23 October 2016

ငှက်ပျောဖူးချဉ်

ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ချက်ပြီးပြုလုပ်ထားတာမို့ထွေးထွေးလေးနဲ့စားရတာလည်းအလွန်အရသာကောင်းလှတာမို့ဆိုဖီယာတော့ထမင်းလွတ်စားလိုက်တယ်။အခုဆိုဖီယာပြုလုပ်ထား တဲ့ငှက်ပျောဖူးချဉ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ဆီချက်လေးနဲ့သုပ်စားနိုင်သလိုကြော်ပြီးလည်းသုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******
ငှက်ပျောဖူး- တစ်ဖူး (အနေတော်) ၃၅၀ဂရမ်
ထမင်းချက်ပြီးသား - တစ်ပန်းကန် ၅၀၀ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
ငှက်ပျောဖက် - ထုပ်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ငှက်ပျောဖူးကိုအပြင်ပိုင်းအရင့်များဖယ်ပြီးပါးပါးလှီးကာဆားနှင့်သံပုရာသီးညစ်ထားသောရေခဲရေတွင်စိမ်ထားပါ။
2.ထမင်းကိုခပ်မာမာချက်ထားပါ။ဆိုဖီယာတော့ ဆန်နီသုံးထားပါတယ်။အဆင်ပြေရာကိုအသုံးပြုနို င်ပါတယ်။
3.အားလုံးအသင့်ဖြစ်ပါကဇလုံတခုတွင်ချက်ထားသောထမင်းထည့်ပြီးဆားထည့်ကာသမအောင်ခြေပြီးနယ်ပေးပါ။
4.ပြီးလျှင်ရေစိမ်ထားသောငှက်ပျောဖူးကိုဆယ်ယူရေညစ်ပြီးထည့်ပါ။
5.အားလုံးသမအောင်နယ်ပြီးမီးကင်သန့်စင်ထားသောငှက်ပျောဖက်တွင်ထည့်ကာသေချာစွာလေလုံအောင်ပြုလုပ်ကာသေချာကျစ်နေအောင်စည်းပေးပါ။
6.အားလုံးပြုလုပ်ပြီးပါကလေလုံသောဘူးတွင်ထည့်ပြီးပူနွေးသောနေရာတွင်၂ရက်မှ၃ရက်ထိထားပါ။ရာသီဥတုအေးပါကရက်အနည်းငယ်ပိုကြာပါတ ယ်။
7.ငှက်ပျောဖူးချဉ်ရပါကဖက်များကိုဖယ်ထုတ်ပြီးလိုသလိုလှီးကာကြက်သွန်ဖြူဆီချက်ဖြင့်သုပ်ပြီးငရုတ်သီးကြော်ကြက်သွန်ဖြူနံနံပင်ဂျူးမြစ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။ကြက်သွန်ခရမ်းချဉ်သီးတို့ဖြင့်လည်းပုဇွန်ချဉ်ငါးချဉ်ကဲ့သို့ကြော်စားချက်စားနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...