10 April 2016

၁၂မျိုးဟင်းချို

 Assorted Vegetable Soup

သီးနှံအစုံနဲ့အသားကြက်ဥငုံးဥအစုံပါတဲ့ဟင်းချိုလေးကိုတော့မြန်မာပြည်မှာ၁၂မျိုးဟင်းချိုရယ်လိုနာမည်ကြီးလူသိများတဲ့ဟင်းတခွက်ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီးအဆီနည်းအားလည်းဖြစ်စေမဲ့ဟင်းတခွက်ကိုစားတော်ဆက်အတော်များများမှာလည်းမှာယူသုံးဆောင်နိုင်ပါတယ်။
ဒီလှပတဲ့ဟင်းလေးတပွဲဖြစ်မြောက်အောင်လိုအပ်တာတွေအစစကူညီပေးခဲ့တဲ့ဆိုဖီယာ့အန်တီကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေ....လွယ်ကူမြန်ဆန်အရသာရှိတဲ့ဟင်းချိုလေးကိုချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကြက်ပြုတ်ရည် - တပန်းကန်လုံး
ကြက်သား - အနည်းငယ်
ငုံးဥ - ၅လုံး
ကြက်ဥ - တစ်လုံး
ပဲပြား - တဝက်
မုန်ညင်းဖြူ -တခက်
ပန်းမုန်လာ - အနည်းငယ်
ပန်းစိမ်း - အနည်းငယ်
မုန်လာဥနီ - အနည်းငယ်
ဘိုစားပဲ - အနည်းငယ်
မြူစွမ်ခြောက် - ၂ခွေ
ခရမ်းချဉ်သီး - တစ်လုံး
ရွှေပဲ - ၅တောင့်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်သွန်မိတ် - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - အနည်းငယ်
ငရုပ်ကောင်း - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာကြက်ပြုတ်ရည်တပန်းကန်စာကိုအိုးထဲသို့ထည့်ပါ။(ကြက်ပြုတ်ရည်အစားReadyMake Chicken Stock ကိုသုံးနိုင်ပါတယ်)
(၂)ပါဝင်သောသီးနှံအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
(၃)ကြက်သားကိုသေးသေးစိတ်ထားပြီးငုံးဥကိုသီးသန့်ပြုတ်ကာအခွံသင်ထားပါ။
(၄)ရေဆေးသန့်စင်ထားသောသီးနှံကြက်သားငုံးဥပဲပြားတို့ကိုကြက်ပြုတ်ရေတွင်ထည့်တည်ပါ။
(၅)ရေနွေးအိုးတခုတွင်မြူစွမ်ကိုသီးသန့်ရေနွေးဖျောထားပြီးဆူပွက်နေသောဟင်းချိုအိုးတွင်ထည့်ပါ။
(၆)ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။
(၇)သီးနှံကျက်ပါကကြက်ဥကိုခေါက်ပြီးဆူပွက်နေသောဟင်းချိုအိုးတွင်ဖြည်းဖြည်းဆီလောင်းထည့်ပါ။
(၈)မီးပိတ်ကာပန်းကန်တွင်ထည့်ပါ။အပေါ်မှကြက်သွန်မြိတ်နှင့်ကြက်သွန်ဖြူဆီချက်ငရုပ်ကောင်းအနည်းငယ်ထည့်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ သီးနှံများဝါပြီးပျော့မသွားစေရန်အတွက်ဟင်းချိုအိုးပွက်ကာသီးနှံကျက်ပါကမီးပိတ်ပြီးမီးဖိုမှချပါ။

............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...