4 March 2017

ပုဇွန်ရွှေဖရုံသီးအုန်းနို့ဟင်း

Prawn & Pumpkin Red Curry
အုန်းနို့နဲ့ဟင်းချက်အနှစ်တို့ရဲ့သင်းပျံ့မွေးကြိုင်ပြီးစပ်ရှိန်းရှိန်းအရသာကြောင့်ထူးကဲလှတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်လို့အိမ်ရှင်မများနှစ်သက်ကြမယ်ထင်ပါတယ်။ချက်ကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ပုဇွန် - ၅၀၀ ဂရမ်
ရွှေဖရုံသီး - ၅၀၀ ဂရမ်
အုန်းနို့ - ၂၀၀ ml
အနီရောင်ဟင်းချက်အနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ပုဇွန်ငံပြာရည် -နှစ်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
ရှောက်ခါးရွက် - နှစ်ရွက်
ထိုင်းပင်စိမ်း(sweet basil)- တစ်ခက်
ဆား ၊ငရုပ်ကောင်း - အနည်းငယ်
ဆီ - အနည်းငယ်
နံနံပင်/ထိုင်းပင်စိမ်း - အလှတင်ရန်
ငရုပ်သီးနီ နှစ်တောင့် - အလှဆင်ရန်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာပုဇွန်ကိုရေဆေးသန့်စင်ကာအခွံသင်ကျောခွဲပီးဆားငရုပ်ကောင်းဖြင့်နယ်ထားပါ။
(၂)ဖရုံသီးကိုအတုံးသေးသေးစိတ်ထားပါ။ရှောက်ရွက်၊ငရုပ်သီးစိမ်းကိုစိတ်ထားပါ။ (၃)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးမီးသေးသေးဖြင့်ဟင်းချက်အနှစ်ကိုဆီသပ်ပါ။ဖရုံသီးထည့်ေ ကြာ်ပါ။
(၄)ဖရုံသီးကြော်မိပြီးပါကဖရုံသီးကျက်ရုံရေအနည်းငယ်ထည့်ပြီးအုန်းနို့ထည့်ပါ။ငံပြာရည်၊သကြားတို့ ကိုထည့်ပါ။
(၅)ဖရုံသီးနူးပြီးအုန်းနို့အနည်းငယ်ခမ်းဆီပြန်လာပါကပုဇွန်၊ပင်စိမ်း၊ရှောက်ရွက်၊ငရုပ်သီးတို့ကိုထည့်ပါ။
(၆)ပြန်လည်ဆူပွက်ပါကအရသာအပေါ့အငံမြည်းပြီးမီးဖိုမှချပါ။ထိုင်းပင်စိမ်းငရုပ်သီးတို့ဖြင့်အလှဆ င်ပြီးထမင်းဖြူနှင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...