26 October 2016

စွံပလွံသီးယို

စွံပလွံသီးဆိုရင်တော့အချိုထည့်စရာမလိုဘဲသဘာအချိုနှင့်ကျန်းမာရေးအတွက်အကျိုးပြုတဲ့ဗီတာမင်ဓာတ်များစွာပါဝင်ပြီးသားဖြစ်တာကိုသိပြီးကြပြီးဖြစ်မှာပါ။စွံပလွံသီးကိုတာရှည်အထားခံပြီးဧည့်ခံတည်ခ င်းရာမှာလှလှပပတည်ခင်းနိုင်မဲ့စွံပလွံယိုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
စွံပလွံသီးခြောက် - ၃၀၀ ဂရမ် (အစေ့ထုတ်ပြီး)
ထောပတ် - ၅၀ ဂရမ်
သစ်သီးခြောက်အဆံအစေ့စုံ - ၁၀၀ ဂရမ်
(Granola)
နှမ်းလှော် - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.စွံပလွံသီးခြောက်ကိုအစေ့ထုတ်ပြီးကြိတ်စက်ဖြင့်ခပ်ကြမ်းကြမ်းကြိတ်ထားပါ။
2.သစ်သီးခြောက်အစေ့အဆံတို့ကိုခပ်သေးသေးစိတ်ထားပါ။
3.အသင့်ဖြစ်ပါကအိုးမကပ်သောဒယ်တွင်ထောပတ်ထည့်ပြီးမပူပေးကာကြိတ်ထားသောစွံပလွံသီးကိုထည့်ပါ။
4.အဆက်မပျက်မွေပေးပြီးအနည်းငယ်ခြောက်လာပါကသစ်သီးခြောက်နှင့်အစေ့အဆံတို့ကိုရောထည့်ပြီးသမအောင်မွေပေးပါ။
5.ခြောက်ပြီးဆီပြန်လုံးလာပါကမီးပိတ်ပြီးခေတ္တအအေးခံထားပါ။
6.ခပ်နွေးနွေးအနေအထားတွင်ဆီစိမ်စက္ကူသို့မဟုတ်ပလပ်စတစ်ခင်းပြီးစွံပလွံယိုကိုထည့်ပါ။
7.မိမိပြုလုပ်လိုသောပုံစံအဝိုင်းလေးတောင့်လိုသလိုပုံပြုလုပ်ပြီးခပ်ကျစ်ကျစ်လိတ်ကာအအေးခံထားပါ။
8.အေးသွားသောအခါဖြည်ပြီးနှမ်းလှော်ဖြင့်အနှံ့လူးကပ်ပေးပါ။
9.ပြီးလျှင်မိမိနှစ်သက်ရာအထူအပါးလှီးဖြတ်ပြီးလေလုံသောဘူးသို့မဟုတ်ပလပ်စတစ်ဖြင့်တခုဆီထုတ်ပိုးပြီးလှလှပပတည်ခင်းနိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...