23 October 2016

ခရမ်းသီးမျှစ်ရခိုင်ချက်

ခရမ်းကြွပ်သီးနဲ့မျှစ်ကိုရခိုင်ချက်လေးချက်ထားခြင်းဖြစ်ပါတယ်။ချက်နည်းသင်ပေးခဲ့တဲ့အရင်လုပ်ဖော် ကိုင်ဖက်သူငယ်ချင်းစစ်တွေမှကိုစံလင်းကိုကျေးဇူးအထူးပါရှင်။ဟင်းတခွက်တည်းနဲ့တင်ထမင်းမြိန်လို့ မကြာ မကြာချက်စားဖြစ်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ခရမ်းကြွပ်သီး - ဆယ်လုံး
မျှစ်ပြုတ် - ၁၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ  - ၃မြောင်း
ငရုတ်သီးစိမ်း - ၁၀ တောင့်
စိမ်းစားငါးပိ - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
မန်ကျည်းရည်/သံပုရာရည်- ၃ဇွန်း
ဆီ - တစ်ဇွန်း စားပွဲဇွန်း
ပင်စိမ်းရွက်/နံနံပင် - လက်တစ်ဆုပ်
ပြငဆင်ချက်ပြုတ်ပုံ
**************
1.ခရမ်းကြွပ်သီးကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းထားပါ။မျှစ်ပြုတ်ကိုရေဆေးရေစစ်ထားပါ။
2.ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးစိမ်းတို့ကိုထောင်းထားပါ။
3.အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ခရမ်းကြွပ်သီးမျှစ်ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးထောင်းထားသည်ကိုထည့်ပါ။ငါးပိထည့်ပါ။ဆားဟင်းခပ်မှုန့်ဆီတို့ကိုထည့်ပြီးအားလုံးသမအောင်မွေပြီးမီးဖိုပေါ်တွင်လုံးချက်ပါ။
4.လုံးရည်ခမ်းသွားပါကရေအနည်းကယ်ဆီထည့်ပေးပြီးခရမ်းသီးအိအောင်တည်ပေးပါ။
5.ခရမ်းသီးနူးပါကမန်ကျည်းရည်သို့မဟုတ်သံပုရာရည်ထည့်ပြီးသမအောင်မွေကာအရသာအပေါ့အသံမြည်းပါ။
6.အရသာအနေတော်ပါကအရည်စပ်စပ်တွင်ပင်စိမ်းရွက်သို့မဟုတ်နံနံပင်အုပ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ငရုတ်သီးအနီ၏အရောင်သာအသုံးပြုပြီးချက်ထားခြင်းဖြစ်ပါတယ်။ငရုတ်သီးစိမ်းကိုအသုံးပြုပါကနနွင်းအနည်းငယ်ထည့်ပြီးချက်နိုင်ပါတယ်။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...