26 October 2016

Mac & Cheese

 
အီတလီပါစတာမက်ခရိုနီ(macaroni)ကိုချိစ်ဆော့စ်နှင့်တွဲဖက်စားတဲ့Mac and Cheese Pasta လေးဖြစ်ပါတယ်။များသောအားဖြင့်တော့ချိစ်နှစ်သက်သူများနှင့်ခလေးငယ်များနှစ်သက်စွာသုံးဆောင်လေ့ရှိပါတယ်။Mac and Cheese ကိုပုံစံအမျိုးမျိုးပြုလုပ်လေ့ရှိကြ ပြီးအချို့မှာချိစ်ဆော့သီးသန့်ပြုလုပ်ကာအချို့မှာသီးနှံအသားငါးထည့်ပြီးပြုလုပ်လေ့ရှိကြပါတယ်။Pastaကိုလည်းနှစ်သက်ရာShort Pastaကိုရွေးချ ယ်အသုံးပြုနိုင်ပါတယ်။ဆိုဖီယာရဲ့Mac and Cheese ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
Macaroni(cook) - ၁၀၀ ဂရမ်
ထောပတ်(unsalted Butter) - တစ်ဇွန်း စားပွဲဇွန်း
ဂျုံ -တစ်ဇွန်း
ကြက်အူချောင်း - တစ်ချောင်း
မုန်လာဥနီ-၂ဇွန်း
ငရုပ်ပွစိမ်း- ၂ဇွန်း
နွားနို့ - ၂၀၀ ml
Chadder Cheese - ၂ချပ်
Parmesam Cheese - ၂ဇွန်း
Mozzarella Cheese - ၃ဇွန်း
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာနှစ်သက်ရာပါစတာ(Short Pasta)ကိုအညွှ န်းပါအတိုင်းပြုတ်ပါ။ကျက်လျှင်ဆယ်ယူရေအေးစိ မ်ပါ။အေးသွားပါကဆီအနည်းငယ်လူးပေးထားပါ။
2.ပါဝင်ပစ္စည်းများမှမုန်လာဥနှင်ငရုပ်ပွတို့ကိုအတုံးသေးသေးတုံထားပါ။ကြက်အူချောင်းပါးပါးလှီး ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးကိုမီးဖိုပေါ်တင်ပြီးအပူပေးပါ။
4.အိုးထဲတွင်ထောပတ်တစ်ဇွန်းထည့်ပြီးအပူပေးပါ။ဂျုံတဇွန်းထည့်ပြီးမွေပေးပါ။မီးမပြင်းရ။
5.ဂျုံကျက်ပါကနွားနို့ထည့်ပြီးဂျုံအလုံးအခဲများမဖြစ်အောင်မွေပေးပါ။မုန်လာဥငရုတ်ပွကြက်အူချောင်းတို့ ကိုထည့်ပါ။
6.ဆားနှင့်ငရုပ်ကောင်းထည့်ပါ။
7.ပြုတ်ထားသောမက်ခရိုနီပါစတာထည့်ပါ။ချိစ်တို့ကိုထည့်ပြီးသမအောင်မွေပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
8.Mac and CheeseကိုBakeလုပ်လိုပါ ကချက်ပြီးသားPastaကိုအပူခံပန်းကန်တွင်ထည့်ပါ။
9.အပေါ်မျက်နှာပြင်တွင်Mozzarella Cheeseဖြူးပြီးovenတွင်၂၈၀ဒီကရီဖြင့်၅မိနစ်ခန်ထည့်ပြီးအရောင်ရပါကတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀အစပ်နှစ်သက်ပါကJalapenoငရုတ်သီးထည့်ပြီးသုံးဆောင်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...