9 September 2016

စပိန်ထမင်းကြော်

Spanish Style Fried Rice
စပိန်ထမင်းကြော်လို့ဆိုပေမဲ့ရောချက်တဲ့နည်းနဲ့ကြော်တဲ့ပုံစံနှစ်မျိုးပြုလုပ်နိုင်ပါတယ်။အခုတော့အလွယ်တကူေ ကြာ်တဲ့ပုံစံပြုလုပ်ထားခြင်းဖြစ်ပါတယ်။စားနေကျထမင်းကြော်နဲ့အရသာကွဲပြားပြီးထမင်းကြော်နှစ်သက်သူများအတွက်အကြိုက်တွေ့စေမဲ့ရောင်စုံစပိန်ထမင်းကြော်ဘဲဖြစ်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း ၅ပွဲစာ
********
ထမင်းဖြူ - ၅ပွဲ
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်အူချောင်း - ၂ချောင်း
ကြက်သား/ပုဇွန် - ၂၀၀ ဂရမ်
ငရုပ်ပွစိမ်း/နီ/ဝါ - တလုံးခွဲ(တစ်ခြမ်းဆီ)
ခရမ်းချဉ်သီးဆော့စ်- ၃၀၀ ဂရမ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
သံလွင်ဆီ - ၅ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
Paprika(အရောင်တင်)- တစ်ဇွန်း
Oregano (ဟင်းခပ်အမွေးအကြိုင်) - တစ်ဇွန်း (optional)
ကြက်သွန်မိတ် - ၃ပင်
သံပုယိုသီး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာကြော်မည့်ထမင်းဖြူကိုအအေးခံထားပါ။
ကြက်သွန်နီကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
ငရုပ်ပွအရောင်သုံးမျိုးကိုအရွယ်တူအတုံးစိတ်ထားပါ။ကြက်အူချောင်းနှင့်အသုံးပြုမည့်အသားပင်လယ်စာကိုအသင့်ပြုလုပ်ထားပါ။
2.ခရမ်းချဉ်သီးအနှစ်ကိုအသင့်သုံးသံဘူးများအသုံးပြုနိုင်ပြီးမရှိပါကခရမ်းချဉ်သီး၅လုံးခန့်ကိုရေနွေးဖျောအစေ့ထုတ်အခွံခွာပြီးသေးသေးစိတ်ကာချက်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကကြော်မည့်အိုးကိုအပူပေးပြီးသံလွင်ဆီထည့်ပါ။
4.ကြက်သွန်နီကြက်သွန်ဖြူဆီသပ်ကာကြက်အူချောင်းအသားထည့်ကြော်ပါ။
5.အရောင်ပြောင်းပါကငရုပ်ပွစိတ်ထားသည်ကိုထည့်ပါ။ငရုတ်ကောင်းအရောင်တင်ထည့်ပြီးသမအောင်မွေပေးပါ။ခရမ်းချဉ်သီးဆော့စ်ထည့်ပါ။
6.အအေးခံထားသောထမင်းဖြူထည့်ပါ။ဆား၊သြ ကားနှင့်အော်ရီဂါးနိုးထည့်ပြီးသမအောင်မွေကာအရသာအပေါ့အငံမြည်းပါ။
7.အရသာအနေတော်ပါကကြက်သွန်မိတ်သေးသေးစိတ်ထားသည်ကိုထည့်ပြီးသံပုယိုသီးစိတ်ဖြင့်တွဲဖက်ပြီးတည်ခင်းနိုင်ပါပြီ။
❀မကြော်ဘဲတခါတည်းရောချက်လိုပါကဆန်ကိုရေစိမ်ထားပြီးအထက်ပါနည်းအတိုင်းဆီသပ်ပြီးဆန်ချကြော်ကာကြက်ပြုတ်ရည်ထည့်ပြီးထမင်းချက်သည့်နည်းအတိုင်းချက်နိုင်ပါတယ်။
❀paprikaနှင့်oreganoကိုစူပါမားကတ်များတွင်ရနိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...