10 April 2016

သရက်သီးသနပ်(အခြောက်)


Spicy Dry Mango Pickle

နေရာဒေသအလိုက်အသီးအနှံတို့ကိုကြာရှည်ခံသိမ်းဆည်းသုံးဆောင်နိုင်အောင်အမျိုးမျိုးစီမံပြုလုပ်လေ့ရှိကြပါတယ်။
သရက်သီးသနပ်ကိုအစိမ်းသနပ်အခြောက်သနပ်အချိုအစပ်ချဉ်ငံစပ်အရသာအမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။ခုလုပ်ထားတာတော့အခြောက်ကိုအိအိလေး နဲ့ချိုချဉ်စပ်လေးပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
သရက်သီးခြောက် - တစ်ကီလို
သကြား/ပျားရည် - ၅ဇွန်း
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
မဆလာ - ၂ဇွန်း (သနပ်မဆလာ)
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
မုန်ညင်းစေ့-တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သရက်သီးခြောက်ကိုဆားများပြောင်စင်အောင်ဆေးပြီးရေစစ်ထားကာလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၂)ပေါင်းအိုးတခုတွင်ရေထည့်ပြီးဆူပွက်အောင်တည်ထားပါ။
(၃)ရေဆူပွက်ပါကသရက်သီးကိုအပူခံသောဇကာဘမ်းတွင်ထည့်ပြီးဆယ်မိနစ်ခန့်ပေါင်းပေးပါ။
(၄)ပေါင်းပြီးပါကထုတ်ယူကာအအေးခံ ထားပါ။
(၅)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၆)အိုးတခုတွင်ဆီပူအောင်တည်ပြီးအရောင်တင်၊မုန်ညင်းစေ့၊မဆလာဆီသပ်ပါ။သကြားသို့မဟုတ်ပျားရည်ထည့်ပြီးပျော်အောင်မွေပေးကာမီးပိတ်ပြီးကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းထည့်ပါ။
(၇)အသင့်ပေါင်းထားသောသရက်သီးထ ည့်ပြီးသမအောင်မွေကာအအေးခံထားပါ။
(၈)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ကာတရက်နှပ်ထားပါ။
(၉)ဒုတိယမြောက်ရက်တွင်ဆီကိုကျက်အောင်ချက်ပြီးမျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ကာပုလင်းကိုလေလုံအောင်ပိတ်ပြီးထားပါ။
(၁၀)နှစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာဇွန်းသန့်သန့်ဖြင့်လိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀သရက်သီးခြောက်မှာဆားနယ်ပြီးခြောက်ထား၍ဆားကိုပြောင်စင်အောင်ဆေးပြီးလိုအပ်မှသာဆားအနည်းငယ်ထည့်ပေးပါ။
❀❀ရေနွေးငွေ့ဖြင့်မပေါင်းဘဲရေနွေးဆူဆူ တွင်လည်းထည့်ဖျောနိုင်ပါတယ်။
❀❀ပြုလုပ်ပြီးတရက်ကိုအခြောက်နှပ်ထားပြီးအရသာဝင်မှသာလျှင်ဆီကိုမျက်နှာပြင်ဖုံးအောင်ထည့်ပြီးနှပ်ပါ။
...............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...