23 October 2016

ပြောင်းဖူးဟင်းထုပ်

ရှမ်းအစားအစာတမျိုးဖြစ်တဲ့ဟင်းထုပ်ကိုပုံစံအမျိုးမျိုးပြုလုပ်တာတွေ့ရပါတယ်။အချို့ကကြက်သွန်မိတ်တ မျိုးသာအသုံးပြုပြီးအချို့ကမုန်လာထုပ်၊ငှက်ပျောဖူး၊ကြက်သွန်ဖူး၊ကြက်သွန်နီတို့ကိုအသုံးပြုကြပါတ ယ်။ဆိုဖီယာတော့ပြောင်းဖူးနဲ့သတ်သတ်လွတ်ဟင်းထုပ်လေးစမ်းပြီးလုပ်စားဖြစ်ပါတယ်။ပြောင်းဖူးနှစ်သ က်သူအဖို့တော့အလွန်ဘဲကျေနပ်စရာကောင်းတဲ့ဟင်းထုပ်လေးပါ။အရင်ကအလွယ်တကူဆန်မှုန့်နဲ့ပြုလုပ်ခဲ့ပေမဲ့လွိုင်ကော်မှာစားခဲ့ရတဲ့ဟင်းထုပ်အရမ်းစားကောင်းလို့မေးကြည့်တော့ရှမ်းဆန်နဲ့လုပ်တယ်လို့ပြောပါတယ်။ဒါကြောင့်ဒီတကြိမ်တော့ညီမယွန်းဖူးဖူးရဲ့ေ
တာင်ကြီးအပြန်လက်ဆောင်ထည့်ပေးလိုက်တဲ့
ရှမ်းဆန်ကိုရေစိမ်ကြိတ်ပြီးလုပ်စားဖြစ်ပါတယ်။ရှမ်းဆန်အလွယ်တကူမရရှိနိုင်ပါကဆန်မှုန့်နှင့်ကော်မှုန့်ရောပြီးပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ပြောင်းဖူး - နှစ်ဖူး
ကြက်သွန်မိတ် - နှစ်ပင်
ရှမ်းဆန် - ၂ခွက် ဆန်ချိန်ခွက်
ဆီ - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆား - လိုသလောက်
နနွင်းမှုန့်  - အနည်းငယ်
ရေ - တစ်ခွက် ဆန်ချိန်ခွက်
ငှက်ပျောဖက် ထုပ်ရန်
တွဲဖက်စားသုံးရန်
**********
ကြက်သွန်ဖြူဆီချက်
ဂျူးမြစ်/နံနံပင်
ငရုပ်သီးကြော်
ပြင်ဆင်ပြုလုပ်ပုံ
**********
1.ဦးစွာရှမ်းဆန်ကိုရေဆေးပြီးရေတနာရီခန့်စိမ်ထားပါ။ပြီးလျှင်ရေစစ်ကာရေတစ်ခွက်ထည့်ပြီး ပြီးကြိတ်ထားပါ။
2.ကြက်သွန်မိတ်ကိုရေဆေးသန့်စင်ပြီးလက်တဆစ်ခန့်ဖြတ်ထားပါ။ပြောင်းဖူးကိုပါးပါးလှီးထားပါ။
3.ပါဝင်ပစ္စည်းအားလုံးကိုဇလုံတခုတွင်ထည့်ပြီးသမအောင်မွေပါ။
4.ငှက်ပျောဖက်ကိုမီးကင်ပြီးသန့်ရှင်းကာနယ်ထားသောမုန့်နှစ်ကိုထည့်ပြီးလုံအောင်ထုပ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။
5.ပေါင်းခံအိုးတွင်ရေထည့်ပြီးဆူပွက်အောင်တည်ထားပါ။ထုပ်ထားသောပြောင်းဖူးဟင်းထုပ်ဘမ်း ကိုတင်ပြီးမိနစ်၃၀ခန့်ပေါင်းပါ။
6.ပြောင်းဖူးကျက်ပါကထုပ်ယူပြီးကြက်သွန်ဖြူဆီချ
က်ဂျူးမြစ်နံနံပင်ငရုပ်သီးကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...