26 October 2016

အမဲနှင်းခြောက်

ပန်းသေးရိုးရာအစားအစာတခုဖြစ်တဲ့အမဲနှင်းခံခြောက်ဖြစ်ပါတယ်။နှင်းခံခြောက်မှာရိုးရိုးအသားခြောက်နှင့်အနံ့အရသာမတူဘဲတမူထူးခြားတဲ့မွှေးရနံ့ရှိပါတယ်။အမဲခြောက်ကိုတော့နေရာဒေသအရပ်ရပ်မှာပုံစံအမျိုးမျိုးနဲ့ခြောက်လေ့ရှိကြပေမဲ့အမဲနှင်းခြောက်ကတော့တနှစ်တရာသီဆောင်းတွင်းနှင်းကျချိန်သာပြုလုပ်လေ့ရှိပါတယ်။အိမ်မှာတော့တနှစ်စာပြုလုပ်တာမို့တကြိမ်ပြုလုပ်ရင်အများအပြားပြုလုပ်လေ့ရှိပါတယ်။ငယ်စဉ်အခါ ကတော့အဖွားလုပ်တဲ့အချိန်ဆိုဘေးကနေကူလုပ်ပေးခဲ့ရပါတယ်။ဆိုဖီယာအတွက်တကူးတကမသင်ယူဖြစ်ခဲ့ပါဘဲဝါသနာကြောင့်လုပ်ခဲ့သမျှတွေဟာခုချိန်မှာအလွန်တန်ဖိုးရှိတဲ့ပညာတွေဖြစ်လို့နေခဲ့ပါတယ်။နှင်းကျတဲ့ဒေသတွေမှာသာပြုလုပ်နိုင်တာမို့လာမဲ့ဆောင်းရာသီလတွေမှာပြုလုပ်လိုသူများအတွက်ပြုလုပ်နည်းမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
အမဲသား - ၂ကီလို
ဆား - ၂၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.အမဲနှင်းခြောက်ပြုလုပ်ရန်အမဲသားကိုအဆီမပါအကြောမပါသောပေါင်တလုံးသားသို့မဟုတ်အမဲလျှာဖြင့်ပြုလုပ်နိုင်ပါတယ်။
2.အသားတတုံးလျှင်တကီလိုခန့်အရွယ်တုံးပြီးဆားကိုဂျုံနယ်သလိုဖိနယ်ကာနှစ်ညခန့်သိပ်ထားပါ။အထက်အောက်လှန်ပေးပါ။
3.ပြီးလျှင်တံဆို့ဖြင့်ထိုးပြီးဆောင်းနေပူပူတွင်ထုတ်လှန်းပါ။
4.ညဖက်နှင်းကျချိန်တွင်မသိမ်းဘဲနှင်းခံထားပါ။
5.ထိုကဲ့သို့ညနှင်းခံမနက်နှင့်နေ့ခင်းဖက်တွင်နေလှန်းပြီးလိုချင်သောအခြောက်အနေအထားရပါကသိမ်းဆည်းကာလိုသလိုကြော်စားချက်စားနိုင်ပြီဖြစ်ပါတယ်။
❀အမဲနှင်းခံခြောက်မှာအတုံးကြီးကြီးပြုလုပ်ရသဖြင့်အတွင်းထိဆားဝင်စေရန်ဖိဖိနယ်ပေးရပါမယ်။
❀ဆားနိုင်ရပါ့မယ်။ဆားမနိုင်ပါကအတွင်းထိဆား မဝင်ဘဲအလယ်တွင်ပုတ်သွားတတ်ပါတယ်။
❀တနှစ်တကြိမ်သာပြုလုပ်သည်မို့လုံးဝခြောက်သည်ထိထားရပါမယ်။ခြောက်သွားပါကကြိုးဖြင့်အိ မ်တွင်းတွင်ချိတ်ဆွဲပြီးသိမ်းဆည်းနိုင်သလိုရေခဲသေတ္တာများတွင်လည်းသိမ်းဆည်းထားနိုင်ပါတယ်။
❀ပါးပါးလှီးကြော်စားနိုင်သလိုကြော်ပြီးခရမ်းချဉ်သီးဖြင့်လည်းချက်စားနိုင်ပါတယ်။
❀တရုတ်ပဲထမင်းချက်ရာမှာကြော်ပြီးထည့်ချက်ပါကအလွန်ဘဲအရသာထူးတဲ့ပဲထမင်းရရှိမှာဖြစ်ပါတယ်။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...