ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့ငှက်ပျောဖူးချဉ်ကြော်ဖြစ်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြုလုပ်ရလွယ်ကူပြီးငါးချဉ်ကြော်ပုဇွန်ချဉ်ကြော်စားရသည်ထက်အရသာရှိလှတာမို့နှစ်သက်ကြမယ်ထင်ပါတယ်။ချက်စားကြ ည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ငှက်ပျောဖူးချဉ် - တစ်ပန်းကန်(၃၀၀ဂရမ်)
ကြက်သွန်နီ -တစ်လုံး
ကြက်သွန်ဖြူ - ၅ မြောင်း
ခရမ်းချဉ်သီး - တစ်လုံး
ငရုပ်သီးစိမ်း - ၅တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
1.ငှက်ပျောဖူးချဉ်ကြော်အတွက်ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးေ သးသေးစိတ်ထားပါ။ငရုပ်သီးထက်ခြမ်းခြမ်းထား ပါ။ငှက်ပျောဖူးချဉ်ကိုလည်းအနေတော်လှီးဖြတ်ထား ပါ။
2.အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။
3.ကြက်သွန်နွမ်းပါကခရမ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။ငှက်ပျောဖူးချဉ်ထည့်ပါ။
4.အားလုံးသမပြီးအနည်းငယ်ထွေးလာပါကအရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment