14 November 2016

ပဲငပိပြုလုပ်နည်း

ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမှုများရှိပြီးမိမိလိုသလိုပြန်လည်ပြုပြင်အသုံးပြုနိုင်ပါတယ်။ပြုလုပ်ရန်အဆင့်ဆင့်အချိန်ပေးရတာမို့အခုခေတ်အတော်များများလည်းစိတ်ဝင်စားကြမယ်မထင်ပါဘူး။ကိုယ်သိထားတာလေးတွေကိုလက်ဆင့်ကမ်းခဲ့ချင်တဲ့စိတ်နဲ့ဘဲဒီလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ငယ်ငယ်ကအိမ်မှာအဖွားနဲ့အတူတနှစ်တ ခါပဲပုတ်အတူလုပ်ခဲ့ဖူးပါတယ်။ပဲပုတ်ကိုတနှစ်စာများများပြုလုပ်လေ့ရှိပြီးပဲငပိကိုတော့အနည်းငယ်သာပြုလုပ်လေ့ရှိပါတယ်။ပဲငပိကို ပဲပိစပ်နှင့်တရုတ်ပဲ (Broad Bean)နှစ်မျိုးနဲ့ပြုလုပ်နိုင်ပါတယ်။အခုပြုလုပ်ထားတာတော့ပဲပိစပ်ဖြစ်ပါ တယ်။ပဲငပိကိုလည်းအချိုအစပ်ပုံစံနှစ်မျိုြး ပုလုပ်နိုင်ပါတယ်။အခုပြုလုပ်ထားတာေ တာ့အစပ်ဖြစ်ပါတယ်။ပဲပုတ်ပြုလုပ်နည်းနဲ့အဆင့်များအတူတြူ ဖစ်ပြီးနောက်ဆုံးအဆင့်တွင်အချဉ်တည်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပဲပိစပ် - ဆန်ချိန်ခွက် ၃ခွက်
ဆော်ဒါ - လ္ဘက်ဇွန်း တစ်ဇွန်း ပဲပြုတ်ရန်
ဂျင်းထောင်း - တစ်ဇွန်း စားပွဲဇွန်း
ငရုပ်သီးအကြမ်းမှုန့် -နှစ်ဇွန်း
(ငရုတ်ချဉ်အသုံးပြုနိုင်)
ဆား - တစ်ဇွန်း
ဟွားကျောက် - တစ်ဇွန်း
စမုံစပါးစေ့အမှုန့် - တစ်ဇွန်း
ရှောက်ကော -တစ်ဇွန်း
ပျားရည် - ၂၀၀ gm
ပဲငံပြာရည် - ၁၀၀ ml
ပြင်ဆင်ပြုလုပ်ပုံ
************
1.ပဲကိုရေဆေးပြီးပွလာသည်ထိစိမ်ထားပါ။
2.ပွလာပါကဆော်ဒါထည့်ပြီးနူးအိလာသည်ထိပြုတ်ပါ။
3.နူးအိပါကဆယ်ယူရေစစ်ထားပြီးသန့်ရှင်းသောပိတ်စတွင်ထည့်ကာခြင်းတောင်းဇကာသို့ဘူးတခုတွင်ထည့်ပြီးပဲပုတ်နံ့ထွက်လာသည်ထိပူနွေးသောနေရာတွင်ထားပါ။ရှမ်းပြည်တွင်နေပူထဲထုတ်လှမ်းလေ့ရှိပါတယ်။
4.ပဲပုတ်နံ့ထွက်လာပါကထောင်းဆုံရှိလျှင်ဆုံဖြင့်စေးလာအောင်ထောင်းပေးပါ(မထောင်းဘဲအစေ့လိုက်လည်းပြုလုပ်နိုင်ပါတယ်)။ဤအဆင့်တွင်ပဲပုတ်အစိုကိုကြော်စားချက်စားနိုင်ပါတယ်။
5.ဟွားကျောက်စမုံစပါးစေ့နှင့်ရှောက်ကောကိုလှော်ပြီးအမှုန့်ထောင်းထားပါ။
6.ပြီးလျှင်ထောင်းထားသည့်ပဲပုတ်ထဲသို့ဂျင်းထောင်း၊ငရုပ်သီးမှုန့်၊ဆား၊ထောင်း ထားသောဟွားကျောက်ရှောက်ကောနှင့်စမုံစပါးမှုန့်ပျားရည်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်း ပါ။
7.ဤအဆင့်တွင်ငရုတ်သီးမှုန့်အစားငရုတ်ချဉ်တည်ထားသည်ကိုအသုံးပြုပါကအနီရောင်ပဲငပိကိုရရှိမှာဖြစ်ပါတယ်။
8.အချိုပြုလုပ်လိုပါကငရုတ်သီးမထည့်ဘဲပြုလုပ်နိုင်ပါတယ်။
9.ပဲငံပြာရည်အစားဆားကိုသုံးပေးနိုင်ပြီးမိမိပြုလုပ်လိုသောအရောင်အပျစ်အကျဲကိုလိုသလိုဖန်တီးပါ။
10.ပါဝင်ပစ္စည်းအားလုံးထည့်ပြီးသမအောင်မွေပေးကာခြောက်သွေ့သန့်စင်ပြီးဆီကင်းသောပုလင်းတွင်ထည့်ပြီးလေလုံအောင်ပိတ်ထားပါ။
11.တလခန့်တည်ထားပြီးပါကမိမိလိုသလိုချက်စားနိုင်ပြီဖြစ်ပါတယ်။
12.ပဲငပိကိုထမင်းဝိုင်းတွင်အစပ်တခွက်အဖြစ်တည်ခင်းနိုင်သလိုအသားငါးများဖြင့်မိမိနှစ်သက်သလိုချက်စားကြော်စားနိုင်ပါတယ်။မာလာဟင်း၊မာလာခေါက်ဆွဲ၊မာလာငါး၊မြီးရှည်မြေအိုးမြီးရှည်အစရှိသ ည်တို့ပြုလုပ်ရာမှာအလွန်အသုံးဝင်မဲ့ပဲငပိဖြစ်ပါတယ်။
❀အသုံးပြုသောအိုးပုလင်းအားလုံးဆီကင်းဆင်ရန်ဂရုပြုပါ။
❀ငရုတ်သီးမှုန့်နှင့်ငရုတ်ချဉ်မိမိနှစ်သက်ရာရွေးပြီးထည့်ပါ။
❀ပဲငံပြာရည်သုံးပါကအရောင်အမဲရမှာဖြစ်ပြီးမသုံးလိုကဆားသီးသန့်သုံးနိုင်ပါတယ်။
❀ပျားရည်အစားကြံသကာရည်ညောင်စေးကျဆအာင်ကျိုပြီးသုံးနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...