave )-၅ပင်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား- ၃ဇွန်း
ငရုပ်သီးခြောက် - ၁၅တောင့်
ပုဇွန်ငါးပိ - ၂ဇွန်း စားပွဲဇွန်း
စပါးလင် - ၂ချောင်း
ငရုတ်သီးစိမ်း - ၄တောင့်
ကြက်သွန်နီဥသေး - ၈လုံး
မုန့်တီ (နန်းလတ် ) - ၅၀၀ ဂရမ်
အလှဆင်ရန်
ပူစီနံအရွက်ချွေ
နာနတ်သီး
သခွားသီးအမျှင်
ကြက်သွန်နီပါးပါးစိတ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာငါးကိုရေဆေးသန့်စင်ပြီးဂျင်း၊ဆား၊ချဉ်စော်ခါးသီးခြောက်နှင့်ရေထည့်ပြီးအဖုံးအုပ်ကာငါးနူးအောင်ပြုတ်ထားပါ။
(၂)ငါးနူးပါကဆယ်ယူပြီးအရိုးမှားနွင်ထားပါ။အိုးထဲမှအဖတ်များဆယ်ယူပြီးငါးပြုတ်ရည်ဟင်းရည်ချက်ရန်ဖယ်ထားပါ။
(၃)ငါးပိကိုမီးကင်ထားပါ။
ငရုတ်သီးခြောက်ကိုရေစိမ်ထားပြီးပွလာပါကကြက်သွန်နီ၊ငရုပ်သီးခြောက်၊ငါးပိ၊ငရုတ်သီးစိမ်း၊စပါးလင်အတွင်းပိုင်းကိုနုတ်နုတ်စိတ်ထားသည်တို့ကိုကြိတ်စက်ဖြင့်ညက်အောင်ကြိတ်ပါ။
(၄)ဟင်းရည်ချက်မည့်အိုးတွင်ကြိတ်ထားသည်များကိုထည့်ပါ။ငါးပြုတ်ရည်ကိုထည့်တည်ပါ။မိတ်တလင်ဖူးကိုထပ်ခြမ်းခြမ်းထည့်ပါ။
(၅)ဆူပွက်ပါကမန်ကျည်းမှည့်အနှစ်၊ဆား၊သကြားတို့ကိုထည့်ပါ။ဖက်ဖယ်ရွက်ကိုရေဆေးသန့်စင်ပြီးအရွက်ခြွေထည့်ပါ။
(၆)အရသာအပေါ့အငံမြည်းပြီးမီးပိတ်ကာသုံးဆောင်ရန်ချဉ်စပ်ဟင်းရည်အသင့်ဖြစ်ပါပြီ။
(၇)မုန့်တီဖတ်ကိုရေနွေးဖျောပြီးပန်းကန်တွင်ထည့်ပါ။ချဉ်စပ်ဟင်းရည်ခပ်ထည့်ပြီးအပေါ်မှကြက်သွန်ပါးပါးလှီး၊သခွားသီးအမျှင်၊နာနတ်သီးအမြောင်းနှင့် ပူစီနံတို့ထည့်ပြီးတည်ခင်သုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...