9 September 2016

သီးစုံပဲအချဉ်ဟင်း

 Sambar
အိန္ဒိယဟင်းတခွက်ဖြစ်တဲ့သီးစုံပဲအချဉ်ဟင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာတော့မနက်ခင်းစာတိုရှည်ပူ ရီအစရှိသည်တို့ဖြင့်လည်းတွဲဖက်တည်ခင်းပြီးမြန်မာအများစုကတော့ဟင်းအဖြစ်သာတည်ခင်းလေ့ရှိကြပါတယ်။ချက်နည်းများအနည်းငယ်ကွဲပြားနိုင်ပါ တယ်။သတ်သတ်လွတ်ချက်လိုပါကချက်နိုင်ပါတ ယ်။
ပါဝင်ပစ္စည်း
********
ပဲစင်းငုံ/ကုလားပဲ - ၅ကျပ်သား
ကြက်သွန်နီ - ၂လုံး
ခရမ်းချဉ်သီး - ၂လုံး
ဂျင်းကြက်သွန်ဖြူ - တဇွန်း
အာလူး - ၂လုံး
ဘိုစား - လက်တစ်ဆုပ်
ခရမ်းသီး - တစ်လုံး( ကြီး)
ရုန်းပတေသီး - ၅တောင့်
ဒန့်ဒလွန်သီး - ၅တောင့်
မုန်လာဥ - တလုံး
ဘူးသီး - တစ်စိတ်
ပုဇွန်ခြောက် / အာဗြဲခြောက် - လက်တစ်ဆုပ်
ပျဉ်းတော်သိမ်းရွက် - ၃ခက်
ငရုပ်သီးခြောက် - ၅တောင့်
ဆား - လိုသလောက်
ငံပြာရည် - ၃ဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
မန်ကျည်းမှည့်အနှစ် - ၃ဇွန်း
မဆလာ - တစ်ဇွန်း
အရောင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ချက်ပြုတ်နည်း
****************
1.ပဲစင်းငုံသို့မဟုတ်ကုလားပဲကိုရေဆေးပြီးရေစိမ်ထားပါ။ပွလာပါကအိုးထဲတွင်ထည့်ပြီးနူးသည်ထြိ ပုတ်ထာပါ။
2.ပါဝင်သောအသီးအနှံများအားလုံးကိုရေဆေးပြီးအရွယ်တူလှီးဖြတ်ထားပါ။အာလူးခရမ်းသီးကိုရေ စိမ်ထားပါ။ရုန်းပတေသီးကိုသီးသန့်ဖယ်ထားပါ။ကြက်သွန်ခရမ်းချဉ်သီးပါးပါးလှီးထားပါ။
3.ချက်မည့်အိုးကိုအပူပေးပြီးဆီထည့်ပါ။ဆီပူပါကငရုပ်သီးခြောက်ထည့်ကြော်ပြီးဖယ်ထားပါ။
4.ကြက်သွန်နီဆီသပ်ဂျင်းကြက်သွန်ဖြူထည့်ဆီသပ်ရွက်ထည့်ဆီသပ်ပါ။ပုဇွန်ခြောက်ငါးခြောက်ထ ည့်ပါ။မွှေးလာပါကအရောင်တင်နနွင်းထည့်ပါ။ခရမ်းချဉ်သီးထည့်ပါ။အနည်းငယ်ကြေအောင်ချေေ ပးပါ။
5.ခရမ်းချဉ်သီးကြေပါကလှီးဖြတ်ထားသောအသီးအနှံများ(ရုန်းပတေသီးမှအပ)ကိုထည့်ပါ။
6.သီးနှံများအားလုံးကြော်မိပါကပြုတ်ထားသောပဲကိုချေပြီးရောထည့်ပါ။ရေလိုအပ်သလောက်ထပ်ထည့်ပြီးအရသာ ဆား၊ဟင်းခပ်မှုန့်၊ငံပြာရည်ထည့်ပြီးအဖုံးအုပ်ကာသီးနှံ များနူးသည်ထိတည်ထားပါ။
7.သီးနှံနူးပါကမန်ကျည်းမှည့်အနှစ်ဖျော်ထည့်ပါ။ရုန်းပတေသီးမဆလာနှင့်ကြော်ထားသောငရုပ်သီးခြောက်တို့ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။အရသာအပေါ့အငံမြည်းပြီးနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...