23 October 2016

ထောပတ်ပြုလုပ်နည်း

Butter & Ghee
ထောပတ်ပြုလုပ်နည်းကိုတော့ရှေးနည်းအတိုင်းအိမ်တွေမှာမလိုင်များစုထားပြီးလုပ်လေ့ရှိပါတယ်။မလိုင်များစုပြီးလုပ်နိုင်သလိုခရင်မ်ဖြင့်လည်းပြုလုပ်နိုင်ပါတယ်။ပြုလုပ်နည်းမှာအတူတူပင်ဖြစ်ပါတ ယ်။အရင်တုန်းကအိမ်မှာပြုလုပ်တဲ့ထောပတ်ကတော့ထောပတ်အဆီသပ်သပ်သာလျှင်ဖြစ်ပါတယ်။ခုပြုလုပ်ထားတာကတော့အဆီနှင့်အခဲနှစ်မျိုးဖြစ်ပါတယ်။ထောပတ်အဆီကိုတော့မုန့်ထောပတ်ထမ င်းနှင့်မုန့်များပြုလုပ်ရာမှာအသုံးပြုနိုင်ပြီးထောပတ်အခဲကိုတော့ဘာဂါဆန်းဒွစ်ကိတ်များပေါင်မုန့်များနှင့်အနောက်တိုင်းဟင်းလျာများချက်ပြုတ်ရာတွင်အသုံးပြုကြပါတယ်။အိမ်မှာနွားနို့အမြဲသုံးလေ့ရှိသောအိမ်ရှင်မများမလိုင်များကိုစုထားပြီးကိုယ်တိုင်ပြုလုပ်နိုင်ရန်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်း
**************
မလိုင်/ ခရင်မ်(Whipping Cream) - ၅၀၀ ဂရမ်
ရေခဲရေ - ၅၀၀ ml
ပြင်ဆင်ပြုလုပ်ပုံ
************
1.စုထားသောမလိုင်သို့မဟုတ်ခရင်မ်ကိုဇလုံတခုတွင်ထည့်ပြီးလက်ကိုင်မွေစက်သို့မဟုတ်ကြက်ဥမွေတံသို့မဟုတ်သစ်သားဒလက်ဖြင့်အဆက်မပျက်လှည့်မွေပေးပါ။အားမပြင်းလှသောကြိတ်စက်ကို လည်းအသုံးပြုနိုင်ပါတယ်။
2.ပျစ်ခဲလာပါကအဆက်မပျက်ဆက်မွေပေးပါ။
3.နို့နှင့်အဆီများကွဲလာသည်ထိဆက်မွေပါ။
4.နို့နှင့်အဆီခဲသီးသန့်ဖြစ်သွားပါကနို့များကိုဖယ်ထုတ်ပေးပါ။❀ထွက်လာသောနို့မှာButtermilkဖြစ်ပါတယ်။မုန့်များဖုတ်ရာတွင်အသုံးပြုနိုင်ပြီးအခြားအသုံးပြုနိုင်သောနေရာများစွာရှိပါတယ်။
5.ကျန်ရှိနေသောအဆီခဲကိုရေခဲရေထည့်ပြီးအကြိမ်ကြိမ်ဆေးပေးပါ။6.ထွက်လာသောရေကြည်သွားပါကရေစစ်ပြီးလိုသလိုပုံသွင်းကာရေခဲသေတ္တာတွင်ခဲထားပြီးလိုသလိုအသုံးပြုနိုင်သောထောပတ်ခဲ(Unsalted Butter) ကိုရရှိပြီ ဖစ်ပါတယ်။
7.ရလာသောထောပတ်ခဲကိုဆားအနည်းငယ်ထည့်ပြီးသမအောင်မွေပေးကာ(Salted Butter) ပြုလုပ်နိုင်ပါတယ်။
8.ထောပတ်ဆီ(Ghee)ပြုလုပ်ရန်အတွက်ရရှိလာသောထောပတ်အခဲကိုမီးဖိုပေါ်တွင်အိုးတခုဖြင့်တည်ပြီးမီးသေးသေးဖြင့်ရေခမ်းလာသည်ထိချက်ပေးပါ။
9.အောက်ခြေမကပ်ဆီမတူးအောင်ဂရုစိုက်မွေပေးပြီးရေခမ်းပါကမီးဖိုမှချကာအအေးခံပြီးဇကာဖြင့်အနယ်များစစ်ထုတ်ကာသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးလိုသလိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...