14 November 2016

ကြက်ဥခေါက်ဆွဲ

(Home Made Egg Noodle )
ခေါက်ဆွဲပြုလုပ်ရန်စက်မလိုဘဲပါဝင်ပစ္စည်းအနည်းငယ်ဖြင့်သန့်ရှင်းလပ်ဆပ်တဲ့အိမ်လုပ်ခေါက်ဆွဲလုပ်နည်းလေးဖြစ်ပါတယ်။နေရာဒေသတိုင်းမှာလွယ်ကူစွာဝယ်ယူရရှိနိုင်ပေမဲ့တခါတလေမှာအိမ်သားတွေအတွက်ကိုယ်တိုင်ပြင်ဆင်ပေးလိုတဲ့အိမ်ရှင်မများနှင့်ကိုယ်တိုင်စမ်းသပ်ပြုလုပ်လိုသောဝါသနာရှင်များလည်းရှိလိမ့်မယ်လို့ထင်ပါတယ်။ခေါက်ဆွဲကြိတ်စက်အသေးလေးတွေဝယ်ယူပြီးဒီအချိုးအတိုင်းလည်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ဂျုံမှုန့် - ၅၀၀ဂရမ် (All Purpose Flour )
ကြက်ဥ- ၅လုံး

ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျုံနှင့်ကြက်ဥကိုဇလုံတခုတွင်ထည့်ပြီးရောနှယ်ကာ၃၀မိနစ်ခန့်နှပ်ထားပါ။ ရေမပါတဲ့အတွက်အတော်တော်ကြာနှယ်ရပါတယ်။
2.နှပ်သွားပါကလေးပိုင်းခွဲပြီးတလုံးဆီပြားနေပြန့်နေအောင်လိမ့်ပါ။
3.ပြီးရင်ဂျုံမှုန့်များများဖြူးပြီးအစွန်နှစ်ဘက်ကနေအလယ်ကိုလိပ်လာပါ။
4.လိပ်ပြီးပါကမိမိနှစ်သက်ရာစိတ်ကြိုက်အပြားလှီးဖြတ်ပါ။
5.ဖြတ်ပြီးပါကအလိပ်နှစ်လိပ်အလယ်မှကိုင်ပြီးခါချလိုက်လျှင်ခေါက်ဆွဲအစည်းလိုက်လေးရပါပြီ။ဂျုံများများဖြူးပြီးမကပ်အောင်ခွေထားပါ ။
6.အားလုံးပြီးလျှင်ရေဆူတွင်၃မိနစ်ခန့်ပြုတ်ပြီးရေအေးလောင်းကာဆီအနည်းငယ်လူးထားပြီးကိုယ်နှစ်သက်သလိုကြော်စားပြုတ်စားသုပ်စားနိုင်ပါပြီ။
❀❀❀ရိုးရိုးခေါက်ဆွဲပြုလုပ်လိုပါကကြက်ဥအစားရေဖြင့်နယ်ပါ။
❀❀❀ဂျုံနယ်လျှင်ဂျုံသားမပျော့ရန်အရေးကြီးပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...